တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ မွမ်းမံ ပွဲ ဦးကျော်သူ အမှာ စကားပြောကြား
မန္တလေးတိုင်း မေမြို့ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာ ခန်းမ၌ တက္ကသိုလ် ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ် ၁၄ ဖွင့်ပွဲတွင် အတွင်း ရေးမှူး (၁) ကိုယ်စား ၀န်ထမ်း ရွေးချယ် လေ့ကျင့်ရေး ဥက္ကဌ ဦးကျော်သူက ထူးခြားစွာ အမှာစကား ပြောခွင့်ရသည်။
![]() |
အထက်မြန်မာပြည် တက္ကသိုလ် ကောလိပ် အသီးသီးမှ ဆရာ၊ ဆရာမ ၅၃၈ ယောက်တို့ တက်ရောက်သည့် တစ်လ သင်တန်း ဖွင့်ပွဲတွင် ယခုလို ၀န်ထမ်းတွေကို ၀န်ထမ်း ဥက္ကဌက တရားဝင် စကားပြောခွင့် ရခြင်းမှာ နအဖ အစိုးရ လက်ထက် ပထမဆုံး အကြိမ် ဖြစ်သည်။ ယခင် ဆရာ ဆရာမများ၏ သင်တန်း ဖွင့်ပွဲ ပိတ်ပွဲတိုင်း အတွင်းရေးမှုး(၁) ဗိုလ်ချူပ်ကြီးများကသာ ဩ၀ါဒ တိုက်ကြွေးမြဲဖြစ်သည်။
ဦးကျော်သူမှာ ဒေါက်တာ မောင်မောင်၏ သားဖြစ်ပြီး၊ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးအဖြစ်မှ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် မတည့်၍ ၀န်ထမ်း ရွေးချယ်ရေး အဖွဲ့သို့ အရာချ ရွှေ့ပြောင်း ခံရသူ ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အသိုင်း အ၀ိုင်းမှ ပြောကြသည်။ Continue reading “တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ မွမ်းမံ ပွဲ ဦးကျော်သူ အမှာ စကားပြောကြား”




ချိုးရေ အပြင် သောက်သုံးရေ ပြတ်လပ် မှု ပါ ကြုံတွေ့ နေရသည့် ရန်ကုန် မြို့ တွင် အစိုးရ ၀န်ထမ်း ထက်ဝက်ခန့် များ ယနေ့ အလုပ်မဆင်း
Updates 11:15 PM






