၉ အောက်တိုဘာ ရန်ကုန် ၊ ၊စပယ်ထွန်း
Myanmar State – Run TV Shows Aung San Suu Kyi Meets Western Diplomats

ယနေ့ နံနက် ၁၀ နာရီက အကျယ်ချုပ်ထိန်းသိမ်းထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အနောက်တိုင်း သံတမန် သုံးဦး နှင့် တွေ့ ဆုံဆွေးနွေးနေပုံကိုယနေ့ ည မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ် မှ လွှင့်ထုတ်ပြသသွားခဲ့သည်။
ဥရောပသမဂ္ဂ အားကိုစားပြုသည့် ဗြိတိသျှ သံအမတ်ကြီး ၊အမေရိကန် နှင့် သြစတေးလျှ နိုင်ငံတို့ မှ ဒုကောင်စစ်ဝန် နှစ်ဦးတို့  သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တစ်နာရီ ကျော် တွေ့ ဆုံခဲ့ကြောင်း သတင်း ဖေါ်ပြခဲ့ပြီး မည်သည့် အကြောင်းအရာများ ဆွေးနွေးသည် ကို အသေးစိတ် ဖေါ်ပြသွား ခြင်း
မရှိချေ။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခဲ့သည် ဆိုသော သံတမန် သုံးဦးသည် ယနေ့ ညနေ တွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးသို့ သွားရောက်ပြီး သဘာပတိ အဖွဲ့ ဝင်များနှင့် တွေ့ ဆုံကာ
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံဆွေးနွေးခဲ့သည် အကြောင်းအရာများကို လာရောက် ပြော
ဆိုသွားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် တစ်ပတ် အတွင်း စစ်အစိုးရ၏ ဆက်ဆံရေး ၀န်ကြီး ဗိုလ်ချုပ် အောင်ကြည် နှင့် နှစ်ကြိမ် တိုင်တွေ့ ဆုံခဲ့သည်။
စက်တင်ဘာလ ၂၅ ရက်နေ့ က ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံပေးပို့ သည့် ဒေါ်အောင်ဆန်းစုကြည် ၏စာတွင် အရေးယူပိတ်ဆို့ မှု များ ရုပ်သိမ်းရေး အတွက် ပူးပေါင်းဆောင်ရွက် ချင်သည် ဟု ဖေါ်ပြထားပြီး တစ်ဆက်တည်းတွင်းပင် ထို့ အတွက် အနောက်တိုင်း သံတမန် သုံးဦး နှင့် တွေ့ ဆုံဆွေးနွေးလိုသည် ဟု ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် က ထိုကဲ့သို့ ပေးပို့ သော စာနောက်ပိုင်းမှ အစပြု၍ မြန်မာ ပြည်သူများက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံဆွေနွေးရေးလမ်းစ ပေါ်ထွန်းနိုင်ခြေရှိသည် ဟု သုံးသပ်မှု များရှိသည်။
၂၀၀၃ ခုနှစ်မေ လ ဒီပဲယင်း လုပ်ကြံမှု ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ရာ ယခုနှစ် သြဂုတ်လတွင် ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်
ဂျင်ဝဘ် နှင့် တွေ့ ဆုံပြီးနောက် ပိုင်း တွင် ပထမဦး ဆုံးအကြိမ် အနောက်တိုင်းသံတမန်များ နှင့်
တွေ့ ဆုံခွင့်ရရှိခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် သံတမန်များအား အင်းလျှားလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်
ဂေဟာတွင် တွေ့ ဆုံခွင့်ရခဲ့သည်။
ထားခဲ့
