ဒီတစ်ပတ် သတင်းဓာတ်ပုံ






ဥက္ကဌ အဖြစ် ဦးသုဝေ ဆောင် ရွက်နေ သည့် ဒီမိုကရတ် ပါတီ တွင် ဒုဥက္ကဌ အဖြစ်ဆောင်ရွက်နေသူ
ဦးရဲထွန်း သည် မေလ ၇ ရက်နေ့ က အသက် ၇၄ နှစ် အရွယ်တွင် ပန်ဆီ တိုပီနီယား ခေါ် သွေးဖြူဥ
နည်း သည့် ရောဂါ ကြောင့် ကွယ်လွန် သွားပြီ ဖြစ်သည်။ Continue reading “ရွေးကောက်ပွဲ ၀င်မည့် ဒီမိုကရတ်တစ် ပါတီ ဒုဥက္ကဌ ဦးရဲထွန်း ကွယ်လွန်”
WASHINGTON (AFP) –အာရှ နှင့် ပိစိဖိတ် ရေး ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး
မြန်မာ နိုင်ငံ သို့ လာရောက် သည့် အခါ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့် ပေးလျှင် တွေ့ 
ဆုံ မည်ဖြစ်ကြောင်း အကြီးတန်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ယနေ့  AFP သတင်းဌာန ကို ပြော
ကြားလိုက်သည်။
မြန်မာ နိုင်ငံ သို့ လာရောက် ရန်စီစဉ် ထားသည့် ကတ်ကမ်းဘဲလ် ၏ ခရီး စဉ် သည် သူ ၏
ဒုတိယမြောက် ခရီးစဉ် ဖြစ်သည်။ Continue reading “စစ်အုပ်စု ကတွေ့ ခွင့် ပေးလျှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ခေါင်းဆောင် များ နှင့် တွေ့ မည်”
ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ သခင်လှဦး၊ ဒေါက်တာဝင်းနိုင် နှင့် ဒေါက်တာ သန်းငြိမ်း စသည့်
ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်ဟောင်း CEC အချို့ နှင့် လွှတ်တော် အမတ်ဟောင်းများဖြင့်
National DemocraticForce အမည်ဖြင့် ပါတီ ထူထောင် လိုက် ကြ ခြင်းဖြစ် NLD ပါတီ အတွင်း ရွေးကောက်
နှင့် ပတ်သက်၍သဘောထား ကွဲပြား မှု မှ သည် သီခြား ပါတီ တစ်ရပ် အနေဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာ
ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ Continue reading “ရွေးကောက်ပွဲ ၀င်မည့် အုပ်စု NLD ပါတီ မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု အမည်ဖြင့် သီးခြား ပါတီထောင်”
Updateနောက်ဆုံး ရရှိသည့် သတင်းများ အရ ခွပ်ဒေါင်း အလံ အား အသုံးပြုမှု နှင့် ပတ်သက်၍ နိုင်ငံရေး
လှုပ်ရှားသူ များ နှင့် ကျောင်း သား များ အတွင်း သာ မက ပြည်သူများ ကြားတွင် ပါ မကျေနပ်မှု ကြီး
ထွားနေသည် ဟု သတင်းရရှိသည်။
ထိုသို့ မကျေနပ်မှုများမှ သည် လူထု အုံကြွမှု ထိ ဖြစ်သွား နိုင်ကြောင်း ရန်ကုန် မြို့ ရှိ ၂၀၀၇ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် တစ်ဦး က Freedom News Group သို့ ပြောသည်။၎င်း တို့ အဖွဲ့ သည် ခွပ်ဒေါင်း အလံအား ရဲထွန်း
တို့ ညီအကို အဖွဲ့ မှ အသုံးပြုခြင်း နှင့် ပတ် သက်ပြီး ယနေ့ ဆန့် ကျင် ကန့် ကွက်စာ များ ဝေသွားမည် ဟု ပြောသည်။ Continue reading “ခွပ်ဒေါင်းအလံ အသုံးပြုမှု နှင့် ပတ်သက်၍ ဆန့် ကျင်ကန့် ပွဲ တစ်ခုပြုလုပ်မည်”
Myanmar police accuse exile group over Yangon blasts

သင်္ကြန် အကြတ်နေ့  ကန်တော်ကြီး စောင်း X20 သင်္ကြန် ရေကစား မဏ္ဍပ် အနီး ဗုံးပေါက်ကွဲမှုသည် စွမ်းအားမြှင့်
မြန်မာ ကျောင်းသား စစ်သည်တော် များ အဖွဲ့  (Vigorous Burma Student Warrior) အဖွဲ့ ၏ လက်ချက်ဖြစ်
ကြောင်း ယနေ့  နေပြည်တော်ဉ် ကျင်းပသည့် သတင်းစာရှင်း လင်းပွဲ တွင် ရဲချုပ်ခင်ရီ က ပြည်တွင်း နှင့် နိုင်ငံခြား
သတင်းထောက်များ ကို အထက်ပါ အတိုင်း ပြောကြားလိုက်သည်။
သင်္ကြန် တွင်း ဗုံးဖောက်ခွဲမှု တွင် ပါဝင်သူ တစ်ဦး ကိုဖမ်းဆီးထားမိပြီး ကျန်ရှိသူများမှာ နယ်စပ်လမ်းကြောင်းများကို
အသုံးပြု၍ ပြန်လည် ထွက်ပြေးလွတ်မြောက်သွားကြကြောင်း ပြောကြားခဲ့သည်။VBSW အဖွဲ့ ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့်
လူဆယ်ဦး သေဆုံးသည် ဟု ပြောကြားသည်။ Continue reading “သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှု ပြည်ပ အတိုက်အခံများ၏ လက်ချက် ဟု စွပ်ဆွဲ”
Photo and Source : CNN,New York Times , Greece Blog,M Talk


နိုင်ငံတွင်း ကုန်ဈေးနှုန်း များ တက်လာပြီး ၊စီးပွားရေး အကျပ် အတည်း များ ဖြစ်လာသည် များ
ကို အချိန်မှီ မဖြေရှင်း ပေး နိုင်သည့် ဂရိအစိုးရ အား တက္ကသိုလ် ကျောင်းသား များ ၊ဗဟို လက်ယာ
အုပ်စု များ နှင့် ပြည်သူများက မေလ ၁ ရက်နေ့ မှ စတင် ၍ မြို့ တော် အေသင် ဉ် အစိုးရ ဆန့် ကျင်
ဆန္ဒပြပွဲ များ ကျင်းပခဲ့ကြသည်။ Continue reading “ဂရိ အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲတွင် သုံးဦးသေ ၊ ရဲ ၂၈ ဦး ဒဏ်ရာပြင်းထန်စွာရ ပြီး လေးဦး ငယ်ပါ မီးလောင် (ဗီဒီယို)”

မတ်လ ၂၉ ရက်နေ့ က စစ်အစိုးရ၏ ရွေးကောက်ပွဲကို မ၀င်ရန် ဆုံးဖြတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ် ၏ တရားဝင် ရပ်တည်ခြင်း နောက်ဆုံး အခမ်းအနားကို ယနေ့  အဖွဲ့ ချုပ်ရုံးဉ် ကျင်းပသည် ဟု
သတင်းရရှိသည်။
ထိုအခမ်းအနားတွင် အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ သူရဦးတင်ဦး နှင့် ဦးဝင်းတင် တို့ က အမှာ စကားပြောကြား
ပြီးနောက် နိုင်ငံရေး အကျဉ်းသား များ၏ သားသမီး များ ကို ပညာ သင် ထောက်ပံ့ကြေးဆုများ ချီးမြှင့်ခဲ့သည်။


အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင်
မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံအတွင်း
လှည့်လည်သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။
သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ
ထောက်လှမ်းရေးရဲနှင့်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ
Thai King Avoids Talk of Unrest in Address

အသက် ၈၂ နှစ် အရွယ်ရှိ ထိုင်းဘုရင် ဘူမိဘော အဒူလျှာဒက် ၏ နန်းသက်
နှစ် ၅၀ ပြည့်မြောက်သည့် မေလ ငါးရက် နေ့ တွင် ဆီရီရပ် ဆေးရုံမှ နေ၍ ဂရန်း ပဲလေစ် ဋ္ဌတွင် တော်ဝင် ထိုင်းဘုရင့်တပ်မတော်၏ အလေးပြုခြင်း ကိုခံယူပြီးနောက် ပြည်သူ သို့ မိန့် ခွန်းပြောကြားသည်။
ထိုင်းဘုရင် သည် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ တွင် ဘုရင် အနန္ဒဒါ မဟီဒေါလ်
ဆီမှ အာဏာလွှဲပြောင်းရယူခဲ့ပြီး ၁၉၅၀ မေလ ၅ ရက်နေ့ 
တွင် နန်းတက်ပွဲ အဖြစ် ဘိတ်သိက် သွန်းလောင်းခဲ့သည်။၁၉၅၀ ဧပြီလငါးရက်
နေ့ တွင် လက်ရှိ မိဘုရားကြီးသီရိခောတ် နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။
ဘူမိဘောအဒူလျှာဒက်အား ၁၉၂၇ ဧပြီ လ ၅ ရက်နေ့ တွင် မွေးဖွားခဲ့သည်။
သူသည် ၁၇၈၂ ခုနှစ် တွင် တည်ထောင် ခဲ့သည် ချာကရီ မင်းဆက် မှ ဘုရင်တစ်ပါးဖြစ်သည်။ Continue reading “ထိုင်းဘုရင် နန်းတက်ပွဲ နှစ်ပတ်လည် အခမ်းအနား ကျင်းပ (ဗီဒီယို)”
ယခင်က မြန်မာ့ အရေးတွင် ကုလ အထွေထွေ အတွင်း ရေးမှုးချုပ် ၏ အထူးသံ များဖြစ်သည့်
ရာဇာလီ အီစမိုင် နှင့် ဂမ်ဘာရီ တို့ နှစ်ဦးသာရှိ၍ ထိုသူ နှစ်ဦးကလည်း မြန်မာ
စစ်အာဏာရှင်များ နှင့် အကြိမ်ကြိမ် တွေ့ ဆုံ၍ မအောင်မြင်သော သံတမန် အမှု ကို ထူထောင်ခဲ့သည်။
သမ္မတ အိုဘားမား တက်လာချိန်မှ စ၍ မြန်မာ နိုင်ငံရေး နှင့် ပတ်သက်ပြီး သူ၏ အပြောင်းအလဲ
မူဝါဒ များ စတင် ချိန် မှ စ၍ နောက်တိုးတစ်ဦးပေါ်ပေါက်ခဲ့သည် ။ထိုသူသည် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ နှင့် ပိစိဖိတ်
ရေးရာဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ နိုင်ငံသို့ 
သွားရောက်ခဲ့ပြီး ယခုတစ်ဖန် ထပ်မံသွားရောက်အုံးမည် ဟု AP သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ Continue reading “မြန်မာ့ နိုင်ငံရေးတွင် ၀င်စို့ ၊ထွက်စို့  တစ်ဦး ထပ်တိုး”
ပါကစ္စတန် တွင် မွေးဖွားခဲ့ပြီး အမေရိကန် နိုင်ငံသား အဖြစ်ခံယူထားသူ ဖိုင်ဆယ်ရှာဇဒ် အား
ဖမ်းဆီးရမိပြီး နောက် တစ်ရက်အကြာ တွင် မက်ဟတ်တန် ပြည်ထောင်စု တရားရုံးချုပ် တွင်
အကြမ်းဖက်ရန် ၊ လူအမြောက်အမြားသေစေရန် ၊ နိုင်ငံသားကျင့်ဝတ် ဖောက်ဖျက်မှု စသည့်
အမှု ငါးခုဖြင့် တရားစွဲဆိုခဲ့သည်။ရှာဇဒ် ၏ ဖခင်သည် ပါကစ္စတန် လေတပ် ဒုကာကွယ်ရေး ဦး
စီးချုပ် ဟောင်း တစ်ဦးဖြစ်ပြီး ပါကစ္စတန် ပက်ရှဝါ မြို့ တွင် နေထိုင်သည်။
၁၉၉၈ ခုနှစ် ၊ ၊F-1 အဆင့် ကျောင်းသား ဗီဇာ ဖြင့် ၀ါရှင်တန် ရှိ South Eastern University
တွင် တက်ရောက်ပညာ သင်ကြားခဲ့သည်။နောက်တစ် နှစ်တွင် ကွန်နက်တီကတ်
ပြည်နယ်ရှိ Bridgeport တက္ကသိုလ် သို့ ပြောင်းရွှေ့ ခဲ့သည်။ထိုတက္ကသိုလ် မှ Computer
application and Information System ဖြင့် ဘွဲ့ ရရှိခဲ့သည်။
၂၀၀၄ခုနှစ်၊ ၊ချေစ် မန်ဟန်တန် အိမ်ယာရင်းနှီးမြုပ်နှံမှု ဘဏ် မှနေ၍ ဒေါ်လာ နှစ်သိန်းကျော်ချီး၍ ကွန်နက်တီကတ်
ဇူလိုင် ၇ ရက် ပြည်နယ်၊ရှယ်(လ)တန် ရှိ Long Hill Avenue တွင် အိမ်ဝယ်ယူခဲ့သည်။
၂၀၀၅ခုနှစ်၊ ၊့University of Bridgeport မှ နေ၍ စီးပွားစီမံခန့် ခွဲမှု မဟာဝိဇ္ဇာဘွဲ့ ထပ်မံ ရရှိခဲ့သည်။
ဇန်န၀ါရီလ ၁ ရက် Continue reading “ဖိုင်ဆယ်ရှာဇဒ် အား အကြမ်းဖက် ရန် စီစဉ်မှု ဖြင့် တရားစွဲ”
(Updated) Man arrested over Times Square bomb attempt upon departure


ဗုံးထောင်ပြီး နောက် ပြည်ပ နိုင်ငံသို့ ထွက် ခွာရန် အတွက် ညူးယောက် ဂျွန် အက်(ဖ)ကနေဒီ လေဆိပ် သို့ ရောက်ရှိ
နေသည့် အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားသည့် ပါကစ္စတန် နိုင်ငံသား ဖိုင်ဆယ် ရှာဟဇ် အား အင်္ဂါနေ့ အစော
ပိုင်း က FBI နှင့် Joint Terrorism Task Force အဖွဲ့ ဝင်များ က ဖမ်းဆီး ရမိခဲ့သည်။
ကွန်နက်တီကတ် ပြည်နယ်တွင် နေသည့် ဖိုင်ဆယ် က ၁၉၉၃ ခုနှစ် မော်ဒယ် နစ်ဆန်း ပတ်ဖိုင်ဒါ အမျိုးအစား ကားကို
ဒေါ်လာ ၁၈၀၀ ဖြင့် အင်တာနက် Craig list မှာ တစ်ဆင့်ကြော်ငြာထားရာ မှ တစ်ဆင့် ငွေသားဖြင့် ပေးချေပြီး
လွန်ခဲ့သည့် သီတင်းသုံးပတ် ကျော်က၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ဖိုင်ဆယ်သည် JFK လေဆိပ် သို့ တနင်္လာနေ့  ည သန်းခေါင်းယံတွင် ရောက်ရှိလာပြီး အင်္ဂါနေ့ မနက် လင်းအားကြီး အချိန်
ထွက်မည့် လေယာဉ်ဖြင့် ပါကစ္စတန် နိုင်ငံသို့ ထွက်ခွာရန်အတွက် ဒူဘိုင်း သို့ သွားမည့် လေယာဉ်အားစောင့်ဆိုင်းနေချိန်တွင်
ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ Continue reading “တိုင်းစကွဲ ကားဗုံးထောင်သူ ဟု သံသယရှိသူ အား နိုင်ငံမှ ထွက်ခွာရန် စီစဉ်နေချိန် လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့”
ဇွန်လ ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀
ကမ္ဘာ့ ဖလားပွဲ အတွက် သီချင်း တစ်ပုဒ် အား ကိုလံဘီယာ
အဆိုတော် ရှကီရား ရေးစပ်သီဆို ထားသည့်This Time for Africa သီချင်းအား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၆ ခုနှစ်က ဂျာမဏီ နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ အတွက်
The Times of OurLives သီချင်းအား Il Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့
ဖလား ပွဲ ကျင်းပစဉ် က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ
ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲ ၀င် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး တောင် အာဖရိက မြို့ ကြီး
၁၁ မြို့ တွင် ကျင်းပမည် ဖြစ်သည်။This Time of Africa သီချင်း ကို ရှာကီရားက အာဖရိက ဘာသာ စကား ၊အင်္ဂလိပ်
ဘာသာ စကား တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။
အာဖရိက ဘာသာ စကားဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်း အာဖရိက နိုင်ငံမှာ မှာ ကင်မရွန်း နိုင်ငံမှ နာမည်ကျော် သီချင်း
ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။(မူရင်းသီချင်းအောင် ကြည့် ရှု နိုင်အောင် စီစဉ်ထားသည်)