ဦးဥတ္တမ နေ့ အခမ်းအနား ရွေးကောက်ပွဲ ကော်မရှင် က ကျင်းပခွင့်မပေး

ကိုဦး ၊    ၊ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဖလမ်ဆောင်နယ်မြေတွင် (၇၁)နှစ် မြောက် သာသနာ့ 
အာဇာနည် ဦးဥတ္တမပအကြိုအခမ်းအနားကို (ALD,RPLC,ALO,ANN,NMWD)စသည့်
ရခိုင်အဖွဲ့အစည်းများကဦးဆောင်၍နေ့လည်(၁)နာရီတွင် ကျင်းပခဲ့ပါသည်။

ဆရာတော်ဦးဥတ္တမကို(၂၈)ရက် ဒီဇင်ဘာလ(၁၈၇၉)ခုနှစ်တွင် ရူပမြောက် ရပ်စစ်တွေမြို့ရခိုင်ပြည်နယ်တွင်
မွေးဖွားခဲ့ပြီး (၉)ရက်နေ့ စက်တင်ဘာလ(၁၉၃၀)ခုနှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။

ဦးဥတ္တမသည် အာရှနေ၀န်းဟု မည်တွင်ခဲ့သည်။ အင်္ဂလိပ်အစိုးရကို ပထမဦးဆုံး ဆန်ကျင်ခဲ့သော ရဟန်းတစ်ပါးဖြစ်ခဲ့သည်။ နိုင်ငံခြားဘာသာ(၉)မျိုးကို တတ်ကျွမ်းသော ရဟန်းတစ်ပါးလည်းဖြစ်သည်။
ဆရာတော်၏ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်သော ရဲရဲတောက် မိန့်ခွန်းများထဲမှ အချို့မှာ ̏ကြောက်လျှင်ပြန်၊
ရဲလျှင်ကြံ
˝ ̏ငါတို့ကား၊ ကျွှန်မျိုး မဟုတ်˝̏ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ မြန်မာပြည်မှထွက်သွား˝̏လွတ်လပ်ရေးအောင်ဆု သည် ငါ့တို့လက်တွင်းမှာရှိသည်˝ မြန်မာနိုင်ငံရေးလောကတွင်
အကျော်ကြားဆုံးဖြစ်ခဲ့ သည်။

ထိုအခမ်းအနားပွဲသို့ ဘန်ကောက်ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရခိုင်လူငယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဆရာတော် နှင့် ပတ်သက်ပြီး
ပြန်လည်ဟောပြောခြင်း။ တာဝန်ကျင်းပခဲ့သည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရှင်းလင်းပြောပြခြင်းနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများက(၂၀၁၀)ရွေးကောက်ပွဲ၊(၂၀၀၈)အခြေခံဥပဒေတို့ကို
ဆန့်ကျင်ရန်တို့ကိုပြောကြားခဲ့ကြပြီးညနေ(၄) နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

သာ့သနာ့ အာဇာနည် ဦးဥတ္တမ ဘ၀ နတ်ထံ စံခြင်း ၇၁ နှစ်မြောက် အခမ်းအနား ကို ဆရာ
တော် ၏ ဇာတိ မြေ ရခိုင်ပြည်နယ် စစ်တွေ မြို့ တွင် လည်းကျင်းပရာ ဆရာတော်၏ ရုပ်တုအား
ဒေသ ဆိုင်ရာ အာဏာပိုင် များက ဂါရ၀ ပြုခွင့် ပိတ်ထားသောကြောင့် ပြည်သူများ က ဂါရ၀ ပြုခွင့်
မရရှိ ဟု သိရသည်။

မြန်မာ့လွတ်လပ်ရေး အတွက် အရေးပါသည့် သာ့သနာ့ အာဇာနည် ဦးဥတ္တမ နေ့ အခမ်းအနား
နှင့် ဆရာတော် ၏ရုပ်တု အား ဂါရ၀ ပြုခြင်း ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပိတ်
ပင်ထားသည်။

မြန်မာစစ်အစိုးရက (၂၀၁၀)ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ် ရန် တရားဝင် နိုင်ငံတကာသို့ကြေငြာထားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ဆန့်ကျင်ရန် ပြည်သူလူထုကို ပြောကြားထားသည်။ နိုင်ငံတကာမှလည်း အထူးစောင့်ကြည့်မှုများကိုလဲ ခံနေရသည်။