၂၀၂၄ ခုနှစ် နှစ်သစ်ကူး ည မှာ လာစ်ဗေးဂတ်(စ) မြို့ က ဆာဟာရ ရိပ်သာလမ်း မှာ ရှိ တဲ့ Gold and Beyond နာရီ နဲ့ လက်ဝတ်ရတနာ ဝယ်ရောင်း ဆိုင် မှာ နာမည်ကျော် ဆွစ် နာရီ အမှတ် တံဆိပ် တစ်ခုဖြစ်တဲ့ Audemars Piguet နာရီ ကို ဝယ်ယူ ခဲ့ ရာမှာ ပေးချေ ခဲ့ တဲ့ ချက်လက်မှတ် ဟာ ဘဏ်ထဲ မှာ ငွေ မရှိ ပဲ လိမ်လည် လှည့်ဖျား မှု၊ ငွေကြေး အဖွဲ့အစည်း နဲ့ နှီးနွယ် ပြီး တစ်ပတ် ရိုက်မှု တွေ နဲ့ ခရိုင် အဆင့် တရားစွဲ ဆို မှု ပြုလုပ်ထား ပါတယ်။
လိုချင်ဖွယ် ပစ္စည်း အသစ်၊ အဟောင်း မျိုးစုံ ကို ရောင်း တဲ့
Gold and Beyond က လက်ဝှေ့ကျော် မေဝယ်သာ ဆီ အကြိမ်ကြိမ် ဆက်သွယ် ပြီး ဘဏ်ထဲ မှာ ငွေမလုံ လောက် လို့ ချက်လက် မှတ် က ပိုက်ဆံ ထုတ်မရ ကြောင်း နဲ့ ပစ္စည်း ပြန်ပေး ဖို့ တိုးတိုးတိတ်တိတ် စီစဉ် ခဲ့ ပေမယ့် လည်း မေဝယ်သာ က ပြန်ပြီး တော့ တောင် ဟောက်စား လုပ် ခဲ့ သေးတယ် လို့ ဆိုင်က
တရား ရုံး မှာ ထွက် ဆိုတယ် လို့ Freedom News Group က သိရပါတယ်။



ကမ္ဘာ ကျော် လက်ဝှေ့ ချံပီယံ ဟာ လက်ဝှေ့ ပွဲ တွေ ကနေ တစ်ဘီလီယံ ကျော်လောက် ရှိ တဲ့ ဆုကြေးငွေ တွေ ရရှိ ခဲ့ ပေမယ့် သန်း နဲ့ ချီ တဲ့ အခွန် ကြေး တွေ မပေး တာရယ်၊ လေယာဉ် နဲ့ အကောင်းစား လူနေအိမ်ခန်း ခ တွေ မပေး တာ အပြင် ကလေး စရိတ် တွေ နဲ့ ကြွေးပတ်ချာ လည် ဝိုင်း နေ သူ ဖြစ်ပါတယ်။
အသက် ၄၉ နှစ် ရှိ ပြီ ဖြစ် တဲ့ ဖိးလွိုဒ် မေဝယ်သာ ဟာ စက်တင်ဘာ လ ထဲ မှာ မန်နီ ပတ်ကယော နဲ့ လက်ဝှေ့ ပွဲစဉ် ရှိ နေ ပါတယ်။
ဒီနေ့ လာစ်ဗေးဂတ်(စ) မြို့ က တရား ခွင် မှာ မေဝယ်သာ ရဲ့ ရှေ့နေ တွေ က သူတို့ ရဲ့ အမှု သည် ဟာ နာရီ စုဆောင်း တာ ဝါသနာ ပါ သူ ဖြစ်ပြီး အရင် သူ ဝယ် ယူ ခဲ့ တဲ့ အဖိုးတန် နာရီ အလုံး ၄၀ ကျော် မှာ ဒါမျိုး ဖြစ်ခဲ့ တာ မျိုး တစ်ခါ မှ မရှိ ဘူး လို့ ပြောပါတယ်။
ပြစ်မှု ထင်ရှား ရင် ထောင်ဒဏ် ၂၄ နှစ် ထိ ချ မှတ် ခံရ နိုင်ပါတယ်။
