ကိုဇာဂနာ ၏ ဖခင် စာရေးဆရာ နန်းညွှန့် ဆွေ ကွယ်လွန်

ယခင်သီတင်းပတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခေါင်းဆောင် များ လာရောက် တွေ့ ဆုံဂါရပြုခြင်း ခံရသည့် စာရေးဆရာ နန်းညွှန့် ဆွေPhoto : Freedom News Group

၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ် ခံရသည့် ဒေသများ မှာ အတိဒုက္ခ ရောက်နေ သူများ ကို သွားရောက်ကူညီမှု ဖြင့် ထောင်ဒဏ်ချမှတ်ထား ခြင်းခံရသည့် လူရွှင်တော် ဇာဂနာ ဇာဂနာ ခေါ် ကိုသူရ၏ ဖခင် စာရေးဆရာ နန်းညွန့်ဆွေသည် အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်တိုင်း ရန်ကင်း မြို့ နယ် နေအိမ်တွင် ယနေ့ ကွယ်လွန်သွားပြီ ဟု သတင်းရရှိသည်။ Continue reading “ကိုဇာဂနာ ၏ ဖခင် စာရေးဆရာ နန်းညွှန့် ဆွေ ကွယ်လွန်”

နောက်ဆုံးဗိုလ်လုပွဲ ၏ နောက်ဆုံးမိနစ်များ တွင် တစ်လုံးတည်းသော ဂိုးဖြင့် စပိန်အသင်း အနိုင်ရရှိ

Spain defeats the Netherlands 1-0 in extra time to win World Cup final

 

အချိန်ပို ဒုတိယပိုင်း လေးမိနစ်တွင် သွင်းယူလိုက်သည့် အနစ္စတာ ၏ အနိုင်ဂိုး

 

 

စပိန် အသင်းမှ အန်ဒရေ အန်နက်စတာ ဂိုးသွင်းပြီးနောက် စပိန်နိုင်ငံ မက်ဒရစ် မြို့ မှ ပရိသတ်များ အံသြမှင်တက်ကာဝမ်းသာပီတိ နေစဉ် (Photo by Denis Doyle/Getty Images)
ကမ္ဘာ့ ဖလားပြိုင်ပွဲ မစတင်ခင်က အနိုင်ရဗိုလ်စွဲရန် လေးဆယ်လေး တစ်လေးသာ ဘွတ်ကီဒိုင်များ က ဈေးဖွင့်ခဲ့သည့် စပိန် အသင်းအား ဆုဖလား နှင့် အတူတွေ့ ရစဉ်

 

အ၀ါကတ်များ ပလူပျံပြီးနောက် ကမ္ဘာ့ ဖလား သမိုင်းတစ်လျှောက် ပထမ ဦးဆုံးအကြိမ် ဗိုလ်စွဲ ခဲ့သည့် စပိန် အသင်းသားများ ဆုယူပြီးနောက် တွေ့ ရစဉ်

 

တောင်အာဖရိက နိုင်ငံ ဂျိုဟန်နစ္စဘတ် ရှိ ဆော်ကာစီးတီး အားကစားကွင်းတွင် ကျင်းပသည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲဉ် တစ်လုံးတည်းသောဂိုးဖြင့် နယ်သာလန် အသင်း အား အနိုင်ရရှိပြီးနောက် စပိန် အသင်း အောင်ပွဲခံနေစဉ်
ခါးသီးဖွယ်ရာ အရှုံးကိုရင်ဆိုင်ပြီးနောက် ဟော်လန် အသင်းသားများခြေကုန် လက်ပန်းကျနေစဉ်
နယ်သာလန် အသင်း နောက်ခံလူ ဂျွန်ဟာတီဂန် အချိန် ပို ၁၅ မိနစ် တွင် နှစ်ဝါတစ်နီဖြင့် ကစားကွင်းမှထွက်ရစဉ်

Continue reading “နောက်ဆုံးဗိုလ်လုပွဲ ၏ နောက်ဆုံးမိနစ်များ တွင် တစ်လုံးတည်းသော ဂိုးဖြင့် စပိန်အသင်း အနိုင်ရရှိ”

ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ မှ အမျိုးသမီးပရိသတ်များ ခန္တာကိုယ်ဆေးချယ်အလှ(ဗီဒီယို)

ဂျာမန်အသင်း၏ အမျိုးသမီးပရိတ်သတ်တစ်ဦးမှာ ဂျာမဏီ ပွဲစဉ် တိုင်း ထိုကဲ့ သို့ ခန္တာကိုယ် အား ဆေးအလှ ခြယ်၍ သွားရောက် အားပေးသည် Credit:STAR PRESS
ယခုနှစ်တောင်အာဖရိက နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ ဖလားပွဲစဉ်များဉ် အမျိုးသမီးပရိသတ် ချို့ မှာ ခန္တာကိုယ် ဆေးအလှ ချယ်၍ အားပေးကြသည်။ဥရောပ နှင့် ဘရာဇီး၊အာဂျင်တီးနား နိုင်ငံတို့ မှ အမျိုးသမီးများ မှာ ဘောလုံပွဲစဉ် တစ်ခု အတွက် ဒေါ်လာ၂၀၀ ကျော်မျှ အကုန် ခံ၍ ခန္တာကိုယ် ဆေးအလှ ချယ်ကာ သွားရောက်အားပေးကြသည်။ ကျွမ်းကျင်သည့် ခန္တာကို ဆေးအလှ ဆွဲသူ ဆိုပါက ထိုအမျိုးသမီးမှာ အင်္ကျီ အထည် များ ၀တ်ဆင် ထားသကဲ့သို့ ပင် ထင်ရသည်ဟု ဆိုသည်။
နယ်သာလန် အသင်းအတွက် အားပေးနေသည့် ဒတ်ခ်ျ ပျိုမဒီ လေး များ
ဗူဗူဇီလာမှုတ်၍ အားပေးနေသည့် တောင်အာဖရိက အသင်းအတွက် အားပေးနေသည့် အမျိုးသမီးပရိသတ်တစ်ဦး

Continue reading “ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ မှ အမျိုးသမီးပရိသတ်များ ခန္တာကိုယ်ဆေးချယ်အလှ(ဗီဒီယို)”

နေပြည်တော် ပုလိပ် ရောဂါ ကူးစက်မှု ၀န်ထမ်းများ တုန်လှုပ်

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကြွက်မှ ကူးစက် သည့် ပုလိပ်ရောဂါများ လူတွင် စတင်ဖြစ်ပေါ်
နေသည် ဟူ သည့်  သတင်းများ ကြောင့် ထိုဒေသ ရှိ အစိုးရ၀န်ထမ်း များ နှင့် ဒေသခံ များ အား လုံး
ကြောက်ရွံ့ တုန်လှုပ် လျှက် ရှိသည် ဟု သတင်းရရှိသည်။

နေပြည်တော် ဆည်မြောင်း ၀န်ကြီးဌာန ရှိ အကြီးတန်း ၀န်ထမ်း တစ်ဦး က မူ ကျွန်တော်တော့ ဖြစ်နိုင်ရင်
ရန်ကုန် ပဲ ပြန်ချင်တယ်။ ကျွန်တော့် အတွက် က အရေးမကြီးပေမယ့် သားသမီးတွေ ကို တော့ ဒီရောဂါမဖြစ်
စေချင်ဘူး ဟု သူက Freedom News Group သို့ ပြောသည်။ Continue reading “နေပြည်တော် ပုလိပ် ရောဂါ ကူးစက်မှု ၀န်ထမ်းများ တုန်လှုပ်”

ရေဘ၀ဲ က စပိန် နိုင်မည် ဟု နိမိတ်ဖတ်(ဗီဒီယို)

ဇူလိုင်လ ၁၁ ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့ 
ဖလား နောက် ဆုံး ဗိုလ်လုပွဲစဉ်  တွင်
တွေ့ ဆုံကြမည့် နယ်သာလန် နှင့် စပိန် အသင်း အတွက်
မည်သူ နိုင်မည် ဆိုသည့် ကြိုတင်
ခန့် မှန်း ချက် ကို ရေဘ၀ဲ လေး ပေါလ်က
အဖြေထုတ်ပေး လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ တွင် စပိန် အသင်း အနိုင် ရရှိ မည် ဟု ပေါလ် က ခန့် မှန်း ခြင်းဖြစ်သည်။သူ ၏ ခန့် မှန်းချက် များ မှာ ကမ္ဘာ့ ဖလား ပွဲ စဉ် များ တစ်လျှောက် မှန်ကန်မှု ရှိခဲ့ပြီး ဟော်လန် နှင့် ဘရာဇီး ၊ဂျာမဏီနှင့်စပိန် တွေ့ ဆုံမှု များ တွင် အကျော်ကြား ဆုံးဖြစ်ခဲ့သည်။ Continue reading “ရေဘ၀ဲ က စပိန် နိုင်မည် ဟု နိမိတ်ဖတ်(ဗီဒီယို)”

ထိုင်းဝန်ကြီးချုပ် အဘီဆစ် မြန်မာနိုင်ငံလာရောက် လည်ပတ်မည်

ထိုင်းဝန်ကြီး ချုပ် အဘီဆစ် ၀ိဇ္ဇာ ဇီဝ သည် သြဂုတ် လ အတွင်း ဉ် မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်
မည် ဟု ယနေ့ ညနေ တွင် ဘန်ကောက် မြို့ ဉ် သတင်းထောက်များ ကို ပြောသည်။အဘီဆစ် သည် ယမန်
နှစ်က မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်ရန် စီစဉ် ထားသော် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစု ကြည် အား ထောင်သွင်း အကျဉ်းချထားမှု ကြောင့် စစ်အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ ဆုံမည့် သူ၏
ခရီးစဉ် ကို ရွှေ့ ဆိုင်း ခဲ့သည်။ Continue reading “ထိုင်းဝန်ကြီးချုပ် အဘီဆစ် မြန်မာနိုင်ငံလာရောက် လည်ပတ်မည်”

မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ

ပေါက်ကွဲမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်သို့ ရောက်ရှိ လာသည့် ဗိုလ်ချုပ် သာအေး

မြောက်ပိုင်းတိုင်း စစ်ဌာနချု ပ် တပ်များအတွက်
လက်နက် နှင့် ခဲယမ်းမီးကျောက်များ တပ်ဆင်သို
လှောင်လှောင်ရာ ဌာန ဖြစ်သည့် ကချင်ပြည်နယ်
ဟိုပင် မြို့ နယ် အနီးမှ လက်နက်တိုက် တစ်ခုသည်
တနင်္လာနေ့ ညက ပေါက်ကွဲ မှု ဖြစ်ပွား ပြီးနောက်
ပြည်နယ် အတွက် အရေးပါသည့် လက်နက်များ အား
လုံးနီးပါး  ဆုံးရှုံးသွားရသည် ဟု မန္တလေး တိုင်း တံခွန် တိုင်
မြို့ နယ်ရှိ သံချပ်ကာ ယန္တယား တပ်မှ အမည် မဖော်လို သည့်
အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ”

ဒီတစ်ပတ် သတင်း ဓာတ်ပုံ

အမေရိကန် သူလျှို ဟု ရုရှား က စွပ်ဆွဲထောင်ချထားသည့် မဟာဗျူဟာမြောက် လက်နက်ကြီးများ ပစ်လွှတ်မှု ဆိုင်ရာ ကျွမ်းကျင်သူ အီဂေါ် ဆူယာဂင် အား ယမန် နေ့ ညက နာမည် ဆိုးဖြင့် ကျော်ကြားသည့် မော်စကို ရှိ လဖ်ဖိုတိုဗို အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေး လိုက်သည် (၎င်းသည် အမေရိကန် နှင့် ရုရှား စပိုင် ဖလှယ်ရေး အစီအစဉ်အရ ပထမ ဦး ဆုံး လွတ်မြောက် လာသူ ဖြစ်သည် ပြီး ၂၀၀၂ ခုနှစ်တွင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားရသူ ဖြစ်သည်) (AP Photo, file)ဇူလိုင်လ ၁၀ ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ အတွက် ဂျာမဏီ နိုင်ငံ အဏ္ဏ၀ါပြ တိုက်မှ ရေဘ၀ဲ ပေါ်လ် ၏ ခန့် မှန်း ချက် ကို စောင့်မျှော်နား ဆင်မည် သူများ ၂၀၀၈ ခု နှစ် က အိုဘားမား နှင့် မက်ကိန်းတို့  အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံရမှု အားစောင့်ကြည့် သူထက် ပိုများ သည် ဟု သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ အတွက် ဂျာမဏီ နိုင်ငံ အဏ္ဏ၀ါပြ တိုက်မှ ရေဘ၀ဲ ပေါ်လ် ၏ ခန့် မှန်း ချက် ကို စောင့်မျှော်နား ဆင်မည် သူများ ၂၀၀၈ ခု နှစ် က အိုဘားမား နှင့် မက်ကိန်းတို့  အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံရမှု အားစောင့်ကြည့် သူထက် ပိုများ သည် ဟု သိရသည်။
မုံရွာရှိ လယ်တီ ကျောင်းတိုက် အပါအ၀င် ဘုန်းကြီးကျောင်းတိုက်များ မီးရှုံရန် ကြံစည်မှု ဖြစ်ပေါ်ပြီး နောက် အနယ်နယ်အရပ်ရပ် ရှိ သံဃာတော်များ စားသုတ်သုတ် ၊သွားသုတ်သုတ် ဖြစ်နေ သည် ကို တွေ့ ရစဉ်

Continue reading “ဒီတစ်ပတ် သတင်း ဓာတ်ပုံ”

ဒုက္ခသည်များကို ကယ်တင်ခဲ့သည့် မြန်မာသင်္ဘောကပ္ပတိန်အား နိုင်ငံတကာမှဂုဏ်ပြု

စပိန်သတင်းစာများက ဦးဇော်အောင်၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့မှုများကို တခမ်းတနား ဖော်ပြခဲ့သလို
မြန်မာ့သတင်း မီဒီယာများကလည်း လူသားချင်း စာနာမှုဖြင့် စွန့်စားခဲ့သော ၎င်း၏စိတ်ထားနှင့် လုပ်ရပ်ကို
အလေးထား ဂုဏ်ပြုခဲ့ကြသည်

ဇွန်လ(၉)ရက်နေ့က ကြမ်းတမ်းခက်ထန်လှသည့် ပင်လယ်ပြင်တွင် ဒုက္ခသည်များအား သက်စွန့်ဆံဖျား ကယ်တင်နိုင်ခဲ့သည့် မြန်မာသင်္ဘော ကပ္ပတိန် ဦးဇော်အောင်အား နိုင်ငံတကာမှ တလေးတစား ချီးကျူးဂုဏ်ပြုနေဆဲဖြစ်သည်။ စပိန်သတင်းစာများက ဦးဇော်အောင်၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့မှုများကို တခမ်းတနား ဖော်ပြခဲ့သလို မြန်မာ့သတင်း မီဒီယာများကလည်း လူသားချင်း စာနာမှုဖြင့် စွန့်စားခဲ့သော ၎င်း၏စိတ်ထားနှင့် လုပ်ရပ်ကို အလေးထား ဂုဏ်ပြုခဲ့ကြသည်။ ဇွန်လ(၉)ရက်နေ့က စပိန်နိုင်ငံ၊ အနောက်မြောက်ပိုင်း ကမ်းလွန်မှ ကီလိုမီတာ (၅၅၀)အကွာမှ ရွက်လှေတစ်စင်းထံမှ အရေးပေါ် အကူအညီ တောင်းခံသည့် SOSသတင်းပေးပို့မှုကို MTM Princess သင်္ဘောပေါ်မှ ဖမ်းယူရရှိခဲ့သည်။ သင်္ဘောသား (၂၂)ဦးအနက် ကပ္ပတိန် အပါအ၀င် မြန်မာသင်္ဘောသားချည်း (၂၁)ဦး လိုက်ပါလာသော MTM Princessသည် အဆိုပါ သတင်းပေးပို့မှုကို ရရှိပြီးနောက် သင်္ဘောကပ္ပတိန် ဦးဇော်အောင်က ယင်းဒုက္ခသည်များအား ကယ်တင်ရန် သင်္ဘောသားများနှင့် ဆွေးနွေးခဲ့သလို သင်္ဘောကုမ္ပဏီသို့လည်း အကြောင်းကြားခဲ့သည်။ ကုမ္ပဏီထံမှ ခွင့်ပြုချက် ရရှိသောအခါ မာရှယ်လ်ကျွန်းနိုင်ငံ အလံလွှင့်ထူထားသော MTM Princessသည် ဘေးတွေ့နေသည့် အပျော်စီး အပမ်းဖြေရွက်လှေ Octogonထံသို့ ဦးတည်ခုတ်မောင်းခဲ့လေတော့သည်။ Continue reading “ဒုက္ခသည်များကို ကယ်တင်ခဲ့သည့် မြန်မာသင်္ဘောကပ္ပတိန်အား နိုင်ငံတကာမှဂုဏ်ပြု”

ထိုင်ဝမ် ဥပဒေပြု အမတ်များ တရုတ်ပြည်မနှင့် ကုန်သွယ်ရေးအပေါ် သဘောကွဲ ထိပ်ကွဲဒူးပြဲ

ထိုင်ဝမ်ဥပဒေပြုအမတ်များ လွှတ်တော်အား လက်ဝှေ့ ကြိုးဝိုင်းကဲ့သို့ သဘောထားသည် ကို ဤသို့ တွေ့ ရစဉ်

တရုတ်ပြည်မနှင့် အငြင်းပွားဖွယ် ကုန်သွယ်ရေး စာချုပ်နှင့် ပတ်သက်ပြီး ပါလီမာန် ပထမရက်ဖြစ်သည့် ကြာသာပတေးနေ့တွင် ထိုင်ဝမ် ဥပဒေပြု အမတ်များ အချင်းချင်း ထချကြပြီး ထိခိုက် ဒဏ်ရာများ ရရှိသွားကြသည်။

အာဏာရ ကူမင်တန်ပါတီကြီး၏ အမတ်ဖြစ်သူ ၀ူယူရှန်မှာ ခပ်ဝေးဝေးမှ လှမ်းပစ်လိုက်သော ရှေးဟောင်းနာရီကြီး တစ်လုံး မျက်နှာမှန်သွားသောကြောင့် ဆေးရုံ အရေးပေါ်ဌာနသို့ သယ်ဆောင် သွားခဲ့ရသည်။ “သူ့မျက်နှာ တစ်ပြင်လုံး သွေးတွေ ရဲဗလောင်းခနေတာပဲ၊ မျက်စိကို ကွက်တိ ထိသွားတာ” ဟု ၀န်ကြီးချုပ် ၀ူဒန်ရီက သတင်းထောက်များကို ပြောပြသည်။ Continue reading “ထိုင်ဝမ် ဥပဒေပြု အမတ်များ တရုတ်ပြည်မနှင့် ကုန်သွယ်ရေးအပေါ် သဘောကွဲ ထိပ်ကွဲဒူးပြဲ”

ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် (သတိပေးချက်)

Updated ယနေ့  မြန်မာ စံတော်ချိန် နေ့ လည် ၁၂ နာရီ အချိန် ခန့် က Freedom News Group မှ Freedom
Weather Software ၏ တွက်ချက်မှု များ အရ ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊
ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် သည် ဟု ဆိုသည်။  Continue reading “ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် (သတိပေးချက်)”

တာချီလိတ်ရဲတပ်ဖွဲ့  တရားမ၀င်မော်တော်ကားတင်သွင်းမှုများ ပြုလုပ်နေ

ကိုဦး ၊      ၊ရှမ်းပြည်နယ်အရှေ့ ပိုင်း ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့မြို့
နယ်မှူး အပါအ၀င် ရဲတပ်ဖွဲ့ ဝင် အချို့ သည်  တရားမ၀င်မော်တော် ကား တင်
သွင်းမှု ပြုလုပ်နေကြ သည် ဟု တာချီလိတ်ရဲစခန်းနှင့်နီးစပ်သူများက ပြောသည်။ Continue reading “တာချီလိတ်ရဲတပ်ဖွဲ့  တရားမ၀င်မော်တော်ကားတင်သွင်းမှုများ ပြုလုပ်နေ”

ဂျာမဏီ ကို အနိုင်ရပြီး စပိန် ဗိုလ်လုပွဲတက် (မြန်မာ လောင်းကြေးထပ်သူများ ခွက်ခွက်လန် ရှုံး)

ဒုတိယပိုင်းတွင် ကာလက်ပူရို ၏ တစ်လုံး တည်းသော ဂိုးဖြင့် စပိန် အသင်းသည် အနိုင်ရရှိကာ ကမ္ဘာ့ ဖလား နောက်ဆုံးဗိုလ်လု ပွဲ သို့ တက်သွားပြီ ဖြစ်သည်။စပိန် အသင်းသည် ဗိုလ်လုပွဲ တွင် ဟော်လန် အသင်း နှင့် တွေ့ ဆုံရမည်ဖြစ်သည်။(AP Photo/Martin Meissner)ပုံတွင် စပိန် အသင်းသားများ အောင်ပွဲခံနေပုံ ဖြစ်သည်။

အကြိုလ် ဗိုလ်လုပွဲ စဉ် တွင် ဂျာမဏီ အသင်း ရှုံးနိမ့် မှု ကြောင့် ဂျာမဏီ အသင်း ဘက်မှာလောင်းကြေး
ထပ်ထားသည့် မြန်မာ ပရိသတ်များ အကြီးအကျယ်ရှုံး နိမ့် ကျသည် ဟု သတင်းရရှိသည်။ Continue reading “ဂျာမဏီ ကို အနိုင်ရပြီး စပိန် ဗိုလ်လုပွဲတက် (မြန်မာ လောင်းကြေးထပ်သူများ ခွက်ခွက်လန် ရှုံး)”

သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်

လယ်တီ ကျောင်းတိုက် ကို မီးရှို့ ရန် ကြံစည်မှုကြောင့် နိုင်ငံတ၀ှမ်းရှိ သံဃာတော်များမှာ၎င်း တို့ ၏ ကျောင်းတိုက်များ လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။ဓာတ်ပုံ - Time Magazine

အောင်မြင်(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ်သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ရှို့ရတာပါဟုပြောကြောင်းသိရသည်။
သက်ဆိုင်ရာအာဏာပိုင်တို့ က မီးရှို့ ရန်ကြံစည် သူများ ကို လာရောက်ခေါ်ဆောင်သွားပြီး မှုခင်းအရအရေးယူခြင်း
မရှိကြောင်းသိရသည်။ Continue reading “သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်”