နေမျိုးဦး ၊ ၊ရန်ကုန် တိုင်း အတွင်း ရှိ မြို့  နယ် ၃၃ ခု တွင် ဇွန်လ ဆန်း က ထုတ် ပြန် ခဲ့သည့်
လမ်းဘေး ဈေးသည် များ ဈေးမရောင်း အမိန့် ကြောင့် လမ်းဘေးဈေးသည် များ အခက်တွေ့ ကာ
၎င်း တို့ ၏ စား ၀တ် နေ ရေး အတွက် အခက် ကြုံနေ သည် ဟု သိရသည်။
ရန်ကုန် တစ်မြို့ လုံး တွင် လမ်း ဘေး ဈေး ရောင်း သူ ပေါင်း နှစ်သိန်း ကျော် ရှိ ကာ လမ်းဘေး ဈေးရောင်း
ချသည့် စီးပွား ရေး လုပ်ငန်း ငယ် ကို အမှီ အခို ပြု ကာ ရပ်တည် ရှင်သန် နေ သူ ပေါင်း မှာ ငါးသိန်းထက်
မနည်း ရှိ သည် ဟု ရန်ကုန် မြို့ တော် စည် ပင် သာ ယာ ရေး ကော်မတီ ဈေးများ ဌာန မှ ဈေးတာဝန်ခံ တစ်
ဦးက Freedom News Group သို့ ပြောသည်။
ရန်ကုန် တိုင်း ၊ ကျောက် တံတား မြို့ နယ် နှင့် မင်္ဂလာ တောင်ညွန့် မြို့ နယ် များ တွင် လမ်းဘေး ဈေးရောင်း
ချသူများ အား ယမန် နေ့ က ဖမ်းဆီး ဒဏ်ငွေ ရိုက်မှု နှင့် တရား စွဲ ဆို မှု များ ရှိ ခဲ့ သည် ဟု သိရသည်။
ယနေ့ တနင်္လာ နေ့  မနက် တွင် လသာ မြို့ နယ် နှင့် မရမ်းကုန်း မြို့ နယ် များ တွင် ဈေးရောင်း ချသည့် သူ
များ ကို စည်ပင် ရဲ နှင့် ရဲတပ် ဖွဲ့ ဝင်များ က လိုက်လံ ဖမ်းဆီးရာ လှည်းတန်း အနီး တ၀ိုက် တွင် ဈေးဗန်း
များ မှောက် ကျမှု၊ ရဲက သိမ်းသွား သော ပစ္စည်း အား ဈေးသည် က ပြန်လု မှု၊ ထွက် ပြေးရာမှ ကားတိုက်
မှု များ ဖြစ်နေသည်။
ရန်ကုန် မြို့ လမ်းမတော် မြို့ နယ် တွင် လမ်းဘေး ဈေး ဆိုင် ဖွင့် လှစ် ထား သူ တစ်ဦးက “ကျွန်မ တို့  ပြန်
ပြီး ခိုးရောင်း တာ စည် ပင် ကားတွေ နဲ့ ရောက် လာပြီး ပစ္စည်း ကို လာသိမ်း တာ ၊ ကျွန်မတို့  မှာ ရင်း နှီး
ထား တာ ဒါ အကုန် ပဲ တစ်မိသား စု လုံး ငိုယိုပြီး ပြန်လု တာ ရဲ အရာရှိ တစ်ယောက် က ပြန်ပေး လိုက်လို့ 
အခု ပြန်ရတာ တစ်လမ်းလုံး ပစ္စည်း သိမ်း ခံရတဲ့ သူတွေ မနည်း ဘူး ဟု ပြောသည်။
ရန်ကုန် မြို့  ၏ အဓိက သင်္ကေတ အမှတ် အသား တစ်ခု လို ဖြစ်နေသည့် လမ်း ဘေး ဈေးသည် များသည်
အင်္ဂလိပ် ကိုလိုနီ ခောတ် ကတည်း က စတင် သန္ဒေတည် ခဲ့ခြင်း ဖြစ်သည်။
လမ်းဘေးဈေးသည် များ ကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခောတ်က ဂဋုန် စီမံချက် ဖြင့် ရှင်း လင်း
ခဲ့ရာ သေဆုံးဒဏ်ရာ ရမှု၊ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံရမှု များ ရှိ ခဲ့သည်။
၁၉၈၈ ခုနှစ် နောက် ပိုင်း စစ်အစိုးရ လက် ထက် တွင် မူ လမ်းဘေး ဈေးသည် များ ကို တရားဝင် အခွန်
ကောက် ခံကာ လုပ်ငန်း လုပ်ကိုင် မှု များ ပြုခဲ့သော် လည်း ရံဖန် ရံခါ တွင် “စီမံ ချက်” ဆိုသည့်  ခေါင်းစဉ်
ဖြင့် ဖမ်းဆီး မှု များ ရှိ ခဲ့သည်။
မင်္ဂလာ တောင် ညွန် မြို့ နယ် လမ်းကျယ် ပလာဇာ မှတ် တိုင် အနီး လမ်း ဘေး ဈေး သည် တစ်ဦး ကို ဒေသ
ခံ စည် ပင်ရဲ များ က ဖမ်းဆီးရာ တွင် ဈေးသည် က ထွက် ပြေး သဖြင့် ခရီးသည် တင် ဘတ်(စ)ကား တစ်စီး
နှင့် တိုက်မိပြီး အနည်း ငယ် ထိခိုက် ဒဏ်ရာ ရရှိ သွား သည် ဟု သိရှိရသည်။
လမ်းဘေး ဈေး သည် များ ဈေးရောင်း ချမှု ပိတ်ပင် ချက် ကို ယခင် သီတင်း ပတ် အတွင်း ရန်ကုန် စစ်တိုင်း မှုး
နှင့် ရန်ကုန် တိုင်း ၀န်ကြီးချုပ် တက်ရောက် သည့် စည်ပင် သာယာရေး ကော်မတီ အစည်း အဝေး တစ်ခု မှ
ဆုံး ဖြတ် ခဲ့ခြင်း ဖြစ်သည်။
ယခင် မြို့ တော်ဝန် ဟောင်း ဦးအောင်သိန်းလင်းသည် စရိုက်ကြမ်း သည့် သူ တစ်ဦး ဖြစ်ခြင်း ကြောင့်
ရန်ကုန် မြို့ တော် စည်ပင်သာယာရေးကော်မတီ ၀န်ထမ်း များ နှင့် ဈေးသူ၊ဈေးသား များ က ရွံ့မုန်းခဲ့ကြသည်။
သူ၏ နေရာကို ဆက်ခံ သူ အဖြစ် ဂျပန် သံအမတ် ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ်သည့်
နိုင်ငံ ခြားရေး ၀န်ကြီးဌာန မှ ဗိုလ်မှုးချုပ် လှမြင့် က ဧပြီ လတွင် စတင် လွှဲပြောင်းတာဝန် ယူခဲ့သည်။
တူနီးရှား နိုင်ငံ ဆစ်ဒီဘူဇီ မြို့ တွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ က လမ်းဘေး သစ်သီး ရောင်း ချသည့်
တက္ကသိုလ် ဘွဲ့ ရ မိုဟာမက်ဘူဇာဇီ ကို ရဲက ဖမ်းဆီးမှာ ၎င်း က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ ခဲ့ရာ နိုင်ငံတွင်း အုံ
ကြွမှု သာ မက ဒေသတွင်း နှင့် တစ်ကမ္ဘာ လုံး သို့  ဂယက် ရိုက် ခတ် ခဲ့သည်။
