ကရင် အဖွဲ့ တစ်ခု နှင့် ငြိမ်းချမ်းရေး ရပြီဟု သတင်းစာ များတွင်ဖေါ်ပြ

၎  ဧပြီ  ရန်ကုန် ၊           ၊တင်ကျော်ကျော်စိုး

ယနေ့ ထုတ်မြန်မာ သတင်းစာများတွင် ကရင် လက်နက်ကိုင် အဖွဲ့ တစ်ခုနှင့် ငြိမ်းချမ်းရေးတည်
ဆောက် နိုင်ပြီဟု ဖေါ်ပြထားသည်။ နာမည်ကျော် ကရင်တော် လှန်ရေးခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ သားဖြစ်သူ စောနေစိုးမြ အပါအ၀င် ၎င်း၏  လက်နက်ကိုင် နောက်လိုက်နောက် ပါ ၇၁ ယောက် နှင့် အတူ ၎င်းတို့ ၏ မိသားစု ၀င် ၈၈ ယောက် တို့ မှာ အစိုးရ၏ လမ်းပြမြေပုံ အပေါ် ယုံကြည် သက်ဝင်မှု ရှိပြီး နှစ်ထောင်တစ်ဆယ်တွင် ကျင်းပတော့ မည့် ရွေးကောက် ပွဲတွင် လည်း ပြည်သူများ နှင့် အတူပူးပေါင်းပါ ၀င်လိုသောကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

စစ်အစိုးရ က ၎င်းတို့ ကိုလက်နက်များ ကိုင်ဆောင်ခွင့် ဆက်လက်ပေး ထားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ စောနေစိုးမြသည် ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့သည့် ကရင်အမျိုးသားအစည်း
အရုံးခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ သားသမီး ခုနှစ်ဦး ထဲမှတစ် ဦးဖြစ်သည်။

၂၀၀ရ ခုနှစ် က မြန်မာစစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြခဲ့သည့် KNU တပ်မဟာ ရ တပ်မဟာမှုးဟောင်း ဗိုလ်မှုးချုပ်ထိန်မောင် အဖွဲ့  နှင့် ငြိမ်းချမ်းရေးတည်ဆောက် နိုင်သည့် သတင်းဖေါ်ပြ ပြီးနောက် ပထမ ဦးဆုံးဖြစ်သည်။

ယခု စောနေစိုးမြ နှင့်စစ်အစိုးရကြား ညှိုနှိုင်းပေးခဲ့ သူမှာလည်း KNU ခွဲထွက်အဖွဲ့ တစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဗိုလ်မှုးချုပ်ထိန်မောင် ပင်ဖြစ်သည် ဟု အကဲဖတ်များကပြောကြသည်။

ကရင်အပစ်ရပ် အဖွဲ့ များမှာ ဘားအံ နှင့် မြ၀တီ နယ်စပ်တစ် ကျောတွင် ခရီးသည်တင် နှင့် ကုန်တင်ကား များထောင် လျှက် စီပွားဖြစ်ကြသည်။

စောနေစိုးမြ နှင့် အဖွဲ့ သည် ထော့ကော်ကိုးတွင် အခြေစိုက် မည်ဟု သတင်းရရှိသည်။KNU သည် နှစ် ပေါင်း ငါးဆယ် ကျော် မြန်မာစစ်အစိုးရ အားလက်နက် ကိုင်တိုက်ခိုင် နေသော လူမျိုးစု လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်သည်။