စာရွက်စာတမ်း ပုံနှိပ် ဖြန့်ချိလိုသည့် နိုင်ငံရေးပါတီများ ပုံနှိပ် ထုတ်ဝေခွင့် မှတ်ပုံတင်ကြေး အပြင် အာမခံကြေး ကျပ်ငါးသိန်း ပေးသွင်းရမည်

နိုင်ငံရေးပါတီ သစ်များစာပေစီစစ်ရေး၏ခွင့်ပြုချက်ရရှိမှသာ ပုံနှိပ်ထုတ်ဝေခွင့်ရရှိမည်ဖြစ်သည်

တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား

ရပ်တည်ချက်၊ မဲဆွယ်စည်ရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာ

ရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း  စာစောင်များအား ပုံနှိပ်ဖြန့်ချိလိုပါက ပုံနှိပ် ထုတ်ဝေခွင့်

သက်သေခံလက်မှတ် မှတ်ပုံတင်ကြေးကျပ်တစ်သိန်းအပြင် အာမခံကြေးငွေကျပ် ငါးသိန်းကို

ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများကြီးကြပ်မှု ဗဟို

အဖွဲ့သို့ ပေးသွင်းရမည်ဟု သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ Continue reading “စာရွက်စာတမ်း ပုံနှိပ် ဖြန့်ချိလိုသည့် နိုင်ငံရေးပါတီများ ပုံနှိပ် ထုတ်ဝေခွင့် မှတ်ပုံတင်ကြေး အပြင် အာမခံကြေး ကျပ်ငါးသိန်း ပေးသွင်းရမည်”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

ယနေ့ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အရေးပါသည့် သမိုင်းဝင်ဆုံးဖြတ်ချက်ကိုချရတော့ မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးအား တနင်္ဂနွေ နေ့ က တွေ့ ရစဉ် ။ပါတီ ရုံးရှေ့ ရှိ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ သင်္ကေတ ခမောက် ကြီး တွင် မူ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဟု ရေးထားသည် ကို ဤသို့ တွေ့ ရှိရသည်။
အကူးအပြောင်းကာလ တွင်အတွေ့ အကြုံရင့်ကျက် သည့် နိုင်ငံကြီးများက ၀င်ရောက်စွက်ဖက်တတ်သဖြင့် ပြည်ပ နိုင်ငံများ အား အားကိုမိခြင်းမပြုရန် သတိပေးပြောကြား သွားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို မတ်လ ၂၇ ရက်နေ့ က နေပြည်တော်ရှိ စစ်ရေးပြကွင်း တွင် တွေ့ ရစဉ်
တပ်မတော်နေ့ တွင် နိုင်ငံခြားစစ်သံများ နှင့် အတူတွေ့ ရသည့် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှုး ဗိုလ်မှုးကြီး ဘရေးစလုံး (အင်္ကျီ အဖြူ နှင့် အမျိုးသမီး) ဓာတ်ပုံ - CNN
အာဖဂန် နစ္စတန် ကဘူလ်းမြို့ သို့ ယနေ့ ရှောင် တစ်ခင်သွားရောက်လည်ပတ်သည့် သမ္မတ အိုဘားမား
အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီတပ်ဦးမှ ခေါင်းဆောင်များ နှင့် တွေ့ ဆုံဆွေးနွေးနေပြီုဖြစ်သည့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် REUTERS/Chaiwat Subprasom

ဆယ်နှစ်ပြည့်ချောင်းသာကမ်းခြေဖက်ရှင်ပြိုင်ပွဲတွင် First Runner up ဆုရရှိခဲ့သည့် ခြူးသက်နွယ်

နေပြည်တော် သင်္ကြန် အတွက် မဏ္ဍပ်များက အဆိုတော် အပြိုင်အဆိုင်ငှားကြရာ ယခုနှစ် တွင် မဏ္ဍပ် အများ ဆုံး လာရောက် ငှားရမ်းသည့် အဆိုတော် ဂျင်းနီ

ဓာတ်ပုံများအားဆက်လက်ကြည့်ရှုရန် ကလစ်နှိပ်ပါ

Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ကြားဖြတ် အချက်အလက် ဖမ်းယူနိုင်သည့် အင်တာနက် ဆက်သွယ်ရေး ကိရိယာများ စစ်အစိုးရ အာား ရောင်းချခြင်းမရှိ ဟု အယ်(လ)ကာတလ် လူဆန့် ငြင်းဆို

Alcatel-Lucent Denies Supplying Surveillance Gear to Myanmar

ဟိန်းခိုင်ထွန်း

ပြင်သစ် နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ကြီး တစ်ခု ဖြစ်သည့်
အယ်(လ)ကာတယ်(လ)လူဆန့် ကုမ္ပဏီက မြန်မာစစ်အစိုးရအား ကြားဖြတ်အသံဖမ်း
နိုင်သော စက်များ နှင့် ဒစ်ဂျစ်တယ် သတင်းအချက် အလက်များအား ခြေရာခံခြင်း နှင့်
စီစစ်ဖြတ်တောက် နိုင်သော စက်များရောင်းချပေးခြင်း မရှိပါ ဟု
ယနေ့ ထုတ် နိုဗလ် အော်ဗဆာဗေးရှား မဂ္ဂဇင်းမှ တစ်ဆင့်ငြင်းဆိုလိုက်သည်။ Continue reading “ကြားဖြတ် အချက်အလက် ဖမ်းယူနိုင်သည့် အင်တာနက် ဆက်သွယ်ရေး ကိရိယာများ စစ်အစိုးရ အာား ရောင်းချခြင်းမရှိ ဟု အယ်(လ)ကာတလ် လူဆန့် ငြင်းဆို”

Associations challenge Alcatel’s activities in Burma

ပြင်သစ် သတင်းစာစောင် နိုဗလ်လောဘ် တွင် ပါရှိသည့် ဆောင်းပါးကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုထားခြင်းဖြစ်သည်
NOUVELOBS.COM | 26.03.2010 | 17:05

Exclusive Sherpa Associations, Info-Burma and Reporters Without Borders sent
a letter to Alcatel-Lucent, which they accuse of abetting the Burmese junta.

Following the investigation, “Burma: Resistance, business and secret nuclear” journalist Paul Moreira, to be broadcast this Friday, March 26th on Canal +, in which he reveals that a subsidiary of Alcatel-Lucent, Alcatel Shanghai Bell has established a network for the Burmese junta, associations Sherpa, Info-Burma and Reporters Without Borders have decided to publicly challenge the leadership of the Franco-American, by sending him a letter which we publish in exclusivity. Continue reading “Associations challenge Alcatel’s activities in Burma”

ရန်ရန်ချမ်း နှင့် ချီလီ ဧပြီလ တွင်လက်ထပ်မည်

မကြာခင်လက်ထပ်ကြတော့မည့် ရန်ရန်ချမ်း နှင့် ချီလီနာမည်ကျော် ဟစ်ဟောပ် အဆိုတော် ရန်ရန်ချန်း  နှင့်
ချီလီ တို့ သည် ဧပြီ လတွင် လက်ထပ်ထိမ်းမြားတော့ မည်
ဟု သတင်းရရှိသည်။ရန်ရန်ချမ်းသည် နာမည်ကျော် ACID ဟစ်ဟောပ်
အဖွဲ့ ၏ အဆိုတော် တစ်ဦး လည်း ဖြစ်သည်။ Continue reading “ရန်ရန်ချမ်း နှင့် ချီလီ ဧပြီလ တွင်လက်ထပ်မည်”

အောက်တိုဘာ သို့ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ လုပ်မည် ဟု တရားဝင် ပြောကြား

ရွေးကောက်ပွဲ နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ ကို သတိပေး စကားပြောကြားခဲ့သည့် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ AP - Photo

အောက်တိုဘာ လ နောက်ဆုံးပတ် (သို့ မဟုတ် ) နိုဝင်ဘာ လ ပထမ ပတ် တွင်ရွေးကောက်ပွဲ ကျင်းပမည် ဟု ယနေ့ ကျင်းပသည့်
၆၅ နှစ် မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့ ) အခမ်းအနားတွင် အဆင့်မြင့် မြန်မာ စစ်ခေါင်းဆောင် တစ်ဦးက အေအက်(ဖ)ပီ
သတင်းဌာန ကိုတရားဝင်ပြောကြားသည်။ Continue reading “အောက်တိုဘာ သို့ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ လုပ်မည် ဟု တရားဝင် ပြောကြား”

ထွက်ပေါက်ပိတ် နေသည် မှာ NLD နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ မဟုတ်ပဲ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေ (အယ့်ဒီတာ့ အာဘော်)

Prepare For Glory

နောက်ဆုံးလက်ပြ နှုတ်ဆက်ခြင်းပေးလော ဓာတ်ပုံ - ရိုက်တာ

အသက် ခုနှစ်ဆယ် ကျော် အရွယ်ရှိ သည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ
မိမိ၏ ပါးနပ်ကျင်လည် မှု အတွက် အတိုက်အခံများ ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များ
အခက်တွေ့ ကာ ပြိုကွဲ တော့ မည် ဟု စိတ်ကူးယဉ် နိုင်သော် လည်း လက်တွေ့ တွင် ထိုသို့ ဖြစ်လာ
ဖို့ က ရာခိုင် နှုန်း အလွန် နည်းပါးသည်။

နိုင်ငံ အရှေ့ ပိုင်းရှိ လက်နက် ကိုင် အဖွဲ့ များ ကို နှိမ်နှင်းရန် မ၀ံ့မရဲ ဖြစ်နေချိန် တွင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် ကို အစိတ်စိတ် အမြွာမြွာ ဖြစ်စေရမည် ဟု အကြံကလည်း ပြည်တွင်းနိုင်
ငံရေး အကျပ်အတည်း နှင့် နိုင်ငံတကာ ဖိအားပေးမှု နှင့် သာ ကြုံစေရသည်။ Continue reading “ထွက်ပေါက်ပိတ် နေသည် မှာ NLD နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ မဟုတ်ပဲ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေ (အယ့်ဒီတာ့ အာဘော်)”

” ၀ “အမျိုးသမီး များအား စစ်ဖြစ်ပွားလာပါက မုဒိမ်းကျင့် ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ညွှန်ကြားထား

Rape em’ All : Command from Nay Pyaidaw

နေပြည်တော်တွင် ယနေ့  ကျင်းပသည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲ (AP Photo)

တင်ကျော်ကျော်စိုး ၊        ၊အကယ်၍ ထိတွေ မှု ရှိလာ ခဲ့ပါက ထိုအချိန်ကာလ နှင့် ထိုအချိန် ကာလ
မရောက်ခင် အချိန်များတွင်နယ်ခြားစောင့် တပ်ဖွဲ့ စည်းရန် ငြင်းဆိုသည့် ၀ တပ်ဖွဲ့ မှ လက်နက်ကိုင် အမျိုးသမီးများ အား မုဒိမ်းကျင့်ရန်နေပြည်တော် မှ တိုက်ရိုက် အမိန့် ပေးထားသည် ဟု ရှမ်းပြည် အရှေ့ မြောက် ပိုင်းတွင် အခြေစိုက်သည့် မြန်မာစစ်တပ် မှ အမည် မဖော်လို သည့် အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “” ၀ “အမျိုးသမီး များအား စစ်ဖြစ်ပွားလာပါက မုဒိမ်းကျင့် ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ညွှန်ကြားထား”

စီအန်အန် သတင်းထောက်ကို စစ်အစိုးရ နှင်ထုတ်

နေပြည်တော်ရှိ တည်ဆောက်ဆဲ လွှတ်တော်သစ် March 26, 2010

ယနေ့ နေပြည်တော်တွင် ကျင်းပမည့် တပ်မတော်နေ့  အခမ်းအနားအတွက်
တရားဝင် သတင်းယူရန် ခွင့်ပြုချက်ရရှိထားသည့် အမေရိကန်
အခြေစိုက် ကမ္ဘာ့ သတင်းဌာနတစ်ခုဖြစ်သည့် CNN သတင်းဌာန မှ
သတင်းထောက် ဒန် ရေးဗား ကို မြန်မာ စစ်အစိုးရက ပြည်ဝင်ခွင့် မပေး
ပဲ ပြန်လည် နှင်ထုတ်ခဲ့သည် ဟု သတင်းရရှိသည်။

ဒန်ရေးဗား သည် ၂၀၀၈ ခုနှစ် မေလ က နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်
မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး သတင်းယူစဉ် နိုင်ငံတွင်း မှ နှင်ထုတ်
ခံရခြင်း မှတ်တမ်းရှိ သောကြောင့် ထိုကဲ့သို့ ပြည်ဝင်ခွင့် လက်မခံရခြင်း
ဖြစ်သည် ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ Continue reading “စီအန်အန် သတင်းထောက်ကို စစ်အစိုးရ နှင်ထုတ်”

သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရ

သဲသဲ Friday, March 26, 2010

သားစိုး သီဆိုဖျော်ဖြေနေစဉ် ဓာတ်ပုံ - နယူးယောက်တိုင်းမ်

အဆိုတော် သားစိုး၏ လက်ညှိုး ပြတ်ရှ ဒဏ်ရာအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါကူ အထူးကု ဆေးခန်းသို့ သွားရောက် ကုသမှုခံခဲ့ရာ အထိအတွေ့ မသိရတော့သဖြင့် တခြား အထူးကု ဆရာဝန်ထံတွင် ကုသခဲ့ရကြောင်း သိရသည်။

ဘယ်ဘက် လက်ညှိုးကို ကတ်ကြေးဖြင့် ညှပ်မိခဲ့သဖြင့် အဆိုပါ ဒဏ်ရာကို သျှင်ပါဂူ ဆေးခန်းက  ပြန်လည် ချုပ်ပေးသည့် ချုပ်ရိုးကြောင့် လက်ချောင်း အာရုံကြောများ ထိခိုက်ကာ ဘယ်ဘက် လက်တဘက်လုံး ထိတွေ့မှု မသိဘဲ ထုံကျင်ခဲ့ခြင်း ဖြစ်ကြောင်း သားစိုးက ဆိုသည်။
“ဒီလက်အတွက် ဘယ်လို လုပ်သင့်လဲလို့ ဆရာဝန်ကို ဖြစ်ကတည်းက ပြောပါတယ်။ သူက ရတယ်၊ ဘာမှ မဖြစ်ဘူး ချုပ်လိုက်ပါ ဆိုပြီး ချုပ်လိုက်တယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။ Continue reading “သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရ”

ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ

မတ်လ ၂၄ ရက် ဗွီအိုအေ အသံလွှင့် အစီအစဉ်မှ ကောက်နှုတ်ချက်

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ခေါင်းဆောင် တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရှိန်အ၀ါနဲ့ အဓိကရပ်တည်နေတယ်ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ၀င်မယ်မ၀င်ဘူး ပြတ်ပြတ်သားသား ပြောကြားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ အခု ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့  ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတာကို ဆရာဘယ်လိုပြောလိုပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့  ရပ်တည်ရေးအတွက် နောက်ဆုံးအဆင့်ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အ၀တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်မယ်ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံးဝအယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန်နေကြပါပြီ။ Continue reading “ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ”

၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် ဂျာနယ် ကြော်ငြာပုံ ထူးခြား

Monitor News Journal ၏ ကြော်ငြာဘုဒ်

ယူကွန် ၊          ၊စစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် အနေဖြင့် ထုတ်ဝေသည့်
သည့် ဆိုသည့် Monitor News Journal မှာ ဆန်းပြားသော ကြော်ငြာပုံကြောင့် လမ်းသွား
လမ်းလာ များမျက်စေ့ကျ လျှက်ရှိသည်။ Continue reading “၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် ဂျာနယ် ကြော်ငြာပုံ ထူးခြား”

ကုလ နှင့် မြန်မာ့ မိတ်ဆွေ နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေ ကို မနှစ်မြို့ 

တရားမမျှတသည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ဒေလီရှိ မြန်မာ သံရုံးရှေ့တွင် မြန်မာ နိုင်ငံသားများ ဆန့် ကျင်ဆန္ဒပြစဉ်(Photo credit should read MANAN VATSYAYANA/AFP/Getty Images)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ စစ်အစိုးရ ထုတ်ပြန်
တဲ့ရွေးကောက်ပွဲ ဥပဒေဟာ ဘယ်လိုနည်းနဲ့ မှာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ
ဥပဒေ ဖြစ်လာ နိုင်စရာ အကြောင်း မရှိဘူး လို့ ပြောကြားလိုက်ပါတယ်။ Continue reading “ကုလ နှင့် မြန်မာ့ မိတ်ဆွေ နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေ ကို မနှစ်မြို့ ”