၈ သြဂုတ် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Burma Police Arrest Bomb Plotters

နှစ်ဆယ့် တစ်နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ နေ့ မတိုင်ခင် တစ်ရက် အလို ဉ် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် မြန်မာ နိုင်ငံကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း လာရောက် လည် ပတ်မည့် အချိန် နှင့် ဒေါ်အောင်ဆန်းစုကြည် အား ရုံးတင် စစ်ဆေးနေသော အချိန်ကာလ များတွင် ပြည်တွင်း သို့ အကြမ်းဖက်သမားများစေလွှတ်
၍ ဖောက်ခွဲမှုများပြုလုပ် ရန် မဲဆောက် ရှိ အတိုက်အခံ အဖွဲ့ များက ညွှန်ကြားထားကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ခင်ရီ ကစွပ်ဆွဲ ပြောကြားခဲ့သည်။
အဆို ပါ သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက်ခဲ့သည့် လူငယ် သတင်းထောက် တစ်ဦးက မဲဆောက်က နာမည် ကြီး မြန်မာ အတိုက်အခံတွေ ရဲ့ နာမည်တွေကို ဖောဖောသီသီ သုံးသွားပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတာပါ ဘာမှ မထူးပါဘူး ယက်တော လည်း မဲဆောက် ကလာတယ်။ဗုံး လည်း မဲဆောက် ကလာတယ် ဒါပဲ ”ဟု ထိုလူငယ် သတင်းထောက် က Freedom News Group သို့ ပြောသည်။
သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက်ခဲ့သည့် ၀ါရင့် သတင်းထောက် တစ်ဦးကမူ “အင်း ..သတိထားစရာပဲ ပြည်ပ ဒီမိုကရက် အင်အားစု အချို့ ကို အကြမ်းဖက် အားပေး တို့  အကြမ်းဖက်
အဖွဲ့ အစည်း တို့ ဖြင့် ပုံဖေါ်နေပြီ ၊မြန်မာတွေ ကတော့ အကြမ်းဖက် သမားလို့ မထင်ဘူး နိုင်ငံခြားသား တွေက အကြမ်းဖက် သမား လို့ ထင်သွားရင် တော့ ပြည်တွင်း က အတိုက်အခံ တွေကိုခလဲ ထောင် ထဲပို့ ပြည်ပအတိုက်အခံတွေက လဲ အကြမ်းဖက် သမားဖြစ်သွား နိုင်တယ်” ဟု သုံးသပ်သည်။
ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် မဲဆောက် ရှိ မြန်မာ အတိုက်အခံများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ကိုဝေလင်း၊ကိုဇော်ဇော် ထွန်း ၊ကိုသံဒုတ်၊ ကိုလွဏ်းဏီ ၊ကိုကျော်ကျော် ၊မအေးအေးမာ အစရှိသည့် မဲဆောက် အခြေစိုက်များ ၏ နာမည် များကို ထည့် သွင်းအသုံးပြုသွား
သည်။
ထို သတင်းစာ ရှင်းလင်းပွဲတွရဲချုပ် ခင်ရီက ယက်တော ၏ ကျန်းမာရေး အခြေအနေ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အားအမိန့် ချမှတ် မည့် နေ့ ကို နောက်ဆုတ် နိုင်ကြောင်း အရိပ် အမြွက်
ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက် လာသည့် ဂျွန်ဝီလျှံ ယက်တောသည် မြန်မာ စစ်အစိုးရ နှင့် လုံးဝ မပတ်သက်ကြောင်း ပြောကြားသကဲ့သို့ ယက်တော က ဒေါ်အောင်ဆန်းစု
ကြည် အား ဗီဒီယို ရိုက်ကူးပြီး Youtube ဗီဒီယို ဆိုက်တွင် တင်မည့် အစီအစဉ် ကို ဒေါ်အောင်
ဆန်းစုကြည် က သဘောမတူ ၍ မလုပ်ဖြစ်ကြောင်းလဲပြောကြားခဲ့သည်။
နယ်စပ်မှစေလွှတ် လိုက်သည့် ဗုံးဖောက်ခွဲ ရန်ဝင်လာသူများ ကို လည်း ဖမ်းဆီးရမိထားကြောင်း
ဓာတ်ပုံများ နှင့် တကွဖေါ်ပြခဲ့သည်။
