လက်ရှိ ကမ္ဘာ့ နံပါတ်တစ် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက
ဘုရားသခင်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းနှင့် ရှေးဟောင်း
ဘာသာရေးဆိုင်ရာ လေ့လာမှုပညာ (theology) မလိုအပ်တော့ကြောင်း
သူ့ရဲ့ စာအုပ်အသစ် The Grand Design တွင် ဖော်ပြလိုက်သည်။
သောကြာနေ့ CNN သတင်းဌာနမှ လာရီကင်းနှင့် အင်တဗျူးတွင်
အသက် ၆၈ နှစ်ရှိ ဟော့ကင်းက “ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊
ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း
ရှင်းပြနိုင်တယ်” ဟု ဆိုသည်။
သူ့စာအုပ်တွင် ကမ္ဘာမြေဆွဲငင်အား တည်ရှိမှု၊ နေတစ်ခုကို ဂြိုဟ်များက
လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့
နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်တွင် တည်ရှိနေခြင်းဖြစ်ကြောင်း
ထောက်ပြသည်။ အဲဒီသဘောအရ စကြာဝဠာဟာ သူ့ဖာသာ ဖန်ဆင်းတာ
ဖြစ်တယ်၊ ဘယ်အရာကမှ ဖန်ဆင်းတာ မဟုတ်ဘူး။ စကြာဝဠာနှင့်
လူသားတွေ တည်ရှိခြင်းဟာ ‘အလိုအလျောက် ဖန်ဆင်းခြင်း’
(spontaneous creation) ကြောင့် ဖြစ်တယ်ဟု ရေးသားထားသည်။ Continue reading “သီအိုလိုဂျီ မလိုကြောင်း စတီဖင်ဟော့ကင်း ပြော”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်