တင်ကျော်ကျော်စိုး
ကိုယ်တွင်းအပူချိန်နှင့် ပြင်ပအပူချိန်တို့ သဟဇာတ မဖြစ်ပါက သတိလစ်မေ့မျောနိုင်
မြန်မာ နိုင်ငံ၏ နေ့ အပူချိန်မှာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ကတည်းကသိသိသာသာ
မြင့်တက်လာပြီး ယနေ့ မြန်မာစံတော်ချိန် ၁၂နာရီတိုင်းထွာချက်များ အရ နေ့ အပူချိန် ၉၇ ဒီဂရီဖာရင်ဟိုက်နှင့် ညအပူချိန် ၇၂ဒီဂရီဖာရင်ဟိုက်ရှိ သည်ဟုသတင်းရရှိသည်။
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံ၏ နေ့ အပူချိန်မှာ ၉၉ ဒီဂရီဖာရင်ဟိုက်ရှိခဲ့သဖြင့် ၁၁ နှစ်အတွင်းမြန်မာနိုင်ငံ၏ အပူချန်မှာ အမြင့်ဆုံးဖြစ်ခဲ့သည်ဟု မိုးလေ၀သနှင့်ဇလဗေဒဦးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။
အပူရှိန်မြင့်မားမှုကြောင့်ဖြစ်ပွားနိုင် သည့်အပူကြောင့်လေဖြတ်ခြင်းနှင့် သတိလစ်မေ့မျောခြင်းစသည့် ရောဂါများနှင့် ပတ်သက်၍သတိရှိကြရန်တိုက်တွန်း နှိုးဆော်သည့်စာများ နှင့်ပတ်သက်၍ စစ်အစိုးရ ထိန်းချုပ်ထားသည့် မီဒီယာ များတွင် မတွေ့ ရသေးသော်လည်း ပုဂ္ဂလိက စာနယ်ဇင်းများတွင် စတင်ဖေါ်ပြနေသည်ဟုဆိုသည်။
လာနီညာ ဟူသော အပူလှိုင်းမြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့စဉ် က မြန်မာနိုင်ငံတွင်အပူချိန်အမြင့်ဆုံးဖြစ်သော မေ လ ၏ ပျမ်းမျှအပူချိန်မှာပင် ၁၀၈ ဒီဂရီဖာရင်ဟိုက်သာရှိသောကြောင့် ယခုနှစ်မေလမှာ လာနီညာ အပူလှိုင်းဝင်ရောက်စဉ်ကထက်ပင်ပိုမို ပူနိုင်ကြောင်း သုံးသပ်သူများကဆိုသည်။
မြန်မာနိုင်ငံတွင် အပူချိန်ဆက်လက်မြင့်မားလာပါက မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်သောက်သုံးရေ ရရှိရန် အလို့ ငှာခက်ခဲသွားမည်ဖြစ် ဖြစ်သည်။
အပူရှိန် ရုတ်တရက်မြင့်မားလာမှုကြောင့် မြို့ ကြီး အချို့ တွင် နေသူအချို့ မှာ အပူကြောင့် လေဖြတ်ခြင်း ယားယံခြင်း နှင့် ကိုယ်တွင်းအပူချိန်ကိုမထိန်းညှိပေး နိုင်သောကြောင့်သတိလစ်
မေ့ မြောခြင်းရောဂါများလည်း ဖြစ်ပွားကြသည်ဟုသိရသည်။
