မင်္ဂလာ ဈေး မီးလောင်ကျွမ်းမှု အား နိုင်ငံခြား သတင်းဌာနများမှ ဖော်ပြထားသည့် ဓာတ်ပုံများ

Huge fire at Myanmar market
Continue reading “မင်္ဂလာ ဈေး မီးလောင်ကျွမ်းမှု အား နိုင်ငံခြား သတင်းဌာနများမှ ဖော်ပြထားသည့် ဓာတ်ပုံများ”

မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား(ဗီဒီယို)

အချိန် နှင့် တပြေးညီ တင်ဆက်မှုများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်

အချိန် နှင့် တပြေးညီ တင်ဆက်ထားသည့် ဓာတ်ပုံများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်

ရှုထောင့် ပေါင်းစုံမှ ရိုက်ကူးထားသော ပုံများ ကို ဤနေရာတွင် လည်း ကြည့်ရှု နိုင်သည်

Updates ၂၄း ၃၀ မီးသတ်သမား ဈေးအတွင်း သို့ စတင်ဝင်ရောက် နိုင် မီးလောင်ကျွမ်းမှု မရပ်သေး

Updates ၂၁း ၀၀ တမြေ့မြေ့ လောင်ကျွမ်းနေ သည့် မီးအား တဖွဲဖွဲ လာရောက်ကြည့်ရှုသူများ ယခု အချိန်ထိရှိနေဆဲ ၊လမ်းကျယ် ၊ကန်တော် လေး နှင့် မအူ ကုန်း တွင် လျှပ်စစ်မီးများ ဖြတ်တောက်ထား

Updates ၂၀း ၅၀ ယနေ့ နံနက် ၈း၃၀ တွင် လေးထပ် မှ ၀ါယာ ရှောခ် ဖြစ်၍ မီးလောင်ကျွမ်းခြင်းဖြစ်သည်
ဟု အတည်ပြုပြောကြားသည်။ မီးစတင် လောင်ကျွမ်း ချိန် တွင် ဈေးသူ၊ဈေးသား များ ပစ္စည်း သယ်ရန် အချိန်ရ
သော် လည်း မီးသတ် ဌာန မှ မီးဆက်လက် မလောင်ရန် တာဝန် ယူသည် ဟု ဆိုကာ ပစ္စည်း များ သယ်ဆောင်ခြင်း
ခွင့်မပြု ဟု သိရသည်။

မီးလောင်ကျွမ်းရာ မှ ထွက်ပေါ်နေသည့် မီးခိုးများ အား နေ့ လည် ၁၂ နာရီ အချိန် တွင် တွေ့ ရစဉ်

Updates ၂၀း ၃၀ ဈေး၏ အနောက်ဘက်ခြမ်း လေးထပ် နေရာမှ ကွန်ကရစ်များ ပြိုကျ ညဘက်ထိ မီးလောင်ကျွမ်းမှု ဆက်လက် ငြိမ်းသတ်နေရဆဲ

Updates ၁၉း ၃၀ ည ၈ နာရီ အချိန် ထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးသတ် သမား နှစ်ဦးအပါအ၀င် ၃၆ ဦးဒဏ်ရာပြင်းထန် စွာရ၍ ဆေးရုံ သို့ ပို့ ဆောင် ရ

Updates ၁၆း ၃၀ မီးလောင်ကျွမ်းခဲ့သည့် အဆောက် အဦ နေရာ အချို့ တွင် ပြိုကျ မှုဖြစ်ပွား Continue reading “မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား(ဗီဒီယို)”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

ရန်ကုန်တိုင်း ဒလ မြို့ နယ်တွင် ပေါ်ပေါက်နေသည့် ဒေသခံပြည်သူများ၏ သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲ
သောက်သုံးရေ ပြတ်တောက်မှု ကြုံတွေ့ နေရသည့် ဒလမြို့
ရေပြတ်လပ်မှု ဘေးဒုက္ခ ကြုံနေရသည့် ပြည်သူများအား စစ်အစိုးရ က လျှစ်လျှူရှု ထားမှု ကြောင့် ပြည်သူများ ရေရရှိရေး အတွက်ည စေတနာရှင် ပြည်သူများက လာရောက်လှုဒါန်းသည် ကို တွေ့ ရစဉ်
မီးလောင်၍ ပြိုကျပျက်စီးသွားသည့် ဘန်ကောက်မြို့ ရှိ Central World Shopping ပလာဇာ
၆၃ ကြိမ်မြောက် ကန်း(စ)ရုပ်ရှင်ပွဲတော်တွင် Palm d' Or ခေါ် အကောင်းဆုံးဇာတ်ကားဆုအား ထိုင်း ဇာတ်ကား Uncle Boonmee Who Can Recall His Past Lives မှ ရရှိသွားသည်။ ထိုဇာတ်ကားသည့် ထိုင်းလူမျိုး တို့ ၏ ကိုးကွယ် ယုံကြည်မှု ရိုးရာ ဓလေ့ နှင့် တမလွန် အယူအဆ များ ကို ရိုက်ကူးပြထားခြင်း ဖြစ်သည်။ ပုံတွင် ဆုတက်ရောက် လက်ခံ ယူသည့် ထိုဇာတ်ကား ၏ ဒါရိုက်တာ Apichatpong Weerasethakul အား မင်းသမီးချားလော့ ဂရန်းဘဂ် နှင့် အတူတွေ့ ရစဉ်
လုံမဏီ ပန်းခြံ အတွင်း နှင့် အနီဝတ် တို့ စွန့် ခွာသွားသည့် နေရာများမှ သိမ်းဆည်းရမိသည် ဆိုသည့် လက်နက် ခဲယမ်း များ ကို စနေနေ့ က ထိုင်း အစိုးရ က နိုင်ငံခြား သတင်းထောက် များ၊သံတမန် များ ရှေ့ ဉ် သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေစဉ် ထို သတင်းစာရှင်း လင်းပွဲ သို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် လည်းတက်ရောက်ခဲ့သည် ဟု သတင်းရရှိသည်။

Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ဒီတစ်ပတ် သီချင်းသစ်များ နှင့် ဖျော်ဖြေရေး

ရီဟားနား ရဲ့ Rock Star 101 Feat : Slash (ယခင် Guns ‘N’ Roses အဖွဲ့ မှ ဂီတာသမား)

ကက်ရှာ ရဲ့ သီချင်းသစ် Your Love is My Drug

၂၀၁၀ ကမ္ဘာ့ ဖလား အတွက် ရွေးချယ်ခြင်းခံရသည့် ဆိုမာလီ အဆိုတော် ကနန်း နှင့် စပန်းနစ်ရှ် ပေါပ်စတား ဒေးဗစ် ဘစ်ဘဲလ်  ရဲ့ Waving Flag (MTV karaoke Version)language Somalian ,English,Spanish (ထိုသီချင်းသည် ကမ္ဘာ့ ဖလားပွဲ ၏ အဖွင့် သီချင်းအဖြစ် သီဆိုမည် ဖြစ်သည်)

ဒေးဗစ် ဂတ်တာ ၊ဖာဂီ ၊ခရစ်ဝီလီ နှင့် LMFAO တို့ ရဲ့ Getting Over You
Electro -House  ,Electro – Hop , Dance

နာမည်ကျော် အမေရိကန် မျက်နှာဖုံးစွပ် အက အဖွဲ့  ဂျက်ဘာဝေါ ကိဇ် (Jabbawockeez)

Continue reading “ဒီတစ်ပတ် သီချင်းသစ်များ နှင့် ဖျော်ဖြေရေး”

သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား

သခင် စိုးမြင့် ၏ နောက်ဆုံးခရီး Photo : FNG

ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ဗဟို လယ်သမားများ အဖွဲ့ခေါင်းဆောင် သခင် စိုးမြင့် ၏ ဈာပန အခမ်းအနားကို ယနေ့ ကျင်းပရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များ၊ ၀ါရင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များ ၊ကျောင်းသား ပြည်သူ အချို့ နှင့် နိုင်ငံခြား သံရုံးများ
မှ သံတမန် များ လိုက်ပါ ပို့ ဆောင်ကြသည်။ Continue reading “သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား”

ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ် အား တွေ့ မြင်ရ

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ထောက်ကြံမြို့ နယ်မှ တွေ့ ရစဉ် ယခင် သီတင်းပတ် က သောကြာကြယ် နှင့် လ တို့ နီးကပ်မှု ဖြစ်စဉ် ကြောင့် မြန်မာ နိုင်ငံတွင်
အုတ်အော် သောင်း နင်း ဖြစ်ပြီး နောက် ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် ယနေ့ မနက် ၁၁
နာရီ ခန့် က နေထီး ဆောင်းမှု ဖြစ်စဉ် ကို တစ်နာရီ ခန့် တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှ
ဆရာ မ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်
စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှု မရှိ ဟု သိရသည်။ Continue reading “ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ် အား တွေ့ မြင်ရ”

ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်

Source : Weekly 11 Journal

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

7 Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ Continue reading “ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်”

သတင်းအကျဉ်း နှင့် ဓာတ်ပုံများ

Visual Journalism   ဒီမိုကရေစီ အရေချုံထားသည့် အောက်စဖို့ ဘွဲ့ ရ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဆင်းရဲသားပြည်သူများ ၏ ဒီမိုကရေစီ ရေး တောင်းဆိုမှု ကို ရက်စက်စွာဖြိုခွင်းမှု အားဤနေရာမှ တစ်ဆင့် ကလစ်နှိပ်၍ ကြည့်ရှု နိုင်သည် Continue reading သတင်းအကျဉ်း နှင့် ဓာတ်ပုံများ

Rate this:

ဒီမိုကရေစီ မကျသော ဖြေရှင်းမှု နည်းလမ်များဖြင့် ဒီမိုကရေစီ အစိုးရများ

Blaze of Glory and But Not Unbowed in Thailand

Is this  Mini – Civil War ?

Presented by Visual Journalism of Freedom News Group Updated and Commented

သင်တို့ ၏အတွေးအမြင် များ ကို  freedomnewsgroup@gmail.com သို့ ပို့ ပေးပါ။

ဘလူး ရဲ့  အတွေးအမြင်ဖြစ်ပါတယ်

အောင်ဆန်းစုကြည်နဲ့ သက်ဆင်၊ အက်ဘီဆစ်နဲ့ သန်းရွှေ တစ်ကယ်ဆိုပြောင်းပြန်ကြီးပါဗျာ… ဆန္ဒပြသူချင်းမို့ ရှပ်နီနဲ့ ရွှေဝါရောင် တူတယ်လို့ အပေါ်ယံတွေးကြတာ တွေ့လို့ပါ။ ရှပ်နီတွေက ဒီမိုကရေစီကျကျ ဆန္ဒပြတာမှန်ပေမယ့် နောက်ပိုင်းမှာ လမ်းလွဲပြီး အကြမ်းဖက်ခဲ့ကြတယ်လေ။ သေနပ်နဲ့ပြန်ပစ်ရုံ မကဘူး၊ အဆောက်ဦးပေါင်း ၄၀ လောက်မီးရှို့ခဲ့ပါတယ်။ သူတို့ဆန္ဒပြတာကလည်း အဘီဆစ် ပြုတ်ရေးသာမက သက်ဆင် ဝန်ကြီးချုပ်ပြန်ဖြစ်ရေးတွေ ပါလာလို့ အများစုက သက်ဆင့်စနစ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြတာဖြစ်ပါတယ်။
ရွှေဝါရောင်ကတော့ လုံးဝ ငြိမ်းချမ်းရေးပါ။ ခဲပေါက်တယ်ဆိုတာကလည်း ကြံ့ဖွံ့က အုတ်ကားသွန်ချပေးတယ်။ ကိုဆန်းသစ်တို့လို အရပ်ဝတ် စစ်သားတွေနဲ့၊ စွမ်းအားရှင်တွေက ခဲနဲ့ပေါက်ပြတယ်။ မသိနားမလည်ရှာတဲ့ လူငယ်တချို့ကလည်း လိုက်ပေါက်ကြတယ်။ ဒါဟာ ဆန္ဒပြသူတွေ အကြမ်းဖက်လို့ စစ်တပ်က ပစ်တယ်ဆိုတဲ့အကွက်ဝင်အောင် စစ်အစိုးရကလုပ်ခဲ့တာ လူတိုင်းသိပါတယ်။ ကျနော်တို့ သေနပ်နဲ့ပစ်ခံရတော့ အနီးက လှေကားထဲဝင်ပြေတာ ပြည်သူတွေကိုလိုက်ပစ်၊ လိုက်ဖမ်းတာတွေကို မြင်နေရတယ်။ စောစောက ကျနော့ရှေ့က ခဲနဲ့ပေါက်နေတဲ့ ရှပ်အဖြူဝတ်ထားတဲ့သူက ခုကျတော့ တုတ်တစ်ချောင်းနဲ့ သံဃာတွေကို လိုက်ဖမ်းနေတဲ့ စွမ်းအားရှင်ဖြစ်နေတာ အံ့သြခံပြင်းစွာ တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြောဗျာ… စစ်ပထွေးတွေနဲ့ စစ်ခွေးတွေ ဘယ်လောက်မျက်စိမှိတ်ပြီး အော်အော်။ ပြည်သူတွေက အသိဥာဏ်ရှိတယ်၊ အကောင်းအဆိုး သိပါတယ်။ ဘယ်မှိုင်းမှ မိလို့မဟုတ်ပါဘူး ကိုယ်တွေ့ကို သိကြတာပါ။
သက်ဆင်က အစိုးရက စခန်းဝင်စီးရင် ပြန်လည်ပစ်ဖို့၊ ခုခံကြဖို့ အနီးရှိ ကုန်တိုက်များကို ဝင်စီးဖို့ မိန့်ခွန်းတွေပြောခဲ့၊ ခိုင်းခဲ့တာတွေ ထိုင်းတီဗီတွေကနေ ပြန်လည်လွင့်ပြနေတုန်းပါ။ ပြီးသက်ဆင်က နိုင်ငံရေးအကြောင်း သိပ်မတွက်တတ်ပါဘူး။ စီးပွားရေးသမားပါ။ ဇင်းမယ်မြို့သား သာမန်ရဲတစ်ယောက် ဘဝကနေ ကမ္ဘာကျော်ဘောလုံးကလပ်တစ်ခုကိုတောင် ဒူဘိုင်းစော်ဘွားတွေနဲ့ အပြိုင်ဝယ်နိုင်တဲ့ အထိ ချမ်းသာလာတာလေ။ ပြည်သူတွေကိုလည်း စီးပွားတွက်တွက်ပြီး မဲဆွယ်ခဲ့တာပါ။ ဒါကြောင့် နယ်ကသာမန်ပြည်သူတွေက အများဆုံးထောက်ခံခဲ့ကြတာ။ သူမပြုတ်ခင်တည်းက သူတိုက်ခဲ့တဲ့ အဓိက ပစ်မှတ်က ထိုင်းဘုရင်ကိုဖြစ်ပါတယ်။ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ရတာ အဲဒါလည်း တစ်ကြောင်းဖြစ်ပါတယ်။ ပြီးတော့ သူက ထိုင်းလူမျိုးမဟုတ်ပါဘူး။ ထိုင်းမှာမွေးတဲ့တရုတ်ပါ။ သူပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ဘယ်လောက်ချစ်ပါတယ် ပြောပြော ထိုင်းနိုင်ငံရဲ့ စစ်ရေး လျှိ့ဝှက်ချက်တွေ၊ အားနဲချက်တွေကို အပြင်ကနေ ဖွင့်ချခဲ့သူဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင် ထိုင်းတစ်နိုင်ငံလုံးရဲ့ လက်မခံသင့်တဲ့ ရန်သူအစစ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် ယခုထိစစ်သံဆူးကြိုးတွေထဲမှာ နှစ် ၂၀ကျော် သည်းခံခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝကို မနှိုးယှဉ်အပ်တဲ့ နံ့သာဆီနဲ့ ဟိုဒင်းဖြစ်ပါတယ်။ ဆယ့်နှစ်ခြားစီမို့ မနှိုင်းကြပါနဲ့။

ကိုစောနောင် ရဲ့  အတွေးအမြင်ဖြစ်ပါတယ်

ထိုင်း အနီတော်လှန်ရေးကျဆုံးသွားတာ အကြောင်း (၃) ချက်တွေ့ပါတယ်။
(၁) negotiation ကို အသုံးမချနိုင်ခဲ့ခြင်း။ အနီ တို့အနေနဲ့ silent majority နဲ့ ထိုင်း ဘုရင်ကြီးအပေါ် လုံးဝကြည်ညိုသူ ထိုင်းပြည်သူ များစွာရှိတာကို မေ့လျော့ကာ မိမိအင်အားကြီးမားမှုကို မာန်တင်းခဲ့၍ ၀န်ကြီးချူပ်၏ ညှိနှိုင်းမှုပေါ်တွင် အလျှော့အတင်း မလုပ်နိုင်ခဲ့ခြင်း။ (သူတို့ဖက်က အနိမ့်ဆုံး လွှတ်တော်ဖျက်သိမ်းရေးနဲ့ ၀န်ကြီးချုပ်နှုတ်ထွက်ရေးကိုသာ တွင်တွင် တောင်းခဲ့ပါတယ်။ ဒါဟာ စနစ်တစ်ခုပြောင်းဖို့။ ဒီမိုကရေစီကျဖို့ လိုလားတဲ့ တောင်းဆိုချက်မဖြစ်လာလို့ ခုန ၂ ချက်ရရင် သက်ဆင်က ဘာပေးမယ်ဆိုတဲ့ မက်လုံးရှိတယ်လို့တောင် အများက ယုံကြည်လာကြပါတယ်) Continue reading “ဒီမိုကရေစီ မကျသော ဖြေရှင်းမှု နည်းလမ်များဖြင့် ဒီမိုကရေစီ အစိုးရများ”

ဇနီးဖြစ်သူ အား ထောင်ဝင်စာ တွေ့ နေစဉ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံး

Burmese Human Rights Activist Dies in Jail

မြင်းခြံထောင် မှာ အကျဉ်းချထားခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကို ကျော်စိုးဟာ ဒီနေ့ မနက်က ဇနီးဖြစ်
သူ ကို ထောင်ဝင်စာ တွေ့ နေ ချိန် မှာ ပဲ ထောင်တွင်း ကျမ္မာရေး အခြေအနေ ဆိုးရွား နေမှု ကို ဆေးကု
ထောင်အာဏာပိုင်များ က လစ်လျှူ ရှုထားတဲ့ ဒဏ် ၊ပူပြင်း လွန်းတဲ့ ရာသီ ဥတု ဒဏ်တို့ ကြောင့် သေဆုံးခဲ့
တယ် လို့ သတင်းရရှိပါတယ်။ Continue reading “ဇနီးဖြစ်သူ အား ထောင်ဝင်စာ တွေ့ နေစဉ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံး”

ထိုင်းနိုင်ငံ တ၀ှမ်းသို့ ဆန္ဒပြမှု၊ ပစ်ခတ်မှု၊ မငြိမ်သက်မှု၊ လုယက်မှု ၊မီးရှို့ မှု ၊ဖောက်ထွင်းမှု၊လုယက်မှု ၊ပြန်လှန်ပစ်ခတ်မှု များ ကူးစက်

Failure Of Thai Democracy ?

မြို့ ပြပျောက်ကြား စစ်များ ဆက်လက်ဖြစ်ပွား

မေတ္တာပို့ သည့် သံဃာတော် တစ်ဦးထိုင်းစစ်တပ်က လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားစဉ် (Photo credit should read PEDRO UGARTE/AFP/Getty Images)

ထိုင်းစစ်တပ်က လုံမဏီ ပန်းခြံအား ဖြိုခွင်းမှုတွင် ငါးဦးသေဆုံး၍ တစ်ရာကျော်ဒဏ်ရာရ က ဆန္ဒပြသူ နှစ်ရာ ကျော်အားဖမ်းဆီးထားသည် (Photo by Athit Perawongmetha/Getty Images)

ဘန်ကောက်မြို့ လယ်တွင် မီးရှို့ ထားစဉ် (Photo credit should read BAY ISMOYO/AFP/Getty Images)

ထိုင်းစစ်တပ် ရဲ့ တိုက်ခိုက်မှု တွေ ကို ပြန်လည် ခုခံရင်း အနီဝတ် UDD အင်အားစုတွေ မီးရှိုခဲ့တဲ့ ဘန်ကောက်
မြို့ လည် က Central World ရှော့ပင်း ပလာဇာကြီး ရဲ့ အစိတ် အပိုင်း အချို့ ဟာ ည ၁၂ ခန် မှာ ပြိုကျသွားခဲ့ပါတယ် ။နေ့ လည်က UDD အဖွဲ့ ဝင်တွေ ၀င်ရောက်ပြီး မီးရှို့ ခဲ့တဲ့ အတွက် Central World ပလာဇာ ဟာ ခြောက် နာရီ လောက် မီးစွဲ လောင် တာ ခံရပြီး နောက် ပြိုကျ သွားတာဖြစ်ပါတယ်။ Continue reading “ထိုင်းနိုင်ငံ တ၀ှမ်းသို့ ဆန္ဒပြမှု၊ ပစ်ခတ်မှု၊ မငြိမ်သက်မှု၊ လုယက်မှု ၊မီးရှို့ မှု ၊ဖောက်ထွင်းမှု၊လုယက်မှု ၊ပြန်လှန်ပစ်ခတ်မှု များ ကူးစက်”

ဆိုင်ကလုံး လိုင်လာ ပိုမိုအားကောင်းလာ သော်လည်း မြန်မာ နိုင်ငံသို့ ဦးတည်မှု မရှိ

ယနေ့ ညနေ ရန်ကုန် နှင့်အနီး တ၀ိုက်တွင် မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခတ်နိုင်သည်။Chance 80 %

ဆိုင်ကလုံး လိုင်လာ သည် ယနေ့  ပိုမို အားကောင်းလာပြီး တမီလ် နာဒူပြည်နယ် ကို ၀င်ရောက် တိုက်ခတ်ရာ
နေအိမ်များ ပြိုကျပြီး ပျက်စီးဆုံးရှုံးမှု များ ရှိခဲ့သည်။ ပိုမို အားကောင်း လာသည့် လိုင်လာသည် အန်ဒရာ ပရာဒေရှ်
အပါအ၀င် အိန္ဒိယ အရှေ့ ဘက် ကမ်းရိုးတန်း ဒေသ များ သို့ လည်း ၀င်ရောက် တိုက်ခတ် ခဲ့သည်။ Continue reading “ဆိုင်ကလုံး လိုင်လာ ပိုမိုအားကောင်းလာ သော်လည်း မြန်မာ နိုင်ငံသို့ ဦးတည်မှု မရှိ”

မဟာမိတ်တို့ နာဇီ ကို ချေမှုန်း သလို ထိုင်းစစ်တပ် က ဆန္ဒပြသူများ ကို သံချပ်ကာကားများ၊တင့်ကားများဖြင့် အလုံးအရင်း ပိတ်ဆို့ ချေမှုန်း (၁၈ မိနစ် ဗီဒီယို)

Thai Military Assault Vehicle Invade Red Shirt ‘s Heaven

Is Bangkok Burning ?

ယနေ့  ဘန်ကောက် အခြေအနေ တိုက်ရိုက် သတင်းပေးပို့ ချက်
ထပ်မံတိုးတက် ဖြစ်ထွန်း သမျှ ကို အချိန် နှင့် တပြေးညီ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

၁၂:၀၀ နာရီ အဝေးရောက် သက်ဆင်က ဆန္ဒပြပွဲ များ ကို စစ်တပ် ၏ နှိမ်နှင်း ပုံကြောင့် ပြောက်ကျားစစ်အသွင်ပြောင်းသွားနိုင်ဟု ဆို
၁၀:၁၅ နာရီ ဂက်(စ်) အိုး နှင့်တာ ယာ များ ကို မီးလောင် ဗုံး အဖြစ်တွဲ ချဉ်ထားပြီး ရှပ်နက် များ အသေခံ ဗုံးခွဲမှုကြီး ပြုလုပ်ရန်စီစဉ်(ပသုနမ် ကုန်တိုက်ရှေ့ ) အဲဒီဧရိယာတစ်ဝိုက်ကလူတွေအားလုံးကို ရဲကားများနှင့် ဘေးကင်းရာကို ပို့ပေးနေပါပြီ

Photo : Financial Times


UDD တို့ ၏ ၀ါးတာယာ စခန်းထဲသို့  သံချပ်ကာကား စတင်ဝင်ရောက်စဉ် ဓာတ်ပုံ CNN

၁၁း၀၀နာရီ နာထတ်ဝတ် ဆိုင်ကူး မှ လွဲ၍ အခြား အနီဝတ် ခေါင်းဆောင် များ ဆာလာဒင်း လမ်းဆုံအနီးရှိ လုံမဏီ ပန်းခြံ စခန်း ကို စွန့် ခွာ

၁၀း၃၀ နာရီ နိုင်ငံခြား သတင်း ထောက် သုံးဦး သေနတ် ထိမှန် အရှေ့ အလယ်ပိုင်းသတင်းဌာန တစ်ခု အတွက် လုပ်ကိုင်ပေးတဲ့ အီတလီ  ဂျာနယ် လစ် နှစ်ဦးသေဆုံး ၊ဒတ်ခ်ျဂျာနယ်လစ်ပြင်းထန်စွာ ဒဏ်ရာရ

၁၀း၀၀ နာရီ တန်ပြန်တိုက်ခိုက်မှု ကို လိုလားသည့် အမဲရောင် ၀တ် (Black Shirt) များက ကားတာယာများကို မီးရှို့ ခုခံရာမှ ဘွန်ကိုင်
အနီး ရှိ ကက်ဆီကွန် ဘဏ် မီးလောင်

၉း၃၀ နာရီ သံချပ်ကာ ကား နှစ် စီး လုံမဏီ ပန်းခြံရှိ ၀ါးတာယာ အကာအယံ များ ထိုးဖောက်  ဖြိုဖျက်ပြီး စတင်ဝင်ရောက်

THIS IS A BREAKING NEWS UPDATE. Check back soon for further information. FNG’ s earlier story is below.

၈း၀၀ နာရီ ယနေ့ မနက် လင်း အားကြီး အချိန် လောက်ကစပြီး ထိုင်းစစ်တပ်က သံချပ်ကာ ကားတွေ ၊တင့်ကားတွေ
နဲ့  အာဏာရှင်ဆန့် ကျင့် ရေး ဒီမိုကရေစီ တပ်ဦး စခန်းချရာ ဘန်ကောက် မြို့ လည် က ရာချာပရာဆောင်
တ၀ိုက် မှာ ပိတ် ဆို့ နေရာ ယူထားပါတယ်။နံနက် ၇ နှစ်နာရီ လောက်က စပြီး သက်ဆင် လိုလားတဲ့အနီ
ဝတ် ဆန္ဒပြသူတွေ စခန်းထဲက နေ ထွက်ပေး ဖို့ အမေရိကန် နိုင်ငံ လုပ် ဟမ်းဗွီး စစ်ကား တွေ ပေါ်ကနေ
အသံချဲ့ စက် နဲ့ သတိပေးနေပေမယ့် ၀ါးတာယာ ခံတပ် နောက် က ရှပ်နီ ၀တ် တွေ ကတော့ အဘီဆစ် အစိုး
ရ အလို မရှိ …စစ်သားတွေ ဘားတိုက် ပြန် …ငါ့တို့ သွေး တွေ နဲ့  ထိုင်း နိုင်ငံ ရဲ့ ရာဇ၀င် ကို ရေးမယ် ဆိုတဲ့
အသံ ဟာ ….ပသုဝမ် ဘက်ကနေ အထိ ကြားနေရတယ် လို့  Freedom News Group ရဲ့  ဘန်ကောက် အခြေ
စိုက် သတင်း ထောက် မဇင်မာထွန်း က သတင်းပေးပို့ ထားပါတယ်။

မနေ့ က အနီဝတ် တွေ ရဲ့ ဖမ်းဆီးခြင်း ကို ခံရတဲ့ မြန်မာ သတင်း ဌာန တစ်ခု ဖြစ်တဲ့ ဧရာဝတီ အပါအ၀င် ၀ါရှင်တန်ပို့ စ်၊
France 24 သတင်းဌာန တွေ ကို ဘာသာ ပြန်ဆိုပေးတဲ့  ထိုင်း အမျိုး သမီး Nice ကတော့ ဒီနေ့ သူကို ဘာသာပြန်
ပေး ဖို့ ငှားထားတဲ့ သတင်း ဌာန တွေ ကို အခြေအနေကြည့် ပြီး လုပ်ပေးရမှာ ဖြစ်တယ် လို့ Freedom News Group
ကိုပြောပါတယ်။

လွတ်လပ်ရေး ကျောက်တိုင် နဲ့ Central World တစ်ဝိုက်မှာတော့ သူနာတင်ယာဉ်တွေ ၊မီးသတ်ကား တွေ ၊
အသင့် စောင့် ဆိုင်းနေပါတယ်။ ဒီနေ့ ဘန်ကောက် ကုလ ရုံး အရှေ့ မှာတော့ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ လုပ်မှာ ဖြစ်ပြီး အဲဒီနေ ရာကို တော့ FNG ရဲ့ သတင်းထောက် ကိုဦး ကရောက်ရှိနေပါတယ်။ Continue reading “မဟာမိတ်တို့ နာဇီ ကို ချေမှုန်း သလို ထိုင်းစစ်တပ် က ဆန္ဒပြသူများ ကို သံချပ်ကာကားများ၊တင့်ကားများဖြင့် အလုံးအရင်း ပိတ်ဆို့ ချေမှုန်း (၁၈ မိနစ် ဗီဒီယို)”

ဘင်္ဂလား ပင်လယအော် အတွင်း လိုင်လာ အမည်ရှိ ဆိုင်ကလုန်း ယနေ့ ပိုမိုအားကောင်းလာ

အိန္ဒိယ နိုင်ငံ အန်ဒရာပရာဒေရှ် ပြည်နယ်၏ အရှေ့ တောင်ဘက်၊ တမီလ်နာဒူလ် ပြည်နယ် ၏ ချင်းနိုင် မြို့ ၏ အရှေ့ တောင်ဘက်
ဘင်္ဂလား ပင် လယ် အတွင်း ရှိ လိုင်လာ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့ (ဗုဒ္ဒဟူး နေ့ )မနက် တွင် ပိုမို
အားကောင်း လာသည် ဟု Freedom Weather Forecast  မှ သတင်းထုတ်ပြန်သည်။ Continue reading “ဘင်္ဂလား ပင်လယအော် အတွင်း လိုင်လာ အမည်ရှိ ဆိုင်ကလုန်း ယနေ့ ပိုမိုအားကောင်းလာ”