ဒေါ်လာ သန်း ၉၀ နီးပါးတန် ဘီ ၅၂ ဗုံးကြဲ လေယာဉ်   ပျက်ကျ၊ ရှစ်ဦး လုံး သေ

ဘီ ၅၂ Stratofortress အမျိုးအစား ဗုံးကြဲလေယာဉ် ဟာ ကာလီဖိုးနီးယား ပြည်နယ် မှာ ရှိ တဲ့ အက်ဒွပ် လေတပ် စခန်း က လေ့ကျင့် ပျံသန်း ခရီးစဉ် အတွက် ပျံတက် စဉ် မှာ ပင် ပျက်ကျ ခဲ့ တယ် လို့ Edward Air Force Base က သတင်း ထုတ်ပြန် ချက် ကို Freedom News Group က သိရပါတယ်။

နောက်ဆုံး ရ သတင်း ထပ်မံ ဖြည့်စွက်ချက် – ဘီ ၅၂ လေယာဉ် ပေါ် မှာ လိုက်ပါ လာသူ ရှစ်ဦး စ လုံး သေဆုံး တယ် လို့ သိရပါတယ်။

လေယာဉ် ပေါ် လိုက်ပါ လာသူ များ ဟာ လေတပ် ဝန်ထမ်း တွေ နဲ့ အရပ် သား ကျွမ်းကျင် ပညာရှင် တွေ ဖြစ်တယ် လို့ သိရပါတယ်။

ပျက်ကျ သွား သည့် ဗုံးကြဲ လေယာဉ် ကြီး မှ ကောင်းကင်ယံ သို့ မီးခိုးလုံး များ တက် နေသည် ကို Boron မှ တွေ့ ရစဉ်
The huge plume of black smoke could be seen from miles away.
X/@RichhdaRuler

တစ်စီး ကို အမေရိကန် ဒေါ်လာ သန်း ကိုးဆယ် နီးပါး ရှိ တဲ့ ဘီ ၅၂ အမျိုးအစား ဗုံးကြဲ လေယာဉ် ကြီး တွေ ဟာ အရွယ် အစား ကြီး မား ပြီး အနည်း ဆုံး ၃၅ တန် ကျော် ( ပေါင် ခုနှစ် သောင်း) အလေးချိန် ရှိ တဲ့ ဗုံး နဲ့ ဒုံးလက်နက် တွေ အပြင်၊ ရိက္ခာ နဲ့ စစ်လက်နက် ပစ္စည်း ကြီး တွေ ကို ပါ သယ်ဆောင် ပြီး တာဝေး ခရီး တွေ ကို မရပ် မနား ပျံသန်း နိုင်ပါတယ်။

တိုက်ခိုက် ရေး၊ ထောက်ပို့၊ စစ်ကူ နဲ့ ကင်းထောက် လုပ်ငန်း တွေ ကို ပါ တစ်ပြိုင် နက် တည်း ဆောင်ရွက် နိုင် တဲ့ ဒီမဟာဗျူ ဟာ မြောက် ဗုံးကြဲ လေယာဉ် ကြီး တွေ ကို ဘိုးရင်း လေယာဉ် ထုတ်လုပ်ရေး က အမေရိကန် လေတပ် အတွက် ၁၉၄၈ ခုနှစ် ကတည်း က စတင် တည် ဆောက် ခဲ့ ပြီး ၁၉၅၂ ခုနှစ် မှာ စတင် ပျံသန်း ခဲ့ ပါတယ်။

ဘီ ၅၂ လေယာဉ် ကြီး တွေ ဟာ ဂျက် လောင်စာဆီ သုံး အင်ဂျင် တွေ တပ်ဆင် ထား တဲ့ လေယာဉ် တွေ ဖြစ်ပြီး ဗုံးသာ မက ဒုံး နဲ့ ညူကလီးယား ထိပ်ဖူး တွေ ကို လည်း သယ်ဆောင် နိုင်ပါတယ်။

အက်ဒွပ် လေတပ် စခန်း ဟာ လော့စ် အန်းဟေးလက်(စ) Los Angeles ( စပိန် အသံ ထွက် အမှန်) LA မြို့ ရဲ့ မိုင်၉၀ အကွာ မှာ ရှိ ပြီး၊ အယ်(လ)အေ ကနေ လာစ် ဗေးဂါစ် ကို သွားရင် Barstow မြို့ အရောက် မှာ လက်ဝဲဘက် မိုင် ၂၀ လောက် အကွာ မှာ ရှိ တဲ့ ကြီးမား တဲ့ လေတပ် စခန်း ကြီး ဖြစ်ပါတယ်။

Leave a comment