ဖုန်ကြားရှင်သစ္စာခံများက အလစ်အငိုက်တုံ ပြန်မည်ဆိုသောသတင်းကြောင့် မန္တလေးရှိ ကိုးကန့် နှင့် ၀ များကိုစောင့်ကြည့်မှုရှိ

၇ စက်တင်ဘာ မန္တလေး၊                  ၊ညွန့် သက်ထားဦး

Kokant Militant Seek Revenge

မန္တလေးကျုံးအနီးနေ့ တဓူဝ သွားလာနေသည့်ပြည်သူများ
မန္တလေးကျုံးအနီးနေ့ တဓူဝ သွားလာနေသည့်ပြည်သူများ

ယခင်မြန်မာနိုင်ငံ၏ ဒုတိယ မြိုတော် ဖြစ်သည့် မန္တလေး မြို့ တွင် အထူးဒေသ (၁) နှင့် အထူးဒေသ (၂) စသည့် လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ များမှ ရင်းနှီးမြုပ်နှံထားသော စီးပွားရေးလုပ်ငန်းများကိုဒေသခံ စရဖ နှင့် ရဲတပ်ဖွဲ့ ဝင်များက စောင့်ကြပ်ကြည့်ရှုများရှိ
ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက ကိုးကန့် နယ်မြေ အတွင်းသို့ မြန်မာ အစိုးရ တပ်များ
ထိုးဖောက်ဝင်ရောက်ပြီးနောက်ပိုင်းတွင် မန္တလေးမြို့ ပေါ်ရှိ ကိုးကန့် နှင့် ၀ လူမျိုးတို့ ဖွင့်လှစ်
ထားသည့် ကုမ္ပဏီ များ စားသောက်ဆိုင်များကို ပို၍ တင်းကျပ်စွာစောင့်ကြပ်ကြည့်ရှုမှု
များရှိ ခဲ့သည်။အထူးသဖြင့် ဖြုတ်ချခံခဲ့ရသည့် ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင် နှင့်နီးကပ်စွာဆက်ဆံ မှု ရှိခဲ့သော ကိုးကန့် လူမျိုး အချို့ ကို စစ်ထောက်လှမ်းရေးက ပိုမိုစောင့်ကြပ်ကြည့်ရှုသည် ။ Continue reading “ဖုန်ကြားရှင်သစ္စာခံများက အလစ်အငိုက်တုံ ပြန်မည်ဆိုသောသတင်းကြောင့် မန္တလေးရှိ ကိုးကန့် နှင့် ၀ များကိုစောင့်ကြည့်မှုရှိ”

ဝ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)

၆ စက်တင်ဘာ မန္တလေး၊                     ၊ညွန့် သက်ထားဦး

Myanmar Have Not Sympathizes Wa and Kokant

ဝ ခေါင်းဆောင်ပေါက်ယိုချန်း၏ သားမက် အိုက်ဟောင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ရှိ ဘီအမ်အီး ညကလပ်
ဝ ခေါင်းဆောင်ပေါက်ယိုချန်း၏ သားမက် အိုက်ဟောင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ရှိ ဘီအမ်အီး ညကလပ်

“ကျွန်မ သမီး တက္ကသိုလ် ကျောင်းသူလေးလေ ၉၈ ခုနှစ်မှာ ၀ တွေစီးလာတဲ့ကားဝင်
တိုက်မိ လို့ သေသွားတာ မောင်းလာတာက ၀ တပ်ဖွဲ့ က ဗိုလ်မှုး နောက်ကျတော့ ကားတောင် မမောင်းတတ်တဲ့ မြန်မာ တစ်ယောက် နဲ့ အစားထိုးတယ် မျက်မြင်သက်
တွေက ကားမောင်းတာ ဒီလူမဟုတ်ပါဘူးပြောတော့ ၀ တွေက အဲဒီသက်သေတွေကို
ခြိမ်းခြောက်တယ် ။ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးက လက်ပိုက်ကြည့်နေတယ်။ဟောအခု ၀ဍ် ပြန်လည်တော့မယ့် ကောင်းတယ်“ ဟု  အထူးဒေသ ၂ ဟုခေါ်သည့် ရန်ကုန်ရောက် ၀တပ်ဖွဲ့ ကြောင့် သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရသူ အမေအို တစ်ဦးက Freedom News Group သို့ တစ်ချိန်က ကြုံခဲ့ရသည့် သူမ၏ သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရပုံကို ဒေါသအပြည့်ဖြင့်ပြောသည်။ Continue reading “၀ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)”

ဖုန်ကြားရှင် ထိမ်းချုပ်ခဲ့သည့် နေရာများတွင် ယာဘ ဆေးပြားများနှင့် ဆေးပြားထုတ်စက်များ သိမ်းဆည်းရမိ ဟု မြန်မာ စစ်အစိုးရစွပ်စွဲ

၅  သြဂုတ် ရန်ကုန် ၊                    ၊တင်ကျော်ကျော်စိုး

Myanmar seizes some stimulants in Kokang region

ဖေဖေါ်ဝါရီလ က ဗမာပြည်ကွန်မြူနစ်ပါတီ မှခွဲထွက်ခြင်း နှစ်နှစ်ဆယ်ပြည့်မြောက်တွင် ကိုးကန့်  တိုင်းရင်းသား ကလေးငယ်များနှင့် တွေ့ ရသည့် ဖုန်ကြားရှင်
ဖေဖေါ်ဝါရီလ က ဗမာပြည်ကွန်မြူနစ်ပါတီ မှခွဲထွက်ခြင်း နှစ်နှစ်ဆယ်ပြည့်မြောက်တွင် ကိုးကန့်  တိုင်းရင်းသား ကလေးငယ်များနှင့် အတူလောက်ကိုင်တွင်တွေ့ ရသည့် ဖုန်ကြားရှင်(www.kokang.net)

စစ်အစိုးရ နယ်ခြားစပ် တပ်ဖွဲ့ စည်းရန် လက်မခံခဲ့သော ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် နှင့်နောက်လိုင်များနှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ယခင် ဖုန်ကြားရှင် တို့ ခြေကုပ်ယူထားသည့်
ကိုးကန့် နယ်မြေတွင် စိတ်ကြွမူးယစ် ဆေးပြား တစ်သိန်းငါးသောင်းကျော်နှင့် ဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရမိသည်ဟု သောကြာနေထုတ်မြန်မာ့အလင်းသတင်းစာ တွင် ဖေါ်ပြထားသည်။ Continue reading “ဖုန်ကြားရှင် ထိမ်းချုပ်ခဲ့သည့် နေရာများတွင် ယာဘ ဆေးပြားများနှင့် ဆေးပြားထုတ်စက်များ သိမ်းဆည်းရမိ ဟု မြန်မာ စစ်အစိုးရစွပ်စွဲ”

တားမြစ်ပိတ်ပင်မှုများရှိသော ကြောင့်တိုင်းရင်းဆေးထုတ်လုပ်သူများ အခက်အခဲကြုံတွေ့ 

၅ စက်တင်ဘာ ရန်ကုန် ၊                  ၊ယူကွန်

Plight of Burmese Traditional  Medicines Makers

မြန်မာလူမျိုးတို့ အားထားရာရိုးရာတိုင်းရင်းဆေးဝါးများ
မြန်မာလူမျိုးတို့ အားထားရာရိုးရာတိုင်းရင်းဆေးဝါးများ

ယခုနှစ်မေလမှစ၍ကျန်းမာရေးဝန်ကြီးဌာန က တိုင်းရင်းဆေးဝါးများကို အများပြည်သူသုံးစွဲရန်
မသင့်ကြေညာခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့  Continue reading “တားမြစ်ပိတ်ပင်မှုများရှိသော ကြောင့်တိုင်းရင်းဆေးထုတ်လုပ်သူများ အခက်အခဲကြုံတွေ့ ”

မန္တလေး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ထိုင်းအဆိုတော် တာတာယန်း လာရောက်ဖျော်ဖြေမည်

၎ သြဂုတ် မန္တလေး ၊                       ၊ညွန့် သက်ထားဦး

Tata Young  Join  MNL Kick Off in Manadaly

ထိုင်းအဆိုတော် တာတာယန်းကို အာရှ အမ်တီဗီ ဆုယူအပြီးတွေ့ ရစဉ်
ထိုင်းအဆိုတော် တာတာယန်းကို အာရှ အမ်တီဗီ ဆုယူအပြီးတွေ့ ရစဉ်

မန္တလေးမြို့ ဗထူးကွင်းတွင် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ (၂ဝဝ၉)ခုနှစ် အတွက် ဒုတိယ အကြိမ်မြောက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် အမေရိကန်နွယ်ဖွား ထိုင်းနာမည်ကြီး အဆိုတော် ဖြစ်သူ တာတာယန်း လာရောက်သီဆို ဖျော်ဖြေမည် ဟု သတင်းရရှိသည်။

MNL ဖွင့်ပွဲအခမ်းအနားတွင် တာတာယန်း လာရောက်သီဆိုရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် Air Bagan တို့ မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများကို အင်္ဂလန် ပရီးမီးယားလိဂ် ကဲ့သို့ နှစ်ကျော့ခွဲ ကစားမည် ဖြစ်သည်။ ပထမ အကျော့ ကို စက်တင်ဘာလ ၅ ရက်မှ အောက်တိုဘာလ နှောင်း ပိုင်းထိ ရန်ကုန် နှင့် မန္တလေးတွင် ကစားမည် ဖြစ်ပြီး ဒုတိယ အကျော့ကိုပွဲစဉ်များကို အောက်တိုဘာလ ၃၁ ရက်နေ့ မှ ဇန်န၀ါရီလ ၂၁ ရက်နေ့ ထိယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ Continue reading “မန္တလေး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ထိုင်းအဆိုတော် တာတာယန်း လာရောက်ဖျော်ဖြေမည်”

ဘော်ဒီ ပိန်းတင် ခေါ် ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင် နှင့် အရုပ်ရေးချယ်မှုများ မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားလာ (သတင်း ဆောင်းပါး)

Young Girls Tattooing For Sexy

ခန္တာကိုယ်ပေါ် တွင်ဆေးအလှခြယ်နေ သည့် မိန်းကလေး တစ်ဦး

မြို့ ပြနေ ဆယ်ကျော်သက် မြန်မ်ာမိန်းကလေးငယ်များ ကြားတွင် ခန္တာကိုယ်ပေါ်၌ ဆေးမှင်
ကြောင်ထိုးခြင်းနှင့်ဆေးမှင်ကြောင်ကဲ့သို့ သောအရုပ်များရေးထိုးခြင်းခောတ်စားလာသည်ဟုသိရသည်။

ထိုကဲ့သို့ ခောတ်စားရခြင်းမှာ နိုင်ငံတကာ ဖျော်ဖြေရေးရုပ်သံလိုင်းများဖြစ်သည့် Fashion TV(FTV) နှင့် MTV ရုပ်သံလိုင်းများကြောင့်ဖြစ်သလို မြန်မာမိန်းကလေးတို့ အကြိုက်ဟောလိဝုဒ် သရုပ်ဆောင်များ ခန္တာကိုယ် ပေါ်ရှိ
တက်တူး အလှကြောင့် ဖြစ်သည် ဟု သိရသည်။ Continue reading “ဘော်ဒီ ပိန်းတင် ခေါ် ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင် နှင့် အရုပ်ရေးချယ်မှုများ မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားလာ (သတင်း ဆောင်းပါး)”

မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်(ပေါင်ဖြူရင် မယူချင်ဘူး)ဆောင်းပါး

၃ စက်တင်ဘာ ရန်ကုန် ၊                    ၊အိုးဘို (www.0bobeatz.wordpress.com)

Tattoo Culture Strikes Back in Burma

Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်
Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်

ဆေးမင်ကြောင် (Tattoo)ကို ယနေ့ခေတ် လူငယ်များ မိမိ ခန္ဓာကိုယ်ပေါ်တွင် နှစ်ခြိုက်စွာ ဆေးခြယ် လာကြသည်ကို တွေ့ရှိနေရသည်။ ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင် ၄င်းဆေးမင်ကြောင်များ ဂယက်သည် လူတိုင်းနီးပါး ကိုယ်ပေါ်၌ စွဲထင်လာ နေကြပေသည်ကို တွေ့ရှိနေရသည်။ အမျိုးသား၊ အမျိုးသမီးမှန်သမျှ အလှအပအဖြစ် ထိုးသွင်းနေကြသည်ကို တွေ့နေရသည်။ ၄င်း Tattoo ထိုးခြင်းသည် မြန်မာအနုပညာ လောကတွင် လွန်ခဲ့သော (၅၊၆)နှစ်မှစ၍ ခေတ်စား လာခဲ့သည်ကို တွေ့မြင်ပေရသည်။ ဆေးမင်ကြောင် ထိုးခြင်းနှင့် ပတ်သက်၍ ယနေ့ခေတ် လူငယ်များ သေသေချာချာ ဂဃနဏ သိသာစေရန် တင်ပြလိုက်ရပေသည်။ ဆေးမင်ကြောင် ဟူသည် လူ၏ကိုယ်ခန္ဓာ အရေပြားပေါ်တွင် စွဲမြဲစွာသေရာပါ ထင်နေစေရန် တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့် ဆေးရောင်သွင်းကာ အရုပ်များ၊ အမှတ်အသားများ၊ စာများ၊ ပန်းကနုတ်များစသည်တို့ကို အလှအပအလို့ငှာ ထိုးခြင်းကို ခေါ်ဝေါ် ခြင်းဖြစ်သည်။ Continue reading “မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်(ပေါင်ဖြူရင် မယူချင်ဘူး)ဆောင်းပါး”

၁၈နှစ်ကြာ ဖမ်းဆီးခံခဲ့ရသည့် သနားစဖွယ် မိန်းကလေးငယ်၏အဖြစ်ဆိုး

2 September Yangon –                  -Planet News (www.planet.com.mm)

အမေရိကန် ရဲတပ်ဖွဲ့သည် ဂျေစီလီးဒူးဂတ် (၁၈)နှစ်လုံးလုံး အနေဆင်းရဲစွာ ဖြတ်သန်းအချိန်ကုန်ခဲ့ရသည့် အခန်းကျဉ်းလေးနှင့် တင်းကုပ်ဟောင်း နေရာလေး၏ ဓာတ်ပုံများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ ဂျေစီသည် သူမအသက် (၁၁)နှစ်အရွယ်က ဖီးလစ်ဂါရီဒိုနှင့် နန်စီဂါရီဒိုတို့၏ ပြန်ပေးဆွဲဖမ်းဆီးမှုကို ခံခဲ့ရပြီး (၁၈)နှစ်လုံးလုံး ဖီးလစ်၏ လိင်ဆိုင်ရာ ကျေးကျွန်အဖြစ် သိမ်ငယ်စွာ နေထိုင်ခဲ့ရသည်။ ဖီးလစ်နှင့် နန်စီတို့သည် ဂျေစီအား ၎င်းတို့အိမ်၏ အနောက်ဘက်ရှိ လျှို့ဝှက်ခြံဝင်းငယ်လေးထဲတွင် ချုပ်နှောင်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ Continue reading “၁၈နှစ်ကြာ ဖမ်းဆီးခံခဲ့ရသည့် သနားစဖွယ် မိန်းကလေးငယ်၏အဖြစ်ဆိုး”

ဂျပန်စီးပွားရေးကို ပြင်ဆင်နိုင်မည်ဟု ၀န်ကြီးချုပ်သစ်ကြွေးကြော်

2 September Yangon – -Planet News (www.planet.com.mm)

r3908862312တိုင်းပြည်၏ ယိုယွင်းနေသော စီးပွားရေးကို ပြုပြင်နိုင်ရန် အဓိကရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်သစ် ယူကီအို ဟာတိုယာမာက ကြွေးကြော်လိုက်သည်။ ဩဂုတ်လ (၃၀)ရက်နေ့က ဂျပန်ရွေးကောက်ပွဲ ရလဒ်များကို ကြေညာရာ အတိုက်အခံပါတီခေါင်းဆောင် ဟာတိုယာမာက အနိုင်ရရှိပြီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရွေးချယ် ခံခဲ့ရသည်။ ဟာတိုယာမာက နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန်၊ လုပ်သားများ၏ အခွင့်အရေး ပိုမိုရရှိလာစေရန်နှင့် အမေရိကန်စတိုင် စီးပွားရေးကို တွန်းလှန်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေနှင့် နိုင်ငံစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်မြှင့်တင်ရန် ဦးဆောင်ဦးရွက် ပြုသွားမည်ဟု ကတိပြုခဲ့သည်။ Continue reading “ဂျပန်စီးပွားရေးကို ပြင်ဆင်နိုင်မည်ဟု ၀န်ကြီးချုပ်သစ်ကြွေးကြော်”

ဒီတစ်ပတ်သတင်း ဓာတ်ပုံ

၃၁ သြဂုတ် ရန်ကုန် ၊                   ၊Freedom News Group

Photo of the Week

မြန်မာပြည်အရှေ့ခြမ်းကိုးကန့် လက်နက်ကိုင်အဖွဲ့ များနှင့် နအဖ တပ်ဖွဲ့ များဖြစ်ပွားနေသောစစ်ပွဲများအတွင်း တရုတ်ပြည် နယ်စပ် မြို့ နမ့်ဆန် သို့ ထွက်ပြေးကြရသည့် ဒုက္ခသည်များ ဓာတ်ပုံ - အယ်အေ တိုင်းမ်
မြန်မာပြည်အရှေ့ခြမ်းကိုးကန့် လက်နက်ကိုင်အဖွဲ့ များနှင့် နအဖ တပ်ဖွဲ့ များဖြစ်ပွားနေသောစစ်ပွဲများအတွင်း တရုတ်ပြည် နယ်စပ် မြို့ နမ့်ဆန် သို့ ထွက်ပြေးကြရသည့် ဒုက္ခသည်များ ဓာတ်ပုံ - အယ်အေ တိုင်းမ်
နှစ်နှစ်ဆယ်ကြာ ရပ်နားခဲ့သည့် ကိုးကန့် အပစ်ရပ် အဖွဲ့ နှင့် ပြန်လည်စတင်နေသည့် အတွက်ကြောင့် တရုတ်နိုင်ငံဘက်ခြမ်းဘက်သို့ ရောက်ရှိလာသည့် မြန်မာ တိုင်းရင်းသား ဒုက္ခသည်ပေါင်းမှာ သုံးသောင်းကျော်ပြီ ဟု ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးကသတင်းထုတ်ပြန်သည် ဓာတ်ပုံ - ရိုက်တာ
နှစ်နှစ်ဆယ်ကြာ ရပ်နားခဲ့သည့် ကိုးကန့် အပစ်ရပ် အဖွဲ့ နှင့် ပြန်လည်စတင်နေသည့် အတွက်ကြောင့် တရုတ်နိုင်ငံဘက်ခြမ်းဘက်သို့ ရောက်ရှိလာသည့် မြန်မာ တိုင်းရင်းသား ဒုက္ခသည်ပေါင်းမှာ သုံးသောင်းကျော်ပြီ ဟု ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးကသတင်းထုတ်ပြန်သည် ဓာတ်ပုံ - ရိုက်တာ
ဥဿာယူနိုက်တက်ကလပ် အသင်းကိုတည်ထောင်ထားသည့် IBTC ကုမ္ပဏီမှ ထုတ်လုပ်သည့် နညမည်ကျော် Grand Royal ၀ီစကီ စက်ရုံမီးလောင်စဉ်
ဥဿာယူနိုက်တက်ကလပ် အသင်းကိုတည်ထောင်ထားသည့် IBTC ကုမ္ပဏီမှ ထုတ်လုပ်သည့် နာမည်ကျော် Grand Royal ၀ီစကီ စက်ရုံမီးလောင်စဉ်
မိုးသည်းထန်စွာရွာ သွန်းသည့် နေ့ များတွင် လမ်းပေါ်ရေလျှံမှုများကြောင့် လူသွားလူလာများတိတ်ဆိတ်ခြောက်သွေ့ လျှက်ရှိသည် ကိုတွေ့ ရသည်
ရန်ကုန်မြို့ တွင် မိုးသည်းထန်စွာရွာ သွန်းသည့် နေ့ များတွင် လမ်းပေါ်ရေလျှံမှုများကြောင့် လူသွားလူလာများတိတ်ဆိတ်ခြောက်သွေ့ လျှက်ရှိသည် ကိုတွေ့ ရသည်
ရန်ကုန်နှင့် နိုင်ငံတ၀ှမ်းမှ အလှဖန်တီးရှင်များ နှင့် လိင်တူချစ်သူများပ၀င်ဆင်နွှဲသည့် Miss Red Ribbon ရွေးပွဲ
ရန်ကုန်နှင့် နိုင်ငံတ၀ှမ်းမှ အလှဖန်တီးရှင်များ နှင့် လိင်တူချစ်သူများပ၀င်ဆင်နွှဲသည့် Miss Red Ribbon ရွေးပွဲတွင်ရံပုံငွေ သိန်း ၆၀ ကျော်ရရှိခဲ့သည်
ဆီဒိုးနား ဟိုတယ်တွင်စနေနေ့ ကကျင်းပသည့် လိင်တူချစ်သူများ၏ Miss Red Ribbon ရွေးချယ်ပွဲ
ဆီဒိုးနား ဟိုတယ်တွင်စနေနေ့ ကကျင်းပသည့် လိင်တူချစ်သူများ၏ Miss Red Ribbon ရွေးချယ်ပွဲ
လူငယ်ကြိုက်သရုပ်ဆောင် သစ်များဖြစ်ကြသည့် အောင်ရဲလင်း နှင့် နန်းဆုရတီစိုး
လူငယ်ကြိုက်သရုပ်ဆောင် သစ်များဖြစ်ကြသည့် အောင်ရဲလင်း နှင့် နန်းဆုရတီစိုး
နာမည်ရလာသည့် မျက်နှာသစ် မော်ဒယ် မြတ်နိုးခြိမ့်
နာမည်ရလာသည့် မျက်နှာသစ် မော်ဒယ် မြတ်နိုးခြိမ့်

ပုံများထပ်မံကြည့်ရှုရန် more photo click here Continue reading “ဒီတစ်ပတ်သတင်း ဓာတ်ပုံ”

ဆီဒိုးနား လိင်တူချစ်သူများ တွေ့ ဆုံပွဲ သမိုင်းဝင်လက်မှတ်မှောင်ခိုဈေးဖြစ်

၃၀ သြဂုတ် ရန်ကုန်၊                       ၊စပယ်ထွန်း

Myanmar Gay Participants HIV/AIDS Awareness

ယမန်နေ့ ညက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည့် ဖဲကြိုးနီ ပွဲတော် တွင်မြန်မာနိုင်ငံမှ လိင်တူချစ်သူများစွာစုရုံးခဲ့၍  လိင်တူချစ်သူများ လှယဉ်ကျေးမယ်ရွေးချယ်ပွဲ Miss Red Ribbon အမည်ဖြင့်ကျင်းပခဲ့သည်ဟုသိရသည်။ Continue reading “ဆီဒိုးနား လိင်တူချစ်သူများ တွေ့ ဆုံပွဲ သမိုင်းဝင်လက်မှတ်မှောင်ခိုဈေးဖြစ်”

ကနေဒီ ၏ နောက်ဆုံးခရီး(သတင်းဓာတ်ပုံ)

၂၉ သြဂုတ် ဘော်စတွန် ၊                       ၊သီရိထက်

Edward M. Kennedy Funeral Service (Photo)AP,AFP, Freedom News Group

အက်ဒွပ် ကနေဒီ ၏ ရုပ်အလောင်းအား ဘော်စတွန် ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းတွင် ဓမ္မတေး ကျူးဧြီ့းနောက် အာလင်တန်ရှိ အကိုဖြစ်သူ လဲလျှောင်းရာ အမျိုးသား သုဿန် သို့ သယ်ဆောင်လာစဉ်
အက်ဒွပ် ကနေဒီ ၏ ရုပ်အလောင်းအား ဘော်စတွန် ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းတွင် ဓမ္မတေး ကျူးဧြီ့းနောက် အာလင်တန်ရှိ အကိုဖြစ်သူ လဲလျှောင်းရာ အမျိုးသား သုဿန် သို့ သယ်ဆောင်လာစဉ်
ဘော်စတွန် ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်း Our Lady of Perpetual Help Basilica တွင် ကျင်းပသော ကနေဒီ ဈာပန အခမ်းအနားသို့ တက်ရောက်လာသည့် သမ္မတ ဟောင်း ကလင်တန် နှင့် အိုဘားမား
ဘော်စတွန် ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်း Our Lady of Perpetual Help Basilica တွင် ကျင်းပသော ကနေဒီ ဈာပန အခမ်းအနားသို့ တက်ရောက်လာသည့် သမ္မတ ဟောင်း ကလင်တန် နှင့် အိုဘားမား
ကနေဒီ ၏ မိသားစုဝင် များနှင့်တွေ့ ဆုံ အားပေးနေသော အိုဘားမား
ကနေဒီ ၏ မိသားစုဝင် များနှင့်တွေ့ ဆုံ အားပေးနေသော အိုဘားမား
ကနေဒီ ၏ နောက်ဆုံး ခရီးသို့ ရောက်ရှိလာသည့် ကာလီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုး နှင့် သရုပ်ဆောင် အာနိုး
ကနေဒီ ၏ နောက်ဆုံး ခရီးသို့ ရောက်ရှိလာသည့် ကာလီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုး နှင့် သရုပ်ဆောင် အာနိုး
ဆင်းရဲသားများနှင့် ဓနဥစ္စာမဲ့သူများကို အတွက် မားမားမတ်မတ်ရှိခဲ့သည့် တဒ်၏ နောက်ဆုံးခရီးတွင် လိုက်ပါပို့ ဆောင်သည့် ပြည်သူများ
ဆင်းရဲသားများနှင့် ဓနဥစ္စာမဲ့သူများကို အတွက် မားမားမတ်မတ်ရှိခဲ့သည့် တဒ်၏ နောက်ဆုံးခရီးတွင် လိုက်ပါပို့ ဆောင်သည့် ပြည်သူများ
ကနေဒီ ၏ နောက်ဆုံးခရီးတွင် တေးဂီတ ဖျော်ဖြေပေးနေ သည့် ကမ္ဘာ့ ဂန္တ၀င် ချယ်လိုပညာရှင် ယိုယိုမား
ကနေဒီ ၏ နောက်ဆုံးခရီးတွင် တေးဂီတ ဖျော်ဖြေပေးနေ သည့် ကမ္ဘာ့ ဂန္တ၀င် ချယ်လိုပညာရှင် ယိုယိုမား

click here more photo Continue reading “ကနေဒီ ၏ နောက်ဆုံးခရီး(သတင်းဓာတ်ပုံ)”

Grand Royal မီးလောင်မှုရှို့မီးဖြစ်နိုင်သည် ဟု ယူဆ

၂၉ သြဂုတ် ရန်ကုန် ၊                    ၊ညွန့် သက်ထားဦး

Myanmar Huge Distillery  Fire Suspects Arson

Grand Royal ၏ဘောလုံးအသင်း ဖြစ်သည့် ဥဿယူနိုက်တက်အသင်း၏ မိတ်ဆက်ပွဲ
Grand Royal ၏ဘောလုံးအသင်း ဖြစ်သည့် ဥဿယူနိုက်တက်အသင်း၏ မိတ်ဆက်ပွဲ

Grand Royal အရက်ချက်စက်ရုံမီးလောင်မှုသည် စီးပွားရေးပြိုင်ဘက်များမှ အကောက်ကြံသော ရှို့မီးဖြစ်နိုင်ကြောင်း Grand Royal ၀ီစကီ အား ထုတ်လုပ်သည့် IBTC (International Beverages Trading Co.Ltd) မှ အမည်မဖေါ်လိုသော အကြီးတန်းအရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “Grand Royal မီးလောင်မှုရှို့မီးဖြစ်နိုင်သည် ဟု ယူဆ”

သမ္မတ ဟောင်းဂျွန်အက် (ဖ)ကနေဒီ ၏ ညီဖြစ်သူ လွှတ်တော်အမတ် တဒ် ကနေဒီ ၏ ဈာပန

၂၉ သြဂုတ် ဘော်စတွန် ၊                        ၊သီရိထက်

Edward M. Kennedy – – 1932 – 2009

ဘော်စတွန် တွင် ထားရှိသော ရုပ်အလောင်းကို ဂုဏ်ပြုတပ်ဖွဲ့ မှ ယနေ့ မနက်ပိုင်းတွင် ဂုဏ်ပြုစဉ်
ဘော်စတွန် တွင် ထားရှိသော ရုပ်အလောင်းကို ဂုဏ်ပြုတပ်ဖွဲ့ မှ ယနေ့ မနက်ပိုင်းတွင် ဂုဏ်ပြုစဉ်

၁၉၆၃ ခုနှစ်က လုပ်ကြံခံခဲ့ ရသူ အမေရိကန် သမ္မတ ဂျွန်အက် (ဖ)ကနေဒီ၏
ညီဖြစ်သူ မက်ဆာချူးဆက် ပြည်နယ် လွှတ်တော်အမတ် အက်ဒွပ် (တဒ်) ကနေဒီ သည် ၂၅ ရက်နေ့ ည အင်္ဂါ နေ့ နှောင်းပိုင်း)က အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

ဥဏှောက် ကင်ဆာရောဂါ ကို ကြာရှည်စွာခံစားနေရသည့် တဒ်ကနေဒီမှာ ထိုရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ကနေဒီ ၏ ရုပ်အလောင်းကို ဇာတိ
ဘော်စတွန် ရှိ သမ္မတ ကနေဒီ စာကြည့် တိုက် နှင့် ပြတိုက် တွင် အများပြည်သူ ကြည့်ရှုရန် ထားရှိမည် ဖြစ်သည်။ စနေ နေ့ တွင်မူ သူ၏ အကိုနှစ်ဦးဖြစ်သူ ဂျွန်အက် (ဖ) ကနေဒီ နှင့် ရှေ့ နေချုပ် ရောဘတ် ကနေဒီတို့ လဲလျှောင်းရာ  ဗာဂျီးနီးယား ပြည်နယ်ရှိ အာလင်တန် အမျိုးသား
သင်္ဂျိုင်းတွင် မြုပ်နှံမည် ဖြစ်သည်။ Continue reading “သမ္မတ ဟောင်းဂျွန်အက် (ဖ)ကနေဒီ ၏ ညီဖြစ်သူ လွှတ်တော်အမတ် တဒ် ကနေဒီ ၏ ဈာပန”