7 July နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပ

7 July ရွှေရတု နှစ် ၅၀ ပြည့် အခမ်း အနား ကို ယနေ့  ရန်ကုန် မြို့  ရှိ ပွင့်လင်း လူ့  အဖွဲ့  အစည်း
ရုံးခန်း တွင် ကျင်း ပရာ နိုင်ငံ ရေး တက်ကြွ လှုပ်ရှား သူ များ ကျောင်းသား ကျောင်းသူ များနှင့်
ပြည်သူ များ တက်ရောက် ခဲ့ ကြသည်။

ယမန်နေ့  ညက 7 July အခမ်းအနား ဖြစ်မြောက် ရေး အတွက် တက်ကြွ လှုပ်ရှား သူ
ကိုဒီငြိမ်းလင်း ၊ ကို စည်သူ မောင် ၊ မဟန်နွေးဦး အပါ အ၀င် နိုင်ငံ တ၀ှမ်း ရှိ ဗကသ အဖွဲ့ 
ဝင် ၃၀ ကျော် ကို ဖမ်းဆီး ထိမ်းသိမ်းခဲ့ သည်။

သင်္ဃန်း ကျွန်း မြို့  နယ် ဝေဇယန္တလမ်း ရှိ 88 မျိုးဆက် ကျောင်းသား များ ၏ ပွင့် လင်း လူ့  အဖွဲ့ 
အစည်း ရုံးခန်း ကို လည်း ရဲ သတင်း တပ် ဖွဲ့  ၀င် များ နှင့် ထောက်လှမ်း ရေး အဖွဲ့  များ က ၀င်
ရောက် ရှာ ဖွေ ခဲ့ သည်။

ဗိုလ်ချုပ် ကြီး နေ ၀င်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အစိုးရ သည် ၇ ရက် ၇လ ၁၉၆၂
ခုနှစ် တွင် ရန်ကုန် တက္ကသိုလ် ၀င်း အတွင်း ရှိ တကသ အဆောက် အဦ ကို မိုင်းခွဲ ဖျက်ဆီး ခဲ့ ရာ
ကျောင်း သား ၊ ကျောင်း သူ ရာ နှင့် ချီ သေဆုံး ခဲ့ သည်။

အခမ်း အနား တွင် ကိုကျော်ကိုကို က ဗကသ တရား ၀င် ဖွဲ့  စည်း ခွင့် ရရှိ ရန် နှင့် ယမန်နေ့ က
ဖမ်းဆီးထား သည့် ကျောင်းသား များ အပါ အ၀င် ကျန် ရှိ နိုင်ငံရေး အကျဉ်းသား များ ကို ပြန်
လွှတ်ပေး ရန် တောင်းဆို ခဲ့ သည်။

အခမ်း အနား သို့  ကြာသပတေး နေ့ က အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာသည့်
ကိုအေးအောင် နှင့် နိုင်ငံ ရေး အကျဉ်းသား ဟောင်းများ တက်ရောက်ခဲ့ သည်။

Photo : The Messenger Journal, AFP , ABSFU, Ant Bwe Kyaw

7 July သမိုင်းဝင် မှတ်တမ်း ဓာတ်ပုံများ နှင့် နှစ် ၅၀ ပြည့် အမှတ်တရ ဓာတ်ပုံများ