တိုင်းစကွဲ ကားဗုံးထောင်သူ ဟု သံသယရှိသူ အား နိုင်ငံမှ ထွက်ခွာရန် စီစဉ်နေချိန် လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့
(Updated) Man arrested over Times Square bomb attempt upon departure
တိုင်းစကွဲကားဗုံးထောင်သူ အသက် ၃၀ နှစ် အရွယ်ရှိ ဖိုင်ဆယ် ရှာဇက် အား (၎င်းသည် JFK လေလဆိပ်မှ တစ်ဆင့် ပါကစ္စတန် သို့ ထွက်ခွာရန် စီစဉ်နေ ချိန်တွင် လေယာဉ်ပေါ်ဉ် နှစ်ခါပြန် ရှာဖွေ ပြီးမှ ဖမ်းဆီးရမိခြင်းဖြစ်သည် သူ စီးနင်းလိုက်ပါ မည့် လေယာဉ်သည် တာမီနယ် ကျူ အား လေယာဉ် မှ ပင် ဖြုတ်ပြီး ၍ ထွက်ခွာရန် အသင့် ဖြစ် နေချိန် ဖြစ်သည် ဓာတ်ပုံ- CNN
ကွန်နက်တီကတ် ပြည်နယ် ဘရစ်ပို့ ရှိ ၎င်းနေထိုင်ရာ နေအိမ်အား FBI က ရှာဖွေစဉ် (AP Photo/Jessica Hill)
ဗုံးထောင်ပြီး နောက် ပြည်ပ နိုင်ငံသို့ ထွက် ခွာရန် အတွက် ညူးယောက် ဂျွန် အက်(ဖ)ကနေဒီ လေဆိပ် သို့ ရောက်ရှိ
နေသည့် အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားသည့် ပါကစ္စတန် နိုင်ငံသား ဖိုင်ဆယ် ရှာဟဇ် အား အင်္ဂါနေ့ အစော
ပိုင်း က FBI နှင့် Joint Terrorism Task Force အဖွဲ့ ဝင်များ က ဖမ်းဆီး ရမိခဲ့သည်။
ကွန်နက်တီကတ် ပြည်နယ်တွင် နေသည့် ဖိုင်ဆယ် က ၁၉၉၃ ခုနှစ် မော်ဒယ် နစ်ဆန်း ပတ်ဖိုင်ဒါ အမျိုးအစား ကားကို
ဒေါ်လာ ၁၈၀၀ ဖြင့် အင်တာနက် Craig list မှာ တစ်ဆင့်ကြော်ငြာထားရာ မှ တစ်ဆင့် ငွေသားဖြင့် ပေးချေပြီး
လွန်ခဲ့သည့် သီတင်းသုံးပတ် ကျော်က၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ဖိုင်ဆယ်သည် JFK လေဆိပ် သို့ တနင်္လာနေ့  ည သန်းခေါင်းယံတွင် ရောက်ရှိလာပြီး အင်္ဂါနေ့ မနက် လင်းအားကြီး အချိန်
ထွက်မည့် လေယာဉ်ဖြင့် ပါကစ္စတန် နိုင်ငံသို့ ထွက်ခွာရန်အတွက် ဒူဘိုင်း သို့ သွားမည့် လေယာဉ်အားစောင့်ဆိုင်းနေချိန်တွင်
ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ Continue reading “တိုင်းစကွဲ ကားဗုံးထောင်သူ ဟု သံသယရှိသူ အား နိုင်ငံမှ ထွက်ခွာရန် စီစဉ်နေချိန် လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့”
ရှာကီးရား သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း ထွက်ပြီ
ဇွန်လ ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀
ကမ္ဘာ့ ဖလားပွဲ အတွက်  သီချင်း တစ်ပုဒ် အား ကိုလံဘီယာ
အဆိုတော် ရှကီရား ရေးစပ်သီဆို ထားသည့်This Time for Africa သီချင်းအား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၆ ခုနှစ်က ဂျာမဏီ နိုင်ငံတွင် ကျင်းပခဲ့သည့်   ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ အတွက်
The Times of OurLives သီချင်းအား Il Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့
ဖလား ပွဲ ကျင်းပစဉ် က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ
ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲ ၀င် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး တောင် အာဖရိက မြို့ ကြီး
၁၁ မြို့ တွင် ကျင်းပမည် ဖြစ်သည်။This Time of Africa သီချင်း ကို ရှာကီရားက အာဖရိက ဘာသာ စကား ၊အင်္ဂလိပ်
ဘာသာ စကား တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။
အာဖရိက ဘာသာ စကားဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်း အာဖရိက နိုင်ငံမှာ မှာ ကင်မရွန်း  နိုင်ငံမှ  နာမည်ကျော် သီချင်း
ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။(မူရင်းသီချင်းအောင် ကြည့် ရှု နိုင်အောင် စီစဉ်ထားသည်)
Continue reading “ရှာကီးရား သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း ထွက်ပြီ”
ပါကစ္စတန် တာလီဘန် အဖွဲ့ မှ ညူးယောက် တိုင်း စကွဲ ကားဗုံးခွဲ ရန် စီစဉ်ခဲ့သည် ဟု ထုတ်ဖော်ပြောဆို
(Updates)Time Square Bomb Plot has No Connection with Big Terrorist Group
Pakistan Taliban group claims NY bomb attempt in video: SITE
ကားဗုံးတွေ့ ရှိခဲ့သည့် နေရာအား လုံခြုံရေးအရ လမ်းများပိတ်ထားစဉ် REUTERS/Cary Horowitz (UNITED STATES – Tags: CRIME LAW POLITICS) Original Filename: 2010-05-02T024428Z_01_NYK00_RTRMDNP_3_TIMESSQUARE-EVACUATION.JPG
သီရိထက် ၊၊မေလ ၁ ရက်နေ့ ည အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ညူးယောက်
တိုင်းစကွဲရင် ပြင် အမှတ် ၇ ရိပ်သာလမ်း အနီးက  မာရီယော့ မာကွီး ဟိုတယ် အနီးမှာ ကားဗုံးထောင်
ဖောက်ခွဲ ဖို့ ကြိုးပမ်းခဲ့တာ ဟာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ 
Tarik-e-Taliban က ၎င်းတို့ ရဲ့ လက်ချက်ဖြစ်ကြောင်း ယူတု ဗီဒီယို ကနေ ပြောကြားခဲ့သည်။
Tarik-e-Taliban တာလီဘန် အဖွဲ့ က ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကာရီ ဟူစိန် မက်ဆော့ဒ် က
က ထိုကဲ့သို့ ဗုံးခွဲရန် စီစဉ် ရခြင်း မှာ ပြီးခဲ့သည့် သီတင်း နှစ်ပတ် ကျော် က အီရတ် အခြေစိုက်
အယ်(လ)ကာယီဒါး ခေါင်းဆောင် Abu Omar al-Baghdadi and Abu Ayub al-Masri  နှင့်
အာဖဂန် နစ္စတန် ရှိ ၎င်း တို့ ၏ ခေါင်းဆောင် များ အမေရိကန် ၏ တိုက်ခိုက် မှု ကြောင့် သေဆုံးခဲ့
ခြင်း ကို ပြန်လလည် လက် စား ချေခြင်းဖြစ်သည် ဟု ပြောကြားသွားသည်။ Continue reading “ပါကစ္စတန် တာလီဘန် အဖွဲ့ မှ ညူးယောက် တိုင်း စကွဲ ကားဗုံးခွဲ ရန် စီစဉ်ခဲ့သည် ဟု ထုတ်ဖော်ပြောဆို”
ရန်ကုန် ၊မန္တလေး နှင့် နေပြည်တော် တွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ သုံးဆယ် ကျော်ရှိ
ဟိန်းခိုင်ထွန်း၊                    ၊  မေ ၂ ရန်ကုန်
ဝမ်းပျက် ၀မ်းလျှော ရောဂါ များ စတင် ဖြစ်ပွားနေသည့် ရန်ကုန် မြို့ တွင် အပူချိန်လွန် ကဲ မှုကြောင့် ၊အပူရှပ်၍
သေဆုံးသူ ပေါင်း ဆယ့်လေး ဦးခန့် ရှိပြီး ၊နေ ပြည်တော်တွင် ခြောက်ဦး နှင့် မန္တလေး တိုက် တွင် ဆယ်ယောက်
ကျော်သည် ဟု စုံစမ်းသိရှိရသည်။ Continue reading “ရန်ကုန် ၊မန္တလေး နှင့် နေပြည်တော် တွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ သုံးဆယ် ကျော်ရှိ”
ညူးယောက် တိုင်းစကွဲ ရင်ပြင် အား ကားဗုံးဖောက်ခွဲ ရန် ကြိုးစားမှု အချိန်မှီ တားဆီး နိုင်ခဲ့
ဒုတိယမြောက် ၉/၁၁ ဖြစ်လာ မည့် အရေး ကို လုံခြုံရေး အဖွဲ့ ဝင်များ အချိန် မှီ တားဆီး နိုင်ခဲ့
New York Escapes Car Bomb Attack (12  Photo and 3 News Video)
အကယ်၍ ထိုဗုံးသာပေါက်ကွဲခဲ့လျှင် စက်တင်ဘာ ၁၁ ပြီးနောက် အကြီးမားဆုံး ပေါက်ကွဲမှုကြီး နှင့် အမေရိကန် တို့ ကြုံရမည်ဟု မြို့ တော်ဝန် ဘလွန်းဘတ် ကပြောသည်။ ပုံတွင် ...ပရိုပိန်း ဆီတိုင်ကီများ၊ပေါက်ကွဲမှု အားပေးသည့် ဆီများ နှင့် မီးရှုးမီးပန်းများ တင်ဆောင် ထားသည့် နစ်ဆန်း ပတ် ဖိုင်ဒါ ကား အား ပေါက်ကွဲရန် မိနစ် အနည်းငယ် အလို တွင် ဗုံးရှင်းလင်းရေးတပ်ဖွဲ့ များက အချိန်မှီ တားဆီးနေစဉ် ဓာတ်ပုံ-New York Times
Bomb Squad မှ ရှင်းလင်းပြီးနောက် Nissan Pathfinder SUV အား FBI သို့ NYPD ရဲ အဖွဲ့ မှ လွှပြောင်းပေးစဉ် Original Filename: Car050210ag_007.JPG
ဗုံထောင်ထားသည့် မော်တော်ကားအားစတင်တွေ့ ရှိပြီးနောက် ရဲအရာရှိ ၀ိန်း ရာတီဂန် သို့ အကြောင်းကြားခဲ့သည့် တိုင်းစကွဲ တွင် I Luv New York လိုဂိုပါ တီရှပ်ရောင်း ချသူ ဗီယက်နမ် စစ်ပြန် လန့် စ် ဟော်တန် Original Filename: Car050210ag_019.JPG
ဗုံးတင်ဆောင်ထားသည် ဟု သံသယရှိပြီးနောက် အခြားအမျိုးသမီး ရဲ နှစ်ဦး၏ အကူအညီ ဖြင့် ပြည်သူများကို ဘေးလွတ်ရာ သို့ ဖယ်ရှားခိုင်း သည့် NYPD ရဲအရာရှိချုပ် ၀ိန်းရာတီဂန် မြို့ တော်ဝန် မိုက်ကယ်ဘလွန်း ဘဂ် နှင့် စကားပြောနေစဉ် Original Filename: Bomb17_filtered.jpg
မေလ ၁ ရက် နေ့ စနေ နေ့ ည က ပရိုပိန်း နှင့် အခြားဖောက်ခွဲရေး ပစ္စည်း များ တင်ဆောင်လာသည့် ကွန်နက်တီကတ် ပြည်နယ် လိုင်စင် နံပါတ် ပြား နှင့် နစ်ဆန် ပတ်ဖိုင်ဒါ တစ်စီးအား တန်ပြန် အကြမ်းဖက် မှ အချိန် မှီတွေ့ ရှိ ပြီး နောက် တိုင်းစကွဲ တွင် လုံခြုံရေး အများအပြားချထားစဉ် ဓာတ်ပုံ-ရိုက်တာ
မော်တော်ကားမှာ ၄၅ လမ်း အမှတ် ၇ ရိပ်သာ နှင့် အမှတ် ၈ ရိပ်သာ လမ်း အနီးတွင် တွေ့ ရှိခြင်း ဖြစ်သည်။ကားပေါ်ပါ အင်းအား ပြင်း ပရိုပိန်း များ က မော်တော် ကား နှင့် ပေ ၄၀၀ အကွာ ထိ သက်ရောက် မှု ရှိ နိုင်သည် ဟု ဆိုသည် ပုံတွင် တိုင်း(မ)စကွဲ ရင်ပြင် အား လုံခြုံရေး အဖွဲ့ များ က ခေတ္တ ပိတ်ထားစဉ်
Continue reading “ညူးယောက် တိုင်းစကွဲ ရင်ပြင် အား ကားဗုံးဖောက်ခွဲ ရန် ကြိုးစားမှု အချိန်မှီ တားဆီး နိုင်ခဲ့”
အရီဇိုးနား ဥပဒေ သစ် အား မေဒေး နေ့ တွင် နိုင်ငံတ၀ှမ်း ချီတက် ဆန္ဒပြ
ဒီတစ်ပတ် သတင်း ဓာတ်ပုံ
အရီဇိုနားပြည်နယ် ၏ တရားမ၀င် ၀င်ရောက်လာသူများ အားဖမ်းဆီးထောင်ချပိုင်ခွင့် ဥပဒေ သစ် အား ဆန့် ကျင်ကန့် ကွက် သည့် အနေဖြင့် ကမ္ဘာ့ အလုပ်သမား နေ့ (မေဒေး) နေ့ အခမ်း အနားတွင် ၀ါရှင်တန် ဒီစီ ၊အယ်(လ)အေ၊ချီကာဂို၊မီဝေါလ်ကီး စသည့် မြို့ ကြီး ခုနှစ်ဆယ် ခန့် တွင် ချီတက် ဆန္ဒပြကြစဉ် (ပုံတွင် ချီကာဂို ဉ် လူ ၈၀၀၀ ခန့် ဆန့် ကျင်ကန့် ကွက်နေ သည် ကို တွေ့ ရစဉ်) ဓာတ်ပုံ-ချီကာဂို ထရီဗြွန်း
Continue reading “အရီဇိုးနား ဥပဒေ သစ် အား မေဒေး နေ့ တွင် နိုင်ငံတ၀ှမ်း ချီတက် ဆန္ဒပြ”
ခရစ္စတီနား အာဂွီလာရား ရဲ့ Not My Self Tonight တစ်ရက်တွင်း ကြည့်ရှု သူ သုံးသိန်း ကျော်
လိင်အသားပေး ရိုက်ကူးထားမှုများပါသည့်  ဂရမ်မီ ဆုရှင် ခရစ္စတီနား အာဂွီရာလား ၏ ဇွန်လတွင် ထုတ် ဝေမည့်
အယ်(လ)ဘမ် အသစ်  Bionic ထဲ မှ သီချင်း တစ်ပုဒ်ဖြစ်သည့် Not My Self Tonight ကို ဗီဒီယို ၀ဘ်ဆိုတ်
တစ်ခုဖြစ်သည့် ယူတု တွင်ဧပြီလ ၂၈ ရက်နေ့ က စတင် လွှင့်တင်ခဲ့ရာ တစ်ရက် အတွင်း ကြည့် ရှုသူ သုံးသိန်း
ကျော်ရှိခဲ့သည် ဟု ဘီဘုတ် အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။
ထိုတေးသရုပ် ဖော် ဗီဒီယိုမှ ခရစ် စတီနား အာဂွီရာလား ၏ မဖွယ်မရာ မြင်ကွင်း များကြောင့် ဝေဖန် ကန့် ကွက်မှု
များရှိသည်။ခရစ် စတီနား အာဂွီရာလား သည် ၁၉၉၉ ခုနှစ် က ပွဲဦးထွက် အယ်(လ)ဘမ် Christina Aguilera
ဖြင့် လူငယ် ပရိတ်သတ် များ ကြားရေပန်းစာ လာပြီး အဆိုတော် ဘရစ်တနီ စပီးယား နှင့် ခောတ်ပြိုင်ဖြစ်သည်။
ခရစ္စတီနား အာဂွီရာလားသည် မြန်မာ နိုင်ငံရှိ နာဂစ် လေမုန်း တိုင်းဒဏ် ခံရသူ များ အတွက် ကမ္ဘာ့ စားနပ်ရိက္ခာ
အစီအစဉ် မှ နေ၍ ဒေါ်လာ ငါးသောင်း ကျော် လှုဒါန်း ခဲ့သူ ဖြစ်သည်။
Continue reading “ခရစ္စတီနား အာဂွီလာရား ရဲ့ Not My Self Tonight တစ်ရက်တွင်း ကြည့်ရှု သူ သုံးသိန်း ကျော်”
ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာ နိုင်ငံ အဖွဲ့ အမည်ခံ ကိုရဲထွန်းတို့ အဖွဲ့ ၏ လိုဂို နှင့် အလံ အား ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် ကန့် ကွက် နိုင်ကြောင်း ကြေညာထားစဉ်
တုပထားခဲ့သည့် ကိုအေးလွင် ဦးဆောင်သည့်  ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)ဆိုသည့်
အဖွဲ့ သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ အလံ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
များ အဖွဲ့ ချုပ်၏ အလံတို့ ကို ဆင်တူယိုးမှာ ပြုလုပ်၍ မှတ်ပုံတင်ရန် စီစဉ်နေသည် ကို ကန့် ကွက် နိုင်ကြောင်း ယနေ့ ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားသည်။ Continue reading “ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်”
ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ
သီရိထက် ၃၀ ဧပြီ ၊                      ၊ဘော်စတွန်
Burmese Most Viewed Video on You Tube
ခောတ်လွန် စင်မြင့် ဆင်ယဉ်မှု နှင့် ဖက်ရှင်  ဒီဇိုင်းများ ဖြင့် သူမ ၏ သီဆိုပွဲ များ ကို ဖျော်ဖြေတတ်သည့်
အဆိုတော် လေဒီဂါဂါ ၏ 2009 ခုနှစ် ထုတ် The Fame Monster အယ်(လ)ဘမ်ထဲမှ
တေးသီချင်း တစ် ပုဒ်ဖြစ်သည့် Bad Romance ဂီတ ဗီဒီယို က ကြည့်ရှုသူပေါင်း ၁၉၃ သန်း
ကျော်ဖြင့် ပထမနေ ရာ ကို သိမ်းပိုက်နိုင်ခဲ့သည် ။(မြန်မာ နိုင်ငံမှ လူကြည့် အများ ဆုံး ဗီဒီယို လည်းပါဝင်သည်)
ဒုတိယနေရာ အား အသက် လေး နှစ်သား ချာလီ  လက်ညှိုးကို ထပ်ကိုက်ပြန်ပြီ ဆိုသည့်
ံHome Made ဗီဒီယို က ကြည့်ရှုသူ ၁၈၄ သန်းကျော်ဖြင့် လေဒီဂါဂါ ၏ နောက်မှ ထပ်ကြပ်မကွာ
လိုက်ပါသည်။ Continue reading “ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ”
အဆိုတော်မျိုး ကျော့မြိုင် ၊သရုပ်ဆောင် ဒေါက်တာ သွင်ပပအောင် နှင့် လက်ထပ်ထိမ်းမြား
Myo Kyawt Myaing Tie With Knot Thwin Pa Pa Aung
မျိုးကျော့မြိုင် နှင့် သွင် ပပအောင် ဓာတ်ပုံ- လျှပ်တပြက်
ဧပြီ ၂၉ ရက်နေ့ တွင် အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည့် ရက်(ပ)အဆိုတော် မျိုးကျော့မြိုင်သည်
အသက် ၃၃ နှစ် အရွယ်ရှိ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ သွင်ပပ
အောင် နှင့် ဧပြီလဆန်းက တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး နှစ်လ အတွင်း လက်ထပ်
မင်္ဂလာ အခမ်းအနားကို ကျင်းပမည် ဟု သတင်းရရှိသည်။ Continue reading “အဆိုတော်မျိုး ကျော့မြိုင် ၊သရုပ်ဆောင် ဒေါက်တာ သွင်ပပအောင် နှင့် လက်ထပ်ထိမ်းမြား”
နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်
ဒီပဲယင်း အရေးအခင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီ
လိုလားသူများအား သတ်ဖြတ်ရန်စီစဉ်ခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကြံဖွံ့ က ရွေးကောက်
ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်
ပြထားသည်။ Continue reading “နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်”
ဒီတစ်ပတ် အယ်ဒီတာ့ စိတ်ကြိုက် (မိုးမခ အင်တာနက် စာမျက်နှာမှ)
ပြည်သူ အပေါ်ညှာတာ ထောက်ထားမှု ကင်းမဲ့ရာ တွင် အမေရိကန် ရှိ GOP (Grand Old Party) ဟု
ခေါ်သည့် ရီပတ်ဘလစ် ကန် ပါတီ နှင့် မြန်မာ စစ် အစိုးရ တို့ မှာ ကုလားကြီး နှင့် အရာကြီးသား ကွာ
သည် ဟု အမေရိကန် နိုင်ငံတွင် နှစ်ပေါင်း လေးဆယ်ခန့် ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့်
ညူးယောက် ပြည်နယ်မှ ဒေါက်တာ ဦးသိန်းထွန်း က Freedom News Group သို့ ပြောဖူးပါသည်။
ရွေးကောက်ပွဲ အကြွေးများ ဆပ်၍ မကြေသေးသည့် ၂၀၀၈ အောင်ဖျာလိပ် ဆီနိတ်တာ မက္ကိန်း တို့ အရီ
ဇိုးနား ပြည်နယ် မှ လူဝင်မှု ဥပဒေသစ်  ထွက် လာပြန်တော့ ပရင်စတန် တက္ကသိုလ် ပါမောက္ခချုပ် က
ဘုရား……ဘုရား ….အလိုလေး ..အမေရိကန် မှ ဟုတ်ပါလေစ ဟု ညည်းတွားရသည် အထိ ဖြစ်ခဲ့သည်။
တစ်ချိန်က ကမ္ဘာ လှည့် ခရီးသွားများဖြင့် စည်ကာခဲ့သည့်  ဂရင်း ကင်ညွှန် ချောက်ကမ်းပါး၊တောတောင်
အလှများသည် ၎င်း တို့ ၏ ဥပဒေသစ်ကြောင့် အထီးကျန် ရတော့ မည် ဖြစ်သည် ဟု Homeland Security
မှ ဂျက်နက် နပိုလီက ပြောသည်။ဖိနစ် မြို့ မှ ကရင် ဒုက္ခသည် များ ကို ကူညီနေ သည့် အမေရိကန် နိုင်ငံသား
ရပ်(စ)တင်က ဒုက္ခသည် များ အပြင် ထွက် လျှင် အိုင်ဒီ ဆောင် သွားရန် PAPER PLEASE  ဟု ပြောလျှင်
လည်း ID ကို ပြခိုင်းသည် ကို ပြောခြင်းဖြစ်ပြီး အသာတကြည် ထုတ်ပြရန် နှင့် ထွက်မပြေးရန် လိုက်လံသင်
ကြားပေးနေရသည်။
သို့ ဆိုလျှင် …လတ်တလော အမေရိကန် အခြေအနေများ ကို ရောင်ပြန် ဟပ်နေသည့် မိုးမခ မှ မောင်ရစ်၏
၂၀၁၀ ခုနှစ် ပထမ ၄ လပတ် အမေရိကန်ပြည်တွင်းရေး ပဋိပက္ခများ ကိုဖတ်ကြည့်ပါအုံး…
မောင်ရစ်
ဧပြီ ၃၀၊ ၂၀၁၀
ဟဲ ဟဲ …။ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် လျောက်ရေးတာပါဗျာ။ ပြီးတော့ စာသားတွေက မဖြစ်စလောက် ချိုမိုင်မိုင် က သလိုမျိုး အပေါစားတွေ ရေးမှာပါ။ အရေးကြီးတာက စာခေါင်းစဉ်လောက်ဖတ်ပြီး ဆက်မဖတ်ကြရင် စာဖတ်သူတွေ စိတ်ထဲမှာ အမေရိကန်ပြည်ကြီးမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေပြီ ပဋိပက္ခတွေ ဖြစ်နေပြီလို့ မသိစိတ်က စွဲမှတ်သွားရင် မောင်ရစ် စာရေးရတာ အောင်မြင်ပြီ။ Continue reading “ဒီတစ်ပတ် အယ်ဒီတာ့ စိတ်ကြိုက် (မိုးမခ အင်တာနက် စာမျက်နှာမှ)”
ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ
Yangon Street Racer Rival Clash
ကားအလှဆင်ပွဲတစ်ခုဉ်မော်တော်ကားတစ်စီးကိုစမ်းသပ်မောင်းနှင်နေသည့် နေရွှေသွေးအောင်
ဟိန်းခိုင်ထွန်း၊    ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု
လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း
ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။ Continue reading “ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ”