အမေရိကန် ရဲ့ ၁၇ ဦး မြောက် ဗဟို ဘဏ် ဥက္ကဋ္ဌ Kevin Warshဆိုတာ ဘယ်သူလဲ

အမေရိကန် အလှကုန် အင်ပါယာ ကြီး ဖြစ်တဲ့ Estee Lauder အာ့စတေး လာဒါ ကို ထူထောင်ခဲ့ တဲ့ အာ့စတေး လာဒါ ရဲ့ မြေးမ လေး ဂျိန်း လာဒါ ရဲ့ ခင်ပွန်း ဖြစ်သူ၊ ယခင် ပြည်နယ်စု ဗဟိုဘဏ် ဥက္ကဋ္ဌ ဟောင်း နဲ့ ရင်းနှီးမြုပ်နှံ မှု ဆိုင်ရာ ပညာရှင် Kevin Warsh ကို အထက်လွှတ်‌တော် က အတည်ပြု ပြီးနောက် အမေရိကန် ရဲ့ ၁၇ ဦး မြောက် ဗဟို ဘဏ် ဥက္ကဋ္ဌ ဖြစ် လာ ပါ တယ်။

ဗဟိုဘဏ် ဥက္ကဌ ရဲ့ လစာ ဟာ တစ်နှစ် ကို ဒေါ်လာ နှစ် သိန်း ခွဲ ကျော် ဖြစ်ပါတယ်။

သံအမတ်ဟောင်းဘီလျံနာ သူဌေး ဖခင်၊ သမီး နှစ် ယောက် နဲ့ အလှူအတန်း ရက်ရောသူ လည်း ဖြစ် ၊ အလှကုန် ပစ္စည်း သစ် များ ကို ဖန်တီး တီထွင် နိုင်သူ ဘကြီး လီယိုနာဒ်
သံအမတ်ဟောင်းဘီလျံနာ သူဌေး ဖခင်၊ သမီး နှစ် ယောက် နဲ့ အလှူအတန်း ရက်ရောသူ လည်း ဖြစ် ၊ အလှကုန် ပစ္စည်း သစ် များ ကို ဖန်တီး တီထွင် နိုင်သူ ဘကြီး လီယိုနာဒ်

သူ့ ရဲ့ ဇနီး ဂျိန်းက ၄၅ ဘီလျံ တန်ကြေး ရှိ တဲ့ အလှကုန် အင်ပါယာ ကြီး အမ ဖြစ်သူ ( ပူးတွဲ ဓာတ်ပုံပါ) နဲ့ တွဲ ပြီး အမွေ ဆက်ခံ ရ မှာ ဖြစ်တဲ့ အတွက် အချမ်းသာ ဆုံး ဗဟို ဘဏ် ဥက္ကဋ္ဌ လည်း ဖြစ် ပါ တယ်။

ဂျူး လူမျိုး တွေ ဖြစ်ပြီး သူ့ အဖေ ရော်နလ် ဟာ ကမ္ဘာလုံး ဆိုင်ရာ ဂျူး ကွန်ဂရက် ဥက္ကဋ္ဌ၊ ဩစတီးယား နဲ့ အခြား နိုင်ငံ တွေ ရဲ့ သံ အမတ် အဖြစ်၊ နိုင်ငံ တကာ ပဋိပက္ခ တွေ မှာ ဝင်ရောက် ဖြန်ဖြေ ‌ပေးသူ၊

သမတ္တ ထရမ့် အတွက် ရွေးကောက်ပွဲ ရံပုံငွေ ပုံအော ထည့် ဝင်သူ ဖြစ်ပါတယ်။

လက်ရှိ ဘဏ် ဥက္ကဌ ဟောင်း ဂျရိုမီ ပါဝလ် ဟာ ၁၀ နှစ် နီးပါးကြာ ဗဟိုဘဏ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် ပြီး နောက် မှာ တော့ အနားယူ သွားပြီ ဖြစ်ပါတယ်။

အသက် ၅၅ နှစ် အရွယ် ကယ်ဗင် ဟာ အသက် ၃၅ နှစ် အရွယ် မှာ ပြည်နယ် ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ် ခဲ့ တဲ့ အတွက် အသက် အငယ် ဆုံး ပြည်နယ် ဗဟို ဥက္ကဌ ဖြစ်ပါ တယ်။

သမ္မတ ထရမ့် က ဗဟိုဘဏ် ဥက္ကဌ သစ် ကို ရွေးချယ် ပြီး နောက် သတင်း ထောက် တွေ ကို ဖြေကြားရာ မှာ

သူဟာ အရမ်းငယ် ပြီး ထက်မြက်တယ်။ ပြည်နယ် ဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန် ယူ ခဲ့ ရာမှာ သူ့ အရည် အချင်း ကို ကောင်းကောင်း ပြ နိုင် ခဲ့ တယ်။ ပျို တိုင်း ကြိုက်တဲ့ နှင်းဆီ ခိုင်ပါ ဘဲ (The central casting guy that people wanted) လို့ ပြောပါတယ်။

အမေရိကန် တရားသူကြီးချုပ် Clarance Thomas ရှေ့ မှောက် တွင် ဗဟိုဘဏ် ဥက္ကဌ အဖြစ်ကျမ်း သစ္စာ ကျိမ်ဆို နေသည့် Kevin Warsh
အမေရိကန် တရားသူကြီးချုပ် Clarance Thomas ရှေ့ မှောက် တွင် ဗဟိုဘဏ် ဥက္ကဌ အဖြစ်ကျမ်း သစ္စာ ကျိမ်ဆို နေသည့် Kevin Warsh

ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ကယ်ဗင် ဝါရှ် ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ် ဖို့ အတွက် အထက် လွှတ်တော်ဘဏ် နဲ့ အိမ်ခြံမြေ အတိုးနှုန်း ကော်မတီ ရဲ့ အတည်ပြု ဖို့ လိုအပ် ပြီး အဲဒီ ကော်မတီ က အတည် ပြုပြီး တဲ့ အခါ လွှတ်တော် ရဲ့ အတည် ပြု ဖို့ လိုအပ်ပါတယ်။

မြောက် ကာရိုလိုင်းနား ရီပတ်ဘလီကန် အမတ် Thom Tellis ကတော့ ပါဝလ် ရဲ့ ကိစ္စ တွေ စုံစမ်း စစ်ဆေး မှု မပြီး မချင်း ဘယ်သူ့ ကို မှ ဗဟိုဘဏ် ဥက္ကဌ သစ် အဖြစ် မဲ ပေး မှာ မဟုတ် ဘူး လို့ ပြောပါတယ်။

ထရမ့် နဲ့ ဂျရိုမီ ဟာ အထွေထွေ အတိုး နှုန်း တွေ နဲ့ ပတ်သက် ပြီး တစ်ယောက် နဲ့ တစ်ယောက် သဘောထား ကွဲလွဲ ခဲ့ ကြပါတယ်။

သမ္မတ ထရမ့် က Mortgage လို့ ခေါ်တဲ့ အိမ်ခြံမြေ အတိုး နှုန်း တွေ ကို သက်သက် သာသာ ဖြစ်စေချင်ပါတယ်။

မစွတာ ပါဝဲလ် က တော့ ပိုက်ဆံ ရှိ ရင် အိမ် ဝယ် နိုင်တယ်၊ အိမ်လို ချင် တဲ့ သူ ဟာ အတိုးနှုန်း ကို ကြည့် မှာ မဟုတ်ဘူး၊ အတိုးနှုန်း ကျ သွား တိုင်း လည်း ဝယ် တဲ့ သူ တိုးလာတာ မဟုတ် ဘူး ဆို တဲ့ လက်တွေ့ကျ မက်ခရို စီးပွားရေး အယူ အဆ (New Pragmatism) ကို ယုံတဲ့ သူ ဖြစ်ပါတယ်။

သူ့ ရဲ့ ထူးထူးခြားခြား စွမ်းဆောင် ချက် က‌ တော့ ကိုဗစ် ကပ်ရောဂါကာလ နဲ့ သမ္မတ ဘိုင်ဒင် လက်ထက် မှာ နိုင်ငံ ကို Recession လို့ ခေါ်တဲ့ စီးပွားပျက်ကပ် နဲ့ တည့်တည့် တိုး မယ့် အရေး နှစ် ခု မှာ ကယ်တင် လိုက် နိုင် သူ ဖြစ် ပါတယ်။

ဘယ်အချိန် မှာ မဆို အမေရိကန် ဗဟိုဘဏ် မှာ အနည်း ဆုံး အရံ ငွေကြေး ၇.၁ ထရီလီယံ ထက်မနည်း ရှိ နေ တဲ့ အတွက် ဥက္ကဌ သစ် ဟာ ၁၅ ထရီလီယံ လောက် ဒေါ်လာ ငွေကြေး အပြင် ဘဏ်ရဲ့ အခြား ငွေချေးစာချုပ် နဲ့ ပိုင်ဆိုင်မှု တွေ ကို စီမံ ခန့် ခွဲ ရ မှာ ဖြစ်ပြီး ကမ္ဘာပေါ် မှာ တစ်ဦး တည်း သော ငွေကြေး ပမာဏ အမြောက်အများ ကို စီမံ ခန့် ခွဲ သူ ဖြစ်လာမှာပါ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နေ့ မှာ မြန်မာ စစ်တပ် က ရန်ကုန် မြို့ လည် မှာ ရှိ တဲ့ ဗဟိုဘဏ် ကို ထိမ်းချုပ် ပြီး နောက် မှာ ကျပ်ငွေ သိန်း ၂၀၀ ပျော့ပျော့ နဲ့ နိုင်ငံ စုံ က နိုင်ငံ‌ ခြား ငွေ တွေ ကို အ‌မေရိကန် ဒေါ်လာ နဲ့ တွက် ရင် တစ်သောင်း ကျော်လောက် ပဲ ရှိ မယ် လို့ တရား ဝင် ထုတ် ဖော် ပြော ခဲ့ ဖူးပါတယ်။

Freedom News Group

အမ Ariel နဲ့ ညီမ ဂျိန်း

Leave a comment