ဗိုလ်ချုပ်မှုးကြီး အိန္ဒိယ ရောက် စဉ် အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်
Coup  Attempt  Unsuccessful  in Burma
အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ခေါင်းဆောင် နှင့် ဇနီး ဓာတ်ပုံ - AFP
အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ခေါင်းဆောင် နှင့် ဇနီး ဓာတ်ပုံ - AFP
အိန္ဒိယ နိုင်ငံ သို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော်
တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့ က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေအား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း
Freedom News Group မှ စုံစမ်း သိရှိ ရသည်။ Continue reading “ဗိုလ်ချုပ်မှုးကြီး အိန္ဒိယ ရောက် စဉ် အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်”
ရွှေတိဂုံ စေတီ ခြေတော်ရင်း ရှိ သမိုင်းဝင် ဘုန်းကြီး ကျောင်းတိုက်များ အား အတင်း ၊ အဓမ္မပြောင်းရွှေ့ ခိုင်း
အတင်းအဓမ္မဖယ်ရှားခြင်း ခံရတော့မည့် ရွှေတိဂုံ ဘုရား ခြေတော်ဝင်းမှ သမိုင်းဝင် ဘုန်းကြီး ကျောင်းတိုက် များ
ဟိန်းခိုင်ထွန်း ၊    ၊၀န်ကြီးဌာန များ နှင့် အစိုးရ ပိုင် သာ့သနိက အဆောက်အဦ နှင့် ဓမ္မာ ရုံများ
ကို သာ ချန် ထားပြီး ကျန်ရှိသည့်စာသင်ကျောင်း တိုက် နှင့် ပိဋကတ် ကျောင်းတိုက် အားလုံး ကို ဖယ်ရှားပေးရမည်ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ
ထုတ်ပြန်သော အမိန့် အား သာသနာ ရေး ၀န်ကြီး ဌာန နှင့် မြို့ နယ် သံဃမဟာ နာယက အဖွဲ့ များ မှ တစ်ဆင့်
ပြောင်း ရွှေ့ ရန် အမိန့် ထုတ် ပြန် ထားခြင်း ခံရသည့် ဘုန်းကြီး ကျောင်း တိုက်များ သို့ ယနေ့ အကြောင်း ကြားသည် ဟု သတင်း ရရှိသည်။
အေ ရှ့ ဘက်မုခ် ရှိ ဟောင်းနွမ်းနေ သော လူနေ အိမ်များ ကို သတ်မှတ် ရက် အတွင်း ဖယ်ရှားပေးရန် ရွှေတိဂုံ
ဘုရား ဂေါပက အဖွဲ့ မှ လိုက်လံ အကြောင်းကြား ထားသည် ။ကြေးသွန်း ဘုရားကြီး အနီး နေထိုင်သူ တစ်ဦးက
ဟုတ်တယ်..ဒီနေ့ မနက် ကျွန်မ တို့ ဆီကို စာပို့ တယ် အောက်တိုဘာလ  ၃၀ နောက်ဆုံး ထားပြီး ဖယ်ပေးရမယ်
လို့ ပါတယ် ဟု Freedom News Group သို့ ပြောသည်။ Continue reading “ရွှေတိဂုံ စေတီ ခြေတော်ရင်း ရှိ သမိုင်းဝင် ဘုန်းကြီး ကျောင်းတိုက်များ အား အတင်း ၊ အဓမ္မပြောင်းရွှေ့ ခိုင်း”
နွေရာသီ အတွက် ဖက်ရှင် စတိုင်လ်
Summer Fashion မှာ ခောတ်စား နေ တဲ့ Studded Mini Skirt ဆယ်ကျော်သက် တွေ ထက် ဒီစကတ် ကို သက်လတ် ပိုင်း တွေ က ၀တ်ကြပါLow Pencil Skirt ကို ဒီဇိုင်နာ က ပြန် ထွင်ထားတာပါ။ ဟေဒီကလမ် က ၀တ် ဆင်ထား ပါတယ်။
်။ D&G တိုက် ထွက် ဆိုရင် ဒေါ်လာ ၂၀၀ လောက်ရှိပြီး တခြား Brand တွေ ကတော့ ဈေးသက် သာပါတယ်။ ဟော လိဝုဒ် မင်းသမီး တွေ အ၀တ်များရင်း နဲ့ လူကြိုက်များ သွား တာပါ ။ ဒီ စကတ် ရဲ့ ဒီဇိုင်းက အပေါ် အကျီမရွေး ဒီနှစ် Summer ရဲ့  Top Ten Sale မှာ ချိတ်နေ ပါတယ်။
သီရိထက် ၊       ၊အခု လို ပူအိုက်တဲ့ နွေရာသီ ရောက်လေတိုင်း အမေရိကန် နိုင်ငံမှာ တော့ ဖက်ရှင် အသစ်အဆန်း
တွေ ခောတ်စား လာတတ်ကြတယ် ။ Summer Sale လို့ ခေါ် တဲ့ နွေရာသီ  ဈေးရောင်း ပွဲတော် တွေ ကို
ကုန်တိုက် တွေ နဲ့  Fashion Palace Mall တွေ မှာ လုပ်လာကြတယ်။
အဲဒီလို ရောင်းချ တဲ့ နေရာမှာ ဒီဇိုင်း ပြပွဲ တွေ ၊မော်ဒယ်တွေ နဲ့ ပါတွဲ ဖက်လုပ်ပြီး နာမည် ကျော်တံဆိပ်
တွေက သူ တို့ ရဲ့ စတိုင်လ် ဆန်း တွေ ကို လူကြိုက်များ အောင် လုပ်လာကြတယ်။ DKNY လို့ ခေါ်တဲ့ ဒီဇိုင်
နာ Donna Karen ဆိုရင် စတိုင်လူကြိုက်များ အောင် ဦးစားပေး လုပ်တယ်။ အထည် ရောင်းရတာထက်
အထည် ချုပ် တွေ ဆီက ကော်မရှင် ယူရုံပဲ ပေါ့ ။
ဒီနှစ်မှာ တော့ Be Be နဲ့  Dolce & Gabanna  တို့ က ဖက်ရှင် တွေ ကို ဖော်ပြလိုက်ပါတယ်။
Studded Mini Skirt ဒီဇိုင်း ကို အပေါ် အင်္ကျီ နဲ့ တစ် ခါတည်း တွဲထားတာပါ ။Be Be ကနေ ထုတ်ပါတယ်။ ပွဲတက် ဖက်ရှင် အဖြစ် ရော Casual အဖြစ် နဲ့ ပါ ဆင်မြန်း နိုင်တာ မို့ နယူးယောက် တို့ ၊ချီကာ ဂို တို့ မှာ ဆို ဒီနှစ် Summer ရဲ့ အရောင်း ရ ဆုံး ဒီဇိုင်း လို့  Marie Claire မှာ ဖော်ပြထားပါတယ်။
Continue reading “နွေရာသီ အတွက် ဖက်ရှင် စတိုင်လ်”
အာစီယံ အစည်းအဝေး မြောက်ကိုရီးယားနှင့် မြန်မာ လွှမ်းမိုးထား
ဗီယက်နမ် နိုင်ငံ ဟနွိုင်းတွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံ အစည်းအဝေးသို့ တက်ရောက် လာသည့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နှင့် အတူ တွေ့ ရစဉ်
အင်္ဂါနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးတွင် တောင်ကိုရီးယား စစ်သင်္ဘောကို ဒုံးကျဉ်နှင့် နှစ်မြှုပ်ပစ်ခဲ့သော မြောက်ကိုရီယားနှင့်
မြန်မာစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စတို့ အဓိက လွှမ်းမိုးထားသည်ဟု စင်္ကာပူ သတင်းဌာန CNA ကဆိုသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာ ၀န်ကြီးများသာမက တရုတ်၊ အမေရိကန်နှင့် အီးယူတို့မှ ကိုယ်စားလှယ်
များလည်း တက်ရောက်ခဲ့သည်။ အာစီယံ အကြီးအကဲ ဆူရင် ပစ်တ်ဆူဝမ် က နှစ် ၂၀ အတွင်း ပထမဆုံး
ကျင်းပမယ့် ဒီနှစ်နှောင်းပိုင်း မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအတွက် တရားမျှတမှုရှိဖို့၊ အားလုံး ယုံကြည်
ထိုက်အောင် လုပ်ဆောင်ဖို့ နိုင်ငံ အားလုံးက ဝေဖန်ထောက်ပြခဲ့သည်ကို ဦးဥာဏ်ဝင်း က စူးစူးစိုက်စိုက် ငြိမ်နားထောင်နေခဲ့သည် ဟုဆိုသည်။ Continue reading “အာစီယံ အစည်းအဝေး မြောက်ကိုရီးယားနှင့် မြန်မာ လွှမ်းမိုးထား”
ဒီတစ်ပတ် သတင်း ဓာတ်ပုံ
နိုင်ငံရေး အကျဉ်းသားများအား ကူညီ စောင့်ရှောက်မှုများ ပြုလုပ်သွားမည့် မကြာခင်က အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန် (သူသည် နိုင်ငံရေး ယုံကြည်ချက် ကြောင့် ထောင် နှစ်ခါ ကျပြီး အကျဉ်းထောင် ထဲဉ် နှစ်ပေါင်း ၂၀ နီးပါးနေ ခဲ့ရသည်။(AP Photo/Khin Maung Win)
၆၃ နှစ်မြောက် အာဇာနည်နေ့ က ဒီမိုကရေစီ လှုပ်ရှားသူများ ကို တွေ့ ရစဉ်
မန္တလေးတွင် ငလျှင် လှုပ်ခတ်ပြီးနောက် ထပ်မံ၍ ငလျှင် လှုပ်ခတ် အုံးမည် ဆိုသည့် သတင်းများ ကြောင့် မန္တလေးသား အချို့ မှာ သဘာဝဘေးအတွက် စိုးရိမ်စိတ်ဝင်နေကြသည်။
Continue reading “ဒီတစ်ပတ် သတင်း ဓာတ်ပုံ”
အိန္ဒြာကျော်ဇင် လက်ထပ်မည့် သတင်း ပရိသတ် က စိတ်ဝင်စားနေ
သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် တို့ နှစ် ဦး တွဲဖက် သရုပ်ဆောင် ထားသည့် ဗီဒီယို ဇာတ်ကား
ဆယ်စု နှစ် တစ်ခု ကျော်တိုင် မြန်မာ ပရိသတ် တို့ ၏ အသည်းစွဲ မင်းသမီး တစ်လက်ဖြစ်ခဲ့သည့်
အိန္ဒြာကျော်ဇင် နှင့် တက်သစ်စလူကြိုက်များ လာသည့် မင်းသား တစ် လက်ဖြစ်သည့် ပြေတီဦး တို့ 
လက်ထပ်တော့ မည် ဟူ သော သတင်း ထွက်ပေါ်လာမှု ကြောင့်ပရိသတ် က ထိုသတင်း ဟုတ်မှန်မှု
ရှိမရှိ ကို စိတ်ဝင်စားနေကြသည် ဟု ဆိုသည်။
အသက် ၃၂ နှစ် အရွယ်ရှိ မင်းသမီး သည် သူ့ ထက်တစ်နှစ် နီးပါးခန့် ငယ်သည့် မင်းသား တစ်ဦး နှင့် ချစ်သူ
ဖြစ်နေကြသည်ဟု လွန်ခဲ့သည့် နှစ်လ လောက်ကတည်းက ရုပ်ရှင် အသိုင်းအ၀ိုင်း တွင် တိုးတိုးတစ်မျိုး ၊ကျယ်ကျယ် တစ်မျိုးသတင်းထွက်ပေါ်ပြီး နောက် ယခု အချိန် တွင် ဂျာနယ်စာမျက်နှာများ ထက် ပထမဦးဆုံးပါရှိ
လာခြင်းဖြစ်သည်။ Continue reading “အိန္ဒြာကျော်ဇင် လက်ထပ်မည့် သတင်း ပရိသတ် က စိတ်ဝင်စားနေ”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု
NLD ခေါင်းဆောင် ဦးတင်ဦး ၏ သံလွင် လမ်းနေအိမ်မှ ဗဟန်း ရွှေတိဂုံ ဘုရား ခြေတော်ရင်းရှိ အာဇာနည် ကုန်း သို့ NLD လူငယ်များ ချီတက်စဉ်
NLD ခေါင်းဆောင်များ မှ အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ်
Continue reading “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု”
အာဇာနည်နေ့ အခမ်းအနား ပြည်တွင်၊ပြည်ပ ဒီမိုကရေစီ အင်အားစုများ က ကျင်းပ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဦးတင်ဦး နေအိမ် မှ အာဇာနည် ကုန်းထိချီတက်လမ်းလျှောက် ပြီး ဂါရ၀ပြုမှု စတင်
ယနေ့ ကျရောက်သည့် အာဇာနည်နေ့ အခါသမာယတွင် နံနက် ၉ နာရီ ထိုးချိန် အထိ ရန်ကုန်မြို့ နတ်မောက်လမ်း ကန်တော်ကြီး စောင်း ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်သွားရာ ဗိုလ်ချုပ် ပြတိုက် အဆောက်အဦမှာ ဖွင့်လှစ်သေးခြင်းမရှိ သဖြင့် ပြည်သူများ က အပြင်ဘက်တွင် ထိုင်စောင့်နေရသည်။အခြား နိုင်ငံများ တွင် မူ အစိုးရ များ က ၎င်း တို့ နိုင်ငံခေါင်းဆောင် များ ၏ အမှတ်တရ နေရာ များ အား ပြင်ဆင် ချိန် များ မှ လွဲ၍ တစ်နှစ်ပတ် လုံး ဖွင့် လှစ်ထားသည်။
Continue reading “အာဇာနည်နေ့ အခမ်းအနား ပြည်တွင်၊ပြည်ပ ဒီမိုကရေစီ အင်အားစုများ က ကျင်းပ”
စစ်အစိုးရပြုပြင်ပြောင်းလည်းရေးတွင် အိန္ဒိယနိုင်ငံအရေးပါမှု အပေါ် ၀ါရှင်တန်ပြောကြား
အောင်မြင်(မုံရွာ)အိန္ဒိယအစိုးရ အနေနဲ့ မြန်နိုင်ငံဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုမှာ စတင်တိုက်တွန်းခဲ့ပြီးဖြစ်သလိုဆက်လက်အကောင်အထည်ဖေါ်ဖို့ အရှေ့တောင်အာရှနိုင်ငံများထဲမှ
အဓိကနိုင်ငံဖြစ်ကြောင်းကို အမေရိကန်အစိုးရက သောကြာနေ့ကပြောဆိုလိုက်သည်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာအရေးကိုမြှင့်တင်နိုင်ဖို့တွေ့ဆုံဆွေးနွေရေးမှာ အိန္ဒိယက ကြားဝင်စေ့စပ်တိုက်
တွန်းရန်လိုပြီး၊“အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာအလွန်အရေးကြီးတဲ့ဇာတ်ကောင်ဖြစ်တာမို့အမေရိကန်အစိုးရ
နဲ့ရင်းနှီးပွင့်လင်းစွာနဲ့လက်တွဲပြီးနိုင်ငံတကာအသိုင်ဝန်းထဲမှာပြောဆိုနိုင်မယ်လို့ အရှေ့တောင်အာရှနဲ့ အာရှပိစိဖိတ် ဆိုင်ရာ အမေ၇ိကန် လက်ထောက်အတွင်းရေးမှုးက သတင်းထောက်များကိုပြောကြားခဲ့သည်။ Continue reading “စစ်အစိုးရပြုပြင်ပြောင်းလည်းရေးတွင် အိန္ဒိယနိုင်ငံအရေးပါမှု အပေါ် ၀ါရှင်တန်ပြောကြား”
မန္တလေး တွင် ငလျှင်လှုပ်
မန္တလေး တိုင်း မန္တလေးမြို့ တွင် ယနေ့ နေ့ လည် နှစ်နာရီ ခန့် က ငလျှင် ငယ် အနည်းဆုံး သုံးကြိမ် ထက်မနည်း
လှုပ်ခတ်ခဲ့ပြီး လွန် ခဲ့သည့် နှစ်ပေါင်း တစ်ရာ ကျော်က သီပေါမင်း ပါတော် မူခါနီး တွင် ကြုံ တွေ့ ခဲ့ရသလို  ကျီးပြိုခြင်း နှင့် တော်လဲခြင်း တို့ ကြုံခဲ့ရသည် ဟု မြို့ ခံစာရေးဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “မန္တလေး တွင် ငလျှင်လှုပ်”
ကျုးဘား အကျဉ်းသားများ ကြွက်နှင့် လုံးပန်းနေရ
လေးနှစ်ကြာ လူမြင်ကွင်းမှ ပျောက်နေသည့် ကတ်စရို အား ယနေ့ မနက် အစောပိုင်း က အာနက်စတို ချီဂွေဗားရား ၏ သမီး ဖြစ်သူ အဏ္ဏ၀ါ ဇီဝ ဗေဒ ပညာရှင် ဒေါက်တာ ဆယ်လီယာ ဂွေဗာရား နှင့် စကား လက်ဆုံကြနေ စဉ် (AP Photo/Cubadebate, Estudios Revolucion)
ကြွက်များနှင့် ကြွက်များ သယ်ဆောင်လာသော ရောဂါဆိုးများကြောင့် ကျုးဘားနိုင်ငံရှိ ထောင်တွင်း
တိုက်ခန်းများထဲတွင် အကျဉ်းသားများ မိမိကိုယ်ကို သတ်သေကြသည့်အထိ အခြေအနေ ဆိုးရွားနေ
ကြောင်း လွတ်လာသော နိုင်ငံရေး အကျဉ်းသားများက စပိန် သတင်းဌာန တစ်ခုကို ပြောပြသည်။
ပြောပြသူများမှာ ပြီးခဲ့သည့် အပတ်က လွှတ်ပေးခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၁၁ဦးတွင်
ပါဝင်သူများ ဖြစ်ပြီး စပိန်ကို တိမ်းရှောင် ထွက်ပြေးလာပြီးနောက် မဒရစ်မြို့ သတင်းစာရှင်း
လင်းပွဲတွင် ဖွင့်အန်ချသည်။ Continue reading “ကျုးဘား အကျဉ်းသားများ ကြွက်နှင့် လုံးပန်းနေရ”
မုံရွာ ရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် ဖမ်းဆီးထားသူ တစ်ဦး သေဆုံး
အောင်မြင်(မုံရွာ)စစ်ကိုင်းတိုင်း မုံရွာ မြို့ ရှိ ရဲစခန်း တွင် ဖောက်ထွင်းမှု သံသယ ဖြင့် ဖမ်းဆီးထား သူ တစ်ဦးမှာ
ယနေ့ မနက် တွင် တာဝန်ကျ မြို့ နယ်မှုး နှင့် အခြား ရဲဝန်ထမ်းများက အလွန် အကျွံ နှိပ် စက်မှု ကြောင့် သေဆုံးသွား သည် ဟု သတင်း ရရှိသည်။
မုံရွာ ဒေါနခြံ ရပ်ကွက်တွင်း ရှိ မရီ ဆိုသူ၏ နေအိမ်ကို ဖောက်ထွင်းမှု ကြောင့် ထိုရပ်ကွက်အတွင်းရှိ
ကိုရှမ်းကြီး ဆိုသူ ကို မုံရွာ ရဲစခန်း က ၁၃ ရက်နေ့ က ဖမ်းဆီး ခဲ့ပြီးနောက် စခန်းတွင်း ချုပ်နှောင် ထား စဉ် အပြင်းအထန် နှိပ် စက်ရာမှ ယနေ့ မနက် က သေဆုံးသွားခြင်း ဖြစ်သည်။ Continue reading “မုံရွာ ရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် ဖမ်းဆီးထားသူ တစ်ဦး သေဆုံး”
မန္တလေး၊စစ်ကိုင်း ၊စဥ့်ကူ ၊ပုသိမ်ကြီး နှင့် မြင်းမူတို့ တွင် မြစ်ရေ တိုးသဖြင့် ကမ်းပြိုမှုများဖြစ်ပွား
မန္တလေး တိုင်း အတွင်း ရှိ ဧရာဝတီ မြစ်ကမ်းပါး တစ်လျှောက် မှ မြို့ နယ်များ မှာ ဧရာဝတီမြစ်ရေ
ရုတ်တရက် တိုးမြင့် လာမှု ကြောင့် ကမ်းပါးတွင် နေ သူများ ကို အချိန် မှီ ဘေးလွတ် ရာ သို့  ပို့ 
ဆောင် ပေး နိုင်ခဲ့သော် လည်း နေအိမ် ၊ အဆောက် အဦ နှင့် ရေလုပ်ငန်း သုံးပစ္စည်း များ
အများအပြား ဆုံးရှုံး မှု ဖြစ်ပေါ် ခဲ့သည် ဟု သတင်းရရှိသည်။ Continue reading “မန္တလေး၊စစ်ကိုင်း ၊စဥ့်ကူ ၊ပုသိမ်ကြီး နှင့် မြင်းမူတို့ တွင် မြစ်ရေ တိုးသဖြင့် ကမ်းပြိုမှုများဖြစ်ပွား”
ဗိုလ်ကြီးဝင်းထိန် ပြည်လည်လွတ်မြောက်
စစ်ကိုင်းတိုင်း အတွင်းရှိ ကသာထောင် တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် တပ်မတော် အရာရှိ
ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်ကြီး ၀င်းထိန် သည် ယနေ့ သူ့  အားဖမ်းဆီးထားသည့် ထောင်မှ ပြန်လည်
လွတ်မြောက် လာပြီ ဟု သတင်းရရှိသည်။ Continue reading “ဗိုလ်ကြီးဝင်းထိန် ပြည်လည်လွတ်မြောက်”