အာဖရိက တိုက်မာလီ ရဲ့ နောက်ဆုံး အခြေနေ

အယ်(လ)ခိုင်ဒါ နဲ့ ဆက်စပ် တဲ့ မာလီ အခြေစိုက် ဂျီဟဒ် အစ္စလာမစ်အစွန်း ရောက် JNIM က လက်ရှိ မာလီ ခေါင်းဆောင် နဲ့ အာဏာသိမ်း စစ် ဗိုလ်ချုပ်ကြီး အာဆိမိ ဂွိုင်တာ ရှိ တဲ့ နေရာ ကို သတင်း ပေး နိုင်ရင် ယူရို နှစ်သန်း ဆုချ မယ်လို့ ကြေငြာ လိုက်ပါတယ်။

အဲဒီလို ဆုငွေ ထုတ်ပြန် တာဟာ လက်ရှိ မာလီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တွေ က အကြမ်းဖက် ခေါင်းဆောင် တွေ ကို မိရင် ဆုငွေ ချီးမြှင့် မယ်လို့ ကြေငြာ တာ ကို ပြန်လည် တုံ့ ပြန် တာ ဖြစ်ပါတယ်။

ထွာရဂ် လူမျိုးစု သူပုန် တွေ နဲ့ ဂျီဟဒ် လက်နက် ကိုင် များ မတိုက်ခိုက် ခင်
က တွေ့ ရသည့် မြို့ တော် ဘာမားကို နှင့် တိုက်ခိုက်ခံရ ပြီး နောက်

( ဓာတ်ပုံ ကို ဘေး သို့ ဆွဲကြည့်ပါ)


(အောက် ဖော်ပြပါ သတင်း သည် ဧပြီလ ၂၇ ရက်နေ့ တွင် Freedom News Group ၏ Facebook စာမျက် နှာ တွင် ဖော်ပြ ခဲ့ ပြီး ဖြစ်ပါသည်။)

ဧပြီလ ၂၅ ရက်နေ့ က မာလီ နိုင်ငံ ရဲ့ မြို့ တော် ဘာမားကိုး အပါအဝင် စစ်စခန်း တွေ ကို အလုံး အရင်း နဲ့ ဝင်ရောက် စီးနင်း တိုက်ခိုက်တာ ခံရ ပြီး အာဏာသိမ်း ဗိုလ်ချုပ်ကြီး ရဲ့ အိမ် ပါ တိုက်ခိုက် ခံရ တဲ့ အပြင် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဒီယို ကာမာရာ ကို ကားဗုံး နဲ့ ပါ တိုက်ခိုက် လုပ်ကြံ နိုင်ခဲ့ပါတယ်။

အာဖရိက တိုက် အနောက် မြောက်ပိုင်း က ကုန်းတွင်း ပိတ် နိုင်ငံ တစ်ခု ဖြစ်တဲ့ မာလီ နိုင်ငံ မှာ အကြမ်းဖက် အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ အယ်(လ)ခိုင်ဒါ နဲ့ တွာရဂ် လူမျိုးစု ခွဲ ထွက် အဖွဲ့ တွေ အပါအဝင် Jama’at Nusrat al-Islam wal-Muslimin (JNIM) ၊ Azawad Liberation Front (FLA) အဖွဲ့ တွေ က မြို့ တော် ဘာမာကို က စစ်စခန်း ကြီး တွေ အပါ အဝင် နိုင်ငံ ရဲ့ နေရာ အနှံ့ အပြား တစ်ပြိုင် နက်တည်း ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံရ ကြောင်း မာလီ အာဏာသိမ်း အစိုးရ ရဲ့ ရုပ်သံ က ထုတ်လွှင့် သွား တာ ကို Freedom News Group က သိရှိ ရ ပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ် မှာ ပြင်သစ် စစ်စခန်း တွေ မာလီ နိုင်ငံ က နေ ထွက်ခွာ နေ စဉ် ဖြစ်ပါတယ်။

ဒီတိုက် ခိုက် မှု မှာ မဟာမိတ် လက်နက် ကိုင် အကြမ်းဖက် အဖွဲ့ တွေ နဲ့ လူမျိုးစု သူပုန် တွေ က မြို့တော် ဘာမာကို က လေဆိပ် နဲ့ မာလီ ရဲ့ အကြီးမားဆုံး စစ်စခန်း တွေ အထိ ပါ တိုက်ခိုက် နိုင် ခဲ့ တယ် လို့ ကြေငြာ ပြီး အယ်(လ)ဂျီးရီးယား နဲ့ ထိစပ် နေ တဲ့ နိုင်ငံ မြောက်ပိုင်း က မြို့ တွေ လည်း သိမ်းယူ နိုင်ခဲ့ တယ် လို့ ကြေငြာ ပါတယ်။

တွာရဂ် လက်နက် ကိုင် တွေ နဲ့ အာဇ်ဝါဒ် လွတ်မြောက် ရေး တပ်ဦး ဟာ ၂၀၂၅ ခုနှစ် မှာ သမ္မတ ရာထူး ရယူ ခဲ့ တဲ့ ၂၀၂၁ ခုနှစ် မေလ မှာ ဒုတိယ အကြိမ် အာဏာသိမ်း ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး အာဆိမိ ဂွိုင်တာ ရဲ့

စစ်တပ် ထဲ က လုံခြုံရေး တင်းကျပ် စွာ ချ ထား တဲ့ အိမ်ရော၊ ကာကွယ်ရေး ဝန်ကြီး ရဲ့ အိမ်ကို ပါ ပြင်းပြင်း ထန်ထန် တိုက်ခိုက် ခဲ့ ကြတယ် လို့ အယ်(လ) ဂျာဇီးယား သတင်း ဌာန က ဖော်ပြ ထား ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ က မြန်မာ နိုင်ငံ ရဲ့ ရှမ်းပြည် နယ် မြောက်ပိုင်း မှာ တရုတ် က ကျောထောက် နောက်ခံ ပေး ထား တဲ့ တိုင်းရင်းသား လက်နက်ကိုင် သူပုန် တွေ ရဲ့ စုပေါင်း တိုက်ခိုက်မှု နဲ့ ဆင်တူ ပေမယ့်မာလီ စစ်တပ် တိုက်ခိုက် ခံ ရ မှု ဟာ ပိုပြီး အထိ နာလှ ပါတယ်။

မာလီ စစ်ခေါင်းဆောင် တွေ ရဲ့ အိမ်တွေ အထိ ပါ တိုက်ခိုက် ခံ ရ ပြီး၊ စစ်စခန်း တွေ၊ လေဆိပ် တွေ ကို ပါ တစ်ပြိုင် နက်တည်း သိမ်းယူ နိုင် ခဲ့ ပါတယ်။

၂၀၂၁ ခုနှစ် မာလီ စစ်တပ် ရဲ့ ဒုတိယ အကြိမ် အာဏာ သိမ်းမှု မှာ တွာရဂ် လူမျိုးစု လက်နက် ကိုင် တွေ က အာဏာသိမ်း ဗိုလ်ချုပ်ကြီး ဂွိုင်တာ ကို ထောက်ခံ ခဲ့ ကြ ပေမယ့် စစ်ကဲ ကြီး ပရီဂိုရှင် ရဲ့ ရုရှား ကြေးစား စစ်တပ် ရဲ့ အကူအညီ နဲ့ နိုင်ငံ မြောက် ပိုင်း က Kidal မြို့ ကို တွာရဂ် လက်ထဲ က နေ ပြန်လည် သိမ်းပိုက် လိုက်ချိန် မှာ တော့ ခွာပြဲ သွား ခဲ့ ကြပါတယ်။

အမေရိကန် အစိုးရ က တော့ မာလီ အကြမ်း ဖက် အဖွဲ့ တွေ ရဲ့ တိုက်ခိုက် မှု ကို ပြင်းပြင်းထန်ထန် ရှုံ့ ချပါတယ်။

၂၀၂၂ ခုနှစ် နဲ့ ၂ဝ၂၃ ခုနှစ် တွေ မှာ ကုလ သမဂ္ဂ ငြိမ်းချမ်း ရေး ထိမ်းသိမ်းရေး တပ် ဖွဲ့ နဲ့ ပြင်သစ် တပ်ဖွဲ့ တွေ ဆုတ်ခွာ သွားချိန် မှာ အာဖရိက မြောက်ပိုင်း အယ်(လ) ခိုင်ဒါ နဲ့ အခြား အစွန်းရောက် အဖွဲ့ တွေ ဟာ ပြန်ခေါင်းထောင် လာပြီး တစ်စခန်း ထလာ ခဲ့ ကြပါတယ်။

အမေရိကန် က မာလီ အစိုးရ ကို အကြမ်းဖက် တွေ ခေါင်းထောင် လာ နိုင်ချေ ရှိ တယ် လို့ အခုနှစ် ဆန်း ပိုင်း မှာ သတိ ပေး ခဲ့ ပါ သေးတယ်။

မာလီ မှာ ရောက်နေ တဲ့ အမေရိကန် နိုင်ငံ သား တွေ နိုင်ငံ တွင်း က အမြန် ဆုံး ထွက်ခွာ ဖို့ နဲ့ ဘေး လွတ်ရာ မှာ နေ ကြ ဖို့ အမေရိကန် အစိုး ရ က သတိပေး ထား ပါတယ်။

🚨 နောက်ဆုံး သိရ တဲ့ သတင်း တွေ အရ ရုရှား ကြေးစား စစ်သား တွေ ရဲ့ အကူအညီ နဲ့ မာလီ အစိုးရ က ပြန်လည် သိမ်းပိုက် ထား တဲ့ အယ်(လ)ဂျီးရီးယား

သွားလေသူ ရုရှား စစ်ကဲကြီး ပရီဂိုရှင် ရဲ့ ဝေဂနာ စစ်အုပ်စု ကို ဆက်ခံ တဲ့ ရုရှား စစ်တပ် ရဲ့ အာဖရိက အထူး တိုက်ခိုက် ရေး တပ် (Russia Africa Corps) ဟာ ၂၀၁၂ ခုနှစ် တုန်း က အမေရိကန် အထူးတိုက်ခိုက် ရေး တပ် တွေ က လေ့ကျင့် ပေး ထား တဲ့ မာလီ အစိုးရ စစ်တပ် နဲ့ တွဲ ပြီး အာဇ်ဝါဒ် လွတ်မြောက်ရေး တပ်ဦး၊ တွာရဂ် လက်နက်ကိုင် ‌ခွဲထွက် အဖွဲ့၊ အယ်(လ)ခိုင်ဒါ၊ အယ်(လ)ခိုင်ဒါ ( ဆာဟာရ)၊ အန်ဆာရု အစ္စလာမ် ( အာဖရိက မြောက်ပိုင်း နဲ့ ဆာဟာရ) အကြမ်းဖက် လက်နက် ကိုင် တွေ ကို တိုက် ထုတ် နေရ တယ် လို့ ရုရှား က လာတဲ့ သတင်း တွေ၊ မာလီ အစိုးရ နဲ့ စစ်တပ် ရဲ့ တရားဝင် သတင်း ထုတ်ပြန်ချက် တွေ၊ အေပီ သတင်း တွေ၊ အယ်(လ)ဂျာဇီးယား သတင်း တွေ၊ တစ်ခါ လက်နက် ကိုင် အဖွဲ့ အသီးသီး တွေ က ထုတ်ပြန် ချက် တွေ ကို ကိုးကား ပြီး Freedom News Group က သိရပါတယ်

လက်နက်ကိုင် အဖွဲ့ တွေ ထဲ မှာ အယ်ခိုင်ဒါ (ဆာဟာရ) ဂျာမား မွတ်ဆလင်မင် Jama’at Nusrat al-Islam wal-Muslimin နဲ့ နှစ် အနည်း ငယ် အကြာ လွတ်လပ် တဲ့ နိုင်ငံ ဖြစ်ခဲ့ ဖူး တဲ့ မာလီ နိုင်ငံ မြောက်ပိုင်း က အာဇ်ဝါဒ် ဒေသ ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်တဲ့

အာဇ်ဝါဒ် လွတ်မြောက်ရေး တပ်ဦး တို့ ကို မြို့ တော် ဘာမာကို ကို နိုင်ဂျာ မြစ်ကမ်း တစ်လျှောက် ပိတ် ဆို့ ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြပါတယ်။

ရုရှား အာဖရိက တပ်မဟာ ရော၊ မာလီ အစိုးရ တပ် ပါ စစ်စခန်း တွေ ကို ပိတ်ဆို့ ပြီး အသည်းအသန် ကာကွယ် နေ ရ တဲ့ ဘဝ ရောက် နေ တယ် လို့ အယ်(လ)ခိုင်ဒါ (ဆာဟာရ) က အာဖရိက ကို ပြောပါတယ်။

အာဏာသိမ်းတာရော၊ တန်ပြန် အာဏာသိမ်း တာရော မှာပါ အောင်မြင်စွာ ဦး ဆောင် ခဲ့ လို့ အာဖရိက တိုက်က စစ်ခေါင်းဆောင် တွေ ကိုယ်တိုင် ဆလံ ပေး ရ တဲ့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဒီယို ကာမာရာ ဟာ ဂျမား နုစရာ မွတ်ဆလင်မင် ရဲ့ ကားဗုံး ထိ တာ ကြောင့် ကျဆုံး သွား ခဲ့ ပါတယ်။

အခု သတင်း ရေး နေ ချိန် မှာ အယ်(လ)ဂျီးရီးယား နယ်စပ် က Kidal မြို့ က နေ ဝေဂနာ ရုရှား အုပ်စု ထွက် ခွာ သွား တဲ့ အတွက်မြောက်ပိုင်း မဟာမိတ် တပ် က မြို့ ကို အပြီး သိမ်းပိုက်လိုက် ပြီး

Goa နဲ့ အာဖရိက တိုက် ရဲ့ ရှေးဟောင်း မြို့ ကြီး ဖြစ်တဲ့ တင်ဘာခ် တူ (Timbuktu) ကို ဆက်လက် တိုက်ခိုက် နေ ကာ မြို့ ရဲ့ နေရာ အချို့ ကို မြောက်ပိုင်း မဟာမိတ် တွေ က ထိမ်းချုပ် ထား ပါတယ်။

တွာရဂ် ခွဲ ထွက် တွေ က ရုရှား စစ် ရဟတ်ယာဉ် တစ်စင်း ကို ပစ်ချ နိုင် ခဲ့ ပါတယ်။

မာလီ မြို့တော် ဘာမာကို ကို မဟာမိတ် အကြမ်းဖက် နဲ့ အကြမ်း မဖက် အဖွဲ့ တွေ က သိမ်းပိုက် နိုင်ချေ ရှိ ပါတယ်။

မာလီ နိုင်ငံ ခြားရေး ဝန်ကြီး က တော့ အိမ်နီး ချင်း နိုင်ငံ တွေ ရဲ့ သွေးထိုး မြှောက်ပင့် ပေး မှု နဲ့ ပြည်ပ နိုင်ငံ တွေ က အကြမ်းဖက် တွေ ကို အလုံးအရင်း နဲ့ ကူညီ တာကြောင့် လို့ ပြောပေမယ့် ဘယ်နိုင်ငံ တွေ လဲ ဆိုတာ ထည့် မပြော သွား ပါဘူး။

Leave a comment