စမ်းချောင်း ပဒုမ္မာပန်းခြံ နှင့် လှည်းတန်းတွင်တစ်နာရီခြားစီဗုံးပေါက်
တင်ကျော်ကျော်စိုး
လှည်းတန်း လမ်းဆုံ ရန်ကုန်အင်းစိန်လမ်းမပေါ်အင်းစိန်ဘက်အသွားရှိလှည်းတန်း
မှတ်တိုင်တွင်၁၀ နာရီ မိနစ် ၅၀ အချိန် ကလည်းထပ်မံ၍ဗုံးတစ်လုံးထပ်မံပေါက်ကွဲ
သည်ဟုသတင်းရရှိသည်။
ဗုံးပေါက်ကွဲ မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှု မရှိသော်လည်း ဗုံးပေါက်ကွဲသံမှာ အတော်ပင်ကျယ်လောင်သည်ဟုသိရသည်။ပေါက်ကွဲ မှုကြောင့်အနီး နားရှိ တိုယိုတာပတ်ဘလစ်ကာ ကားရှေ့ ခြမ်းထိခိုက်သွားသည်ဟုသိရသည်။
ဗုံးပေါက်ကွဲ မှုကို ရဲချုပ် ဗိုလ်မှုးချုပ်ခင်ရီလာရောက်ကြည့် ရှုပြီးနောက် မြေနီကုန်းတ၀ိုက်ရှိညဘက်ရောင်းချသောဈေးဆိုင်များအကုန်ပိတ်ခိုင်းသည်ဟုသိရသည်။
လက်ရှိစစ်အစိုးရမှာ မတ်လ၂၇ရက်နေ့ တွင်ကျရောက် တပ်မတော်နေ့ ခေါ် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပမည့် ကာလဖြစ်သောကြောင့်ရန်ကုန်တွင်လုံခြုံရေးတိုးမြှင့်ထားသည့်အချိန်
တွင်ဗုံးပေါက်ကွဲခြင်းဖြစ်သည်။