နိုင်ငံတကာ ဂေါက်သီးရီုက်ပြိုင်ပွဲ ကို ပုဂံ လေကြောင်း လိုင်းက စီစဉ်

ယူကွန်

ဂေါက်သီးရီုက်ချံပီယံကြည်လှဟန်

Myanmar Open 2010 ဟု အမည်ပေးထားသည့် အာရှအဆင့် ဂေါက်သီးရိုက် ပြိုင်ပွဲ ကို ဧပြီလ ၈ ရက်မှာမြန်မာ သင်္ကြန် အကြိုနေ့ မတိုင်ခင် နှစ်ရက် အလို ထိကျင်းပမည် ဟု မတ်လ ၆ ရက်နေ့ က ဆီဒိုနား ဟိုတယ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

Myanmar Open သည် ၁၉၉၆ ခုနှစ်တွင် စတင်ကာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် ထိရပ်နားခဲ့သည်။ယခုပြန်လည်စတင်မည့် ပွဲစဉ်တွင် ဆုကြေးငွေ ဒေါ်လာသုံးသိန်း အသုံးပြုမည် ဖြစ်ကြောင်း နှင့် ပထမ ဆုရရှိသူသည်ဒေါ်လာ ငါးသောင်းဆုချီးမြှင့် ခံရမည်ဖြစ်သည် ပြိုင်ပွဲတွင် ဆုရရှိသူများကိုသင်္ကြန်ချိန်ခါ  နိုင်ငံတ၀ှမ်း လည်ပတ်နိုင်ရန်  အဲ ပုဂံ က စီစဉ်ပေးမည် ဖြစ်သည်။ Continue reading “နိုင်ငံတကာ ဂေါက်သီးရီုက်ပြိုင်ပွဲ ကို ပုဂံ လေကြောင်း လိုင်းက စီစဉ်”

ဘဏ် ငွေစာရင်း ခိုးယူမှုများ ဖြစ်ပွားလာခြင်းကြောင့် မိမိ၏ ငွေစာရင်းကို ပြန်လည် စစ်ဆေးရန်လို

သီရိထက်

အမေရိကန်နိုင်ငံ၏အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သည့်Wells Fargo ဘဏ်၏ ဘဏ်ခွဲတစ်ခု

မတ်လ ၁၀ ရက်နေ့ မှ စ၍ အမေရိကန် နိုင်ငံတွင် ဘဏ်ငွေစာရင်း ဖွင့် ထားသူများမှာ မိမိ၏ ငွေစာရင်း အား အခြားတစ်ယောက်ယောက် မှ ခိုးယူသုံးစွဲ မှု များ ဖြစ်ပေါ်ခဲ့ကြောင်း Freedom News မှ စုံစမ်း သိရှိရသည်။

ထိုသို့ ငွေစာရင်းခိုးယူမှု များသည် အွန်လိုင်း တွင် အရောင်းအ၀ယ် နှင့် ငွေချေးခြင်း (Online Bill Payment)ပြုလုပ်နေသူများ တွင် အများဆုံး ဖြစ်ပွားပြီး အထူးသဖြင့် ဒေသန္တရ ဘဏ် (Local Bank ) နှင့် Credit Unionများ တွင် စုဆောင်းငွေ (Saving Acc) နှင့် စာရင်းရှင် (Checking Acc) ဖွင့်ထားသူများ တွင် အများဆုံးဖြစ်ပွားခြင်းဖြစ်သည်။ Continue reading “ဘဏ် ငွေစာရင်း ခိုးယူမှုများ ဖြစ်ပွားလာခြင်းကြောင့် မိမိ၏ ငွေစာရင်းကို ပြန်လည် စစ်ဆေးရန်လို”

ရန်ကုန်တွင် စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေကို မကျေနပ်မှု များရှိ

Burmese  Outrage Junta ‘s Election Law Unfair ရန်ကုန်အပါအ၀င်နယ်မြို့ များဉ် တနင်္လာနေ့ ကထုတ်ပြန်သည့် စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ ကို  ပြည်သူများက မကျေနပ်မှု ပိုမိုများပြားလာသည် ဟု သတင်းရရှိသည်။ ထိုဥပဒေသည် စစ်အစိုးရ ၏ လက်တစ်လုံးခြား ကလိန်ကျမှု နှင့် မတရားမှု ပင်ဖြစ်ကြောင်းပြည် သူတို့ ကသုံးသပ်သည်။ထိုအသစ်ထွက်ရှိလာသည့် ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင် အချို့ ကိုပါဝင်ခွင့်မပေးသဖြင့် ပြည်သူများက မကျေနပ်ခြင်းဖြစ်သည်။ Continue reading ရန်ကုန်တွင် စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေကို မကျေနပ်မှု များရှိ

Rate this:

ထိုင်းနိုင်ငံရေးအခြေအနေ (တိုက်ရိုက် သတင်းတင်ဆက်မှု)

ယနေ့ ထိုင်းနိုင်ငံရေးအခြေအနေကို ဤနေရာမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်သည် Photo & Video သက်ဆက် ကမ္ဘောဒီးယား နိုင်ငံသို့ ရောက်ရှိ (Latest) ထိုင်းစစ်ဦးစီးချုပ် အနုပေါင်ပါဝင်သည့် အရေးပေါ် အစိုးရ အစည်းအဝေးစတင် (New) လိုအပ်ပါက မိမိနှုတ်ထွက်မည် အာဏာသိမ်းဖို့ ခွင့်မပြုဟု အီဘီဆစ် ပြော လွှတ်တော် မဖျက်သိမ်းနိုင် မိမိလည်း နှုတ်မထွက် ဟု အဘီဆစ်ပြော ဆွန်ခွန်ဗစ် လမ်းတစ်လျှောက်မှ မြို့ လည် အထိ ဆန္ဒပြမှုစတင်  UDD ခေါင်းဆောင်ဂျတုပွန် ပရွန်ဖန် ဝေ့ယံ အ၀ိုင်းတွင် နေ့ လည် မိန့် ခွန်းပြောမည် အဘီဆစ် ကိုင်တွယ် ပုံကိုတော်ဝင် မိသားစု အားမရသဖြင့် ၎င်းတို့ အစီအစဉ်ဖြင့် လက်ရွေး စစ်တပ်များကို ခေါ် (HOT) ဒုဝန်ကြီးချုပ် ဆူထေ့၏ ဇာတိ တောင်ပိုင်းဆူရတ် ဌာနီတွင် ယနေ့ မနက်ဗုံးကွဲ Continue reading ထိုင်းနိုင်ငံရေးအခြေအနေ (တိုက်ရိုက် သတင်းတင်ဆက်မှု)

Rate this:

ရှပ်နီ ဆန္ဒပြမှု စတင် ရဲအချို့ ပါဝင် သဖြင့် လွှတ်တော်ဖျက်သိမ်းရေး အဘီဆစ် နှုတ်ထွက်ရေး တောင်းဆိုချက်မှ သည် ဘုရင်စနစ် ဖြုတ်ချရေးထိဦးတည်နိုင်

Remove the ammat  (Elite ) System

အာရှတိုက်၏ ခောတ်သစ်နိုင်ငံရေး အန်တုမှု ကို ထိုင်း UDD အဖွဲ့ မှစတင်

“If a gunshot is heard, it will mean the beginning of the end for the Abhisit government,” Mr Jatuporn said.

(နေ၀င်း ချစ်ချော့ အုပ်စု UDD ဘက်သို့ ကူးပြောင်းဖွယ်ရှိ)
ကြာသပတေးနေ့ က ပြုလုပ်တဲ့ အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီ တပ်ဦး United Front for Democracy against Dictatorship (UDD)   ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုပြုလုပ်မယ့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေရဲ့ တောင်းဆိုချက်က လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ဖြစ်တယ်လို့ UDD ရဲ့ ပြောခွင့်ရခေါင်းဆောင် တစ်ဦး
ဖြစ်သူ နထ၀တ် ဆိုင်းကွား က သတင်းမီဒီယာတွေ ကိုပြောကြားလိုက်ပါတယ်။ Continue reading “ရှပ်နီ ဆန္ဒပြမှု စတင် ရဲအချို့ ပါဝင် သဖြင့် လွှတ်တော်ဖျက်သိမ်းရေး အဘီဆစ် နှုတ်ထွက်ရေး တောင်းဆိုချက်မှ သည် ဘုရင်စနစ် ဖြုတ်ချရေးထိဦးတည်နိုင်”

ကမ္ဘာ့ နံပါတစ် အချမ်းသာဆုံး အဖြစ်မှ ဘီလ်ဂိတ် နေရာဖယ်ပေးလိုက်ရ

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး သုံးယောက်၏ အမှန် တစ်ကယ်ချမ်းသာမှု ကိုဤသို့ ပြသထားသည်။

၁၉၉၅ ခုနှစ် ကတည်းက ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ၁ နေရာ ကို ၁၅ နှစ်ကြာသိမ်းပိုက်လာသည့် မိုက်ကရိုဆောဖ် ကုမ္ပဏီ နှင့် Cascade Invesment တို့ ၏ အကြီးအကဲဖြစ်သူ ဘီလျှံ နာ ဘီလ်ဂိတ်သည် ယနေ့ မက္ကဆီကန် သူဌေးကြီး ကာလိုစ် ဆလင်း အတွက် သူ၏ နေရာကို ဖယ်ပေးလိုက်ရပြီ ဖြစ်သည်။ Continue reading “ကမ္ဘာ့ နံပါတစ် အချမ်းသာဆုံး အဖြစ်မှ ဘီလ်ဂိတ် နေရာဖယ်ပေးလိုက်ရ”

ရှပ်နီဝတ် အင်အားတစ်သန်း ကျော် ဘန်ကောက်သို့ ချီတက်မှုကြောင့် လေဆိပ်များတွင် လုံခြုံရေးတင်းကျပ်

Bangkok : Let the game begins
ဘုရင်နှင့်ဝန်ကြီးချုပ်တို့ ခေါင်းချင်းရိုက်နေစဉ်

၂၀၀၆ ခုနှစ်က စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းခြင်းခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုလားသူတွေတည်ထောင်ဖွဲ့ စည်းထားတဲ့ အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီတပ်ဦးက (United Front for Democracy against Dictatorship (UDD) ဦးဆောင်ပြီး နိုင်ငံတ၀ှမ်းက UDD အဖွဲ့ ဝင်တွေဟာ ဘန်ကောက်ကိုချီတက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

လုံခြုံရေးတင်းကျပ်ထားသည့် သုဝဏ္ဏ လေဆိပ်တွင် လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံခြားသားများ ပြန်လည်ထွက်ခွာ

ဒီနေ့ မနက်မှာ သက်ဆင် ရဲ့ အမာခံ နယ်မြေတွေ ဖြစ်တဲ့ ချင်းမိုင် က အနီရောင်ဝတ် အင်အား လေးထောင်ကျော်လောက် ဟာ ဆူခိုထိုင်း၊ဖိစနူလောခ် တို့ ကို ဖြတ်ပြီး ဘန်ကောက် ကိုချီတက်မှာ ဖြစ်ပါတယ်။တခ်ခရိုင် ၊ နခွန်ဆ၀န် နဲ့  ကမ်ဖယ်ဘက်က စစ်ကြောင်းတွေ ကတော့ ဒီနေ့ ညနေမှာ ထွက်မှာ ဖြစ်ပြီး နက်ဖြန် မနက် အာရုံတက်ချိန် မှာ ဘန်ကောက် မြို့ ထဲကို ၀င်မှာ ဖြစ်ပါတယ်။ Continue reading “ရှပ်နီဝတ် အင်အားတစ်သန်း ကျော် ဘန်ကောက်သို့ ချီတက်မှုကြောင့် လေဆိပ်များတွင် လုံခြုံရေးတင်းကျပ်”

စစ်အစိုးရ ကောင်းမှု သတင်းစာနှင့် ဂျာနယ် ရောင်းသူများအရှုံးပေါ်

ဟိန်းခိုင်ထွန်း
အခုတော့ ဒီသတင်းစာထုတ်ကြီးရော ဘယ်လိုလုပ်မလဲ ရောင်းရမယ် ထင်လို့ ဟု ပြောသူမှာ
သင်္ဃန်းကျွန်းမြို့ နယ်မှ သတင်းစာ၊ဂျာနယ် လက်ပွေ့ ရောင်းသူ တစ်ဦးဖြစ်သည်။သူက ဆက်ပြီး
သားအကြီးကောင် ဆယ်တန်းဖြေမှာမို့ အနီးကပ်လေးထားလို့ ရပြီ ဆိုပြီးရင်းလိုက်တာ အခုတော့
လေးစောင်ပဲ ပိုရောင်းရတယ် ဟု သူ က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ ပါရှိသည် ဆိုသည့်
သတင်းစာ ပုံကြီး ကိုကြည့်ကာ မျက်ရည်လေး တစ်ရှုံရှုံ့ ဖြင့်ပြောသည်။ Continue reading “စစ်အစိုးရ ကောင်းမှု သတင်းစာနှင့် ဂျာနယ် ရောင်းသူများအရှုံးပေါ်”

အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ …)

အဲဒီလို တန့်ကနဲ့ဆို နန့်ကနဲ ဆိုတဲ့ အုပ်စုထဲမှာ လေလှိုင်းက ဆရာတွေလည်း ထိပ်ဆုံးက ပါတယ်ဆိုရင် ရွှေစိတ်တော်များ ဆိုးကြဦးလေမ လား (ဆိုးလည်း တတ်နိုင်ပေဘူးပ)။

အမှတ်သည်းခြေနည်းပြီး မေ့လွယ်ပျောက်လွယ်တတ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ (အားလုံးကို မဆိုလိုပါ) ရဲ့ စိတ်ဓာတ်ကို ဗိုလ်သန်းရွှေက အားနည်းချက်အနေနဲ့ ရှုမြင်ပြီး ကောင်းကောင်း အသုံးချတတ်လို့လား ဒါမှမ ဟုတ် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ (ဤနေရာတွင်လည်း အားလုံးကို မဆိုလိုပါ) မှာ တန့်ကနဲဆို နန့်ကနဲ အမြီးနှန့်တတ်တဲ့ စရိုက်မျိုးရှိတတ်တာကို ဗိုလ်သန်းရွှေက နောကြေနေလို့လား မပြောတတ်။ ရွှေဝါရောင်လက် သီး အချီကြီး မိပြီးကတည်းက ဗိုလ်သန်းရွှေတယောက် “ရွေးကောက်ပွဲ” ဆိုတဲ့ လေသံပစ်ပြီး သူတို့စစ်အုပ်စု ရင်ဆိုင်ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို နည်းအမျိုးမျိုးနဲ့ ရှောင်ထွက် အလွတ်ရုန်းနေခဲ့တာ အခုအထိပဲ ဆိုပါ တော့ …။

ရွှေဝါရောင်လက်သီးချက်သာ မမိခဲ့ရင် အခုအချိန်အထိ “ရွေးကောက်ပွဲ” ဆိုတာကို ဗိုလ်သန်းရွှေ လေသံ တောင် ဟမှာမဟုတ်သေးဘဲ အမျိုးသားညီလာခံဆိုတာကြီးကိုပဲ မေ့လောက်မှ တခါ ထထကျင်းပရင်း အရှိန် တက်နေတဲ့ သူ့ရဲ့ ဘုရင်ရူးရောဂါကို ဆက်လက်အကောင်အထည်ဖော်နေမှာ မုချပေပ။ ရွှေဝါရောင်မှာ ရုတ်တ ရက် အသက်ရှူကျပ်သွားလို့သာ (အသက်ပါ ပါသွားမှာစိုးတာနဲ့) အမျိုးသားညီလာခံကို တက်သုတ်ရိုက်ကျင်းပ ပြီး ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ ဗိုလ်သန်းရွှေ သွေးရူးသွေးတန်း ကတိပေးလိုက်တာပါ။ Continue reading “အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ”

စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်

ယူကွန် ၊                     ၊အင်္ဂါနေ့  ၇း ၃၅
ရန်ကုန် နှင့် နယ်မြို့ များရှိ စစ်တပ် အခြေစိုက် စခန်းများတွင် ကာရာအိုကေဆိုင် များ ၊ဗြူတီဆလွန်းများ
နှင့် တွဲဖက်၍  ပြည့်တန်ဆာရုံများပါတွဲဖက်ဖွင့် လာသည်ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ဘောက်ထောက်ရှိယခင် တပ်မတော် မှတ်တမ်းရုံး နေရာ ယခု အိမ်ထောင်သည် လိုင်းများ နေ
ရာတွင် အနှိပ် ခန်း နှင့် တွဲဖက် လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံနှစ် ခု ထက်မနည်းရှိကြောင်း ထိုနေရာသို့ 
သွားရောက်ဖူးသည့် ရန်ကင်း ၁၂ လုံးတန်းမှ လူငယ် တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်”

ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

၁၆ : ၃၆ တနင်္လာနေ့ 

Myanmar Enacts Election Law ,But No Date For Poll
ဟိန်းခိုင်ထွန်း

ယနေ့ ညနေ လေးနာရီ အချိန် တွင် ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲဥပဒေကို
ကြေညာလိုက်ပြီ ဖြစ်သည်။ထိုရွေးကောက်ပွဲ ဥပဒေ အသေးစိတ် ကို မနက်ဖြန် တွင်
ထွက်ရှိမည့် သတင်းစာ တွင် ဖော်ပြပေးသွားမည် ဟု ဆိုသည်။ Continue reading “ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ”

ပြည်ပမှ တိုက်ခိုက်ခံရ၍ ရတနာပုံ တယ်လီပို့ အင်တာနက် ဆက်ကြောင်းလိုင်း ပြတ်တောက် ခဲ့ဟုဆို

တိုက်ခိုက်ခံရသည့် ရတနာပုံတယ်လီပို့ 

ရတနာပုံတယ်လီပို့အား နိုင်ငံပြင်ပ  မှအင်တာနက်သုံးစွဲသူ IP User အတုသန်းနှင့်ချီ ၀င်ရောက်

တိုက်ခိုက် ခြင်းကြောင့် ဖေဖော်ဝါရီ တစ်လလုံး အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်

ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ဟု ယနေ့ ထုတ် ပန်းသတင်းဂျာနယ်တွင်
ဖော်ပြထားသည်။ Continue reading “ပြည်ပမှ တိုက်ခိုက်ခံရ၍ ရတနာပုံ တယ်လီပို့ အင်တာနက် ဆက်ကြောင်းလိုင်း ပြတ်တောက် ခဲ့ဟုဆို”

အမျိုးသမီး ဒါရိုက်တာ ကတ်သရင်း ဘီဂျယ်လို ရိုက်ကူးထားသည့် The Hurt Locker အကောင်းဆုံးဇာတ်ကားဆု နှင့် အကောင်းဆုံးဒါရိုက်တာဆုရရှိ

The Hurt Locker ဇာတ်ကားဒါရိုက် ကတ်သရင်း ဘီဂယ်လို အကောင်းဆုံးဇာတ်ကားဆုတက်ရောက်လက်ခံရယူစဉ် (AP Photo/Mark J. Terrill)

Freedom News Group နှင့်နိုင်ငံတကာ ရုပ်ရှင်ဆောင်းပါးများ ရေးသားသူ
ငြိမ်းချမ်းငြိမ်း မှ ခန့် မှန်းသည့် The Hurt Locker ဇာတ်ကားသည် ၈၂ ကြိမ်မြောက်
အော်စကာ ဆုပေးပွဲ တွင် အကောင်းဆုံးဇာတ်ကားနှင့် အကောင်းဆုံးဒါရိုက်တာ ဆုရရှိခဲ့သည်။

အော်စကာဆုပေးပွဲ သမိုင်းတွင် အမျိုးသမီး ဒါရိုက်တာ ကူးခဲ့သော ဇာတ်ကား မှ ပထမ ဦးဆုံးအကြိမ်အော်
စကာဆုရရှိခဲ့ခြင်း ဖြစ်သည်။The Hurt Locker ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဒါရိုက်တာ
နှင့် အကောင်းဆုံရုပ်ရှင် တည်းဖြတ်မှု ဆုအပါအ၀င် ဆု ၆ ဆု ရရှိခဲ့သည်။ Continue reading “အမျိုးသမီး ဒါရိုက်တာ ကတ်သရင်း ဘီဂျယ်လို ရိုက်ကူးထားသည့် The Hurt Locker အကောင်းဆုံးဇာတ်ကားဆု နှင့် အကောင်းဆုံးဒါရိုက်တာဆုရရှိ”

၈၂ ကြိမ်မြောက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနား

ဂျပန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှတ်တမ်းရုပ်ရှင် The Cove ဆုရရှိသွား၍
Burma VJ ဇာတ်ကားအော်စကာဆု နှင့် လွဲ

အကောင်းဆုံးမင်းသမီးဆု ……………………………….The Blind Side ဇာတ်ကားမှ ဆန်ဒရာဘူ လောခ်
အကောင်းဆုံးမင်းသားဆု ………………………………..The Crazy Heart  ဇာတ်ကားမှ Jeff Bridges
အကောင်းဆုံးဇာတ်ပို့ မင်းသမီးဆု ……………………….Precious ဇာတ်ကားမှ Mo ‘ Nique
အကောင်းဆုံးအမျိုးသား ဇာတ်ပို့ ဆု …………………….Inglorious Basterds ဇာတ်ကားမှ
” Christopher Waltz ”
အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောဇာတ်ကားဆု..
“The Secret in Their Eyes,” from Argentina.

• အကောင်းဆုံး အနုပညာ ရိုက်ကွင်းဆု                : “Avatar”
• အကောင်းဆုံးအသံတည်းဖြတ်မှုဆု                   : “The Hurt Locker”
•အကောင်းဆုံးဝတ်စားဆင်ယဉ်မှုဆု                    : Sandy Powell for “The Young Victoria”
.အကောင်းဆူံးမိတ်ကပ်ဆု                                   : “Star Trek”
အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု : “THE Cove “(ဂျပန်)
အကောင်းဆုံး အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆု:”Avatar”
Best animated film goes to “Up.”

၈၂ ကြိမ်မြောက် အမေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကို ဤနေရာ မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှု နိုင်သည်   Go To Oscar Live Blog

ဆန်ဒရာဘူလောခ် ၊ကတ်သရင် ဘီဂယ်လို၊မိုနစ်၊ဂျဖ် ဘရစ်၊ခရစ္စတိုဖာဝေါဇ်၊Up Animation ဇာတ်ကားဒါရိုက်တာ Pete Doctor

အကောင်းဆုံး အော်စကာဖက်ရှင် အဖြစ် စိတ်ဝင်စားခြင်းခံရသည့် ပယ်နီလိုပီ ခရုဇ် နှင့် ဂျနီဖာ လိုပက်ဇ်

Continue reading “၈၂ ကြိမ်မြောက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနား”