ယခင်က မြန်မာ့ အရေးတွင် ကုလ အထွေထွေ အတွင်း ရေးမှုးချုပ် ၏ အထူးသံ များဖြစ်သည့်
ရာဇာလီ အီစမိုင် နှင့် ဂမ်ဘာရီ တို့ နှစ်ဦးသာရှိ၍ ထိုသူ နှစ်ဦးကလည်း မြန်မာ
စစ်အာဏာရှင်များ နှင့် အကြိမ်ကြိမ် တွေ့ ဆုံ၍ မအောင်မြင်သော သံတမန် အမှု ကို ထူထောင်ခဲ့သည်။
သမ္မတ အိုဘားမား တက်လာချိန်မှ စ၍ မြန်မာ နိုင်ငံရေး နှင့် ပတ်သက်ပြီး သူ၏ အပြောင်းအလဲ
မူဝါဒ များ စတင် ချိန် မှ စ၍ နောက်တိုးတစ်ဦးပေါ်ပေါက်ခဲ့သည် ။ထိုသူသည် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ နှင့် ပိစိဖိတ်
ရေးရာဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ နိုင်ငံသို့ 
သွားရောက်ခဲ့ပြီး ယခုတစ်ဖန် ထပ်မံသွားရောက်အုံးမည် ဟု AP သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ကတ်ကမ်းဘဲလ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး အပြောင်းအလဲ တစ်စုံတစ်ခု
ဖြစ်သွားမည် ဟု မျှော်လင့် သူများ ရှိသော် လည်း ပြည်တွင်း နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးက “ဘာမှ ထူးလာ
နိုင်စရာ အကြောင်း မရှိ ပါဘူး နအဖ က အမေရိကန် နားချလည်း ရမှာ မဟုတ် ဘူး နောက်ထပ် ဂမ်ဘာရီ
တစ်ဦး ထပ် တိုးတာ ပဲ ရှိမယ် “ဟု သူ၏ ထင်မြင်ချက် ကို ပြောသည်။
ရန်ကုန်မြို့ မှ ၂၀၀၇ မျိုးဆက် ကျောင်းသား တစ်ဦးက “ကို မင်းကို နိုင်ပြောသလို ဂမ္ဘာရီ လာၿပီ တို ့
ဂမ္ဘာရီ ပြန်သွားပြီ တို့ က နေ ကတ်ကမ်းဘဲလ် လာပြီ တို့ ကတ်ကမ်းဘဲလ် ပြန်သွားပြီ တို့ ဖြစ်လာတော့မှာ
ဟု သုံးသပ်ပြောကြားသည်။
မြန်မာ့ နိုင်ငံ သို အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး လာရောက်မှု မပြုခင်မှာပင်
မြန်ာမာ စစ်အစိုးရ က ၎င်းတို့ ကျောနောက်ခံပေးထားသည့် ကြံဖွတ် အဖွဲ့ ကို အရပ်ဝတ် လဲထားသည့်
စစ်ဗိုလ်ချုပ် များ အဖြင့် တရားဝင် ပါတီတစ်ရပ် အဖြစ် အသိအမှတ် ပြုခဲ့ပြီး ဖြစ်သည်။
ယခင် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက် က စစ်ထောက်လှမ်းရေး အရာရှိ
ဟောင်း တစ်ဦးက “စစ်တပ်က ပြည်သူ တွေ ရဲ့  နိုင်ငံရေး နိုးကြားမှု တွေေ၀၀ါးအောင် လုပ်စေချင်တယ်
မှာ အထူးသံတွေ ကို ကောင်းကောင်း အသုံးချ တယ် ဟု ပြောသည်။
၂၀၀၇ ခုနှစ် မြန်မာ နိုင်ငံ တွင် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားစဉ်က ကုလ အထူးသံ ဂမ်ဘာရီ ရောက်ရှိလာ
ပြီးနောက် တော်လှန်ရေး အရှိန် မှာ လည်း သူ၏ ဟုတ်မယောင်ယောင် ဂယက် နှင့် နအဖ ၏ စနက် ကြောင့် အညွှန့် 
ကျိုးခဲ့ရသည်။
မေလ ၁ ရက်နေ့ အမေရိကန် နယူးယောက် တိုင်းစကွဲ ကားဗုံးထောင်မှု ဖြစ်ပွား ပြီး နောက် အိုဘာမား၏
နိုင်ငံခြားရေး မူဝါဒ မအောင် မြင် မှု များ မှာ လည်း အကြီးအကျယ် ဝေဖန် ကန့် ကွက် ခံနေရသည်။
ကတ်ကမ်းဘဲလ် လာမည့် ကိစ္စ အား ပြည်တွင်း နိုင်ငံရေး တက်ကြွ သူများ က အလွန် အကြွံ အကောင်း မမြင်
သော် လည်း ပြည်ပရှိ နိုင်ငံရေး သုံးသပ် သူ အမည်ခံထားသူ အချို့ က နှစ်ထောင်းအားရရှိကြသည် ဟု သတင်းရရှိ
သည်။
မြန်မာ နိုင်ငံသည် ပြည်ပ နိုင်ငံများ နှင့် ပြည်ပ နိုင်ငံရေး လှုပ်ရှား သူ ၊သုံးသပ် သူများကြောင့် ဒီမို ကရေစီ စနစ်
ဆီသို့ တစ်လမမျှ ရွေ့ လျှား နိုင်ခဲ့ခြင်း မရှိကြာင်း ၀ါရင့် သတင်းစာ ဆရာကြီး တစ်ဦး က Freedom News Group သို့ 
ပြောသည်။
ဆက်စပ်သတင်း(ရွေးကောက်ပွဲ အတွက် နှစ်ဖက် အဖြေရှာဖို ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံသို့ မစ်ရှင် စေလွှတ်မည်)
