ထိုင်းအလုပ်ရှင်အား မြန်မာအလုပ်သမား ထောင်ကျော်ဆန္ဒပြ

ထိုင်းနိုင်ငံလာအိုနယ်စပ်အနီးရှိ ခွန်ကယ်မြို့ရှိ
ဒေရှားဖားနှစ် အမည်ရှိငါးဖမ်းပိုက်စက်ရုံတွင်အလုပ်
လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား
( ၆ )ဦး အားအလုပ်၂ရက်ပျက်ကွက်သည့်
တွက် အလုပ်ရှင်မှ မနေ့ကအလုပ်မှထုတ်ပယ်လိုက်သည်။ ထိုသို့အလုပ်မှထုတ်ခံရသော အလုပ်
သမား၆ ဦးက အအလုပ်ရှင်အား မိမိတို့ ၏ ယာယီပါတ်စပို့များပြန်ထုတ်ပေးရန်ပြောရာ အလုပ်ရှင်မှပြန်လည် ထုတ်ပေးခဲ့သော်လည်း ထိုယာယီပါတ်စပို့ ၆ စောင်မှာ တစောင်တည်းသာလျင် အစစ်အမှန်ဖြစ်ပြီး
ကျန် ယာယီပါတ်စပို့ ၅စောင်မှာ ဓါတ်ပုံများပြောင်းလဲထားကြောင်းသိရသည်။ ထိုသို့ဓါတ်ပုံများပြောင်းလဲထားမှုကြောင့် အလုပ်ထုတ်ခံထားရသော အလုပ်သမား၅ ဦး၏ယာယီပါတ်စပို့များမှာ အတုကဲ့သို့ဖြစ်သွားရသည်။
အလုပ်ထုတ်ခံရသောအလုပ်သမားများတင်သာမက ကျန်အလုပ်သမားများပါ ယ္ခုကဲ့သို့ အလား
တူဖြစ်ရပ်မျိုး မိမိတို့၏ ပါတ်စပို့များတွင် အလုပ်ရှင်မှ မရိုးမသားလုပ်ဆောင်ထားမှု များကိုစိုးရိမ်လာကြပြီး အလုပ်ရှင်အား မိမိတို့ပါတ်စပို့များကိုပြန်လည်ထုတ်ပေးဖို့ တောင်းဆိုရာမှ မြန်မာလုပ်သား၁၀၀၀ခန့် ဟာအလုပ်မဆင်းဘဲ မနေ့ကဆန္ဒပြခဲ့ကြသည် ဟု ထိုဆန္ဒပြမှုတွင်ပါဝင်သော အလုပ်သမားတဦးမှ FNG သို့ပြောပြပါသည်။

ယ္ခုဆန္ဒပြမှုဖြစ်ပွားနေသာ စက်ရုံတွင် အလုပ်သမား ၄၀၀၀ကျော်လုပ်ကိုင်နေကြပြီး၊ မြန်မာအလုပ်သမား
၂၅၀၀ကျော် လုပ်ကိုင်နေကြသည်။ အလုပ်သမား ၂၀၀၀ကျော်မှာ ကရင်ပြည်နယ်၊မွန်ပြည်နယ် ဒေသမှအများစုဖြစ်ကြပြီး မိန်းကလေးအများစုဖြစ်ကြသည်ဟု ပြောပြသည်။
အလုပ်ခွင်အရောက်တွင်အလုပ်ရှင်မှအလုပ်သမားများရဲ့ယာယီနိုင်ကူးလက်မှတ်ကိုသိမ်းစည်းထားခဲ့သည်။အလုပ်ထုတ်ခံရသော
ကိစ္စပေါ်ပေါက်လာမှသာ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်များကို ဓါတ်ပုံခွာပြီး လူသစ်များကိုနယ်စပ်မှ ခေါ်ယူမှုများ၇ှိနေမှုကြောင့် စိုးရိမ်လာကြသောကြောင့် မိမိတို့ပါတ်စပို့များကိုပြန်ပေးရန် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြရာတွင်ပါဝင်သောမိန်းကလေးတဦးက မိမိတို့ချွေးနှဲစာဖြင့် ပြုလုပ်ထားသောယာယီနိုင်ငံကူး လက်မတ် များကို အလုပ်ရှင်ရဲ့မရိုးမသား၊ ဓါတ်ပုံခွာပြီးနောက်ထပ်လူသစ်များခေါ်ယူခြင်းမှာ ‘ကျွန်မတို့ ပါတ်စပို့ ဟာအတုကဲ့သို့ဖြစ်သွား ထိုင်နိုင်အတွင်းမှာဖမ်းဆီးခံရမယ့် အခြေအနေကြောင့် ဘ၀တူအလုပ်သမားများစုရုံးပြီး မိမိတို့ပါတ်စပို့ကို ပြန်လည်ပေးအပ်ဖို့ အလုပ်ရှင်ကှိုဆန္ဒပြတောင်းဆိုရခြင်းဖြစ်ပါတယ်။ ‘ ဒီနေ့မနက်ပိုင်းမှ အလုပ်ရှင်က ဆန္ဒပြသူများကို အလုပ်ပြန်ဆင်းဖို့နဲ့ လူစုမခွဲလျင် ရဲနဲ့ဖမ်းပြီး မြန်မာနိုင်ငံမြ၀တီမြို့ ကိုပြန်ပို့မယ်ဆိုတဲ့အကြောင်းကို စက်ရုံတွင်းမှာ စာများဖြင့်လိုက်လံကပ်ထားကြောင်း ပြောပြပါသည်။

ထိုင်းရဲ များ ၏ ဖမ်းဆီးမည် ကို ကြောက်သဖြင့် ကားပေါ်မှ ခုန်ချရာမှ သေဆုံးသွားသည့် အသက် ၂၅ နှစ် အရွယ်ရှိ စက်ရုံ အလုပ်သမား မရီရီဝင်း ၏ ရုပ်အလောင်း ကို တွေ့ ရစဉ်

မနေ့ညနေပိုင်းကလည်း မည်သည့်ဌာနမှဟုမသိရသော ထိုင်းအမျိုးသမီးဦးဆောင်သောအဖွဲ့လာ
ရောက်ညှိနိုင်းပေး သော်လည်းပြေလည်ခြင်းမရှိသေးဟု ဆက်လက်ပြောပြပါသည်။ မိမိတို့အားလုံး
အဓိလိုအပ်သည်မှာ အလုပ်ထုတ်ခံရသော အလုပ်သမားတို့ရဲ့ပါတ်စပို့ ဓါတ်ပုံများလွှဲမှားနေမှုကို ဖြေရှင်းပေးရန်၊ ကျန်အလုပ်သမားအားလုံးရဲ့ ပါတ်စပို့များကိုပြန်လည်ပေးအပ်ပြီး ၊ပါတ်စပို့စာအုပ်တွင် တခုခုမှားယွင်းမှုများရှိပါက အလုပ်ရှင်မှ တရားဝင် တာဝန်ယူဖြေရှင်းပေးမှ သာ ဆန္ဒပြခြင်းရပ်ဆိုင်းမယ်လို့ပြောပြပါသည်။

ဆန္ဒပြအလုပ်သမားများကိုဆက်သွယ်မေးမြန်းရာတွင် ယ္ခုကဲ့သို့မိမိတို့ဆန္ဒပြရခြင်းအကြောင်းရင်း ကိုထိုင်းတာဝန်ရှိသူများ သိရှိဖြေပေါ်နိုင်ရန် အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ပေး နေသောအဖွဲ့အစည်းများမှတဆင့် ဆောင်ရွက်ပေးကြပါရန်အကူအညီကိုလည်း Freedom News Group မှ
တစ်ဆင့် အကူအညီတောင်းခဲ့ကြသည်။

ဆန္ဒပြစက်ရုံအနီးအနား ထိုင်းလ၀ကနှင် ရဲများရောက်ရှိနေကြပြီး ဆာဝဒီခေါ်အလုပ်သမားညှိနိုင်း ရေးအဖွဲ့များ ရောက်ရှိနေကြပြီး စက်ရုံဝင်းအတွင်းသို့ ၀င်ရောက်လာခြင်းမရှိသေးကြောင်း နောင်ဆုံးသတင်းရရှိပါသည်။