1998 Generation Students Criticize On Main Opposition Party Pay Respect To Junta
တင်ကျော်ကျော်စိုး
၁၉၉၈ ခုနှစ်က NLD ပါတီ၏ ရက်ပေါင်း ၆၀ တွင်း လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံ သော အားဖြင့် လှည်းတန်းလမ်းဆုံတွင် ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သော ကျောင်းသား ဟောင်းများက ယခုလက်ရှိအခြေအနေတွင် NLD ပါတီမှ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်မည်ဆိုသော မှန်းဆချက်များအပေါ် ဝေဖန်လိုက်သည်။
၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် ကိုကျော်လင်းဦးက “ NLD က ၉၀ ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ၉၈ မှာလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ အသေအချာ တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက နအဖက ဒီလို တောင်းဆိုယုံနဲ့ လွှတ်တော်ခေါ်ပေးမှာမဟုတ် ဘူးလို့ ကျနော်တို့က တွက်တယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်အောင် လုပ်ပြီး နအဖ ကိုစိန် ခေါ်တဲ့၊ ဖိအားပေးတဲ့ လှုပ်ရှားမှုကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီလှုပ်ရှားမှုကြောင့် ကျောင်းသားပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ တချို့ဆို ခုထက်ထိ မလွတ်သေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက NLD ကအဖျားရှုး သွားပြီး နောက်ဆုံး CRPP လောက်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။ အခုCRPP ရော၊ ရွှေဂုံတိုင် ကြေငြာချက်ကို ရော ဆုတ်ဖြဲပြီး ရွေးကောက်ပွဲ ပြန်ဝင်ဦးမယ်ဆိုယင်တော့ ကျနေုာ်တို့ ပေးဆပ်ရကျိုးမနပ်ဘူးလို့ပဲ ပြောချင် ပါတယ်။ အဲဒီတုန်းကတည်း ထောင်ကျနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ခုထက်ထိ ထောင်ထဲမှာရှိနေပါ သေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူးဗျာ။´´ ဟု ပြောဆိုခဲ့သည်။
မြန်မာပြည်တွင်းမှာ တရားဝင် ထုတ်ဝေသည့် The Voice ဂျာနယ်တွင် အပတ်စဉ် ဆောင်းပါများ ရေးသား ပြီး လက်ရှိရွေးကောက်ပွဲကို ထောက်ခံသည့် ၉၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေသန်မောင်ကလည်း “ Continue reading “NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်