ကိုဂျူး
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများဟာ တရားမျှတမှု မရှိတဲ့အတွက် ပြန်လည် မှတ်ပုံတင်မှာ မဟုတ်တဲ့ အကြောင်း နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ ပြည်သူတွေ ကတော့ နှစ်ထောင်း အားရ ကြိုဆိုကြပါတယ်။
မြန်မာတပ်မတော် စစ်ဗိုလ်ကြီးများ လိုချင်တဲ့ လမ်းကြောင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ရမယ်။ ဒီချုပ် ၀င်ပြိုင်ရင် ရွေးကောက်ပွဲ တရားဝင် ဖြစ်မှုရပြီလို့ နိုင်ငံတကာ အလယ် ပြောအား ရှိသွားလို့ သူတို့အတွက် အတော် မက်လောက်ပါတယ်။ ပြိုင်လဲ ပြိုင်လိမ့်မယ်လို့ ထင်ထားတယ်။ နိုင်တော့ မနိုင်စေရဘူး၊ အစွမ်းကုန် ချမယ်၊ မနိုင်အောင် ညစ်မယ်။ ပြင်ဆင်ပြီးသား။ ၀င်ပြိုင်စေချင်လို့ “၀င်မပြိုင်ရင် ပါတီဖျက်မယ်´´ ဆိုတဲ့ အချက် ထည့်ထား တာပေါ့။ ရွေးကောက်ပွဲ ၀င်ဖို့ ဇောင်းပေး ရေးနေတဲ့ ဆောင်းပါးတွေကို ကြည့်ရင်လဲ သိသာပါတယ်၊ “စဉ်းစဉ်း စားစား ချင့်ချင့် ချိန်ချိန်” “အတွေးမမှား အရွေးမမှားဘို့” “လမ်းမှား မလိုက်ကြစေဘို့” “ဒီချုပ် ရေတိမ် မနစ်စေချင်ပါ” “နောင်သမိုင်းကြောင်း မှောင်မိုက်မသွားအောင် (၁) (၂)” စသဖြင့် . . . Continue reading “ဥာဏ်မရှိ ကြံလိုက်တိုင်း မွဲ”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်