လောင်းကြေးရှုံးသူများ၊ သမ္မတချုပ်မှုးကြီး အနေဖြင့် ထပ်မံ ကြေးဖွင့်

ဟိန်းခိုင်ထွန်း၊             ၊မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား ပေါက်ပေါက်လာသည့် လွှတ်တော်အရ သမ္မတ နေရာ ယူ၊မယူ လောင်းကြေးထပ်ကြရာ ရန်ကုန်မြို့ မှာ နာမည်ကျော် စီးပွားရေး သမားအချို့ ဝက်ဝက် ကွဲ ရှုံးသည် ဟု သတင်းရရှိသည်။

အချို့ က ပြည်ပ သတင်းဌာန များ တွင်ပါရှိ သည့် သုံးသပ်ချက်များ နှင့် နေပြည်တော် မှ ပေါက်
ကြားလာသည့် သတင်းများ ကို အခြေခံကာ ဗိုလ်ချုပ်မှုးကြီး ဘက်မှ လောင်းကြေး ထပ်ကြခြင်း
ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သည် လွှတ်တော် ကြေးဖွင့် ပုံ အရ အထက်ကြေး ပေါက်သည် ဟု သတင်းရရှိ
သည်။

နှစ်စဉ် နှစ် တိုင်း ရိုးရာ နှစ် သစ်ကူး ပွဲတော်ကို ရန်ကုန် မြို့ ဉ် ခြိမ့်ခြိမ့်သဲ လုပ်လေ့ ရှိသည့် တရုတ်
စီးပွားရေးလုပ် ငန်းရှင် တစ်ဦးက “ဒီနှစ်တော့ ကျွန်တော် မလုပ် နိုင်တော့ ဘူး ဗျာ ဗိုလ်ချုပ်မှုးကြီး
နှိပ်စက် တာကုန်ပြီ ” ဟု ငြီးတွားသည်။

ကြေးဖွင့်မှု များ တွင် ဒုသမ္မတ နေရာ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး အနားယူမယူ နှင့် နေရွှေသွေး
အောင် တိုင်းမှုး အသစ် အဖြစ် နေရာပေး မပေး တို့ ပါ ပါဝင်သည်။

ဗိုလ်ချုပ်မှုးကြီး သည် သတင်း စာပါ ကြေငြာ ချက် အရ သမ္မ အဖြစ် ၀င်အရွေးခံမည် မဟုတ်
သော် လည်း သမ္မတ ချုပ်မှုး ကြီး သို့ အထူး သမ္မတ အဖြစ် အရွေးခံလျှင် လည်း အပေါ်ကြေးများ
က နိုင်သည် ဟု နှုတ်ကတိ တွင် ပါရှိ သည့် အတွက် အချို့ ဒိုင်များ မှာ လည်း နှစ်ဘက်ကြေး
များ ကို အလျှော်အစား မပြုသေးဘဲ နားစွင့် နေကြသည်။

နေပြည်တော် မှ ဗိုလ်ချုပ်များ နှင့် အဆက်အသွယ်ရှိသည့် အချို့ ဒိုင်များ က မူ သမ္မတချုပ်မှုးကြီး
အနေဖြင့် ထပ်မံကြေးဖွင့်ရာ  အပေါ်ကြေးပင် ပေါက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ်မှုးကြီး အနိုင်ရလျှင် ACURA ကားဝယ်စီးမည် ဟု ကျုံးဝါးထား သည့် သရုပ်ဆောင်
တစ်ဦးမှာ လည်း အပေါ်ကြေး ထိုင် မိသဖြင့် Taxi နှင့် သာ နှစ်ပါးသွားနေရသည် ဟု သိရသည်။

6 thoughts on “လောင်းကြေးရှုံးသူများ၊ သမ္မတချုပ်မှုးကြီး အနေဖြင့် ထပ်မံ ကြေးဖွင့်

  1. joker အတူတစ်ယောက်ပေါ်လာပြန်ပြီ.. simple နံမည်နဲ့လိုက်ရေးလို့ joker ပြောင်းရေး..ခု joker နံမည်နဲ့ပါ ရေးလာပြန်ပြီ..

    1. ဖြစ်မှ ဖြစ်ရလေကွယ် ??

      simple ဆိုတာက နှစ်ယောက်.
      တစ်ယောက်က joker ဆိုပြန်တော့ နောက်တစ်ယောက်က real joker တဲ့။
      မောင်ရင်တို့ ဆရာ ဘယ်သူလဲ? ဘယ်ပါတီ ကလဲ? ကြံ့တွေလား??

      ဒီမှာ စာရေးဖို့လေး တောင် နာမည်ရွှေးတာ ဖြောင့်ဖြောင့်တန်းတန်း မရွှေး နိုင်ဘဲကိုး။ သနား စရာလေးတွေဘဲ။
      ဖန်တီးနိုင်မှူ စွမ်းအားတွေ က နိမ့်ပါးလိုက်ကြတာ..

  2. ဟာ တော်တော်အားယားပြီး ပိုက်ဆံတော်တော်ပေါနေကျတဲ့လူတွေပဲ မြန်မာပြည်ဒီလောက် ချမ်းသာမှန်းအခုမှသိတယ်

  3. ကောလာဟလတွေပါဗျာ … မယုံကြပါနဲ့ … သမ္မတနေရာကို ဘယ်သူဘယ်ဝါဆိုတာထက် ငြိမ်နေတာဘယ်သူလဲလို့ တွေးကြည့်ရင် ပြေးကြည့်တာထက်ပိုမှန်မယ်ထင်ပါတယ် … ဟဲဟဲ

Comments are closed.