နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ ကို နိုင်ငံရေး အလို့ ငှာယူငင် သုံးစွဲခြင်းမပြုရန် တောင်းဆို
နိုင်ငံရေး(စစ်အစိုးရ ဆန့် ကျင်ရေး)  နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ နှင့် မိမိ ရိုက်ကူးထားခြင်း
မဟုတ်သော ဓာတ် ပုံများ အား နိုင်ငံရေး အလို့ ငှာယူငင်သုံးစွဲ ခြင်း မပြုရန် ကာယကံ ရှင် နှင့်
ရန်ကုန်မြို့ ရှိ နိုင်ငံခြား သတင်း ထောက် တစ်ဦး တို့ က Freedom News Group သို့ ပြောသည်။
မဟာသင်္ကြန် အကြို  နေ့ မတိုင်ခင်က ရန်ကုန်မြို့ ရှိ လူငယ်များ ပန့် ခ် ဖက်ရှင်ဆန်းများဖြင့်
ဆင်မြန်းကာ လည်ပတ်နေ သည့် ဓတ်ပုံ အား အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံရေး
သမား တစ်ဦး၏ ဘလောက်တွင် စစ်အစိုးရ ဆန့် ကျင်ရေး အာဘော်များ နှင့် ယှဉ်တွဲပြီးဖော်
ပြ ထားခဲ့သဖြင့် ထိုလူငယ်များ အား အာဏာပိုင်များ က ယမန်နေ့ က စုံစမ်းစစစ်ဆေးမှု ပြု
လုပ်ခဲ့သည် ဟု သတင်းရရှိသည်။ Continue reading “နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ ကို နိုင်ငံရေး အလို့ ငှာယူငင် သုံးစွဲခြင်းမပြုရန် တောင်းဆို”
အမျိုးသား ညီညွှတ်ရေး ကို ပြိုကွဲစေမည့် နိုင်ငံရေး အကျပ်အတည်း အား ထိုင်းဘုရင် ကြားဝင်ဆောင် ရွက်ပေးရန် ချာဗလစ် နှင့် ဆွမ်ချိုင်း တို့ က တောင်းဆို
ထိုင်းဝန်ကြီးချုပ် ဟောင်းချာဗလစ် ယောင်ချိုင်ယု Photo : The Nation
ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်း ဆောင်ခဲ့ဖူးသည့် ချာဗလစ် ယောင်ချိုင်ယု နှင့် ဆွမ်ချိုင်း ဝေါင်
ဆ၀တ် တို့ နှစ်ဦးက အနီဝတ် (အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး ) နှင့် အဘီဆစ် ၏ ညွှန့် ပေါင်း
အစိုးရကြား ဖြစ်ပွားနေသည့် မပြီးဆုံးသေးသည့် သွေးမြေကျ ပြဿနာ များ ကို တော်ဝင် မိသားစု အနေဖြင့်
ဝင်ရောက်ဖြေရှင်း ပေးရန် ယနေ့ တောင်း ဆိုလိုက်သည်။ Continue reading “အမျိုးသား ညီညွှတ်ရေး ကို ပြိုကွဲစေမည့် နိုင်ငံရေး အကျပ်အတည်း အား ထိုင်းဘုရင် ကြားဝင်ဆောင် ရွက်ပေးရန် ချာဗလစ် နှင့် ဆွမ်ချိုင်း တို့ က တောင်းဆို”
မလေးရှားတွင် တစ်လအတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး အသတ်ခံရ
မလေးရှား UNHCR မှ ထုတ်ပေးထားသည့် ဒုက္ခသည် အဖြစ် အသိအမှတ် အသက် ၄၀ နှစ် အရွယ်ရှိ
မြန်မာ အလုပ်သမား ကိုမြင့်ဆွေ ဆိုသူသည် ဂျလန် တီလောခ် ဘာတူ ရှိ သေတ္တာ တစ်ခုထဲတွင် ယမန်
နေ့ မနက်က သေဆုံးလျှက်တွေ့  ရှိရသည် ဟု ရှမ် အလန် ရဲဌာန မှ တာဝန်ရှိသူ တစ်ဦးက မလေးရှား
သတင်းစာ တစ်စောင်သို့ ပြောသည်။
Continue reading “မလေးရှားတွင် တစ်လအတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး အသတ်ခံရ”
ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ
ဧပြီလ ၁၅ ရက်နေ့ ညနေ သုံးနာရီ ရန်ကုန် မြို့ ကန်တော်ကြီး အနီးရှိ သင်္ကြန်ရေကစား နေသည့်
မဏ္ဍပ် တစ်ခု အနီးတွင် ဗုံးပေါက်ကွဲမှုသည် နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်လွတ်
မြောက်နယ်မြေ ၊NCUB ၊မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး(ABSDF)
နှင့် အမျိုးသား ညွှန့် ပေါင်းအစိုးရ တို့ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာ တွင် စွပ်ဆွဲ ဖော်
ပြထားသည်။ Continue reading “ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ”
အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)
ကလန်သံဗျင်
မီဒီယာ၊                   ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊      ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။  ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊                  ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။ Continue reading “အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)”
မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့(ဗီဒီယို)
BBC 2 ၏ Tropic of Cancer အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် မှာ မြန်မာ နိုင်ငံ အနောက်မြောက်
ပိုင်း ချင်းပြည်နယ် သို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပြန်လည် ထွက်ခွာ နိုင်သည်
ဟု သတင်းရရှိသည်။
ဆိုင်မွန် ရိဗ် သည် ချင်းပြည်နယ် တွင်း ဉ် ရက်အတန်ကြာ စခန်းချနေထိုင်စဉ် မြန်မာ စစ်တပ် စစ်ကြောင်း
တစ်ခု နှင့် နီးကပ်လာချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည် ။ဆိုင်မွန် ရိဗ် သည်  အာဖရိက ၊မက္ကဆီ ကို နိုင်ငံ
များ တွင် သက်စွန့် ဆံဖျား ဗီဒီယို မှတ် တမ်းတင်ပြီး Tropic of Cancer အစီအစဉ် ကို တင်ဆက်ခဲ့သူဖြစ်
သည် ။၎င်း သည် ချင်းပြည်နယ် အတွင်း ၀င်ရောက် စဉ် ထန်တလန် နှင့် ဟားခါး မြို့ နား ထိရောက်ခဲ့သည်
ဟု သိရသည်။ Continue reading “မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့(ဗီဒီယို)”
ဒီတစ်ပတ် နိုင်ငံတကာသတင်း ဓာတ်ပုံ နှင့် ဗီဒီယို
မန္တလေးသင်္ကြန် တွင် စိုင်းစိုင်းခမ်းလှိုင် သီဆို ဖျော်ဖြေစဉ်
မန္တလေး သင်္ကြန်တွင် သီဆိုဖျော်ဖြေနေသည့် မိုးယုစံ
အိုက်လန်းကျွန်းတောင်ဘက်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးများမှာ အင်္ဂလန် အပါအ၀င် ဥရောပ မြောက်ပိုင်း တစ်ခု လုံးကို ဖုံးလွှမ်းနေသဖြင့် ဥရောပ လေကြောင်းခရီးစဉ် များမှာ ရပ်နားထားရသည်။မီးခိုးများသည် မိုင် တစ်ထောင်ကျော် အထိ ပျံနှံနေပြီး မီးတောင် မှာ မှုတ်ထုတ်သည့် မီးခိုများမှာ ပေသုံးသောင်း အမြင့်ရှိသည် (AP Photo/Arnar Thorisson/Helicopter)
Eyjafjallajokull မီးတောင်ပေါက်ကွဲမှုမှ ချော်ရည်များ
လေယာဉ်ပျက်ကျပြီးကွယ်လွန်သွားသည့် ပိုလန်သမ္မတ နှင့် ဇနီးဖြစ်သူတို့ ၏ ရုပ်အလောင်း
သက်ဆင် ပိုင်ဆိုင်သည့် SC Park ဟိုတယ်မှာကြိုးဖြင့်တွယ်ဆင်း၍ လွတ်မြောက်လာ သည့် ထိုင်းနာမည်ကျော် အဆိုတော် နှင့် အနီဝတ်ခေါင်းဆောင် အရစ်မာ ပွန်ဂရွန်ဂေါင် သူ၏ သီချင်းများ ကို မြန်မာ အဆိုတော် များက ပြန်လည် သီဆိုထားကြသည်။
ရှရှား နိုင်ငံသို့ အသွား လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည့် ပိုလန် သမ္မတ လက်ကာဇင်စကီးနှင့် နိုင်ငံ ခေါင်းဆောင်များ၏ ဈာပန ထိုဈာပန သို အမေရိကန် သမ္မတ အပါအ၀င် နိုင်ငံခေါင်းဆောင်များ မှာ မီးတောင် ပေါက်ကွဲ မှုကြောင့် လေယာဉ်ပျံသန်း မှု အခက် အခဲကြောင့် တက်ရောက် နိုင်ခြင်းမရှိချေ
မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ ပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာမည် ဟု ထင်ကြေးပေးခံနေသည့် ဗြိတိန် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဒေးဗစ်ကင်မရွန်
ပူလစ်ဇာ ဆုရ ဓာတ်ပုံ Photo by Mary Chind/The Des Moines Register
ဓာတ်ပုံများအားဆက်လက်ကြည့်ရှုရန် ဤနေရာတွင် ကလစ် နှိပ်ပါ.
Continue reading “ဒီတစ်ပတ် နိုင်ငံတကာသတင်း ဓာတ်ပုံ နှင့် ဗီဒီယို”
မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ
VOA News
Bomb blasts rock China JV hydro power site in Myanmar
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။ Continue reading “မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ”
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်စေရန် ငါးလွှတ်ဆုတောင်း
တင်ကျော်ကျော်စိုး
၁၃၇၁ ခုနှစ် မြန်မာ နှစ်ဆန်းတစ်ရက် ကဆုန်လဆန်း ၅ ရက်နေ့  ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် ညနေ ၅ နာရီ ၄၈ မိနစ်
တွင် နှစ်သစ် သို့ ကူးပြောင်းမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ယနေ့ မနက် ငါးလွှတ် ဆုတောင်းပြုနေသူများ ဓာတ်ပုံ-ရိုက်တာ
နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းရန်ကုန် မြို့ အင်လျှားကန် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ နှင့် ပြည်သူများက
ငါးလွှတ်ဆုတောင်းပွဲများကျင်းပကြပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ ဟု ကျွေးကျော်
ဆုတောင်း ခဲ့ကြသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်စေရန် ငါးလွှတ်ဆုတောင်း”
မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးရွာသွန်း နိုင်
ဧပြီ လ ၁ရက်နေ့ မနက် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အတွင်း စတင်နေသည့်
လေဖိအားနည်းရပ်ဝန်း သည်နောက် နှစ်ရက် အတွင်း မြောက်ပိုင်း သို့ တဖြည်းဖြည်းချင်းရွှေ့ လျှား
လာက ထိုလေဖိအားနည်း ရပ်ဝန်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်မှု အဆင့်အရ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း
နှင့် မွန်ပြည်နယ်တွင် ဧပြီလ ၂၂ ရက်နေ့ မှ စ၍ လေးရက်ခန့် မိုးရွာသွန်း နိုင်သည် Freedom Weather
Forecast  မှ သတင်းထုတ်ပြန်ထားသည်။ Continue reading “မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးရွာသွန်း နိုင်”
နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ
ယူကွန် ၊   ၊ သင်္ကြန်ကာလ အတွင်း ၎င်းရေးသားထားသည့် သီချင်းများအား အဆိုတော်များက ခွင့်မတောင်း
ပဲ သီဆိုခြင်း များရှိနေသည် ဟု သတင်းရသဖြင့် ကန်တော်ကြီးစောင်းတွင် ရုပ်ဖျက်၍ တီးဝိုင်းပါ
သော မဏ္ဍပ်များ အား လိုက်လံ ချောင်းမြောင်း သည့် နာမည်ကျော်တေးရေးဆရာ တစ်ဦးသည်
ဗုံးပေါက်ကွဲမှု မှ ကံအားလျှော်စွာ လွတ်မြောက်သွားသည် ဟု သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှု မတိုင်ခင်က ထိုတေးရေးဆရာမှာ X2O မဏ္ဍပ် အရှေ့က ဖြတ်သွားပြီး
အထက်ပန်းဆိုးလမ်း ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် သို့ အသွား ထိုမဏ္ဍပ် မှ နှစ်
ခုကျော်ရှိ Black Culture မဏ္ဍပ် အရောက်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည် ဟုသိရသည်။ Continue reading “နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ”
ကန်တော်ကြီး ဗုံး နှင့် ပတ်သက်၍ သံတမန်များ၊ပြည်သူများ၊ အတိုက်အခံ များ နှင့် အစိုးရ ၀န်ထမ်း တို့ ၏ အမြင်နှင့် သုံးသပ်ချက်များ
Bomb Bring Death To Burmese New Year Celebration (VIDEO)
(AP Photo)
ဟိန်းခိုင်ထွန်း၊        ၊သင်္ကြန် အတက်နေ့ က ဗုံးပေါက်ကွဲ ခဲ့မှု သည် မြန်မာ စစ်အစိုးရ ၏ လက်ချက် မဖြစ် နိုင်ကြောင်း
ရန်ကုန် အခြေစိုက် အနောက်တိုင်းသံတမန် တစ်ဦး နှင့် သင်္ကြန် အတက်နေ့  သံရုံးရေကစား မဏ္ဍပ်
တွင် တွေ့ ဆုံစဉ် Freedom News Group သို့ ပြောသည်။
ထိုသံတမန်က ကျွန်တော့် အမြင်အရ ပြောရရင် တော့ နိုင်ငံရေး လှည့်ကွက် တစ်ခုလို့ လဲ မထင်မိဘူး
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကရွေးကောက်ပွဲ ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်။သူတို့ ယုံ
ကြည်တဲ့ အယူအဆ အရ နှစ်သစ်မှာ ဘယ်လို မကောင်းတဲ့ အတိတ် နိမိတ် မျိုးတွေ ကို ဖြစ်လာမှာ ကို လိုချင်ပုံ ရှိမှာ မဟုတ်ဘူး။ Continue reading “ကန်တော်ကြီး ဗုံး နှင့် ပတ်သက်၍ သံတမန်များ၊ပြည်သူများ၊ အတိုက်အခံ များ နှင့် အစိုးရ ၀န်ထမ်း တို့ ၏ အမြင်နှင့် သုံးသပ်ချက်များ”
ဗုံးပေါက်ကွဲ ပြီးနောက် ရန်ကုန် သင်္ကြန် မြင်ကွင်း (အကြတ်၊အတက်)
အတက်နေ့ က ပြန်လည်ရေကစားနေစည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ
သင်္ကြန်အတက်နေ့ က X20 မဏ္ဍပ်ရှေ့ တွင် ရေကစားမှုပြုလုပ်နေစဉ် စောင့်ကြည့်နေသည့် တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ-အေပီ
ယမန် နေ့ က ဗုံးပေါက်ကွဲမှု တွင် ဒဏ်ရာရရှိသူများကို ဆေးရုံကြီးသို့ အရေးပေါ်သယ်ဆောင်လာစဉ်(AP Photo/Myanmar News Agency)
Continue reading “ဗုံးပေါက်ကွဲ ပြီးနောက် ရန်ကုန် သင်္ကြန် မြင်ကွင်း (အကြတ်၊အတက်)”
မန္တလေးမြို့ တွင် မိုးသက် လေပြင်းတိုက်သောကြောင့် မဏ္ဍပ်များ ပြိုလဲ ၊ရန်ကုန်တွင် ၁၉ လောင်းပြိုင် အသုဘ အခမ်းအနား ရေဝေး သုသာန် တွင် ကျင်းပ
ယမန်နေ့ က ဗုံးပေါက်ကွဲခဲ့သော်လည်း အသင်္ကြန် အတက်နေ့ ကပြန်လည်ရေကစားနေသည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ
ယမန်နေ့ က ဗုံးပေါက်ကွဲခဲ့သော်လည်း အသင်္ကြန် အတက်နေ့ ကပြန်လည်ရေကစားနေသည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ
5:40 PMခါးသီးသော အာဏာရှင်စနစ်ကြောင့် ပြည်သူများက  ဒူးနဲ့ မျက်ရည် သုတ်ပြီး ကြိုဆိုရသည့်
မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ဤတွင်ပြီး၏
5:30 PMပူဆွေး၊၀မ်းနည်းရမှု ၊သောကဗျာပါဒ တို့ ဖြင့် မြန်မာ့ သမိုင်းတစ်လျှောက် ပြည်သူတို့ ပျော်ရွှင် မှု ကင်းမဲ့ရသည့် သွေးစွန်းသော အတာ သင်္ကြန် နှစ်သစ်ကူးသည် ပြီး ဆုံးပြီး ဖြစ်သည်။
5:15PM ယမန်နေ့ ကသေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ ကို ရေဝေးသုဿာန် သို့ ပို့ ဆောင် သဂြိုလ်
3:20 PMရန်ကုန်မြို့ ရှိနေ ရာအချို့ တွင် ဗုံးလန့် မှုများရှိ
မန္တလေးမြို့ တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်
မန္တလေး မြို့ တွင် လေပြင်း တိုက်ခတ်သောကြောင့် မဏ္ဍပ် များ ပြို လဲ (Source : Weekly Eleven)
အတက်နေ့ နေ့ လည် ကန်ပတ်လမ်းတွင် ပြန်လည် ရေကစားသူများရှိသော်လည်း ယခင်နေ့ များကဲ့သို့ လမ်းလုံး
ပြည့်မျှ မရှိတော့
(ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်
သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်)
ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာ
ရရှိသော် လည်း ယနေ့  သင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်
လည်စည်ကားလာသည် ဟု သိရသည်။ Continue reading “မန္တလေးမြို့ တွင် မိုးသက် လေပြင်းတိုက်သောကြောင့် မဏ္ဍပ်များ ပြိုလဲ ၊ရန်ကုန်တွင် ၁၉ လောင်းပြိုင် အသုဘ အခမ်းအနား ရေဝေး သုသာန် တွင် ကျင်းပ”