ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ရန်ကုန်မြို့ တွင်ကျင်းပ

Burma Paparazzi၊ ၊ယနေ့စက်တင်ဘာလ၂၁ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၁၄)နွယ်နီလမ်းစောရန်ပိုင်တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင်ဒီမိုကရေစီအင်အားစုများစွာဖြင့်ကျင်းပခဲ့ပါသည်။
နံနက် (၁၀) နာရီအချိန်တွင်ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ်(၅)
ပါးမှ(၅)ပါးသီလပေးပြီး၊မေတ္တာသုတ်နှင့်ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်
တော်မူခဲ့ကြပါသည်။၊ထို့နောက်ဆရာတော်အရှင်သူမြတ်များကိုကိုလူမော်လတ်၊မ၀င်းမော်ဦး(၈၈ကျဆုံး)
၏အဖွားဒေါ်နီနှင့်NLDပါတီဝင်များကလှုဖွယ်ဝတ္ထုနှင့်သင်္ကန်းများကိုဆက်ကပ်လှုဒါန်းခဲ့ပါသည်။ဒီမိုကရေစီ
တိုက်ပွဲအတွင်းကျဆုံးသွားကြကုန်သောရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကိုအမျှပေးဝေပြီး၊
မြန်မာနိုင်ငံတ၀ှမ်းရှိအကျဉ်းထောင်များ၌မတရားဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော
ရဟန်းသံဃာတော်များ၊နိုင်ငံရေးသမားများနှင့်ကျောင်းသားလူငယ်မျိုးဆက်သစ်များကိုအမြန်လွတ်
ငြိမ်းချမ်းသာရပါစေခြင်းငှာဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ Continue reading “ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ရန်ကုန်မြို့ တွင်ကျင်းပ”

ွဲလွန်ခဲ့သော ဆယ်နှစ် သက္ကရာဇ် ၂၀၀၀ နှစ်က ကုလသမ္မဂတွင် နိုင်ငံပေါင်းစုံ ချမှတ်ခဲ့သော ဆင်းရဲမွဲတေမှု အမြစ်ပြတ်တိုက်ဖျက်ရေး အပါအ၀င် ‘ထောင်စုနှစ် ဖွံဖြိုးရေး ပန်းတိုင်များ’ (The Millennium Development Goals) မအောင်မြင်သေးသော်လည်း လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချူပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။ 




နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမား လေးဦးလက်ထဲ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ တိုးချဲ့ခွင့်ပေးလိုက်ပြီဖြစ်သည်။ ဘဏ်လုပ်ငန်း ချဲ့ကားမှု အဓိက အကြောင်းမှာ အိမ်နီးချင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများပြားလာခြင်းကြောင့်နှင့် အာစီယံနိုင်ငံများ ကုန်သွယ်မှု တိုးတက်လာခြင်းကြောင့်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။ 