မစ်ဇူရီ ပြည်နယ် ကုတ်လန်း မြို့  ငယ် လေး မှ အသက် ၁၉ နှစ် အရွယ် ဂျက်ဆီကာ
ချိမ်ဘာ သည် စနေ နေ့  က အရှင်လတ်လတ် မီးရှို့ သတ်ဖြတ် ခံရသည်။ ဂျက်ဆီကာ
ကို သစ်ပင် တွင် ချီနှောင် ပြီး မီးရှို့  သတ်ဖြတ် ခဲ့ ခြင်း ဖြစ် ပြီး သူ မ ၏ မော်တော် ကား
ကို လည်း မီးရှို့ ခဲ့ သည်။
သူမ ကို မီးရှို့ သတ်ဖြတ် နေကြောင်း လက်ကိုင်ဖုန်းမှ တစ်ဆင့် မီးသတ် တပ်ဖွဲ့  ကို
ဆယ်သွယ် ခေါ် ယူခဲ့သည် ဟု ရဲတပ် ဖွဲ့  မှ ပြောသည်။
မီးရှို့ အသတ်မခံ ရခင် အချိန် တွင် ဓာတ်ဆီဆိုင် တွင် ၁၄ ဒေါ်လာ ဖိုး ဓာတ်ဆီ ဖြည့် တင်း
ခဲ့သည်။ ထိုဆိုင် တွင် သူမ နှင့် ရင်း နှီး သော အလီဖာဒယ် က AP သတင်း ကို ပြောရာ
တွင် ” သူ ပုံ မှန် ဖြည့် နေတာ ဆယ် ဒေါ်လာ ဖိုးပဲ ကျွန်တော် က ဒီနေ့  ဘာလို့  ဆီတွေ
အများ ကြီး ၀ယ်တာလဲ လို့  မေးတော့ သူ က ငါ သွားစရာ ရှိ လို့  ပါ လို့  ဖြေပါတယ် ဟု
ပြောသည်။
ဂျက်ဆီ ကာ သည် ယခုနှစ် တွင် အထက်တန်းကျောင်း အောင်မြင် ပြီး သူ တစ်ယောက် ဖြစ်ကာ
နောက်နှစ် တွင် ကောလိပ် တက် ရန် ပြင် ဆင် နေသူ လည်း ဖြစ်သည်။ သူမ ၏ အမေက
ဂျက်ဆီကာ သည် မည်သူ့  ကို မှ နာကျင် အောင် ပြု လုပ် ခဲ့ သူ မဟုတ် ဘဲ နှစ်လို ဖွယ်ရာ
ရှိကာ ယဉ်ကျေး လိမ္မာ သူ ဖြစ်သည် ဟု ပြောသည်။
အထက်တန်း ကျောင်း တွင် ဘောလုံး နှင့် အက အဖွဲ့ တွင် ပါဝင် သူ တစ်ဦး လည်း ဖြစ်
ပြီး သူ မ ၏ သူ ငယ် ချင်းများ က သူ့  ကို နှစ်သက် ကြသည်။
ဂျက်ဆီ ကာ ၏ အဖွား က သူ့ မြေး ကို ဘာကြောင့် ယခု လို ရက်ရက် စက်စက် သတ်ဖြတ်
ခဲ့ သည် ကို နားမလည် နိုင်အောင် ဖြစ်ရသည် ဟု ပြောသည်။
ဂျက်ဆီကာ သည် တစ်ကိုယ်လုံး မီးလောင် ကျွမ်း ဒဏ်ရာ များ ကြောင့် ဆေးရုံ တွင် တက်ရောက်
ကုသ စဉ် တနင်္ဂနွေ နေ့ က သေဆုံး ခဲ့ သည်။
ရဲတပ် ဖွဲ့  က သူမ ၏ ဆဲလ်ဖုန်းမှ မှတ်တမ်းများ ရယူ ပြီး တရားခံ ကို အပြင်းအထန် ရှာဖွေ
နေသည်။



Jessica Chamber, Court land.Missouri

Remember.