Written by လူထုစိန်ဝင်း
သတင်းစာ ကြော်ငြာတွေ ဖတ်ရင်းနဲ့ ရင်းနှီးနေတဲ့ နာမည်တစ်ခု တွေ့လိုက်လို့ ဖတ်ကြည့်မိတယ်။ ဖတ်လိုက်တော့ သိကျွမ်းတဲ့ သူတွေဆိုတာ သေချာသွားပါတယ်။ “စိန်ရတု” မွေးနေ့ ဆုတောင်း ကြော်ငြာပါ။ မွေးနေ့ရှင် အမျိုးသမီးကြီးရဲ့ သားသမီးတွေနဲ့ မြေးတွေ အားလုံးရဲ့ နာမည်တွေလည်း တန်းစီ ထည့်ထားပါတယ်။ သားသမီးငါးယောက်နဲ့ သူတို့ အိမ်ထောက်ဖက်တွေနဲ့ မြေးတွေ စုစုပေါင်း ၁၇ယောက်ဆိုတော့ ကြော်ငြာဖိုးကကို နည်းမှာ မဟုတ်ပါဘူး။
အခြွေအရံပေါတဲ့သူ
မွေးနေ့ရှငိ အမျိုးသမီးကြီးက ကျိကျိတက်ချမ်းသာတဲ့ ရွှေကုန်သည်ကြီး ဖြစ်ပါတယ်။ သားသမီး ငါးယောက် အိမ်ထောက်ကိုယ်စီကျကတည်းက အိမ်တစ်လုံး ကားတစ်စီးစီးနဲ့ အတွင်းပစ္စည်းတွေ ခွဲဝေပေးထားပြီး ဖြစ်ပါတယ်။ သူကတော့ ဘယ်သားသမီးနဲ့မှ အတူမနေဘဲ သူ့လိုပဲ မုဆိုးမ ဖြစ်တဲ့ ညီမ၀မ်းကွဲ တစ်ယောက်ကို ခေါ်ထားပြီး အတူနေပါတယ်။ ဆိုင်မထွက်တော့ပေမယ့် မိတ်ဆွေဟောင်းတွေ အိမ်လာပြီး ရောင်းတာဝယ်တာ လုပ်ရင်တော့ အရောင်းအ၀ယ်လုပ်ပါတယ်။ ရှေးအစဉ်အဆက် မြန်မာရွှေကုန်သည်များ လုပ်ရိုးလုပ်စဉ် အတိုင်း အပေါင်ခံငွေချေးဆိုတာမျိုးလည်း လုပ်ပါသေးတယ်။ ဒီတော့ သားသမီးတွေ ခွဲဝေပေးထားပြီး ဖြစ်ပေမယ့်လည်း လျော့သွားတယ် မရှိဘဲ ချမ်းသာမြဲ ချမ်းသာနေပါတယ်။ သားသမီးတွေ၊ မြေးတွေ လာလိုက်ကြ၊ သွားလိုက်ကြ၊ စားလိုက်ကြ၊ ယူလိုက်ကြနဲ့ သိုက်သိုက်ဝန်းဝန်း ရှိလှပါတယ်။ အလှူအတန်း အပေးအကမ်းမှာ ရက်ရောသူ ဖြစ်လေတော့ အခြွေအရံတွေလည်း ပေါများပါတယ်။ ချမ်းသတော့ ကျန်းမာပြီး အရွယ်တင်ပါတယ်။ သူဌေးရောဂါ သွေးတိုးကလေး မဆိုစလောက် ရှိရုံကလွဲပြီး ဘာရောဂါမှ မရှိတာမို့ သွားသွားလာလာပါပဲ။ သူ့အကြောင်းများ ကြားရရင် မုဒိတာ ပွားစရာချည်း ဖြစ်ပါတယ်။ Continue reading “အရှက်နဲ့ သိက္ခာ”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်