ဂရိ အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲတွင် သုံးဦးသေ ၊ ရဲ ၂၈ ဦး ဒဏ်ရာပြင်းထန်စွာရ ပြီး လေးဦး ငယ်ပါ မီးလောင် (ဗီဒီယို)

Photo and Source : CNN,New York Times , Greece Blog,M Talk

အေသင် မြို့ သား များက ဂရိရဲ များ ကိုခုခံ တွန်းလှန် နေစဉ် Photo : CNN
ဆန္ဒပြသူများက ပြန်လည်ခုခံသောကြာင့် ပုလိပ် အရာရှိများ မီးလောင်ကျွမ်းနေစဉ် Photo : Greece Blog

နိုင်ငံတွင်း ကုန်ဈေးနှုန်း များ တက်လာပြီး ၊စီးပွားရေး အကျပ် အတည်း များ ဖြစ်လာသည် များ
ကို အချိန်မှီ မဖြေရှင်း ပေး နိုင်သည့် ဂရိအစိုးရ အား တက္ကသိုလ် ကျောင်းသား များ ၊ဗဟို လက်ယာ
အုပ်စု များ နှင့် ပြည်သူများက မေလ ၁ ရက်နေ့ မှ စတင် ၍ မြို့ တော် အေသင် ဉ် အစိုးရ ဆန့် ကျင်
ဆန္ဒပြပွဲ များ ကျင်းပခဲ့ကြသည်။ Continue reading “ဂရိ အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲတွင် သုံးဦးသေ ၊ ရဲ ၂၈ ဦး ဒဏ်ရာပြင်းထန်စွာရ ပြီး လေးဦး ငယ်ပါ မီးလောင် (ဗီဒီယို)”

ထိုင်းဘုရင် နန်းတက်ပွဲ နှစ်ပတ်လည် အခမ်းအနား ကျင်းပ (ဗီဒီယို)

Thai King Avoids Talk of Unrest in Address

ထိုင်းဘုရင် ၊မိဘုရား သီရိခောတ် နှင့် အိမ်ရှေ့မင်းသား ချူလာလောင်ကွန် တို့ အားတွေ့ရစဉ် (AP Photo)

အသက် ၈၂ နှစ် အရွယ်ရှိ ထိုင်းဘုရင် ဘူမိဘော အဒူလျှာဒက် ၏ နန်းသက်
နှစ် ၅၀ ပြည့်မြောက်သည့် မေလ ငါးရက် နေ့ တွင် ဆီရီရပ် ဆေးရုံမှ နေ၍ ဂရန်း ပဲလေစ် ဋ္ဌတွင် တော်ဝင် ထိုင်းဘုရင့်တပ်မတော်၏ အလေးပြုခြင်း ကိုခံယူပြီးနောက် ပြည်သူ သို့ မိန့် ခွန်းပြောကြားသည်။

ထိုင်းဘုရင် သည် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ တွင် ဘုရင် အနန္ဒဒါ မဟီဒေါလ်
ဆီမှ အာဏာလွှဲပြောင်းရယူခဲ့ပြီး ၁၉၅၀ မေလ ၅ ရက်နေ့ 
တွင် နန်းတက်ပွဲ အဖြစ် ဘိတ်သိက် သွန်းလောင်းခဲ့သည်။၁၉၅၀ ဧပြီလငါးရက်
နေ့ တွင် လက်ရှိ မိဘုရားကြီးသီရိခောတ် နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

ဘူမိဘောအဒူလျှာဒက်အား ၁၉၂၇ ဧပြီ လ ၅ ရက်နေ့ တွင် မွေးဖွားခဲ့သည်။
သူသည် ၁၇၈၂ ခုနှစ် တွင် တည်ထောင် ခဲ့သည် ချာကရီ မင်းဆက် မှ ဘုရင်တစ်ပါးဖြစ်သည်။ Continue reading “ထိုင်းဘုရင် နန်းတက်ပွဲ နှစ်ပတ်လည် အခမ်းအနား ကျင်းပ (ဗီဒီယို)”

ဖိုင်ဆယ်ရှာဇဒ် အား အကြမ်းဖက် ရန် စီစဉ်မှု ဖြင့် တရားစွဲ

ပါကစ္စတန် တွင် မွေးဖွားခဲ့ပြီး အမေရိကန် နိုင်ငံသား အဖြစ်ခံယူထားသူ   ဖိုင်ဆယ်ရှာဇဒ် အား
ဖမ်းဆီးရမိပြီး နောက် တစ်ရက်အကြာ တွင် မက်ဟတ်တန် ပြည်ထောင်စု တရားရုံးချုပ် တွင်
အကြမ်းဖက်ရန် ၊ လူအမြောက်အမြားသေစေရန် ၊ နိုင်ငံသားကျင့်ဝတ် ဖောက်ဖျက်မှု စသည့်
အမှု ငါးခုဖြင့် တရားစွဲဆိုခဲ့သည်။ရှာဇဒ် ၏ ဖခင်သည် ပါကစ္စတန် လေတပ် ဒုကာကွယ်ရေး ဦး
စီးချုပ် ဟောင်း တစ်ဦးဖြစ်ပြီး ပါကစ္စတန် ပက်ရှဝါ မြို့ တွင် နေထိုင်သည်။

၁၉၉၈ ခုနှစ် ၊           ၊F-1 အဆင့် ကျောင်းသား ဗီဇာ ဖြင့် ၀ါရှင်တန် ရှိ South Eastern  University
တွင် တက်ရောက်ပညာ သင်ကြားခဲ့သည်။နောက်တစ် နှစ်တွင် ကွန်နက်တီကတ်
ပြည်နယ်ရှိ Bridgeport တက္ကသိုလ် သို့ ပြောင်းရွှေ့ ခဲ့သည်။ထိုတက္ကသိုလ် မှ Computer
application and Information System ဖြင့် ဘွဲ့ ရရှိခဲ့သည်။

၂၀၀၄ခုနှစ်၊             ၊ချေစ် မန်ဟန်တန် အိမ်ယာရင်းနှီးမြုပ်နှံမှု ဘဏ် မှနေ၍ ဒေါ်လာ နှစ်သိန်းကျော်ချီး၍ ကွန်နက်တီကတ်
ဇူလိုင် ၇ ရက်            ပြည်နယ်၊ရှယ်(လ)တန် ရှိ Long Hill Avenue တွင် အိမ်ဝယ်ယူခဲ့သည်။

၂၀၀၅ခုနှစ်၊              ၊့University of Bridgeport မှ နေ၍ စီးပွားစီမံခန့် ခွဲမှု မဟာဝိဇ္ဇာဘွဲ့ ထပ်မံ ရရှိခဲ့သည်။
ဇန်န၀ါရီလ ၁ ရက် Continue reading “ဖိုင်ဆယ်ရှာဇဒ် အား အကြမ်းဖက် ရန် စီစဉ်မှု ဖြင့် တရားစွဲ”

တိုင်းစကွဲ ကားဗုံးထောင်သူ ဟု သံသယရှိသူ အား နိုင်ငံမှ ထွက်ခွာရန် စီစဉ်နေချိန် လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့

(Updated) Man arrested over Times Square bomb attempt upon departure

တိုင်းစကွဲကားဗုံးထောင်သူ အသက် ၃၀ နှစ် အရွယ်ရှိ ဖိုင်ဆယ် ရှာဇက် အား (၎င်းသည် JFK လေလဆိပ်မှ တစ်ဆင့် ပါကစ္စတန် သို့ ထွက်ခွာရန် စီစဉ်နေ ချိန်တွင် လေယာဉ်ပေါ်ဉ် နှစ်ခါပြန် ရှာဖွေ ပြီးမှ ဖမ်းဆီးရမိခြင်းဖြစ်သည် သူ စီးနင်းလိုက်ပါ မည့် လေယာဉ်သည် တာမီနယ် ကျူ အား လေယာဉ် မှ ပင် ဖြုတ်ပြီး ၍ ထွက်ခွာရန် အသင့် ဖြစ် နေချိန် ဖြစ်သည် ဓာတ်ပုံ- CNN

ကွန်နက်တီကတ် ပြည်နယ် ဘရစ်ပို့ ရှိ ၎င်းနေထိုင်ရာ နေအိမ်အား FBI က ရှာဖွေစဉ် (AP Photo/Jessica Hill)

ဗုံးထောင်ပြီး နောက် ပြည်ပ နိုင်ငံသို့ ထွက် ခွာရန် အတွက် ညူးယောက် ဂျွန် အက်(ဖ)ကနေဒီ လေဆိပ် သို့ ရောက်ရှိ
နေသည့် အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားသည့် ပါကစ္စတန် နိုင်ငံသား ဖိုင်ဆယ် ရှာဟဇ် အား အင်္ဂါနေ့ အစော
ပိုင်း က FBI နှင့် Joint Terrorism Task Force အဖွဲ့ ဝင်များ က ဖမ်းဆီး ရမိခဲ့သည်။

ကွန်နက်တီကတ် ပြည်နယ်တွင် နေသည့် ဖိုင်ဆယ် က ၁၉၉၃ ခုနှစ် မော်ဒယ် နစ်ဆန်း ပတ်ဖိုင်ဒါ အမျိုးအစား ကားကို
ဒေါ်လာ ၁၈၀၀ ဖြင့် အင်တာနက် Craig list မှာ တစ်ဆင့်ကြော်ငြာထားရာ မှ တစ်ဆင့် ငွေသားဖြင့် ပေးချေပြီး
လွန်ခဲ့သည့် သီတင်းသုံးပတ် ကျော်က၀ယ်ယူခဲ့ခြင်းဖြစ်သည်။

ဖိုင်ဆယ်သည် JFK လေဆိပ် သို့ တနင်္လာနေ့  ည သန်းခေါင်းယံတွင် ရောက်ရှိလာပြီး အင်္ဂါနေ့ မနက် လင်းအားကြီး အချိန်
ထွက်မည့် လေယာဉ်ဖြင့် ပါကစ္စတန် နိုင်ငံသို့ ထွက်ခွာရန်အတွက် ဒူဘိုင်း သို့ သွားမည့် လေယာဉ်အားစောင့်ဆိုင်းနေချိန်တွင်
ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ Continue reading “တိုင်းစကွဲ ကားဗုံးထောင်သူ ဟု သံသယရှိသူ အား နိုင်ငံမှ ထွက်ခွာရန် စီစဉ်နေချိန် လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့”

ရှာကီးရား သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း ထွက်ပြီ

ဇွန်လ ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀
ကမ္ဘာ့ ဖလားပွဲ အတွက်  သီချင်း တစ်ပုဒ် အား ကိုလံဘီယာ
အဆိုတော် ရှကီရား ရေးစပ်သီဆို ထားသည့်This Time for Africa သီချင်းအား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။

၂၀၀၆ ခုနှစ်က ဂျာမဏီ နိုင်ငံတွင် ကျင်းပခဲ့သည့်   ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ အတွက်
The Times of OurLives သီချင်းအား Il Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့
ဖလား ပွဲ ကျင်းပစဉ် က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ
ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။

၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲ ၀င် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး တောင် အာဖရိက မြို့ ကြီး
၁၁ မြို့ တွင် ကျင်းပမည် ဖြစ်သည်။This Time of Africa သီချင်း ကို ရှာကီရားက အာဖရိက ဘာသာ စကား ၊အင်္ဂလိပ်
ဘာသာ စကား တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။

အာဖရိက ဘာသာ စကားဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်း အာဖရိက နိုင်ငံမှာ မှာ ကင်မရွန်း  နိုင်ငံမှ  နာမည်ကျော် သီချင်း
ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။(မူရင်းသီချင်းအောင် ကြည့် ရှု နိုင်အောင် စီစဉ်ထားသည်)

Continue reading “ရှာကီးရား သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း ထွက်ပြီ”

ညူးယောက် တိုင်းစကွဲ ရင်ပြင် အား ကားဗုံးဖောက်ခွဲ ရန် ကြိုးစားမှု အချိန်မှီ တားဆီး နိုင်ခဲ့

ဒုတိယမြောက် ၉/၁၁ ဖြစ်လာ မည့် အရေး ကို လုံခြုံရေး အဖွဲ့ ဝင်များ အချိန် မှီ တားဆီး နိုင်ခဲ့

New York Escapes Car Bomb Attack (12  Photo and 3 News Video)

အကယ်၍ ထိုဗုံးသာပေါက်ကွဲခဲ့လျှင် စက်တင်ဘာ ၁၁ ပြီးနောက် အကြီးမားဆုံး ပေါက်ကွဲမှုကြီး နှင့် အမေရိကန် တို့ ကြုံရမည်ဟု မြို့ တော်ဝန် ဘလွန်းဘတ် ကပြောသည်။ ပုံတွင် ...ပရိုပိန်း ဆီတိုင်ကီများ၊ပေါက်ကွဲမှု အားပေးသည့် ဆီများ နှင့် မီးရှုးမီးပန်းများ တင်ဆောင် ထားသည့် နစ်ဆန်း ပတ် ဖိုင်ဒါ ကား အား ပေါက်ကွဲရန် မိနစ် အနည်းငယ် အလို တွင် ဗုံးရှင်းလင်းရေးတပ်ဖွဲ့ များက အချိန်မှီ တားဆီးနေစဉ် ဓာတ်ပုံ-New York Times
Bomb Squad မှ ရှင်းလင်းပြီးနောက် Nissan Pathfinder SUV အား FBI သို့ NYPD ရဲ အဖွဲ့ မှ လွှပြောင်းပေးစဉ် Original Filename: Car050210ag_007.JPG
ဗုံထောင်ထားသည့် မော်တော်ကားအားစတင်တွေ့ ရှိပြီးနောက် ရဲအရာရှိ ၀ိန်း ရာတီဂန် သို့ အကြောင်းကြားခဲ့သည့် တိုင်းစကွဲ တွင် I Luv New York လိုဂိုပါ တီရှပ်ရောင်း ချသူ ဗီယက်နမ် စစ်ပြန် လန့် စ် ဟော်တန် Original Filename: Car050210ag_019.JPG
ဗုံးတင်ဆောင်ထားသည် ဟု သံသယရှိပြီးနောက် အခြားအမျိုးသမီး ရဲ နှစ်ဦး၏ အကူအညီ ဖြင့် ပြည်သူများကို ဘေးလွတ်ရာ သို့ ဖယ်ရှားခိုင်း သည့် NYPD ရဲအရာရှိချုပ် ၀ိန်းရာတီဂန် မြို့ တော်ဝန် မိုက်ကယ်ဘလွန်း ဘဂ် နှင့် စကားပြောနေစဉ် Original Filename: Bomb17_filtered.jpg
မေလ ၁ ရက် နေ့ စနေ နေ့ ည က ပရိုပိန်း နှင့် အခြားဖောက်ခွဲရေး ပစ္စည်း များ တင်ဆောင်လာသည့် ကွန်နက်တီကတ် ပြည်နယ် လိုင်စင် နံပါတ် ပြား နှင့် နစ်ဆန် ပတ်ဖိုင်ဒါ တစ်စီးအား တန်ပြန် အကြမ်းဖက် မှ အချိန် မှီတွေ့ ရှိ ပြီး နောက် တိုင်းစကွဲ တွင် လုံခြုံရေး အများအပြားချထားစဉ် ဓာတ်ပုံ-ရိုက်တာ
မော်တော်ကားမှာ ၄၅ လမ်း အမှတ် ၇ ရိပ်သာ နှင့် အမှတ် ၈ ရိပ်သာ လမ်း အနီးတွင် တွေ့ ရှိခြင်း ဖြစ်သည်။ကားပေါ်ပါ အင်းအား ပြင်း ပရိုပိန်း များ က မော်တော် ကား နှင့် ပေ ၄၀၀ အကွာ ထိ သက်ရောက် မှု ရှိ နိုင်သည် ဟု ဆိုသည် ပုံတွင် တိုင်း(မ)စကွဲ ရင်ပြင် အား လုံခြုံရေး အဖွဲ့ များ က ခေတ္တ ပိတ်ထားစဉ်

Continue reading “ညူးယောက် တိုင်းစကွဲ ရင်ပြင် အား ကားဗုံးဖောက်ခွဲ ရန် ကြိုးစားမှု အချိန်မှီ တားဆီး နိုင်ခဲ့”

အရီဇိုးနား ဥပဒေ သစ် အား မေဒေး နေ့ တွင် နိုင်ငံတ၀ှမ်း ချီတက် ဆန္ဒပြ

ဒီတစ်ပတ် သတင်း ဓာတ်ပုံ

အရီဇိုနားပြည်နယ် ၏ တရားမ၀င် ၀င်ရောက်လာသူများ အားဖမ်းဆီးထောင်ချပိုင်ခွင့် ဥပဒေ သစ် အား ဆန့် ကျင်ကန့် ကွက် သည့် အနေဖြင့် ကမ္ဘာ့ အလုပ်သမား နေ့ (မေဒေး) နေ့ အခမ်း အနားတွင် ၀ါရှင်တန် ဒီစီ ၊အယ်(လ)အေ၊ချီကာဂို၊မီဝေါလ်ကီး စသည့် မြို့ ကြီး ခုနှစ်ဆယ် ခန့် တွင် ချီတက် ဆန္ဒပြကြစဉ် (ပုံတွင် ချီကာဂို ဉ် လူ ၈၀၀၀ ခန့် ဆန့် ကျင်ကန့် ကွက်နေ သည် ကို တွေ့ ရစဉ်) ဓာတ်ပုံ-ချီကာဂို ထရီဗြွန်း

Continue reading “အရီဇိုးနား ဥပဒေ သစ် အား မေဒေး နေ့ တွင် နိုင်ငံတ၀ှမ်း ချီတက် ဆန္ဒပြ”

ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ

သီရိထက် ၃၀ ဧပြီ ၊                      ၊ဘော်စတွန်

Burmese Most Viewed Video on You Tube
ခောတ်လွန် စင်မြင့် ဆင်ယဉ်မှု နှင့် ဖက်ရှင်  ဒီဇိုင်းများ ဖြင့် သူမ ၏ သီဆိုပွဲ များ ကို ဖျော်ဖြေတတ်သည့်
အဆိုတော် လေဒီဂါဂါ ၏ 2009 ခုနှစ် ထုတ် The Fame Monster အယ်(လ)ဘမ်ထဲမှ
တေးသီချင်း တစ် ပုဒ်ဖြစ်သည့် Bad Romance ဂီတ ဗီဒီယို က ကြည့်ရှုသူပေါင်း ၁၉၃ သန်း
ကျော်ဖြင့် ပထမနေ ရာ ကို သိမ်းပိုက်နိုင်ခဲ့သည် ။(မြန်မာ နိုင်ငံမှ လူကြည့် အများ ဆုံး ဗီဒီယို လည်းပါဝင်သည်)

ဒုတိယနေရာ အား အသက် လေး နှစ်သား ချာလီ  လက်ညှိုးကို ထပ်ကိုက်ပြန်ပြီ ဆိုသည့်
ံHome Made ဗီဒီယို က ကြည့်ရှုသူ ၁၈၄ သန်းကျော်ဖြင့် လေဒီဂါဂါ ၏ နောက်မှ ထပ်ကြပ်မကွာ
လိုက်ပါသည်။ Continue reading “ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ”

ယူကရိန်း အမတ် များ လွှတ်တော်တွင်း လက်သီးစွမ်းပြ(ဗီဒီယို)

ပင်လယ်နက် အတွင်း ရှရှား ရေတပ် ဆက်လက်ထားရှိရေး ၊မထားရှိရေး နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့ က မဲခွဲ ဆုံးဖြတ်ကြရာ မှ လွှတ်တော် အမတ် များ  ငြင်းခုံမှု ဖြစ်ပြီး အပြန် အလှန် ထိုးကြိတ်ကြပုံဖြစ်သည်။ ဓာတ်ပုံ-Huntington Post
ပင်လယ်နက် အတွင်း ရှရှား ရေတပ် ဆက်လက်ထားရှိရေး ၊မထားရှိရေး နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့ က မဲခွဲ ဆုံးဖြတ်ကြရာ မှ လွှတ်တော် အမတ် များ ငြင်းခုံမှု ဖြစ်ပြီး အပြန် အလှန် ထိုးကြိတ်ကြပုံဖြစ်သည်။ ဓာတ်ပုံ-Huntington Post

Continue reading “ယူကရိန်း အမတ် များ လွှတ်တော်တွင်း လက်သီးစွမ်းပြ(ဗီဒီယို)”

ဘန်ကောက်မြို့ ၏ နက္ခတ် သည် ဆင်ဖြူရှင် မင်း အယုဒ္ဒယ သိမ်းချိန်က နက္ခတ် နှင့် တိုက်ဆိုင်နေ

တင်ကျော်ကျော်စိုး

ချသုခြာ ပန်းခြံတွင်း မှ အစိုးရ လိုလားသည့် တန်ပြန် ဆန္ဒပြပွဲများ

ယနေ့ မနက် မိုးလင်းမှ စ၍ ဘန်ကောက် မြို့ 
သူမြို့ သားတို့ က ထိုင်း နိုင်ငံအနေဖြင့် ဆိုရွားသည့်
အဖြစ်အပျက်များ နှင့် ကြုံတွေ့ ရတော့မည် ဟု
ထင်မြင် နေကြသည်။ထို ကဲ့သို့  မကောင်းသောဘေး
မကောင်းသော ကပ်များ မှ လွတ်မြောက် နိုင်ရန်
အတွက် မြဘုရား အပါအ၀င် တန်ခိုးကြီး စေတီ ၊ပုထိုး
များဉ် ယနေ့ မနက် ကတည်းက ဆုတောင်း မှု
ပြုခဲ့ကြသည်။

ဧပြီလ ၂၅ ရက်နေ့ သည့် ထိုင်းရာဇ၀င် တွင်
ထင်ရှားသည့် ဘုရင် နရဲစွမ် ၏ မွေးနေ့ ဖြစ်သည်။
ဘုရင့်နောင် မင်းတရား ကြီး ပိဿလောက်
(ယခု ဖိစနု လောခ်) ကို စစ်နိုင်သည့် အခါ ဘုရင်
သမရာချာ(ဓမ္မရာဇာ) ၏ သားဖြစ်သူ အသက် ခုနှစ်နှစ် အရွယ် သားတော် နရဲစွမ် (ဗြနရာဇ်) အား ဟံသာဝတီ နေပြည်တော် သို့ ခေါ်ဆောင်လာခဲ့သည်။ Continue reading “ဘန်ကောက်မြို့ ၏ နက္ခတ် သည် ဆင်ဖြူရှင် မင်း အယုဒ္ဒယ သိမ်းချိန်က နက္ခတ် နှင့် တိုက်ဆိုင်နေ”

ရွေးကောက်ပွဲ အတွက် နှစ်ဖက် အဖြေရှာဖို ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံသို့ မစ်ရှင် စေလွှတ်မည်

EU to urge Myanmar junta to accept pre-election mission

မြန်မာ နိုင်ငံသို့ လာမည့် အီတလီ တရားရေး ၀န်ကြီး ဟောင်း ပီယာရို ဖက်ဆီနို

ဥရောပ သမဂ္ဂ (E.U) က မြန်မာ နိုင်ငံသို့ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စုံစမ်းလေ့လာ အဖြေရှာ
ရေး ကော်မရှင် တစ်ခု ကို မကြာခင် စေလွှတ်မည် ဖြစ်ကြောင်း နှင့် ထိုမစ်ရှင် အဖွဲ့ ကို မြန်မာ စစ်
အစိုးရ အနေဖြင့် လက်သင့်ခံရန် အီးယူ သံတမန် တစ်ဦးက AFP သတင်းဌာန သို့ ပြောသည်။

အငြင်းပွဲဖွယ်ရာ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာ ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က
ရွေးကောက်ပွဲ မ၀င် ဟု ဆုံးဖြတ်ခဲ့ပြီး နောက် အီးယူက ယခုကဲ့သို့ စီစဉ် ခြင်းဖြစ်သည်။ Continue reading “ရွေးကောက်ပွဲ အတွက် နှစ်ဖက် အဖြေရှာဖို ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံသို့ မစ်ရှင် စေလွှတ်မည်”

ဘန်ကောက် ဗုံးကွဲ မှု သြစတေးလျှ လူမျိုး ရန်ကုန် ပညာဒါန ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာရ

Rangoon Volunteer Teacher Wounded Bomb Blast in Bangkok

ဧပြီလ ၂၂ ရက်နေ့ ည ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဆလာဒန်း ဘူတာရုံ ဗုံးပေါက်ကွဲမှု တွင် ရန်ကုန်
မြို့ရှိ အင်္ဂလိပ်စာ သင်တန်းကျောင်း တစ်ခုဉ် နိုင်ငံခြား ဘာသာစကား သင်ကြားပေးနေသည့်
အသက် ၂၆ နှစ် အရွယ်ရှိ သြစတေးလျှ လူမျိုး ဆရာ တစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ
သွားသည်။

မစ္စတာ ရီုဆီ သည် ရန်ကုန်မြို့  တွင် နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုးရန် အတွက် ဘန်ကောက်မြို့ ရှိ မြန်မာ သံရုံးသို့ 
ထိုနေ့ က ဗီဇာ သွားရောက် တိုးအပြီး အပြန် ဆလာဒင် ဘူတာရုံ တွင် မိုးပျံရထား အား စောင့်ဆိုင်းနေစဉ် ဗုံးပေါက်
ကွဲခဲ့ ခြင်းဖြစ်သည်။သူသည် ယနေ့ ည မြန်မာနိုင်သို့ ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်သည်။ Continue reading “ဘန်ကောက် ဗုံးကွဲ မှု သြစတေးလျှ လူမျိုး ရန်ကုန် ပညာဒါန ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာရ”

ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ

ဗုံးပေါက်ကွဲရာ ဆလာဒန်း ဘူတာ အား ဗုံးမပေါက်ကွဲခင် ညနေ ၆ နာရီက Freedom News Group မှ မှတ်တမ်း တင်ထားပုံ ဖြစ်သည်။ ဓာတ်ပုံ - ကိုဦး (ဘန်ကောက်) FNG
ပေါက်ကွဲမှု မဖြစ်ခင် ဧပြီလ ၂၂ ရက်နေ့ ညနေ က ဆလာဒန်း ဘူတာ အား Freedom News Group မှ ရိုက်ကူးထားခြင်းဖြစ်သည်။

ဘန်ကောက်မြို့ လည် စီးပွားရေး အချက်အချာကျသည့် နေရာ များတွင် ယနေ့ ည ဗုံးပေါက်ကွဲမှု
ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု
ကြောင့် ထိခိုက်ပေါက်ကွဲ မှု ရှိခဲ့သည့် နေရာများ မှာ စလာဒန်း လမ်းဆုံအနီး မိုးပျံရထားဘူတာရုံ ၊ဒူဆစ်
ဌာနေ ဟိုတယ် ၊ချာရိုယန် လယ်ယာ စီးပွားရေး ကုမ္ပဏီ ရုံးနှင့် ဆီလုံ လမ်းမ နှစ်နေရာ တွင် ဖြစ်သည်။ Continue reading “ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ”