ပေါ်နွေလလျှင် အစချီ ပိုဒ်စုံရတု

နတ်သျှင်နောင်

(၁) ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပျပ်လျက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ-မတတ်သောဝ်။

(၂) မြှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျှံကဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တည့်၊ စပယ်ဖြူမွှေး၊ စကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်နှင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်ဆောင်ပန်းမာလ်၊ မမီလွန်ခဲ့၊ ချိန်တန်သို့သည်၊ ဖြန့်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေမျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်းလျှက်၊ ဝမ်းနည်းလျှက်ပင်၊ ရှိလိမ့်ထင်သည်။ ။ ညက်စင်စံမျာ့-အထွတ်သော်။ Continue reading “ပေါ်နွေလလျှင် အစချီ ပိုဒ်စုံရတု”

ရွှေတိဂုံဘုရားလမ်းရှိ သိမ်ကြီးဈေး ဒီရုံ မီးလောင်

ယနေ့ ညနေ ၆ နာရီ ကျော်အချိန်က ရန်ကုန် မြို့ ရွှေတိဂုံဘုရားလမ်းရှိ မင်္ဂလာ ရုပ်ရှင်ရုံတည်ရှိ
သော သိမ်ကြီးဈေးဒီ ရုံတွင် မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ စားသောက် ဆိုင်မှ စတင်လောင်
ကျွမ်းသော ထိုပေါ့ဆမီးမှာ တစ်နာရီနီးပါး လောင်ကျွမ်းပြီးနောက် မီးညွှန့် ကျိုးသွားခဲ့သည်။

သိမ်ကြီးဈေး ဒီ ရုံ တွင် ရှန်ဟိုင်း ကုန်တိုက် အပါအ၀င် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံ၏
အထပ်မြင့် အဆောက် အဦ တစ်ခုဖြစ်ကာ ဆိုင်ခန်းများ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများက ဖွင့်
လှစ်ထားသည်။

မင်္ဂလာ ရုပ်ရှင်ရုံ တွင် အတည်ပေါက်ရုပ်ရှင် ဇာတ်ကားကြည့်နေသူများ မှာ မီးလောင် နေသည့် သတင်း အားကြေညာ သည့် အခါ အတည်ပေါက်နောက် နေသည် ထင်ကြသည်
ရန်ကုန်မြို့ ၏ အထပ်မြင့် အဆောက်အဦ များတွင် တစ်ခုအပါအ၀င် ဖြစ်သည့် သိမ်ကြီးဈေး ဒီ ရုံ မီးလောင်စဉ်

Continue reading “ရွှေတိဂုံဘုရားလမ်းရှိ သိမ်ကြီးဈေး ဒီရုံ မီးလောင်”

နာမည်ကျော် ကဗျာဆရာများက ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာလက်ရေးပြပွဲ စီစဉ်

ကဗျာပြပွဲစီစဉ်သူ ကဗျာဆရာ သစ္စာနီ ဓာတ်ပုံ-မိုးလှိုင်ည ဘလောက်

နာမည်ကျော် ကဗျာဆရာများဖြစ်သည့်  အောင်ဇင်မင်း၊သစ္စာနီ၊မောင်လင်းရိပ်၊မင်းထက်မောင်နှင့်
မင်းထင်ကိုကိုကြီး တို့ ဦးစီးပြီး မတ်လ ၂၁ ရက်နေ့  ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် အဖြစ်
ရန်ကုန် မြို့ တွင် ကဗျာလက်ရေးပြပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း Freedom News Groupမှ သတင်းရရှိ
သည်။ Continue reading “နာမည်ကျော် ကဗျာဆရာများက ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာလက်ရေးပြပွဲ စီစဉ်”

ကင်မရွန်း နိုင်ငံသားနှစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိ

မြန်မာ နိုင်ငံ ရန်ကုန်မြို့ ရှိ ဟိုတယ် တစ်ခုတွင် တည်းခိုနေထိုင်၍ အမေရိကန် ဒေါ်လာငွေ
စက္ကူ အတုပြုလုပ်ပေး နိုင်သည် ဟု လိမ်လည်သူ ကင်မရွန်း နိုင်ငံသား နှစ်ဦးသည် ငွေ
စက္ကူအတုပြုလုပ်ရန် ကြိုးစားမှုဖြင့် ထောင်ဒဏ် တစ်သက် ထိပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း
ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဖော်ပြထားသည်။

ကင်မရွန်း နိုင်ငံသား နှစ်ဦးအားဖမ်းဆီးထားစဉ် အတောအတွင်း ရန်ကုန်မြို့ ရှိ အမေရိကန်
ဒေါ်လာ မှောင်ခိုဈေးကွက် တွင် ဒေါ်လာငွေ အတုလုပ် သည့် စက်များ တွေ့ ရှိထားသည် ဟု
ဆိုကာ အမေရိကန် ဒေါ်လာနှင့် မြန်မာ ငွေလဲလှယ်ဈေး မတည်မငြိမ် ဖြစ်ခဲ့သည်။ Continue reading “ကင်မရွန်း နိုင်ငံသားနှစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိ”

ဒေါ်လာအတု ပြုလုပ်ပေးမည်ဟု လိမ်လည်သူ နိုင်ငံခြားသား ဘောလုံးသမား နှစ်ဦးအား လမ်းမတော်မြို့နယ်တရားရုံးတွင် တရားစွဲတင်

Myanmar Arrests U.S . Currency  Counterfeiter (ယနေ့ ထုတ် ၀ီကလီ အီလဲဗင်း သတင်းဂျာနယ်မှ)

ဒေါ်လာအတုပြုလုပ်ပေးမည် ဟုဆိုကာ လိမ်လည်သူကင်မရွန်းနိုင်ငံ သားဘောလုံးသမားနှစ်ဦးအား လမ်းမတော်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားကြောင်းသိရသည်။
အဆိုပါ ကင်မရွန်းနိုင်ငံသား ဘောလုံးသမားနှစ်ဦးသည် မြန်မာနိုင်ငံရှိ ဘောလုံးကလပ်များတွင် ကြေးစားကစားရန် ပြည်တွင်းသို့ ၀င်ရောက်လာခဲ့သော်လည်း ပြည်တွင်းတွင် ဘောလုံးကလပ်အသင်းများနှင့် ညှိနှိုင်းမရခဲ့ကြောင်း၊ လမ်းမတော် မြို့နယ် ၀ါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်း အနီး ဟိုတယ်တစ်ခုတွင် တည်းခိုနေခဲ့ကြောင်းသိရသည်။ Continue reading “ဒေါ်လာအတု ပြုလုပ်ပေးမည်ဟု လိမ်လည်သူ နိုင်ငံခြားသား ဘောလုံးသမား နှစ်ဦးအား လမ်းမတော်မြို့နယ်တရားရုံးတွင် တရားစွဲတင်”

ဒီတစ်ပတ်သတင်းဓာတ်ပုံ

ဖေဖော်ဝါရီလ၂၇ ရက်နေ့ တပေါင်းလပြည့်နေ့ မနက်က ရန်ကုန်မြို့ ရှိ ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ ဗိုလ်တစ်ထောင်ဘုရားအားဖူးတွေ့ ရစဉ်
တပေါင်းလပြည့်နေ့ မနက်က ရွှေတိဂုံဘုရားတွင်လုံခြုံရေးများတင်းကျပ်ထားသော်လည်း ဘုရားဖူးများဖြင့် ဤသို့ စည်ကားနေစဉ်ကိုတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
နိုင်ငံတ၀ှမ်းရှိဘုန်းတော်ကြီးကျောင်းများတွင်အကြောင်းမဲ့လုံခြုံရေးများတိုးမြှင့်ချထား မှုကြောင့် ဘုန်းတော်ကြီးပညာသင်ကျောင်းသားများနှင့် ကျောင်းဒကာများမှ ဒုက္ခရောက် ကြရသည်။
တပေါင်းလပြည့်နေ့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ရေသပ္ပာယ်ကြစဉ် ဓာတ်ပုံ-အေပီ
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က Baron's Cup 2010 နိုင်ငံတကာမြင်းစီးပြိုင်ပွဲဖွင့်ပွဲ အား ရန်ကုန် မြို့ ဉ်ကျင်းပခဲ့သည်ကို တွေ့ ရစဉ် ထိုမြင်းစီးပြိုင်ပွဲအား ပုဂံ၊ညောင်ဦး၊ဧရာဝတီ နှင့် ရန်ကုန် တို့ တွင် ကျင်းပမည် ဖြစ်သည် ဓာတ်ပုံ-အေပီ
မြန်မာနေရှင်နယ်လိဂ်တွင် ထပ်မံပါဝင်မည့် နောက်တိုးသုံးသင်း ဖြစ်သည့် ကရင်ပြည်နယ်ကိုယ်စားပြု ဇွဲကပင် ယူနိုက်တက်၊နေပြည်တော် ကလပ် နှင့် ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေ ကလပ်
ပရိသတ်စိတ်ဝင်စားမှုရနေသည့် မျိုးကျော့မြိုင်နှင့်ထွန်းအိန္ဒြာဗို တို့ ၏ တကယ်မချစ်ဘဲနဲ့ အမည်ရှိ တေးသီချင်းခွေ
ဆီဒိုးနားဟိုတယ်တွင်ကျင်းပခဲ့သည့် ဖျော်ဖြေပွဲတစ်ခုတွင် အဆိုတော် ၀ိုင်းစုခိုင်သိန်း သီဆိုဖျော်ဖြေနေစဉ်

Continue reading “ဒီတစ်ပတ်သတင်းဓာတ်ပုံ”

နှစ်၁၀၀ အတွင်းအင်အားအကြီးမားဆုံး ငလျှင်လှုပ်ပြီးနောက်ချီလီ အပျက်အစီးမြင်ကွင်း (CNN Photo)

ချီလီ ငလျှင် ဓာတ်ပုံများနှင့်  နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံးငလျှင်များ လှုပ်ခတ်ခဲ့သည့် ဒေသနှင့် စာရင်း

Feburary 27, 2010 06:45 p.m. EST

A massive 8.8-magnitude earthquake rocked Chile early on Saturday, February 27, leaving hundreds of people dead, destroying parts of southern Chile and triggering tsunami warnings for the entire Pacific basin.

စစ်အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံနေသည့် ၀ ခေါင်းဆောင် ညှိုနှိုင်းမှု အဆင်မပြေ

ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ
လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တန့် ယန်းမြို့ တွင် တွေ့ ဆုံနေစဉ် ဆွေးနွေးညှိ
နှိုင်းမှု များ အဆင်မပြေ ဖြစ်သည် ဟု သတင်းရရှိသည်။

ထိုအဆင်မပြေမှုများကြောင့်  ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်းဦးဆောင်သည့် အဖွဲ့ ဝင် ၈ ဦး
အား ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။(ထိုသတင်း နှင့် ပတ်သက်၍ Freedom News Group မှ သီး
ခြား အတည်ပြုချက် မရရှိသေးပါ) Continue reading “စစ်အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံနေသည့် ၀ ခေါင်းဆောင် ညှိုနှိုင်းမှု အဆင်မပြေ”

၂၄နာရီအတွင်း အင်းအားပြင်းငလျှင်နှစ်ခုလှုပ်ခတ် ဟာဝိုင်ယီတွင် စုနမိသတိပေးချက် ထုတ်လွှင့်(ဗီဒီယို)

Asia braces for tsunami after Chile quake (AP)

U.S Geological Survey မှထုတ်ပြန်သည့် ငလျှင်ကြော အရ ဖြစ်ပေါ်နိုင်သည့် စုနမီ မြေပုံ (ခန့် မှန်းချက်) အေအက်(ဖ)ပီ

Breaking News (ချီလီတွင် ငလျှင်လှုပ်ခတ်ပြီးနောက် အာရှတွင် စုနမိ သတိပေးချက် ထွက်ပေါ်လာ၍ မြန်မာ ကမ်းရိုးတန်းနေသူများ သတိပြုရန်လို )
စနေနေ့ အစောပိုင်းက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တွင် ပြင်းအား ၇ အဆင့်ရှိ ငလျှင် တစ်ခု လှုပ်ခတ်
ခဲ့ပြီး ယနေ့ စနေနေ့ မနက် ချီလီ တွင် ပြင်းအား ၈.၈ အဆင့်ရှိ ငလျှင် တစ်ခု လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံး
ရှုံးမှုများ ရှိခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သည်။

ချီလီနိုင်ငံတွင် ငလျှင်လှုပ်ခတ်သွားပြီးနောက်တွေ့ ရစဉ် ဓာတ်ပုံ-ရိုက်တာ

အမေရိကန် ဘူမိ လေ့လာရေး ဌာနက ဟာဝိုင်ယီ နှင့် ပိစိဖိတ် ဒေသတွင် နေထိုင်ကြသူများအား စုနမိ
သတိပေးချက်ထုတ်လွင့်ထားသည်။

Continue reading “၂၄နာရီအတွင်း အင်းအားပြင်းငလျှင်နှစ်ခုလှုပ်ခတ် ဟာဝိုင်ယီတွင် စုနမိသတိပေးချက် ထုတ်လွှင့်(ဗီဒီယို)”

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ

သတင်း ပုံနှိပ်ချိန် ….မြန်မာစံတော် ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်

Myanmar court rejects Aung San  Suu Kyi House Arrest appeal: court witness

ဒေါ်အောင်ဆန်းစုကြည်၏အမှုအားတရားရုံးချုပ်မှပယ်ချပြီးနောက် သူမ၏ရှေ့နေဦးဥာဏ် ၀င်းနှင့် ဦးကြည်ဝင်းတို့ ရန်ကုန်အခြေစိုက်နိုင်ငံခြားသတင်းထောက်များ နှင့်ပြည်တွင်းသတင်းထောက်များကမေမြန်းစဉ် ဓာတ်ပုံ-အေပီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်
အမှုပြင်ဆင်ချက်ကိုယနေ့ နံနက်၁၀ နာရီ ရှစ်မိနစ် တွင် ဗဟိုတရားရုံးက ပယ်ချလိုက်
သည် ဟု Freedom News Groupမှသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်
အကျယ်ချုပ်အမှု အားစစ်အစိုးရ ထိန်းချုပ်ထားသည့် ဗဟိုတရားရုံးက ပယ်ချပြီးနောက် ရန်ကုန်
မြို့ အနှံ လုံခြုံရေးများ တိုးမြှင့်ချထားသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့ မည်ဟု သုံးသပ်မှုများရှိ

ရန်ကုန်။။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ နေအိမ် အကျယ်ချုပ် အမှုပြင်ဆင်ချက်ကို
ယနေ့ နံနက် ၁၀ နာရီ ဗဟိုတရားရုံးက ပြင်ဆင်ချက်ချမှတ်တော့မည့် အချိန်နီးကပ်လာချိန်တွင် ဒေါ်
စုလွတ်မြောက်တော့ မည်ဟု ကျယ်ကျယ်ပြန့် ပြန့် သုံးသပ်မှုများရှိနေသည် ဟု ရန်ကုန်မှလာသည့်
အေအက်(ဖ)ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်း ၏ အမှုအား ဗဟိုတရားရုံးချုက်မှ ဖေဖော်ဝါရီလ ၂၆
ရက်နေ့ တွင် စီရင်ထုံးများဖြင့် ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ကိုယမန် နေ့ 
ညနေက စတင် ကပ်ထားသည်ဟု တရားရေး ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့ မည်ဟု သုံးသပ်မှုများရှိ”

သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်

တင်ကျော်ကျော်စိုး

မော်တော်ကားတွယ်စီး၍ဆွမ်းခံထွက်နေရသည့် ကိုယ်တော်များ

ရန်ကုန်၊၊လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန့် များထုတ်
ပြန်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်
ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံး
ခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။
Continue reading “သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်”

တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု

Ubuntu Popularize in Burmese Geeks

အခုတလော ဦးဘွန်ထူးက မြန်မာ ပြည်မှာရေပန်းစားလာတယ်
ဘယ်လောက်ထိရေပန်းစားလာလဲဆိုတော့လက်ရှိ ရေပန်း အစားဆုံးဖြစ်နေတဲ့
၂၀၁၀ ရွေးကောက်ပွဲ တို့ ၊၀တ်မှုန်ရွှေရည် ရင်ခွင်ပြောင်းချိန် တို့ ၊ထက်ထက်မိုးဦး
ကလေးထပ်ယူအုံးမယ်တို့ ၊တတိယ အုပ်စု က ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စု မလွတ်
အောင် ဘုရားမှာ ယတြာချေတာ တို့  ထက်တောင် ပိုပြီးရေပန်းစားနေသေးတယ်။ Continue reading “တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု”

Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ

We Want T0 See Our Language In Window
Microsoft Corporation တွင် ‘လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Microsoft Windows တွင် ထည့်သွင်းပေးရမည်’ ဆိုသည့် official policy ရှိပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ မိုက်ခရိုဆော့ ကော်ပိုရေးရှင်းသို့ စာဖြင့် ထိရောက်အောင် မြန်မာ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) ဘာသာ အသုံးပြုသူများ အားလုံးကိုယ်စား တောင်းဆိုမည့် အစီအစဉ် ဖြစ်ပါသည်။ Continue reading “Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ”