မော်တော်ကား ၆၄ စီးပိုင် ဖိုးလပြည့် အင်းလျှားကန် အနီး ပြည် လမ်းမပေါ် တွင် သိန်း နှစ်ထောင် ကျော် ကုန်ကျမည့် ရေပက် မဏ္ဍပ် ဆောက်

မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ နေရွှေ သွေးအောင် က မြန်မာ
နှစ်သစ်ကူး အတာသင်္ကြန် တွင် ရေပက်ကစားရန် အတွက် မဏ္ဍပ် စတင် ဆောက်လုပ် နေပြီ
ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၉ ခုနှစ် က သူ၏ ရေပက် မဏ္ဍပ် ကို ရန်ကုန်မြို့ အင်းလျှားလမ်း တွင် ဆောက်လုပ်ခဲ့သည်။

ယခု နှစ် အတွက် ပြည်လမ်း ရှိ ယခင်နှစ်များက အဲပုဂံ မဏ္ဍပ် နေရာတွင် စတင် ဆောက်လုပ်နေပြီ
ဟု နေရွှေသွေးအောင် နှင့် ရင်းနှီးသူ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “မော်တော်ကား ၆၄ စီးပိုင် ဖိုးလပြည့် အင်းလျှားကန် အနီး ပြည် လမ်းမပေါ် တွင် သိန်း နှစ်ထောင် ကျော် ကုန်ကျမည့် ရေပက် မဏ္ဍပ် ဆောက်”

မြန်မာတိုင်း အယ်ဒီတာ ဦး ချစ်သိန်းဦး ရုတ်တရက် ကွယ်လွန်

၂၀၀၁ ခုနှစ်ကတည်းက အင်္ဂလိပ် – မြန်မာ နှစ်ဘာသာ ဖြင့် စတင်ထုတ် ဝေခဲ့သည့် မြန်မာ တိုင်း သတင်း စာစောင်
၏ အတိုင်ပင်ခံ အယ်ဒီတာ ( ဦး )ချစ်သိန်းဦး မှာ ယနေ့ မနက် ပိုင်း တွင် မြန်မာ တိုင်း သတင်းစာ တိုက်တည် ရှိရာ ရုံး
ခန်းရှိ သူ ၏ အိပ်ခန်း ထဲ တွင်  သေဆုံးနေ သည် ကို တွေ့ ရသည် ဟု Freedom News Group
မှ သတင်းရ ရှိသည်။ Continue reading “မြန်မာတိုင်း အယ်ဒီတာ ဦး ချစ်သိန်းဦး ရုတ်တရက် ကွယ်လွန်”

တောင်းဆိုချက်အသစ်ဖြင့် ဗိုလ်ချုပ်ရဲမြင့်ထံ ၀ ခေါင်းဆောင်ထပ်မံစာရေး

ရှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာ မှ ကူးယူဖော်ပြသည်

၂၀၀၉ နိုဝင်ဘာ ၁၀ ရက် နေ့ရက်စွဲဖြင့် နအဖထံတောင်းဆိုထားသည့် အချက် ၉ ချက်အားပယ်ဖျက်ပြီးနယ်ခြားစောင့် တပ်အသွင်ရေးဆိုင်ရာ အဓိကအကြောင်းအရာ ၈ ချက်ပါ တောင်းဆိုချက်အသစ်ဖြင့် မတ်ခ်ျ ၃၁ ရက်နေ့ က ၀ ခေါင်းဆောင် ပေါက်ယူချမ်းမှ ထပ်မံ စာရေးတောင်းဆိုခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“အခုအသစ်ထပ်မံတောင်းဆိုတာက ထူးခြားတယ်၊ ၀ ဘက်ကတော်တော့်ကိုလိုက်လျှောထားတာတွေ့ရတယ်။ နယ်ခြား စောင့်တပ်ရင်းမှူးနေရာမှာ နအဖ အရာရှိပါဝင်ဖို့ဆိုတဲ့အချက် သဘောတူထားတာတွေ့ရတယ်” – ဟု အမည်မဖေါ်လို သည့် သုံးသပ်သူတဦးကပြော၏။ Continue reading “တောင်းဆိုချက်အသစ်ဖြင့် ဗိုလ်ချုပ်ရဲမြင့်ထံ ၀ ခေါင်းဆောင်ထပ်မံစာရေး”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

ငလျှင် ဒဏ်ကြောင့် စာသင်ကျောင်းပြိုကျခဲ့သည့် အတွက် ယာယီလေဟာပြင်ကျောင်းတွင် ပညာသင်ကြားနေ သည့် ဟေတီကလေးငယ်များ
ရွေးကောက်ပွဲကော်မရှင်ရုံးကို ယမန်နေ့ က ၀င်ရောက်စီးနင်းသိမ်းပိုက်ထားသည့် အနီဝတ်များ (AP Photo/Wason Wanichakorn)
၃၁ နှစ်ပြည့်မွေးနေ့ တွင် အိမ်ထောင်ပြုချင်သည့် သူငယ်ချင်းများ ကိုတားချင်သည့်ဆို သည့် စိုင်းစိုင်းခမ်းလှိုင် အား သရဖူ မဂ္ဂဇင်း မှ ဒေါ်နန်းအိအိဇာ ၏ မွေးနေ့ ပွဲ တွင် ချစ်ခဲ့ဖူးသူ မော်ဒယ်ဝတ်မှုန်ရွှေရည် နှင့် အတူတွေ ခဲ့ရစဉ်
တပ်မတော်ခန်းမတွင် ဧပြီ (၁) ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပခဲ့သော Electronic and Consumer Products Exhibition ပြပွဲမှ မော်ဒယ်တစ်ဦး
တပ်မတော်ခန်းမတွင် ဧပြီ (၁) ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပခဲ့သော Electronic and Consumer Products Exhibition ပြပွဲ။ ယနေ့အချိန်၌ တပ်မတော်ခန်းမသည် ကုန်စည်ပြပွဲပြုလုပ်ရာ နေရာတစ်ခု သက်သက်သာ ဖြစ်နေသည်

ဓာတ်ပုံများအား ဆက်လက်ကြည့်ရှုရန် ဤနေရာ တွင် ကလစ်နှိပ်ပါ။ Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ရွေးကောက်ပွဲ ကော်မရှင် ရုံးကို အနီဝတ် UDD တို့ ဝင်ရောက်စီးနင်း

ရွေးကောက်ပွဲ ကော်မရှင် ရုံးသို့ ယနေ့ မနက် ဆန္ဒပြသူများ ချီတက်သွားစဉ်

ယနေ့ နေ့ လည် နှစ်နာရီကျော်က UDD အင်အား ၁၀၀ ခန့် မှာ ဘန်ကောက်မြို့ ရှိ ရွေးကောက်ပွဲကော်မရှင် ရုံးကို ၀င်ရောက်စီးနင်းသည်
ဟု သတင်းရရှိသည်။မည်ကဲ့သို့ အဖြေထွက် မည် ကို အတိအကျ မခန့် မှန်းနိုင်သော် လည်း ထိုင်းနိုင်ငံတွင်း သို့ နိုင်ငံခြားသား ကမ္ဘာ လှည့် ခရီးသည် ၀င်ရောက်မှု မှာ သိသိသာသာ လျှော့ကျ သွားသည် ။သက်ဆင် လိုလားသည့်  အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦးက နေ့ လည် နှစ်နာရီ နောက်ဆုံးထား၍ ဒီမိုကရက်တစ်ပါတီ အားဖျက်သိမ်းပေးရန်တောင်းဆိုထားသည်။ Continue reading “ရွေးကောက်ပွဲ ကော်မရှင် ရုံးကို အနီဝတ် UDD တို့ ဝင်ရောက်စီးနင်း”

Burma needs a general election, not an election of generals

IVAN LEWIS, MINISTER OF STATE,

UK FOREIGN AND COMMONWEALTH OFFICE

The message could not have been clearer. On Armed Forces day, as soldiers marched through Naypyidaw, Burma’s Senior General Than Shwe set out his vision for “disciplined democracy”.  A moment that could have been cause for celebration, is instead a cause for concern and regret. Continue reading “Burma needs a general election, not an election of generals”

အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ

Burmese Worker Found Dead in Malaysia ‘s Capital

အသတ်ခံရသည့် ကိုမင်းစောဦး ၏ ရုပ်အလောင်း Pic: Gan Jin Liang

အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကို မင်းစောဦး ဆို သူသည် တနင်္ဂနွေနေ့ က မလေးရှားနိုင်ငံ
ဆီလန်ဂါရှိ ကလန် မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့ တွင် လဲကျသေဆုံးနေသည် ကို တွေ့ ရှိ ရကြောင်း ယနေ့ ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။ Continue reading “အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ”

သင်္ကြန်ကာလ အတွင်း ရန်ကုန် နှင့် နေပြည်တော် တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာနိုင်

မြန်မာ ရိုးရာ နှစ် ကူး အတာ သင်္ကြန် ကာလအတွင်း ရန်ကုန် နှင့် နေပြည်တော် တွင် လေပြင်းတိုက်ခတ်၍
မိုးသည် ထန်စွာ ရာသွန်း နိုင်သည် ဟု Freedom News Group ၏ မိုးလေ၀သ စောင့်ကြည့် လေ့လာရေး
ဌာန မှ သတင်း ထုတ်ပြန် ထားသည်။ Continue reading “သင်္ကြန်ကာလ အတွင်း ရန်ကုန် နှင့် နေပြည်တော် တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာနိုင်”

ကာလီဖိုးနီယား၊အရီဇိုနား နှင့် မက္ကဆီကို တွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျှင်လူပ်ခတ်

ငလျှင်၏ ဗဟိုချက်နေရာ

ပစိဖိတ် စံတော်ချိန် ညနေ ၃:၄၀ အချိန် တွင် ကာလီဖိုးနီးယားတောင်ပိုင်း ပစိဖတ် ကမ်းခြေနှင့်
မက္ကဆီ ဘဂျာ ကာလီဖိုးနီးယား ၊ အရီဇီုးနား ယူမာ နှင့်  ဖီးနစ် တောင်ပိုင်း နေရာများတွင် ရစ်ခ်ျတာ
စကေး ၇.၂ အဆင့်ရှိ ငလျှင် တစ်ခု လှုပ်ခတ် သွားကြောင်း Freedom News Group မှ သတင်း
ရရှိသည်။

ထိုငလျှင် ဒဏ် ကို လောစ်ဇင်းဂျလိစ် ၊ ဆန်ဒီရေးဂိုး မြို့ များတွင် သိသာစွာခံစားခဲ့ရပြီး ဆန်ဒီရေး
ဂိုး တွင် နေထိုင်သည့် ဦးမြင့်မောင် က Freedom News Group သို့ ပြောသည်။ ငလျှင်ဒဏ်
ကြောင့် ဆန်ဒီရေဂိုး တွင် ပျက်စီးဆုံး ရှုံးမှု များရှိသည်။ Continue reading “ကာလီဖိုးနီယား၊အရီဇိုနား နှင့် မက္ကဆီကို တွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျှင်လူပ်ခတ်”

ဒီတစ်ပတ် News Maker

တေးရေးဆရာ နှင့် အဆိုတော် တို့ ၏ ပဋိပက္ခ ပိုမိုပြင်းထန်လာ
ယခု အပတ် မှ စတင်မည့် Freedom News Group ၏ News Maker of The Week ကဏ္ဍ
အတွက် ရွေးချယ်ထားသည် မှာ မြန်မာ တေးရေးဆရာ များ နှင့် အဆိုတော် များ ဖြစ်ပါသည်။

တေးရေးဆရာများ စုဖွဲ့ ထားသည့် MCLC Co.,Ltd (ဂီတ အနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း)
က ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက်နေ့ ထုတ် သတင်းစာများတွင် စီးပွားရေး အသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုများအတွက်
တေးရေးဆရာများ၏ သတိပေး ကြေညာချက်ကို ထည့် သွင်း ဖော်ပြခဲ့သည်။

ထို့ နောက် ပိုင်း တွင် အဆိုတော်များ က လည်း MCLC အဖွဲ့ ဝင်တေးရေးဆရာ များ၏ သီချင်းများကို
ခွင့်တောင်းခြင်း မရှိဘဲ ယူငင်သုံးစွဲကြ သည် များ ရှိသလို အချို့ က လည်း ကော်ပီ သီချင်းများ ဖြစ်ပါက
ဤမျှလောက် အဖြစ် သည်းစရာ မလို ဟု ယူဆကြသည်။ Continue reading “ဒီတစ်ပတ် News Maker”

တေးရေးဆရာတွေကတစ်ဖက်၊ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကတစ်ဖက်၊ လိုနေတာက ဒိုင်လူကြီးမဟုတ်ဘူး၊ နားလည်မှု…

ဤဆောင်းပါးသည် မြန်မာသွေး ဘလောက်မှ ကိုဥာဏ် ၏ ဆောင်းပါးဖြစ်ပါသည်။

ကျွန်တော်ကိုဉာဏ် ဖွရဦးမယ်၊ အဲလေ… မျှရဦးမယ်။ သိထားသမျှလေးတွေ၊ တွေးမိသမျှလေးတွေပေါ့။ အင်း… ဒီအကြောင်းအရာသတင်းက ပြောလို့လည်း မကောင်း၊ မပြောဘဲနေရင်လည်း မကောင်းတာကြီးပါဗျာ။ အဲဒီတော့ ပြောရဦးမှာပေါ့ဗျာ။ အခုတလော အရမ်းခေတ်ထနေတဲ့ တေးရေးဆရာတွေနဲ့ အဆိုတော်တွေရဲ့ ပဋိပက္ခတွေပေါ့ (ပွဲစီစဉ်သူတွေက အလိုလို ဘေးရောက်သွားသလိုတောင် ဖြစ်နေသလားလို့)။ အစကတော့ အေးအေးဆေးဆေးပဲ ပြီးသွားကြမယ်ထင်တာပေါ့။ အခုတော့ အဲလို ဟုတ်မယ်မထင်တော့ဘူးဗျ။ ကျွန်တော်ကိုဉာဏ် မလောက်လေး မလောက်စား မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ စဉ်းစားမိသလောက်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ သီချင်းရေးဆရာတွေစုပြီး ဖွဲ့စည်းထားတဲ့ MCLC ဆိုတဲ့အဖွဲ့ကြီးက သတင်းစာထဲမှာ စစချင်း ပထမအကြိမ်ကြေညာတုန်းက ကျွန်တော်နားလည်မိသလောက် ပွဲစီစဉ်သူတွေ၊ ပွဲတာဝန်ခံတွေကို ဦးတည်ထားတာပါ။ အောက်မှာဖတ်ကြည့်ပါဦး။ Continue reading “တေးရေးဆရာတွေကတစ်ဖက်၊ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကတစ်ဖက်၊ လိုနေတာက ဒိုင်လူကြီးမဟုတ်ဘူး၊ နားလည်မှု…”

ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို

လျှပ်တစ်ပျက်ဂျာနယ် မှ ကူးယူဖော်ပြပါသည်
ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို ၂ဝ၁ဝ မတ်လ ၁၉ ရက်နေ့ ညနေ ၆း၃ဝ မိနစ်က ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သော Iron Cross ဂီတ ဖျော်ဖြေပွဲတွင် MCLC ဝင် တေးရေးဆရာများ၏ တေးသီချင်းများကို အဆိုတော်လေးဖြူ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဟန်ထွန်း တို့မှ ကြိုတင် ညှိနှိုင်း ခွင့်တောင်းခြင်းမရှိဘဲ သီဆိုသွားကြကြောင်း MCLC ဝင် တေးရေးဆရာများ ဖြစ်သော မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ ညီညီသွင်နှင့် ကေအေတီတို့မှ ပြောဆိုကြသည်။ Continue reading “ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို”

Leverage with Burma (Editorial of Washinton Post)

Sunday, April 4, 2010; A14

IN ONE SENSE, the farcical election taking shape in Burma, a Southeast Asian nation of 50 million people, offers good news. Burma’s generals would not go to such lengths to create the appearance of democracy unless they cared about global opinion. That suggests that outside nations with an interest in promoting peace and democracy in Burma have more leverage than is commonly believed. On the other hand, this is good news only if those nations are willing to use that leverage in a constructive way. On that front, there’s a long way to go. Continue reading “Leverage with Burma (Editorial of Washinton Post)”

နအဖ ခေါင်းဆောင်အမည်နဲ့ “ဘ၀နတ်ထံပျံ”စကားလုံးတွဲသည့် သတင်းစာခေါင်းစဉ်ကြောင့် ပြဿနာဖြစ်

မိုးမခ အထောက်တော်၊ ရန်ကုန် ဧပြီ ၃၊ ၂၀၁၀  မိုးမခ အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြသည်

ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့ခြင်းကြောင့် သတင်းစာတိုက်မှ ၀န်ထမ်းများ ပြဿနာဖြစ်နေကြောင်း ကြားသိရသည်

ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖူးမြော်ကန်တော့ ဆိုသည့် သတင်းကို ရေးသားရာတွင် သတင်းခေါင်းစဉ်နေရာတွင် ဗိုလ်ချုပ်မှူးကြီး အမည်ကို ရှေ့ဆုံးမှ တင်ရိုးထုံးစံရှိသည့် အတိုင်းရေးသားပြီးမှ `ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ဖေါ်ပြခဲ့ရာ နအဖ ခေါင်းဆောင်အတွက် မကောင်းသည့် နိမိတ်အဖြစ် ယူဆက သတင်းစာတိုက်မှ ၀န်ထမ်းများ ပြစ်တင်ပြောဆိုခံရခြင်း ဖြစ်သည်။ Continue reading “နအဖ ခေါင်းဆောင်အမည်နဲ့ “ဘ၀နတ်ထံပျံ”စကားလုံးတွဲသည့် သတင်းစာခေါင်းစဉ်ကြောင့် ပြဿနာဖြစ်”