၁၀ နိုဝင်ဘာ ဘော်စတွန် ၊ ၊သီရိထက်
Eaindra Kyaw Zin Visits American

သီတင်းလေးပတ်ကြာ အမေရိကန် ပြည်ထောင်စု သို့ လာရောက်လည် ပတ်ခြင်းသည်
မကြာခင် ဘ၀ ကြင်ဖော်အဖြစ်ရွေးချယ်မည့် ခင်ပွန်းလောင်းဆီ အလည်လာခြင်းဆိုသည့်
သူမအား နှစ်သက်သည့် ပရိသတ်များကြား သတင်းထွက်ပေါ်နေမှု ကို အိန္ဒြာကျော်ဇင်
ကငြင်းဆိုသွားသည်။
မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ် တွင် အကယ်ဒမီ ရုပ်ရှင်ထူး
ချွန်ဆုရရှိခဲ့သည့် မင်းသမီးသည် အမေရိကန် နိုင်သို့ ပထမ ဦးဆုံးအကြိမ် လာရောက်လည်
ပတ်ခြင်းဖြစ်ပြီး ယခင်အခါ များဆီက ဥရောပ နှင့် အာရှ နိုင်ငံများ သို့ သာ သွားရောက်ခဲ့ဖူး
ကြောင်း သိရသည်။
အမေရိကန် နိုင်ငံတွင် ရောက်ရှိနေစဉ် အတွင်း ရုပ်ရှင်လုပ်ငန်း နှင့် ပတ်သက်၍ လေ့လာ
သွားမည် ဖြစ်သလို အမေရိကန် ရောက် မြန်မာ မိသားစု အဖွဲ့ များအတွက် သီဆိုဖျော်ဖြေ
ပွဲများကို အမေရိကန် နှိင်ငံတွင် ဇနီးသည်နှင့် အတူ ခေတ္တနေထိုင်သော သားစိုး နှင့် အတူ
ပြူလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂီတ အဆိုတော်မဟုတ်သည့် နာမည်ကျော် သရုပ်ဆောင် အချို့ မှာ ပြည်ပနိုင်ငံများတွင် သွားရောက်ဖျော်ဖြေကြသည့် ပွဲစဉ်များတွင် မြန်မာ အနုပညာနယ် နှင့် ဝေးနေသော
ပရိသတ်က က ထင်မှတ်မထေားလောက်အောင် အားပေး မှု ရှိသည်ဟု နာမည်ကျော်
မော်ဒယ် တစ်ဦးက Freedom News Group သို့ ပြောသည်။“နိုင်ငံခြားရောက်နေ တဲ့သူ
တွေက အဆိုတော်တွေ မင်းသမီးတွေ ခွဲ မနေဘူး တစ်ခါတစ်လေ မှ ကြုံတဲ့ပွဲလမ်းသဘင်
ဆိုတော့ ပရိသတ် အရမ်း အားပေးကြတယ် ”ဟု သူမက ပြောသည်။
၂၀၀၆ ခုနှစ် နောက်ပိုင်းမှ စ၍ မြန်မာ သရုပ်ဆောင် နှင့် အဆိုတော်များမှာ ပြည်ပ နိုင်ငံများ
တွင် သွားရောက် ဖျော်ဖြေသည့်  ပွဲလမ်းသဘင်များ ပိုမိုများပြားလာသည်။
သူမသည် နိုဝင်ဘာလ ခုနှစ်ရက်နေ့ က အမေရိကန် နိုင်ငံသို့ ရောက်ရှိလာပြီး ဒီဇင်ဘာ
လဆန်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
အသက် ၃၂ အရွယ်ရှိ အိန္ဒြိာကျော်ဇင် သည် ထိုင်း ၊ တရုတ် စသည့် နိုင်ငံများ၏ ရုပ်ရှင် နှင့် မီဒီယာ ထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံရဖူးသည်။
မြန်မာ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ၏ မြေးတစ် ဦးဖြစ်သူ အိန္ဒြိာကျော်ဇင်သည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ဒဏ်ကြောင့်
အတိဒုက္ခ ရောက်ခဲ့ ရသူ များကို ကိုယ်တိုင်ကိုယ်ကျ ကူညီ ခဲ့သူ တစ်ဦး ဖြစ်သည်။
