ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု အထွတ်အထိပ်ဖြစ်နေ ပြုံးယမ် ကမကြာခင် အချိန်အတွင်း ဒုံးပျံပစ် လွှတ်တော့ မည် ဟုသတင်း ထုတ်ပြန်

၎ ဧပြီ ကိုရီးယားကျွန်းဆွယ်၊          ၊အေအက်(ဖ)ပီ

မြောက်ကိုရီးယား ဒုံးပျံကို အကြောင်းပြုပြီး ဂျပန် ကလည်း ဒုတိယကမ္ဘာစစ် နောက်ပိုင်းပထမဆုံး အကြိမ်အဖြစ် စစ်အင်အားကို ထုတ်ဖေါ်ခွင့်ရ
မြောက်ကိုရီးယား ဒုံးပျံကို အကြောင်းပြုပြီး ဂျပန် ကလည်း ဒုတိယကမ္ဘာစစ် နောက်ပိုင်းပထမဆုံး အကြိမ်အဖြစ် စစ်အင်အားကို ထုတ်ဖေါ်ခွင့်ရ

ကိုရီးယား ကျွန်းဆွယ်တွင် အားပြိုင်မှုမှာ ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲပြီးကတည်း က ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံ တွင် ကြည့်အကောင်းဆုံးပွဲ ဖြစ်နေ ၊ဆရာကြီး အိုဘာမား ၏ Soft Power ခေါ်အချိုသပ် အပျော့ ဆွဲ ၀ါဒ အစမ်းသပ် ခံနေရပြီလား

ဧပြီလ ၄ ရက်နေ့ မှ ၈ရက် နေ့ အတွင်းပစ်လွှတ် မည်ဟုကြေညာထားသော ၎င်းတို့ ၏ဆက်သွယ်ရေး
ဂြိုလ်တုကို တပ်ဆင်ထားသော ဒုံးပျံကို ပစ်လွှတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သဖြင့် မကြာခင်ပစ်လွှတ်
တော့မည်ဟု မြောက်ကိုရီးယား သတင်းဌာန မှ ကြေငြာခဲ့သည်။

ဆိုးသွမ်းနိုင်ငံများ စာရင်းဝင် ကွန်မြူနစ်မြောက်ကို ရီးယားနိုင်ငံက ဒုံးကျဉ်ပစ် လွှတ်ပါက နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သော ကြောင့် ဂျပန် နှင့် အမေရိကန်က ဒုံးခွင်းဒုံးများ
အသုံးပြု၍ ဖျက်ဆီးပစ် မည် ဟုဆိုထားသည်။

သောကြာနေ့ က အမေရိကန် သမ္မတ အိုဘားမား  ကလည်း “မြောက်ကိုရီးယား ၏ ထိုသို့ မသင့် လျှော် သော လုပ်ရပ်များ ဆက်လက် လုပ်ဆောင် နေလျှင် နိုင်ငံတကာမိသားစု ၏ တုံ့ ပြန်အရေးယူမှု
ကို ခံရမည်” ဟုသတင်းထုတ်ပြန်ထားသည်။

၆၇၀၀ ကီလိုမီတာ (မိုင်၄၂၀၀) အကွာအဝေးသို့ ပင် ရောက်ရှိ နိုင်ပြီး အမေရိကန် ဟာဝိုင်ယီ ကျွန်းအထိ ပင်ရောက်နိုင်သော ထိုဒုံးပျံ ပစ်လွှတ် ဂျပန် တွင် အခြေစိုက် သော အမေရိကန် ရေတပ်မတော် ကအသင့် အနေ အထားပြင်ဆင်ထားသည်။

တောင်ကို ရီးယား သမ္မတ လီမြောင်ဘက် ကမူ နိုင်ငံရေး လုံခြုံရေးကို အမြင့်ဆုံး အနေအထားတပ်လန့် ထားပြီး ၎င်းကိုယ်တိုင်ပင် လျှင် သမ္မတရုံးစိုက် ရာ အိမ်ပြာတော် အောက်ရှိ ဒုံးကျဉ် ဒဏ်ကို ကာကွယ် နိုင်သည် ဆိုသော မြေအောက်ခန်းတွင် အစည်းအဝေးလုပ်နေရသည်။

ဂျပန်က ၎င်း၏ တိုက်ချင်းပစ် ဒုံးကျဉ် ဖျက်ပစ် နိုင်သော ဒုံးဖျက်စင် နှစ်ခုကို မြောက်ကိုရီးယားနှင့် အနီး ဆုံးနေရာသို့ ရွှေ့ပြောင်းထားရှိသည်။