ဒီမောဆို ကို မြန်မာ့ တပ်မတော် ဘယ်လို ပြန်ထိမ်းချုပ် လိုက်သလဲ

ကယားပြည်နယ် ဒီမော့ဆိုမြို့ကို တပ်မတော် စစ်ကြောင်း တွေ က ဩဂုတ် လဆန်း ပိုင်း ကတည်း က နေ တစ်ပိုင်း ချင်းစီ သိမ်းပိုက် ပြီး နောက်ဩဂုတ်လ ၁၉ရက်နေ့မှာ တစ်မြို့ လုံး ကို အပြည့် အဝ ပြန်လည် သိမ်းပိုက် ထိန်းချုပ် လိုက် နိုင် ပြီ လို့ Freedom News Group က သိရပါတယ်။

ဒီမော့ဆို မြို့ ကို ပြန်လည် သိမ်းပိုက် ရာမှာ ရှမ်းပြည်နယ် နောင်ချို မြို့ ကို သိမ်းတုန်း က အသုံးပြု ခဲ့ တဲ့ စစ်ဗျူဟာ မျိုး မဟုတ်တော့ ဘဲ မြို့ ရဲ့ နယ်နမိတ် ထဲ ကို အသေခံ တပ်သား တွေ နာ နေရာချ အထိုင်ယူ နိုင် အောင် ကြိုးစား ပြီး မှ နောက်ချန် တပ် တွေ တဖြည်းဖြည်းချင်း စိမ့်ဝင်လာကာ Infiltration Tactics မြို့ကို တစ်ကန့်ချင်း စီ တဖြည်းဖြည်း ချင်း သိမ်းသွား တာပါ။

🛢️ကယားပြည်နယ် ကို ပြန်လည် သိမ်းပိုက်ပုံ အဆင့်ဆင့်

ဇွန် လ ၁၀ ရက် ၂၀၂၄

ရှမ်းပြည် နယ် တောင်ပိုင်း က ပအို့ဝ်ဒေသ ဆီဆိုင်-ပင်လောင်း ကနေ တစ်ဆင့် စစ်သည် အင်အား တစ်ထောင့် နှစ်ရာ ကျော် နဲ့ လွိင်ကော် ကို စတင် ချီတက် ထိုးစစ် ဆင် ကာ လွိုင်ကော်မြို့နား ကို ဇူလိုင်လ ကုန် မှာ ရောက်ရှိ

၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ တွင် ကယားပြည်နယ် ဒီမောဆို မြို့ ကို ပြန်လည် ထိမ်းချုပ် ပြီး နောက် တွင် တွေ့ ရသည့် မြန်မာ့ တပ်မတော် မှ တပ်ဖွဲ့ ဝင်များ
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ တွင် ကယားပြည်နယ် ဒီမောဆို မြို့ ကို ပြန်လည် ထိမ်းချုပ် ပြီး နောက် တွင် တွေ့ ရသည့် မြန်မာ့ တပ်မတော် မှ တပ်ဖွဲ့ ဝင်များ

သြဂုတ်လ ၁၂ ရက်‌ ၂၀၂၄

ကယားပြည်နယ် မြို့တော် လွိုင်ကော် ကို တပ်မတော် မှ ပြန်လည် သိမ်းပိုက်ပြီး ဘော်လခဲ၊ မိုးဗြဲ နဲ့ ဒီမော့ဆို မြို့ များ ကို သိမ်းပိုက် ဖို့ ရန်နိင်မင်း စစ်ဆင်ရေး စတင် အကောင်အထည် ဖော်

ဇူလိုင်လ ၇ ရက် နေ့ ၂၀၂၅

ခြောက် လ ကျော်ကြာ စစ်သည် အင်အား ၇၀၀ ကျော် အပါအဝင် စေတနာ့ ဝန်ထမ်း တပ် တွေ နဲ့ တိုက် ခိုက် ပြီး နောက် ဇူလိုင် လ ၇ ရက်နေ့ မှာ မိုးဗြဲ မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့

🚨ရန်နိုင်မင်း စစ်ဆင် ရေး တွင် ပါဝင် တိုက် ခိုက်သည့် အဖွဲ့ များ

လွိုင်ကော်၌ ဒေသကွပ်ကဲရေးစစ် ဌာနချုပ် (အမိန့်ပေး စနစ်)

ခလရ ၅၄

ခလရ ၂၅၀

ခမရ ၄၂၂

ခမရ ၄၂၂ ကို လိုလားတဲ့

မိုးဗြဲ စေတနာ့ ဝန်ထမ်း နယ်မြေ ရှင်းလင်း ရေးတပ်

(ခရစ်ယာန် သင်းအုပ် ဆရာတော် တွေ ပါ ရိက္ခာ အတွက် ကူညီ ဟု သိရ)

ခလရ ၂၆၁

အမြောက်တပ်ရင်း ၃၆၂ တပ်

ငွေတပ် ခလရ ၁၀၂

ကိန္ဒရီ ပြည်သူ့စစ်

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြောက်ဦး

မှာ တပ်ဖွဲ့ ဝင် တွေ ပါဝင် တဲ့ ပြန်စုဖွဲ့

တပ်မ ၅၅

တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၂ ရင်း

ပအိုဝ့်ပြည်သူ့စစ် PNO

ပအိုဝ့် စေတနာ့ ဝန်ထမ်း ရိက္ခာ အကူတပ်

လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလွင် ဦးဆောင်သည့် ပြည်သူ့ စစ်

ဧက၅၀၀ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင် သည့် ဧက ၅၀၀ ပြည်သူ့စစ်

ဆီဆိုင်-နောင်ကျော ပြည်သူ့ စစ် နဲ့ အထွေထွေ ထောက်ပို့ တပ်ရင်း

၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ တွင် ကယားပြည်နယ် ဒီမောဆို မြို့ ကို ပြန်လည် ထိမ်းချုပ် ပြီး နောက် တွင် တွေ့ ရသည့် မြန်မာ့ တပ်မတော် မှ တပ်ဖွဲ့ ဝင်များ အား မြို့ နယ် ပြည်သူ့ ဆေးရုံ ရှေ့ တွင် တွေ့ ရစဥ်