မြန်မာအစိုးရ၏ အခြေအမြစ်မရှိစွပ်စွဲမှုများ ကိုထိုင်းက ပယ်ချ

၂၆ မေ ဘန်ကောက်၊                 ၊Freedom News Group

Thailand Rejects Burma Attack

ထိုင်း-မြန်မာဆက်ဆံရေးတင်းမာလာပါကမြန်မာဘက်မှ လက်တုံ့ ပြန်သည့်အနေဖြင့်နယ် စပ်ဂိတ်များပိတ်လိုက်ပါက ကုန်ဈေးနှုန်းများတက်လာမည်ကိုပြည် သူများစိုးရိမ်နေကြသည်
ထိုင်း-မြန်မာဆက်ဆံရေးတင်းမာလာပါကမြန်မာဘက်မှ လက်တုံ့ ပြန်သည့်အနေဖြင့်နယ် စပ်ဂိတ်များပိတ်လိုက်ပါက ကုန်ဈေးနှုန်းများတက်လာမည်ကိုပြည် သူများစိုးရိမ်နေကြသည်ဓာတ်ပုံ အေပီ

တနင်္ဂနွေနေ့ ကထုတ်ဝေသည့် မြန်မာ့ အလင်းသတင်းစာတွင် စစ်အစိုးရက အာဆီယံ အဖွဲ့ ၏ အလှည့်ကျ ဥက္ကဌ တာဝန် ယူထားသော ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည် ကို အလေးအနက် ကန့် ကွက်သည်ဟုဖေါ်ပြထားသော ကြေညာချက် ကိုထိုင်းအစိုးရက ပယ်ချလိုက်ကြောင်း မေလ ၂၆ ရက်နေ့ ထုတ်ဝေသည့် သည်နေရှင်း သတင်းစာ တွင်ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်က ထိုင်းနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌတာဝန်ယူထားသည့်အ
တွက်မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေ သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း
စုကြည်အားဖမ်းဆီးထောင်ချရန် ကြိုးစာမှု ကို အာဆီယံ နိုင်ငံများအနေဖြင့် စိုးရိမ်မိသဖြင့် ကြေညာချက်ထုတ်၍ ဒေါ်စုလွတ်မြောက်ရေးတောင်းဆိုရခြင်းဖြစ်သည် ဟု ဆိုသည်။ Continue reading “မြန်မာအစိုးရ၏ အခြေအမြစ်မရှိစွပ်စွဲမှုများ ကိုထိုင်းက ပယ်ချ”

ပြည်တွင်းပြည်ပ ဖိအားများကြောင့် သံတမန်နှင့် သတင်းထောက်များကို စစ်အစိုးရ ဒုတိယအကြိမ် ခွင့်ပြု

၂၅  မေ ရန်ကုန်၊                 ၊တင်ကျော်ကျော်စိုး

Myanmar opens trial again,Aung San  Suu Kyi may take stand

ဟနွိုင်းတွင်ကျင်းပသည့် ဥရောပ-အာဆီယံအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အားမတရာဖမ်းဆီးထားမှုကြောင့် ဝေဖန်မှုများအပေါ်လိပ်ခေါင်းမပြူနိုင် ဖြစ်ခဲ့ရသည့်မြန်မာ နိုင် ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း
ဟနွိုင်းတွင်ကျင်းပသည့် ဥရောပ-အာဆီယံအစည်းအဝေး၌ ဝေဖန်မှုများအပေါ်လိပ်ခေါင်း မပြူနိုင် ဖြစ်ခဲ့ရသည့်မြန်မာ နိုင် ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း

(Updated:နောက်ဆုံးကြားသိရသော သတင်းအရ သံတမန်၁၅ ဦးနှင့် သတင်းထောက် ၁၀ဦးကိုသာခွင့်ပြုမည်ဖြစ်သည်)
ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံး၌ တရားစွဲဆိုထားမှုကို စစ်အစိုးရကဒုတိယအကြိမ်အဖြစ်သံတမန်များနှင့်သတင်းထောက်များအားပြန်လည်ခွင့်ပြုလိုက်
သည်ဟု အမည်မဖော်လိုသော ပြည်တွင်းစာနယ်ဇင်းသမားတစ်ဦးက Freedom News Group သို့ ပြောသည်။

“ဒုတိယမြောက်အပတ်ရဲ့ ဒုတိယနေ့ နက်ဖြန်အင်္ဂါနေ့ အတွက်ပေါ့နော်သံတမန်တွေကိုတော့
အကြောင်းကြားထားပြီးပြီ ပြည်တွင်းက နိုင်ငံခြားသတင်းဌာနသတင်းထောက်တွေ နဲ့  စာနယ်ဇင်းကပုဂ္ဂိုလ်တွေ ကိုတော့ ဘယ်နှစ်ယောက်ဖိတ်မယ် အသေအချာ မသိသေးဘူး
၊သံတမန်တွေ ကတော့ မနက် ရ နာရီခွဲ အင်းစိန်ထောင်ရှေ့မှာ လာစုရမယ် လို့ ပြောတယ်”ဟု အဆိုပါစာနယ်ဇင်းသမား ကပြောသည်။ Continue reading “ပြည်တွင်းပြည်ပ ဖိအားများကြောင့် သံတမန်နှင့် သတင်းထောက်များကို စစ်အစိုးရ ဒုတိယအကြိမ် ခွင့်ပြု”

ဒေါ်အောင်ဆန်းစုကြည် အားအမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် ပြည်သူလူထုတောင်းဆို ကြတော့မည်

၂၄ မေ ရန်ကုန်၊               ၊ဟိန်းခိုင်ထွန်း

Peoples Call For Aung San Suu Kyi Release

capt.photo_1243159802101-1-0“လိုအပ်တဲ့ ရိက္ခာတွေ အကုန်ဝယ်ပြီးသွားပြီ ဘာမှပူစရာမလိုတော့ဘူး အိမ်နားက ဦးလေးတစ်ယောက်က ပြောလို့ ဒေါ်စုကိုလွှတ်ပေးဖို့ ဆန္ဒပြတာတွေ ဖြစ်လာတော့မှာ ဆိုလို”ဟုပြော
သည်မှာ တောင်ဥက္ကလာမြို့ နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ အမှုဆင်ကာထောင်ထဲတွင်ဖမ်းဆီးပြီးနေက် တရားရုံးက
စစ်ဆေးနေစဉ် အတောအတွင်း ပြည်သူလူထုကြား၌ အနှစ်နှစ်ဆယ် အတွင်းပထမဆုံးအကြိမ် စစ်အစိုးရ ဆန့် ကျင်ရေးစိတ်ဓာတ်များကြီးထွားလာ သည် ဟုသိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အားအမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် ပြည်သူလူထုတောင်းဆို ကြတော့မည်”

အီရန်ထောင်မှလွတ်မြောက်လာသည့် ဂျာနယ်လစ် ကန်း(စ)ရုပ်ရှင်ပွဲတော်ဆုရ

၂၄ မေ ကန်း(စ)၊                   ၊လမွန့်

Iranian film co-written by journalist Saberi wins a Cannes festival prize

အန်ဂျလီနာဂျိုလီ၊ဘရက်ပစ်၊ဒါရိုက်တာပက်ဒရို အယ်မိုဒိုဘာ၊ပယ်နီလိုပီ ခရုဇ် တို့အား ကန်း(စ)ရုပ်ရှင်ပွဲတော်တွင်တွေ့ ရစဉ်
အန်ဂျလီနာဂျိုလီ၊ဘရက်ပစ်၊ဒါရိုက်တာပက်ဒရို အယ်မိုဒိုဘာ၊ပယ်နီလိုပီ ခရုဇ် တို့အား ကန်း(စ)ရုပ်ရှင်ပွဲတော်တွင်တွေ့ ရစဉ်

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်ကျင်းပနေသော ၆၂ ကြိမ်မြောက်ကန်း(စ)ရုပ်ရှင်ပွဲတော်တွင် အီရန်အကျဉ်းထောင်မှ မကြာသေးမှီက ပြန်လည်လွတ်မြောက်လာသည့် သတင်းထောက်
ရိုဆာနာဆာဘရီက သူမ၏ခင်ပွန်းလောင်းဖြစ်သူ အီရန် ဒါရိုက်တာ  ဘာမန်းဂိုဘာဒီ  ရိုက်ကူးသည့် “No one knows about Persian cats ”ဇာတ်ကားအတွက် ဇာတ်လမ်းပူးတွဲ ရေးသားမှု ထူးချွန်ဆုရရှိခဲ့သည်။ Continue reading “အီရန်ထောင်မှလွတ်မြောက်လာသည့် ဂျာနယ်လစ် ကန်း(စ)ရုပ်ရှင်ပွဲတော်ဆုရ”

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နယ်စပ်မြ၀တီမြို့အနီး တွင်ချီတက်ဆန္ဒပြတောင်းဆို

၂၄ မေ မြ၀တီ၊                    ၊စောမူဂေး

Burmese Activists Protests Friendship Bridge Thai-Burma Border Town

ချီတက်ဆန္ဒပြသူများအားထိုင်းနယ်ခြားစောင့် တပ်ရင်း၈ မှ လုံခြုံရေးယူပေးထားစဉ်
ချီတက်ဆန္ဒပြသူများအားထိုင်း နယ်ခြားစောင့် တပ်ရင်း၈ မှ လုံခြုံရေးယူပေးထားစဉ်

မြန်မာနိုင်ငံ နယ်စပ်မြို့ တစ်ခုဖြစ်သော မြ၀တီမြို့၏ တစ်ဘက်ကမ်းထိုင်းနိုင်ငံမဲဆောက်ဘက်
ရှိချစ်ကြည်ရေးတံတားအနီးတွင် ယနေ့ နေ့ လည်  ၁၂ နာရီအချိန်ခန့် က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြတောင်းဆိုမှု တစ်ခုကျင်းပခဲ့သည် ဟုသိရှိရသည်။

ထိုဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊သံဃာတော်များ၊
မြန်မာ့အရေးလှုပ်ရှားသူများနှင့်နိုင်ငံခြားသားများပါဝင်ဆန္ဒပြကြသည်။လူ၃၀၀ကျော်ပါဝင်ဆန္ဒပြကြ
ပြီးဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုဟစ်ကြွေးခဲ့ကြသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နယ်စပ်မြ၀တီမြို့အနီး တွင်ချီတက်ဆန္ဒပြတောင်းဆို”

ကုလလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆို

၂၃ မေ ဘန်ကောက်၊                      ၊မိုးမခ၊ အေပီ

UNSC demands Relese All Political Proner and Aung San Suu Kyi

အဖွဲ့ ဝင်ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေးအကျဉ်းသားအား
လုံးပြန်လွှတ်ပးရန် တောင်းဆိုလိုက်ပြီး၊တွေ့ ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေးအတွက် စစ်အစိုးရတွင် တာဝန်ရှိသည် ဟု ကြေညာချက် တွင် ဖေါ်ပြထားသည်။

ယနေ့ ရန်ကုန်အချိန် ညနေ ၄နာရီ ခွဲ ခန့်တွင် အင်းစိန်ထောင်တရားရုံးက ဒေါ်စုနှင့် မိတ်ဆွေများကို တရားဥပဒေအရ တရားစွဲဆို စစ်ဆေးရန် စစ်အစိုးရ၏ လျောက်လဲချက်ကို လက်ခံကြောင်း တရားဝင်ကြေငြာလိုက်ပြီးများမကြာမီ ကမ္ဘာအနောက်ခြမ်း ပစိဖိတ်အချိန် နေ့ခင်း ၁၂ နာရီ ခန့်တွင် နိုင်ငံ ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီကြီးက ဒေါ်စုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆိုချက် ထုတ်ပြန်လိုက်သည်။ Continue reading “ကုလလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် တောင်းဆို”

အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ် သူများတွင် ယနေ့ သံဃာတော်များပိုများလာ

၂၂ မေ ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Monks Gathers Outside of Insein Jail(Day 5)

တတိယမြောက်နေ့ ကအင်းစိန်အကျဉ်းထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အားတွေံရစဉ်
တတိယမြောက်နေ့ ကအင်းစိန်အကျဉ်းထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အားတွေံရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား ပဉ္စမမြောက် နေ့ အဖြစ်အမှု စစ်ဆေးရာ အင်းစိန်ထောင်ရှေ့ဝန်းကျင်
တွင် ပြည်သူလူထု သာမက ရဟန်းသံဃာတော် များလည်းစုရုံးရောက်ရှိ နေသည် ဟုသိရသည်။
အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖော်သူများကို ရဲက ဓာတ်ပုံမှတ်တမ်း ယူနေပြီး အလွတ်သတင်းထောက်များမှ ဓာတ်ပုံမှတ်တမ်းတင်မှုများကို လည်းခိုးဝှက် လုပ်ဆောင်နေရသည်။ Continue reading “အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ် သူများတွင် ယနေ့ သံဃာတော်များပိုများလာ”

ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးရန် ဘန်ကီမွန်း တောင်းဆို ဒေါ်စု နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘန်ကီမွန်း မြန်မာပြည်သွားမည်

၂၁ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Ban Ki Moon demands release of Aung San Suu Kyi

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသာများလွတ်မြောက်ရေးအတွက်မြန်မာပြည် သွားရန်စီစဉ် ထားသည့်ဘန်ကီမွန်း
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသာများလွတ်မြောက်ရေး အတွက်မြန်မာပြည် သွားရန်စီစဉ် ထားသည့်ဘန်ကီမွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအ
ကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။မြန်မာပြည် တွင် စစ်အုပ်စုက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အား ထောင်းတွင်း  ၌ဖမ်းဆီးထားပြီး ပြည်သူလူထု အားသိခွင့်မပေးပဲ အမှုစစ်ဆေးနေ
သည့် ကိစ္စကို လက်မခံ နိုင်သည့် အတွက်လည်း စစ်ခေါင်းဆောင်များကို ဖိအားပေးနိုင်ရန် မြန်မာပြည်သွားမည် ဟု ကြာသပတေးနေ က စီအန်အန် သတင်းဌာန နှင့် အင်တာဗျူးတွင်ပြောသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးရန် ဘန်ကီမွန်း တောင်းဆို ဒေါ်စု နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘန်ကီမွန်း မြန်မာပြည်သွားမည်”

ဒေါ်အောင်ဆန်းစုကြည် ကိုအင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင် ထားဆဲဖြစ်

၂၁ မေ ရန်ကုန်၊              ၊ဟိန်းခိုင်ထွန်း Aung San Suu Kyi  Still  in Prison ယနေ့ ညနေ တွင် ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးချုပ်နှောင်ထားရာ အင်းစိန်အကျဉ်းထောင်မှ နေအိမ် သို့ ပြန်လည် ပို့ ဆောင်ပေးမည် ဟု အင်းစိန် ထောင်ရှေ့တွင် သတင်းထွက်ပေါ်နေသည်။ သို့သော်လည်းယနေ့ညနေ၆နာရီခွဲအချိန်ထိ အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထား ဆဲဖြစ်သည်ဟု သတင်းရရှိသည်။ ယမန်နေကမြန်မာ့ရုပ်မြင်သံကြားမှဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုစဉ်အတောအတွင်းသံတ မန်များနှင့် သတင်းထောက်များအား လာရောက် တွေ့ ဆုံခွင့် ရသည့်သတင်းအားလွှင့်ထုတ်ကြေညာ နေစဉ်(ထိုသတင်းအား ရန်ကုန်နှင့် နယ်မြို့များမှပြည်သူများက စိတ်ဝင်စားကြသည်) Continue reading ဒေါ်အောင်ဆန်းစုကြည် ကိုအင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင် ထားဆဲဖြစ်

Rate this:

စတုတ္ထနေ့ တရားခွင် တံခါးပိတ် ပြန်ဖြစ် အင်းစိန်ထောင်ရှေ့စု ရုံးသူပိုမို များပြားလာ

၂၁ မေ ရန်ကုန်၊                      ၊ယူကွန်

Backers of Aung San Suu Kyi Gathers Outside Prison
Junta Returns Close Trial

ယမန်နေ့ ကပြည်တွင်းမီဒီယာမှကားတစ်စီးအင်းစိန်ထောင်ရှေ့သို့ ရောက်ရှိလာစဉ်
ယမန်နေ့ ကပြည်တွင်းမီဒီယာမှကားတစ်စီးအင်းစိန်ထောင်ရှေ့သို့ ရောက်ရှိလာစဉ် ဓာတ်ပုံ-Times Online

မေလ ၂၁ ရက်နေ့ စတုတ္ထနေ့ တရားခွင်ကို စစ်အစိုးရက မည်သူမျှမဖိတ်ကြားတော့ပဲ တံခါးပိတ်ပြန်
လုပ်လိုက်သည် ဆိုခြင်းကြောင့် နိုင်ငံခြားသံတမန်များရော သတင်းထောက်များပါ ဒေါ်အောင်ဆန်း
စုကြည် နှင့် တွေ့ နိုင်ခွင့် အဆုံးသတ်သွားပြီဖြစ်သည်။

စတုတ္ထနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီထားသည့် အင်းစိန်ထောင်ရှေ့သို့ သူမအားထောက်ခံ
သူများ ယခင်နေ့ များကထက် ပိုမိုစုရုံးနိုင်ကြပြီး Continue reading “စတုတ္ထနေ့ တရားခွင် တံခါးပိတ် ပြန်ဖြစ် အင်းစိန်ထောင်ရှေ့စု ရုံးသူပိုမို များပြားလာ”

စစ်တပ်ထိပ်တန်းအရာရှိများမှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် ဝေဖန်မှုပြင်းထန်လာ

၂၀ မေ နေပြည်တော်၊                    ၊ညွန့်သက်ထားဦး

Top Rank Officers Blames Senior General Than Shwe ‘s Masterminding Plot of  Opposition Leader Face Trial

ဒေါ်အောင်ဆန်းစုကြည်တရားရုံးအတွင်းမှပြန်လည်ထွက်ခွာစဉ်
ဒေါ်အောင်ဆန်းစုကြည်တရားရုံးအတွင်းမှပြန်လည် ထွက်ခွာစဉ် ဓာတ်ပုံ-အေပီ

နေပြည် တော်မှ ထိပ်တန်းအဆင့်ရှိ ဗိုလ်ချုပ်များသာမက စစ်တိုင်းမှုး အချို့ နှင့် တပ်မှုး အချို့ သည်လည်း ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် လျှို့ ဝှက်ဇာတ်လမ်းတစ်ခု ဖန်တီးခဲ့သည် ဟုယူဆရသော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား ဝေဖန်ပြစ်တင် မှုများပေါ်ပေါက်နေသည်။

စစ်တပ်အရာရှိများနှင့် နီးစပ်သူများမှလာ သော သတင်းအရ ဂျွန်ဝီလျှံ ယက်ထော ကိစ္စကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ရဲချုပ် ဗိုလ်မှုးချုပ်ခင်ရီ နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကသာ ကိုင်တွယ် ၍ ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။ Continue reading “စစ်တပ်ထိပ်တန်းအရာရှိများမှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် ဝေဖန်မှုပြင်းထန်လာ”

ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း တရားရုံးတွင် သံတမန် အချို့နှင့်တွေ့ ရပုံ ကို MRTV မှထုတ်လွှင့်ပြသ

၂၀ မေ ရန်ကုန်၊               ၊ဟိန်းခိုင်ထွန်း

State-Run TV Reported Aung San Suu Kyi Talking With Diplomats and Appearing Court

ဒေါ်အောင်ဆန်းစုကြည် နှင့်ရုရှားသံအမတ်ကြီး(AP Photo/MRTV, via APTN)  ** MYANMAR OUT TV OUT  **
ဒေါ်အောင်ဆန်းစုကြည် နှင့်ရုရှားသံအမတ်ကြီး(AP Photo/MRTV, via APTN) ** MYANMAR OUT TV OUT **

ယနေ့ ည မြန်မာ့ရုပ်မြင်သံကြား (MRTV)မှဒေါ်အောင် ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံးသို့ ထုတ်လာပုံ နှင့် သံအမတ် အချို့ နှင့်တွေ့ ဆုံစကားပြောနေပုံ တို့ ကိုထုတ်လွှင့်ပြသသွား
သည်။

မြန်မာ့ရုပ်မြင်သံကြားမှ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် သူမ၏ ပုံများအား ထုတ်လွှင့်ပြသသွားပုံ
ကိုပြည်သူများက

မြန်မာ အတိုက်အခံခေါင်းဆောင်အင်းစိန်ထောင်တွင်းရှိ တရားရုံးထဲသို့ ဝင်ရောက်လာစဉ်
မြန်မာ အတိုက်အခံခေါင်းဆောင်အင်းစိန်ထောင်တွင်းရှိ တရားရုံးထဲသို့ ဝင်ရောက်လာစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရုရှား ထိုင်သံအမတ်တို့ တွေ့ဆုံစဉ်(AP Photo/MRTV, via APTN)  ** MYANMAR OUT TV OUT  **
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရုရှား ထိုင်သံအမတ်တို့ တွေ့ဆုံစဉ်(AP Photo/MRTV, via APTN) ** MYANMAR OUT TV OUT **

စိတ်ဝင်တစားကြည့်ရှုကြသည်။ယနေ့ ည သတင်းတွင် တရားရုံးသို့ ဒေါ်အောင်
ဆန်းစုကြည် အား ရုံးထုတ်လာပုံ ပြသ သွားသည် နှင့် ပတ်သက်၍ “ကျွန်တော် တို့ က
နွယ်သာကီထိပ်မှာ  လက်ဖက်ရည် ဆိုင်ထိုင်နေတာ တီဗွီ မှာ ဒေါ်စု သတင်း လာနေ တယ်လဲ ဆိုရောလူတွေ နီးရာ တီဗွီ ရှိတဲ့ အိမ်ထဲ Continue reading “ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း တရားရုံးတွင် သံတမန် အချို့နှင့်တွေ့ ရပုံ ကို MRTV မှထုတ်လွှင့်ပြသ”

ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကိုပင် စစ်အစိုးရခွင့် ပြုခြင်းဖြစ် ဒေါ်စုသတင်းထောက်များနှင့် တွေ့ဆုံပြောကြားခွင့်ရရှိ ရန်လည်း လိုအပ်

၂၀ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

Junta Must Be Allow  Aung San Suu Kyi  To Talk With All Diplomats and Reporters

ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလီတို ချဒ် ဟာဆင်တို ၏ မော်တော်ကား အင်းစိန်ထောင်ရှေ့ရောက်ရှိလာစဉ်
ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလီတို ချဒ် ဟာဆင်တို ၏ မော်တော်ကား အင်းစိန်ထောင်ရှေ့ရောက်ရှိလာစဉ်

ပြည်တွင်းအခြေစိုက်နိုင်ငံခြားသတင်းထောက်ငါးဦး နှင့် ပြည်တွင်းသတင်းမီဒီယာများမှ သတင်းထောက်ငါးဦးတို့ ကိုသာ ယနေ့  အင်းစိန် အကျဉ်းထောင် သို့ လိုက်ပါသတင်းယူခွင့်ပြုခြင်းသည် ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကို သာခွင့်ပြုခြင်းဖြစ်ကြောင်း အပတ်စဉ် ထုတ်ဝေ သော သတင်းဂျာနယ် တစ်ခုမှ အမည်မဖော်လိုသော အယ်ဒီတာ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကိုပင် စစ်အစိုးရခွင့် ပြုခြင်းဖြစ် ဒေါ်စုသတင်းထောက်များနှင့် တွေ့ဆုံပြောကြားခွင့်ရရှိ ရန်လည်း လိုအပ်”