နေပြည်တော် တွင်ဝမ်းရောဂါ စတင်ဖြစ်ပွား

၅ မေ နေပြည်တော်၊                   ၊ညွန့် သက်ထားဦး

Cholera outbreak Naypyi Taw

နေပြည်တော်ရှိဝန်ထမ်းအိမ်ရာတစ်ခု ဓာတ်ပုံ-ISN
နေပြည်တော်ရှိဝန်ထမ်းအိမ်ရာတစ်ခု ဓာတ်ပုံ-ISN

မြန်မာစစ်အစိုးရ ၏ မြို့တော်သစ်ဖြစ်သည့်ပြင် ထိပ်တန်း စစ်ဗိုလ်ချုပ်များနေထိုင်ရာ နေပြည်တော် တွင်ဝမ်းလျှော ၀မ်းပျက်ရောဂါ များ ကူးစက်ပြန်ပွားနေကြောင်းသတင်းရရှိသည်။ဝမ်းရောဂါ ဖြစ်ပွားမှုများ မှာ ဧပြီလနှောင်းပိုင်းက နေပြည်တော် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အလုပ်သမား များနေထိုင်ရာ မြို့စွန် ရပ်ကွက်များတွင် စတင်ဖြစ်ပွားသော်လည်း မေလ ဆန်းမှစ၍ အစိုးရ ရုံးဝန်ထမ်းအိမ်ရာများတွင်ပါ ကူးစက်နေပြီ ဖြစ်ကြောင်းသိရသည်။ နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ၀န်ကြီးရုံးနှင့်ပညာရေးဝန်ကြီးဌာန တို့ တွင်ဝမ်းပျက်ဝမ်း လျှောရောဂါ ကြောင့်ခွင့်တိုင်ကြားထားသူများလာ ကြောင်း ၀မ်းပျက်နေသူ အများစုမှ နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းများတွင် အများဆုံးကုသ ကြောင်းသိရှိရသည်။ အစိမ်းရောင်ဇုန် ဟုခေါ်သည့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များနေထိုင်ရာ ဒေသတွင် ၀မ်းပျက်ဝမ်းလျှောမရှိသေးသော် လည်း နေပြည်တော် မြို့ မဈေးသစ်ကြီးအနီးတ၀ိုက်တွင် နေသူများမှာလည်းဝမ်းရောဂါ ဖြစ်ပွားလျှက်ရှိသည်။ နေပြည်တော် ရှိဟိုတယ်တစ်ခုတွင် တာဝန်ထမ်းဆောင်သော အမျိုးသမီးတစ်ဦးက “လာတည်းတဲ့ ဧည့်သည်တွေထဲမှာ ၀မ်းလျှောနေတဲ့သူတွေ လည်းပါတယ်။သူတို့ ဆီက ကူးကြတာပဲ ဖြစ်မယ်” ဟု Freedom News Group သို့ ပြောသည်။ နေပြည်တော်တွင် ၀မ်းရောဂါ၊၀က်တုပ်ကွေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများကို မြန်မာနိုင်ငံ ၏အခြားမြို့များထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်သည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ၀က်တုပ်ကွေးနှင့်ပတ်သက် ၍ အများပြည်သူသိရှိနိုင်ရန် အတွက် မြန်မာနိုင်ငံသို့ ပေးပို့ ထားသည့် လက်ကမ်းစာစောင်များကို လည်းနေပြည်တော် ဌာနဆိုင်ရာရုံးများတွင် သာဝေငှသည်။ နေပြည်တော် တွင်ဝမ်းရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ အသေအပျောက် မရှိသေးချေ။