ကမ္ဘာ့ဖလားပွဲစဉ် ဇယား ရန်ကုန်နှင့်နယ်မြို့ များတွင်ရောင်းအားကောင်း

၆ နိုဝင်ဘာ ရန်ကုန် ၊                       ၊ဟိန်းခိုင်ထွန်း

“ဘယ်ဂျာနယ် တွေက ပါတာကိုမှ မိတ္တူကူးပြီး ပြန်ရောင်းတာ မဟုတ်ဘူး လမ်းထဲမှာ အင်တာနက်ကြည့်တဲ့ ချာတိတ်ကလေး ကို မိတ္တူကူးစက်ပိုင်ရှင်က ပွဲစဉ်အချိန် စာရင်း ထွက်ရင် Save ပြီး ဦးဆီကိုယူခဲ့ပါ လို့ ပြောထားတာ အချိန်စာရင်း လဲ ထွက်ရော သူက ပရင့် ထုတ် မိတ္တူ ကူးပြီးရောင်းတာရေကျော်မှာ တင် စောင်ရေ တစ်သောင်း ကျော်တယ် ဂျာနယ်တွေ အကုန် ခံရ တာပေါ့ ”ဟု ဘောလုံးပွဲစဉ် မိတ္တူ ဘက်ဆဲလား ဖြစ်မှု နှင့် ပတ်သက် ၍ ရန်ကုန် မြို့ ရှိ ဘောလုံးဝါသနာအိုးတစ်ဦးက ပြောသည်။ Continue reading “ကမ္ဘာ့ဖလားပွဲစဉ် ဇယား ရန်ကုန်နှင့်နယ်မြို့ များတွင်ရောင်းအားကောင်း”

မဲဆောက်ရောက် မြန်မာ ရွေ့ ပြောင်းလုပ်သားများ ထိုင်းဘုရင့်မွေးနေ့ တွင် ပါဝင်ဆင်နွှဲ

၅ ဒီဇင်ဘာ ဘန်ကောက် ၊                            ၊Freedom News Group

Thailand King Birthday

သက်တော် ၈၂ နှစ်ရှိပြီ ဖြစ်သည့် ထိုင်း နိုင်ငံ၏ ဘုရင် တစ်ဦး ဖြစ်သူ ဘူမိဘော အဒူယာဒက် ၏ မွေးနေ့ ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ဒီဇင်ဘာလ
၁ရက်နေ့ ထိ နိုင်ငံတ၀ှမ်းတွင် ကျင်းပသည် ။

ဒီဇင်ဘာလ ၅ ရက်နေ့ တွင်ကျရောက်မည့် ထိုင်းဘုရင် ၏ မွေးနေ့ အထိမ်းအမှတ် အတွက်
အလုပ်ရှင်များက နှစ်ရက် အားလပ်ခွင့်ပေးရာ ဖန်င ၊မဟာချိုင် ၊ ရနောင်း ၊မဲဆောက်စသည့် ဒေသများမှ ရွှေ ပြောင်း မြန်မာ အလုပ်သမားများ လည်း အားလပ်ခွင့်ရကြသည်။ Continue reading “မဲဆောက်ရောက် မြန်မာ ရွေ့ ပြောင်းလုပ်သားများ ထိုင်းဘုရင့်မွေးနေ့ တွင် ပါဝင်ဆင်နွှဲ”

၂၀၁၀ ကမ္ဘာ့ဖလား အတွက် ကန်မည့်ဘောလုံးနှင့် ပွဲစဉ်အချိန်စာရင်းများကိုထုတ်ပြန်

၎ ဒီဇင်ဘာ ဘန်ကောက်၊                      ၊Freedom News Group

2010 World Cup Draw

တောင်အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် တရားဝင်သတ်မှတ်ထားသော ဘောလုံးနှင့် အုပ်စုပွဲစဉ် စာရင်းကို Continue reading “၂၀၁၀ ကမ္ဘာ့ဖလား အတွက် ကန်မည့်ဘောလုံးနှင့် ပွဲစဉ်အချိန်စာရင်းများကိုထုတ်ပြန်”

မှော်ဘီလေတပ်စခန်းမှ တရုတ်လုပ် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျ

၂ ဒီဇင်ဘာ ရန်ကုန် ၊                          ၊Freedom News Group

Myanmar War Plane Crash

တရုတ်လုပ် တိုက်လေယာဉ်

တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် မြန်မာ့လေတပ်မှ တိုက်လေယာဉ် တစ်စီးမှာ ဗူဒ္ဓဟူးနေ့ 
နေ့ လည်က မှော်ဘီလေတပ်စခန်း မှနေ၍ လေ့ကျင့်ပျံသန်းနေစဉ် ဧရာဝတီတိုင်း ကြံခင်း
မြို့ ၏ မြောက်ဘက် အနီးတွင်ပျက်ကျမှု ဖြစ်ပွားခဲ့သည် ဟု Freedom News Groupမှစုံစမ်းသိရှိရသည်။ Continue reading “မှော်ဘီလေတပ်စခန်းမှ တရုတ်လုပ် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျ”

စီးပွားရေး နိုဘဲလ်ဆုရှင် မြန်မာ့စီးပွားရေး အကြံပေးမည်

30 November 2009                                                       VOA News

မြန်မာနိုင်ငံရဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်လည်တိုးတက်လာရေးအတွက် စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံက အထင်ကရ စီးပွားရေး ပညာရှင်တယောက် မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ်။
ဇန်န၀ါရီ ၃၁၊ ၂၀၀၉။

ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်း စီးပွားရေးပညာရှင်ဟောင်းလည်းဖြစ်၊ စီးပွားရေးဆိုင်ရာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Dr. Joseph Stiglitz) ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားမယ်လို့ ထိုင်းအခြေစိုက် ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) က ပြောပါတယ်။ Continue reading “စီးပွားရေး နိုဘဲလ်ဆုရှင် မြန်မာ့စီးပွားရေး အကြံပေးမည်”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

၃၀  နိုဝင်ဘာ ရန်ကုန် ၊                            ၊Freedom News Group

Photo : In This Week

ယခုတစ်ပတ် နာမည် ကျော် ပန်းလှိုင် ဆေးရုံ
ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ၏ အုတ်ဂူ
ခရစ်စမ္မတ် အကြိုညကာလတွင် ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံးသစ်ကြီးတွင် လျှပ်စစ်မီးများ ဖြင့် အလှဆင်ထားပုံ
ဒီဇင်ဘာလ ၁ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ အေအိုင်ဒီအက်(စ)နေ့ အထိမ်းအမှတ် ၀ါရှင်တန်ရှိ သမ္မတအိမ် ဖြူတော်တွင် ဖဲကြိုးနီ ဆင်ယဉ်ထားပုံ
ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်နေပြီ ဖြစ်သည့် မော်ဒယ်မိုးယုစံ အား အလှကုန် ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် Cat Walk လျှောက်နေစဉ်

Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ရွေးကောက်ပွဲ ဥပဒေ ကို ထုတ်ပြန်တော့မည်

၃၀ နိုဝင်ဘာ ရန်ကုန် ၊                          ၊Freedom News Group

Myanmar Will Release Election Law

၂၀၁၀ ခုနှစ် တွင် စစ်အုပ်စုကကြီးမှုးပြီး မြန်မာ နိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြဌာန်းချက်များပါ ၀င်သည့် ရွေးကောက်ပွဲ ဥပဒေကို ယခု ဒီဇင်ဘာလဆန်း တွင် ထုတ်ပြန် တော့ မည် ဟုသတင်းရရှိသည်။ Continue reading “ရွေးကောက်ပွဲ ဥပဒေ ကို ထုတ်ပြန်တော့မည်”

ရန်ကုန်မြို့ ၏ အမှောင်ဖုံးည များကို ရဲရွာကြောင့် လွန်မြောက်နိုင်မည် မဟုတ်

၂၉ နိုဝင်ဘာ ရန်ကုန် ၊                          ၊ဟိန်းခိုင်ထွန်း

ရန်ကုန်မြို့ အမေရိကန် သံရုံးတွင် ခရစ္စမတ်ပွဲတော်အတွက် လျှပ်စစ်မီးများဖြင့် အလှဆင်ထားသည်ကိုတွေ့ ရစဉ်

မန္တလေး မြို့ ၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်တွင် တည်ဆောက် ထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရဲရွာရေအားလျှပ်စစ် စီမံကိန်း မှ စတင်၍ ဓာတ်အားပေးလွှတ်မည်ဆိုသော် လည်း ရန်ကုန် နှင့် အခြားမြို့ ရွာများနေ ပြည်သူတို့ အတွက် မဟုတ်ပဲနေပြည်တော်ရှိအရေးကြီးရုံးဌာနနှင့်အဆောက်အဦများအတွက်သာဖြစ်ကြောင်းသိရသည်။ Continue reading “ရန်ကုန်မြို့ ၏ အမှောင်ဖုံးည များကို ရဲရွာကြောင့် လွန်မြောက်နိုင်မည် မဟုတ်”

ဆော်ဒီအာရေဗျတွင် ဟာ့ဂ်ျကာလအတွင်း မိုးသည်းထန်စွာရွာသွန်း

၂၈ နိုဝင်ဘာ ရန်ကုန် ၊                        ၊၊ပလန်းနက် မြန်မာ

Saudi Arabia Raises Toll From Flooding 114 (updates)

ဆ်ာဒီအာရေဗျတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ သေဆုံးသူ အရေအတွက် (၇၇)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ဆော်ဒီပြည်ထဲရေး ၀န်ကြီးဌာနက သေသူများအတွင်း ယခုနှစ် Hajခရီးစဉ်အတွက် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာသည့် Hajပြုသူ မွတ်ဆလင် (၂.၅)သန်းကျော်မှ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း အတည်ပြုခဲ့သည်။


Continue reading “ဆော်ဒီအာရေဗျတွင် ဟာ့ဂ်ျကာလအတွင်း မိုးသည်းထန်စွာရွာသွန်း”

၂၀၁၂ မှာတကယ်ပဲ ကမ္ဘာပျက်မှာလား

၂၆ နိုဝင်ဘာ ရန်ကုန် ၊                       ၊မြန်မာ နက္ခတ်ဗေဒ

2012 Phenomenon

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ Continue reading “၂၀၁၂ မှာတကယ်ပဲ ကမ္ဘာပျက်မှာလား”

2012 ဇာတ်ကား၏ အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ် ရောင်းအားကောင်း

၂၄ နိုဝင်ဘာ ကာလီဖိုးနီးယား၊                     ၊FNG

Adam Lambert Controversial AMA Award  Prformances

ဒါရိုက်တာ ရိုလန် အီမာရစ်ခ်ျ ရိုက်ကူးတင်ဆက်သည့် ၂၀၁၂ အမည်ရှိ ကမ္ဘာပျက်သည့်
ကပ်ဘေးကြီး အကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင်ဇာတ်ကားအပြီး နောက်
ဆုံးစာတန်း ထိုးချိန်တွင် ဖွင့်လှစ်ခဲ့သည့် Time Of Miracles အမည်ရှိသီချင်းကို သီဆိုခဲ့သည့် အမေရိကန် Pop Rock အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ်မှာ အလွန်ရောင်းအား ကောင်းကြောင်း လောစ်ဇင်းဂျလိစ် ရှိ ဓာတ်ပြား
ဆိုင်များမှ စုံစမ်းသိရှိရသည်။ Continue reading “2012 ဇာတ်ကား၏ အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ် ရောင်းအားကောင်း”

ထိုင်းဝန်ကြီးချုပ် ဟောင်း ကွယ်လွန် သည် ကို အကြောင်းပြု၍ မငြိမ်မသက်မှုများ ဖြစ်လာနိုင်သည် ဟု ထိုင်းရဲချုပ်သတိပေး

၂၄ နိုဝင်ဘာ ဘန်ကောက် ၊                        ၊Freedom News Group

Former Thai PM Samak Dies at 74

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ကလေးငယ်များ နှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံနေသည့်ထိုင်းဝန်ကြီးချုပ် စမတ်

အသက် ၇၄ နှစ် အရွယ်ရှိ ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ၀န်ကြီးချုပ်ဟောင်း ဆမတ် ဆုန်ထရာဝေ့ သည် ယမန်နေ့ က ဘန်ကောက် မြို့ ရှိဘူရွမ်ဂရက်ဆေးရုံကြီးတွင် အသည်းကင်ဆာ ရောဂါ ဖြင့် ကွယ်လွန် သွားပြီ ဖြစ်ကြောင်း နေရှင်း သတင်းစာ၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံတွင် စစ်တပ်မှ Continue reading “ထိုင်းဝန်ကြီးချုပ် ဟောင်း ကွယ်လွန် သည် ကို အကြောင်းပြု၍ မငြိမ်မသက်မှုများ ဖြစ်လာနိုင်သည် ဟု ထိုင်းရဲချုပ်သတိပေး”

ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ

၂၀ နိုဝင်ဘာ ရန်ကုန် ၊                       ၊ပလန်းနက် မြန်မာ

Burma : Private School Relaunches

တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားလျက်ရှိသည့် ACA ပညာရိပ်ငြိမ်ဘော်ဒါဆောင်ကို အခြေံပညာအထက်တန်းကျောင်းအဖြစ် အသိအမှတ်ပြု၍ တရားဝင်ပညာသင်ကြားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ပုဂ္ဂလိကသို့ ယခုကဲ့သို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။ သက်တမ်း၂၆နှစ်ရှိပြီဖြစ်သော ACA  ဘော်ဒါဆောင်၏ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းသားများကို အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိပြီဖြစ်သည်။ Continue reading “ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ”

ကုန်တွဲ သင်္ဘောကြီး တစ်စင်းနှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘော င၀န်မြစ်အတွင်း တစ်နေရာ၌ တိုက်မိပြီး ခရီးသည်တင် သင်္ဘောနစ်မြုပ်မှု နိုဝင်ဘာလ ၁၅ရက်နေ့ ညပိုင်းကဖြစ်ပွား

၂၀ နိုဝင်ဘာ ရန်ကုန် ၊                       ၊Eleven Media

Scores Fear Dead In Myanmar Ferry Crash

ရှမ်းငူရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့သော သင်္ဘောအား ရှာဖွေမှုများပြုလုပ်နေကြစဉ်

ကုန်စည်များ တင်ဆောင်လာ သော ကုန်သင်္ဘောကြီး (ဒေသ အခေါ် CB1 သံခွံကိုယ်ထည်အမျိုးအစား)နှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင် သင်္ဘောတို့သည် ပုသိမ်မြို့အနီး င၀န် မြစ်ကျဉ်းတစ်နေရာ၌ ည ၇နာရီခွဲ ၀န်းကျင်တွင် ၀င်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၊ ကိုယ်တွေ့ကြုံ သူများ၏ပြောကြားချက်အရ သိရှိရ သည်။ နေမျိုးထွန်း(ဒေသအခေါ်နေမျိုး ထွန်းကြီး) အမည်ရှိ ပုသိမ်-သက္ကယ် သောင် Continue reading “ကုန်တွဲ သင်္ဘောကြီး တစ်စင်းနှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘော င၀န်မြစ်အတွင်း တစ်နေရာ၌ တိုက်မိပြီး ခရီးသည်တင် သင်္ဘောနစ်မြုပ်မှု နိုဝင်ဘာလ ၁၅ရက်နေ့ ညပိုင်းကဖြစ်ပွား”