ဝ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)
၆ စက်တင်ဘာ မန္တလေး၊ ၊ညွန့် သက်ထားဦး
Myanmar Have Not Sympathizes Wa and Kokant

“ကျွန်မ သမီး တက္ကသိုလ် ကျောင်းသူလေးလေ ၉၈ ခုနှစ်မှာ ၀ တွေစီးလာတဲ့ကားဝင်
တိုက်မိ လို့ သေသွားတာ မောင်းလာတာက ၀ တပ်ဖွဲ့ က ဗိုလ်မှုး နောက်ကျတော့ ကားတောင် မမောင်းတတ်တဲ့ မြန်မာ တစ်ယောက် နဲ့ အစားထိုးတယ် မျက်မြင်သက်
တွေက ကားမောင်းတာ ဒီလူမဟုတ်ပါဘူးပြောတော့ ၀ တွေက အဲဒီသက်သေတွေကို
ခြိမ်းခြောက်တယ် ။ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးက လက်ပိုက်ကြည့်နေတယ်။ဟောအခု ၀ဍ် ပြန်လည်တော့မယ့် ကောင်းတယ်“ ဟု အထူးဒေသ ၂ ဟုခေါ်သည့် ရန်ကုန်ရောက် ၀တပ်ဖွဲ့ ကြောင့် သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရသူ အမေအို တစ်ဦးက Freedom News Group သို့ တစ်ချိန်က ကြုံခဲ့ရသည့် သူမ၏ သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရပုံကို ဒေါသအပြည့်ဖြင့်ပြောသည်။ Continue reading “၀ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)”






တိုင်းပြည်၏ ယိုယွင်းနေသော စီးပွားရေးကို ပြုပြင်နိုင်ရန် အဓိကရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်သစ် ယူကီအို ဟာတိုယာမာက ကြွေးကြော်လိုက်သည်။ ဩဂုတ်လ (၃၀)ရက်နေ့က ဂျပန်ရွေးကောက်ပွဲ ရလဒ်များကို ကြေညာရာ အတိုက်အခံပါတီခေါင်းဆောင် ဟာတိုယာမာက အနိုင်ရရှိပြီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရွေးချယ် ခံခဲ့ရသည်။ ဟာတိုယာမာက နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန်၊ လုပ်သားများ၏ အခွင့်အရေး ပိုမိုရရှိလာစေရန်နှင့် အမေရိကန်စတိုင် စီးပွားရေးကို တွန်းလှန်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေနှင့် နိုင်ငံစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်မြှင့်တင်ရန် ဦးဆောင်ဦးရွက် ပြုသွားမည်ဟု ကတိပြုခဲ့သည်။ 















