ဒေါ်အောင်ဆန်းစုကြည် အားထောင်ဒဏ်အပြစ်ပေးခဲ့ပါက လူထုအုံကြွမှုမှသည် လက်နက်ကိုင် ပုန်ကန်မှုမျိုးထိ စစ်အစိုးရ ရင်ဆိုင်ရနိုင်

၂၈ ဇူလိုင် ရန်ကုန် ၊                     ၊တင်ကျော်ကျော်စိုး

Burmese Activists  Will Be Launch Protests

12myanmar_600ဒေါ်အောင်ဆန်းစုကြည် အား လာမည့်သောကြာနေ့ တွင် ထောင်ဒဏ် ချမှတ်ခဲ့ပါက လူထုအုံကြွမှု မျိုး အပြင် လက်နက် ကိုင်ပုန်ကန် မှုမျိုးထိ ရင်ဆိုင်ရနိုင်ကြောင်း မန္တလး မြို့ မှ နိုင်ငံရေးလှုပ်ရှား
သူတစ် ဦးက Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရန်ကုန် တွင် လှုံဆော်မှုများပြုလုပ်နေသော Generation Wave အဖွဲ့ မှ ကိုမိုးသွေးက မူ “ကျွန်တော် တို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်
ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပြင် ပြည်သူတွေ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက် ဖို့ အတွက် ပါဆက်လက်ပြီး လှုပ်ရှားမှုတွေကနေ လူထု အုံကြွမှုတွေ ဖြစ်ဖို့ အထိဆောင် ရွက်သွားဖို့ စီစဉ်ထားသည် ဟု သိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အားထောင်ဒဏ်အပြစ်ပေးခဲ့ပါက လူထုအုံကြွမှုမှသည် လက်နက်ကိုင် ပုန်ကန်မှုမျိုးထိ စစ်အစိုးရ ရင်ဆိုင်ရနိုင်”

ဒေါ်အောင်ဆန်းစုကြည်အား အမိန့် ချတော့မည် သတင်း မြန်မာ ပြည်သူများကို ကျင်စက် နှင့် တို့ လိုက်သကဲ့သို့ ဖြစ်နေ

၂၈ ဇူလိုင် ရန်ကုန် ၊                          ၊ဟိန်းခိုင်ထွန်း

Aung San Suu Kyi verdict set for Friday in Myanmar

ယနေ့ အင်းစိန်ထောင်အနီးမြင်ကွင်း(AP Photo/Khin Maung Win)
ယနေ့ အင်းစိန်ထောင်အနီးမြင်ကွင်း(AP Photo/Khin Maung Win)

ဇူလိုင်လ ၃၁ ရက်နေ့ သောကြာနေ့ တွင်ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စီရင်ချက်ချမည်ဖြစ်
ကြောင်း အင်းစိန်ထောင်းတွင်း ရှိ အထူးတရားရုံးမှ ဦးသောင်းညွန့် က ယနေ့ တရားခွင်တွင် နောက်ဆုံးလျှောက်လဲချက် အပြီး ဇူလိုင်လ ၃၁ ရက်နေ့ ရုံးချိန်းဖြင့် ထုတ်ပြန် ခဲ့သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်အား အမိန့် ချတော့မည် သတင်း မြန်မာ ပြည်သူများကို ကျင်စက် နှင့် တို့ လိုက်သကဲ့သို့ ဖြစ်နေ”

အဆက်မပြတ်ရွာသွန်းသည့် မိုးကြောင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

၂၇ ဇူလိုင် ရန်ကုန် ၊                    ၊ယူကွန်

Flash-Flood Hit Ex-Capital and Southern

တနင်္ဂနွေနေ့ ကရန်ကုန်မြို့ တွင်မိုးသည်းထန်စွာရွာသွန်းမှု ကြောင့်လမ်းမများရေလျှံမှု ဖြစ်ပေါ်နေပုံ ကို ဓာတ်ပုံဆရာတစ်ဦးက မှတ်တမ်းတင်ထားစဉ်
တနင်္ဂနွေနေ့ ကရန်ကုန်မြို့ တွင်မိုးသည်းထန်စွာရွာသွန်းမှု ကြောင့်လမ်းမများရေလျှံမှု ဖြစ်ပေါ်နေပုံ ကို ဓာတ်ပုံဆရာတစ်ဦးက မှတ်တမ်းတင်ထားစဉ်

သောကြာနေ့ (၂၄ ဇူလိုင်) ညနေ ကတည်းက သုံးရက်ဆက် တိုက် ရွာသွန်းခဲ့သော စံချိန်တင် မိုးကြောင့် ရန်ကုန်မြို့ ရှိ မြို့ နယ်အချို့ တွင် ရေကြီးရေလျှံ မှု များဖြစ်ပေါ်နေပြီး တွံ့ တေးနှင့် ကော့မှုးမြို့ နယ်များတွင် လမ်းတံတားပျက်စီး မှုများဖြစ်ပေါ်နေသည် ဟု သတင်းရရှိသည်။

သုံးရက်ဆက်တိုက် ရွာသောမိုးကြောင့် ရန်ကုန်မြို့ အနှံရေလျှံမှု များဖြစ်ပေါ်နေပြီး ကမ်နားလမ်းနှင့်ဗိုလ်တစ်ထောင် ဘုရားလမ်း နေရာ တစ်ဝိုက်တွင်မူ မည်သည့် မော်တော်ကားမှ သွားမရအောင်လမ်းမများပေါ်တွင် ရေများပြည့်လျှံခဲ့သည်။ Continue reading “အဆက်မပြတ်ရွာသွန်းသည့် မိုးကြောင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်”

ထိုင်းနိုင်ငံသို့ ပြန်လာတော့မည့် သက်ဆင်က မွေးနေ့ အထိမ်းအမှတ်ပညာသင်ဆု ၆၀၀၀ ချီးမြှင့်

၂၇ ဇူလိုင် ဘန်ကောက် ၊                         ၊Freedom News Group

Thaksin to award 6,000 scholarships and plans of comeback soon
မွေးနေ့ တွင်သက်ဆင်အားကောင်းကျိုးအထွေထွေ နှင့် ချွန်စေမြစေရန် ဆုတောင်းပေးနေသည့် ထိုင်းဘုန်းတော်ကြီးများ
မွေးနေ့ တွင်သက်ဆင်အားကောင်းကျိုးအ ထွေထွေ နှင့် ချွန်စေမြစေရန် ဆုတောင်းပေးနေသည့် ထိုင်းဘုန်းတော်ကြီးများ

ဇူလိုင်လ ၂၆ ရက်နေ့ က ဒူဘိုင်း နိုင်ငံတွင် အသက် ၆၀ ပြည့်မွေးနေ့ ပွဲကျင်းပခဲ့သည့် ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင် က သူမကြာခင် ဇာတိနိုင်ငံသို့ ပြန်လာမည် ဆိုသည့် အံအားသင့်ဖွယ်စကားကြောင့် တနင်္လာနေ့ မနက် အစော ပိုင်းစတင်ဖွင့်လှစ် ခဲ့သော ထိုင်းစတော့ဈေးကွက်ပင် တုန် ခါသွားခဲ့ရသည်။

တနင်္ဂနွေနေ့ ကကျရောက်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အသက် ၆၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အတွက် ဆုတောင်းပွဲ ကို ထိုင်းနိုင်ငံ တ၀ှမ်းတွင် ကျင်းပရာ ပြည်သူ ထောင်ပေါင်းများစွာက ၎င်းတို့ ၏ သင်္ကေတ အနီရောင် ရှပ်အကျီများဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။

သက်ဆင်အတွက် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားတွင် သံဃာတော်များက ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို  ဇာတာသန့် စေရန် နှင့် အကြံအစည်
အောင်မြင်စေရန် ဆုတောင်းပေးမှု ပြုခဲ့ကြသည် ဟု ယနေ့ ထုတ်နေးရှင်း သတင်းစာတွင်ဖေါ်ပြထားသည်။ Continue reading “ထိုင်းနိုင်ငံသို့ ပြန်လာတော့မည့် သက်ဆင်က မွေးနေ့ အထိမ်းအမှတ်ပညာသင်ဆု ၆၀၀၀ ချီးမြှင့်”

အမေရိကန် ၏ ကမ်းလှမ်းချက်ကို စစ်အစိုးရခေါင်းဆောင်များ လစ်လျှုရှုသည့် အတွက် တပ်တွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်

၂၆ ဇူလိုင် ရန်ကုန် ၊                    ၊Freedom News Group

U.S. Offers Hit Burma Regime

ဇူလိုင်လ ၂၄ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်အားအမှုစစ်ဆေးနေစဉ် အင်းစိန်ထောင်အနီးချထားသော လုံခြုံရေးအတားအဆီး
ဇူလိုင်လ ၂၄ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်အားအမှုစစ်ဆေးနေစဉ် အင်းစိန်ထောင်အနီးချထားသော လုံခြုံရေးအတားအဆီး

ယခင်သီတင်းပတ် ကဖူးခက် တွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်လာ
သောအမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ကမ်းလှမ်းချက် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးပါက အမေရိကန်က အကူအညီ များပေးမည့် အပြင် တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု များပါပြုမည့် အစီအစဉ်ကို မြန်မာ စစ်ခေါင်းဆောင်များက မသိကျိုးကျွံပြုပြီး ဒေါ်အောင်ဆန်းစုကြည် အားဆက်လက် တရားစွဲဆိုနေခြင်းကို စစ်တပ်မှ အရာရှိငယ် တစ်ချို့ မကျေမနပ်ဖြစ်ကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။

ယနေ့ ထုတ် စစ်အစိုးရ အာဘော် မြန်မာ့ အလင်း
သတင်းစာတွင် Continue reading “အမေရိကန် ၏ ကမ်းလှမ်းချက်ကို စစ်အစိုးရခေါင်းဆောင်များ လစ်လျှုရှုသည့် အတွက် တပ်တွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်”

ဆာကူရာ ဂျပန်ကား ၀န်ဆောင်မှု နှင့် နေပြည်တော် လေလံသတင်းကြောင့် မော်တော်ကားဈေးများ ထပ်မံကျ

၂၅ ဇူလိုင် ရန်ကုန် ၊                       ၊ယူကွန်

Myanmar Town Car Market Price Fall

မြ၀တီ တင်ပို့ မည့် ကားများကို ဘန်ကောက်မှာ မဲဆောက်သို့ ကားတင် လော်ရီကားကြီးများဖြင့် သယ်ဆောင်လာစဉ်
မြ၀တီ တင်ပို့ မည့် ကားများကို ဘန်ကောက်မှာ မဲဆောက်သို့ ကားတင် လော်ရီကားကြီးများဖြင့် သယ်ဆောင်လာစဉ်

ဆာကူရာ ကုမ္ပဏီမှ ဂျပန်နိုင်ငံမှ ထုတ်လုပ်သော မော်တော်ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းပေး
ပို့ တော့မည်ဆိုသည့် သတင်းနှင့် ဇူလိုင်လ နောက်ဆုံးပတ် နေပြည်တော်တွင် ကျင်းပမည့်  မော်တော်ကားလေလံ သတင်းတို့ ကြောင့် ယနေ့ ဟံသာဝတီ ရှိ ကားပွဲစားတန်းတွင် အထက်ကား
များ ဈေးထိုးကျ မှု တစ်ရပ်ဖြစ်သွားသည် ဟု ရန်ကုန် အခြေစိုက်ကားဝယ်ရောင်းတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ဆာကူရာ ဂျပန်ကား ၀န်ဆောင်မှု နှင့် နေပြည်တော် လေလံသတင်းကြောင့် မော်တော်ကားဈေးများ ထပ်မံကျ”

နေပြည်တော် က ၀ါရှင်တန် ကိုအာခံမှုများပြုလုပ်လာ

၂၄ ဇူလိုင် ရန်ကုန် ၊                         ၊တင်ကျော်ကျော်စိုး

Naypyitaw Defiance  Washinton

မြန်မာ အရေးကရှေ့တန်းရောက်သွားသည့် ဖူးခက်အာဆီယံ အစည်းအဝေး
မြန်မာ အရေးကရှေ့တန်းရောက်သွားသည့် ဖူးခက်အာဆီယံ အစည်းအဝေးပြည်တွင်း၊ပြည်ပ နှင့် နိုင်ငံတကာက ဝေဖန်ပစ်တင်မှုများ ရှိလင့်ကစား စစ်အစိုးရသည် ယနေ့ ဒေါ်

အောင်ဆန်းစုကြည်၏ တရားခွင် အားဆက်လက်ပြုလုပ်ခြင်းဖြစ် နိုင်ငံတကာ အထူးသဖြင့် အမေရိ
ကန် ကို အာခံသည် ဟု ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူ အသိုင်းအ၀ိုင်းက ယနေ့ သုံးသပ်ပြောကြား
သည်။

ယနေ့ အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် အား နှစ်ဘက် အပြီးသတ် လျှောက်လဲချက်ပေး
သည့် နေ့ တွင် ပင် စစ်အစိုးရ အာဘော် သတင်းစာများ ဉ် ဆောင်းပါးရှင် လူသစ် ဆိုသူက “ဒေါ်
အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားခြင်းသည် တရားရုံး နှင့် သာသက်ဆိုင်ကြောင်း
ရေး သားထားသလို နိုင်ငံရေး အကျဉ်းသားဆိုသည် မှာ လည်းမရှိကြောင်းဖေါ်ပြထားသည်။ Continue reading “နေပြည်တော် က ၀ါရှင်တန် ကိုအာခံမှုများပြုလုပ်လာ”

စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံတွင် အသက်၆၀ ကျော်အရွယ်လည်း ခါးပိုက်နှိုက်ဖြစ်

၂၄ ဇူလိုင် ရန်ကုန် ၊                         ၊ညွန့် သက်ထားဦး

Old Man , Pick Pocket Arrested by Police

အသက် ၆၃ နှစ်အရွယ်ရှိ ဦးအုန်းကြိုင် သည် မြောက်ဥက္ကလာမှ လှိုင်သာယာပြေးဆွဲနေ သည့် အမှတ် ၁၂၁ လိုင်း ရှိဒိုင်နာ ယာဉ်ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ က အမျိုးသားတစ်ဦး အားခါးပိုက်
နှိုက် မှုကြောင့် မရမ်းကုန်း ရဲစခန်းတွင် ဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။ Continue reading “စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံတွင် အသက်၆၀ ကျော်အရွယ်လည်း ခါးပိုက်နှိုက်ဖြစ်”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

၂၃ ဇူလိုင် ဘန်ကောက် ၊                          ၊Freedom News Group

Photo of the Week

ထိုင်း-မြန်မာ နယ်စပ်ရှိ အုံးဖျံ ဒုက္ခသည် စခန်းတွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်း အနား
ထိုင်း-မြန်မာ နယ်စပ်ရှိ အုံးဖျံ ဒုက္ခသည် စခန်းတွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်း အနား
အာဇာနည်နေ့ က ကျင်းပသည့် နာရေးကူညီမှု အသင်းရုံးခန်းသစ်ဖွင့် ပွဲ နှင့် သုခ အခမဲ့ ကုသိုလ် ဖြစ်ဆေးခန်းဖွင့် ပွဲတွင်တွေ့ ရသည့် ကိုကျော်သူ နှင့် ရွှေအမြုတေ မဂ္ဂဇင်း ၊အလင်းတန်းဂျာနယ်တို့ ၏ ပဲ့ကိုင်ရှင် ဦးဝင်းငြိမ်း
အာဇာနည်နေ့ က ကျင်းပသည့် နာရေးကူညီမှု အသင်းရုံးခန်းသစ်ဖွင့် ပွဲ နှင့် သုခ အခမဲ့ ကုသိုလ် ဖြစ်ဆေးခန်းဖွင့် ပွဲတွင်တွေ့ ရသည့် ကိုကျော်သူ နှင့် ရွှေအမြုတေ မဂ္ဂဇင်း ၊အလင်းတန်းဂျာနယ်တို့ ၏ ပဲ့ကိုင်ရှင် ဦးဝင်းငြိမ်း
အဆိုတော် R ဇာနည် နှင့် ၀မ်းတို့ ဇနီးမောင် နှံ၏ သားဦးလေး
အဆိုတော် R ဇာနည် နှင့် ၀မ်းတို့ ဇနီးမောင် နှံ၏ သားဦးလေး
အမေရိကန် တွင် ဒီနေ့ ရုံတင်လျှင် မနက်ဖြန် ရန်ကုန်မြို့ လမ်းများပေါ်တွင် မြန်မာစာတန်းထိုးဖြင့်ရ နိုင်သည့် ဒီဗီဒီ ဇာတ်ကားများ
အမေရိကန် တွင် ဒီနေ့ ရုံတင်လျှင် မနက်ဖြန် ရန်ကုန်မြို့ လမ်းများပေါ်တွင် မြန်မာစာတန်းထိုးဖြင့်ရ နိုင်သည့် ဒီဗီဒီ ဇာတ်ကားများ
ထိုင်း နယ်စပ်ရှိ သောင်းရင်းမြစ်ကမ်းဘေးတွင် မြန်မာ နိုင်ငံသို့ တင်ပို့ မည့် လိုင်စင်မဲ့ကားများကို တွေ့ ရပုံ
ထိုင်း နယ်စပ်ရှိ သောင်းရင်းမြစ်ကမ်းဘေးတွင် မြန်မာ နိုင်ငံသို့ တင်ပို့ မည့် လိုင်စင်မဲ့ကားများကို တွေ့ ရပုံ
ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးလျှင် မြန်မာစစ်အစိုးရအနေဖြင့် အမေရိကန် ၏ ကူညီ ထောက်ပံ့မှု နှင့် ဆက်ဆံရေးများကောင်းမွန်လာနိုင်သည် ဟု ဖူးခက် တွင်ပြောကြားခဲ့သည့် ဟီလာရီ ကလင်တန် ထိုင်းဝန်ကြီးချုပ် နှင့် မြန်မာ့အရေးဆွေးနွေးစဉ်
ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးလျှင် မြန်မာစစ်အစိုးရအနေဖြင့် အမေရိကန် ၏ ကူညီ ထောက်ပံ့မှု နှင့် ဆက်ဆံရေးများကောင်းမွန်လာနိုင်သည် ဟု ဖူးခက် တွင်ပြောကြားခဲ့သည့် ဟီလာရီ ကလင်တန် ထိုင်းဝန်ကြီးချုပ် နှင့် မြန်မာ့အရေးဆွေးနွေးစဉ်
နာမည်ရလာသည့် တက်သစ်စမော်ဒယ်(လ)လေး ဂျူးဂျူးကေ
နာမည်ရလာသည့် တက်သစ်စမော်ဒယ်(လ)လေး ဂျူးဂျူးကေ၏ Body Art အလှ

See More Photo Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ရွေးကောက်ပွဲ အတွက် ဆရာဝန် များကို ဆမ လက်မှတ် ဖြင့်စည်းရုံး

၂၂ ဇူလိုင် ရန်ကုန် ၊                     ၊ဟိန်းခိုင်ထွန်း

Health Care License Get After Sophisticated Training

ဆေးတက္ကသိုလ် ၁ ရန်ကုန်
ဆေးတက္ကသိုလ် ၁ ရန်ကုန်

ယခင်က ဆရာဝန် မှတ်ပုံတင်( ဆမ ) လက်မှတ် ရရှိရန် အတွက် အစိုးရ ကျန်းမာရေးဝန်ထမ်းအဖြစ်
သုံးနှစ် တာဝန်ထမ်းဆောင်ပြီးမှ ရရှိမည်ဖြစ်သော်လည်း ယခု ဆေးတက္ကသိုလ် ၁ နှင့် ၂ တို့ ၏ သ
တင်းထုတ်ပြန် ချက်အရ မွမ်းမံသင်တန်း တစ်လ တက်ပြီးပါက ဆမ လက်မှတ် ထုတ်ပေးသော စနစ်
ကိုပြောင်းလဲ လိုက်ပြီဟု သတင်းရရှိသည်။ Continue reading “ရွေးကောက်ပွဲ အတွက် ဆရာဝန် များကို ဆမ လက်မှတ် ဖြင့်စည်းရုံး”

ခြောက်မိနစ်ကျော်ကြာ နေကြတ်မှုဖြစ်စဉ် မြန်မာနိုင်ငံမှ လည်းတွေ့ရ

၂၂ ဇူလိုင် ရန်ကုန် ၊                    ၊ဟိန်းခိုင်ထွန်း

Myanmar Cloud Cover  Total Solar Eclipse

နေကြတ်မှုဖြစ်စဉ်ကို ယနေ့ ရွှေတိဂုံဘုရားတွင်စောင့်ကြည့်နေသည့် သံဃာတော်တစ်ဦး ဓာတ်ပုံ-အေပီ
နေကြတ်မှုဖြစ်စဉ်ကို ယနေ့ ရွှေတိဂုံဘုရားတွင်စောင့်ကြည့်နေ သည့် သံဃာတော်တစ်ဦး ဓာတ်ပုံ-အေပီ

ရာစုနှစ်၏ အကြာမြင့်ဆုံးနေအပြည့် ကြတ်မှုတစ်ခုကို ယနေ့ မနက်အစောပိုင်းမှ စ၍ အိန္ဒိယ ၊ဟောင်
ကောင် ၊ထိုင်ဝမ် နှင့် ဟာဝိုင်အီ ကျွန်းစုမှ တွေ့ မြင်ရသော်လည်း မြန်မာနိုင်ငံ ရန်ကုန် မြို့ မှာ မိုးအုံ့ နေသဖြင့် ကောင်းစွာ မတွေ့ မြင်ရဟု လှည်းတန်းလမ်းဆုံ အနီးတွင် မိတ္တူကူး ဆိုင်ဖွင့်ထားသူတစ်ဦးက Freedom News Group သို့ ပြောသည်။

တရုတ်ရိုးရာတွင် မိုးနတ်မင်းကြီး၏ ခွေးက နေနတ်သမီး အားခံတွင်းထဲ မြိုချသည် ဟု ယူဆပြီး အတိတ်နိမိတ် မကောင်းခြင်းကို သာသယ်ဆောင်လာနိုင်သည် ဟု ယနေ့ ထုတ်ဟောင်ကောင်သတင်းစာများတွင် ဖေါ်ပြထားသည်။

ရာစုသစ်သမိုင်းတွင် အကြာဆုံးနေကြတ်မှုမှာ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ကဖြစ်ပွားခဲ့ပြီး ခြောက်မိနစ် နှစ် ငါးဆယ့်သုံးစက္ကန့် ကြာမြင့်ခဲ့သည်။ထိုကဲ့သို့ သော ကြာမြင့်သည့် နေအပြည့်ကြတ်မှုမျိုးနောက် တစ်ကြိမ်မြင်ရရန် အတွက် သက္ကရာဇ် ၂၁၃၂ ခုနှစ်ထိစောင့်ရအုံးမည်ဖြစ်သည်။ Continue reading “ခြောက်မိနစ်ကျော်ကြာ နေကြတ်မှုဖြစ်စဉ် မြန်မာနိုင်ငံမှ လည်းတွေ့ရ”

မြန်မာ နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ် မကင်းဖြစ် သလို ပြည်တွင်းရေး သက်သက် မဟုတ်တော့ဟု လေ့လာသူများ ကသုံးသပ်

၂၁ ဇူလိုင် ဘန်ကောက် ၊                      ၊ယူကွန်

US concerned by NKorea-Myanmar links: Clinton

သတင်းထောက် များ၏ မေးခွန်းများကို နည်းမျိုးစုံဖြင့်ရှောင်လွှဲနေသောဖူးခက်ရောက် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ကို ထိုင်းထောက်လှမ်းရေးများက စောင့်ကြပ်ပေးစဉ်
သတင်းထောက် များ၏ မေးခွန်းများကို နည်းမျိုးစုံဖြင့်ရှောင်လွှဲနေသောဖူးခက်ရောက် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ကို ထိုင်းထောက်လှမ်းရေးများက စောင့်ကြပ်ပေးစဉ်

ထိုင်းနိုင်ငံ ဖူးခက် တွင် ကျင်းပနေသည့် အာဆီယံ ၀န်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန်
အတွက် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နူးကလီးယား
လက်နက်ပိုင်ဆိုင်သည့် ကိုရီးယား နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ စစ်ရေးအရ နည်းကပ်စွာ ဆက်ဆံနေ
သည်မှာ ဒေသတွင်းစိုးရိမ် ဖွယ်ရာအခြေအနေ ဖြစ်သောကြောင့် အမေရိကန် နိုင်ငံ ကလည်း စိုးရိမ်မကင်းဖြစ်မိကြောင်း ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ် နှင့် တွေ့ ဆုံအပြီး သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။ Continue reading “မြန်မာ နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ် မကင်းဖြစ် သလို ပြည်တွင်းရေး သက်သက် မဟုတ်တော့ဟု လေ့လာသူများ ကသုံးသပ်”

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး ၀န်ထမ်းအချို့ နှင့် ပွဲစားများကိုဖမ်းဆီး

၂၁ ဇူလိုင် ရန်ကုန် ၊                   ၊ညွန့် သက်ထားဦး

Myanmar Passport  Issuing Board  Improper

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးခြောက်ထပ်ရုံးသစ် အဆောက်အဦ ဖွင့်လှစ်စဉ်အချိန်က
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးခြောက်ထပ်ရုံးသစ် အဆောက်အဦ ဖွင့်လှစ်စဉ်အချိန်က

ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ စီမံခန့် ခွဲမှု အားလုံးကို နေပြည်တော်မှ ဗိုလ်မှုး အဆင့်ရှိသူ တစ်ယောက် နှင့် သတင်းတပ်ဖွဲ့ မှ ရဲမှုးတစ်ယောက်ပါဝင်သော အဖွဲ့ မှ ခေတ္တ
စီမံခန့် ခွဲနေသည် ဟု သတင်းရရှိသည်။ဇွန်လ ၁၈ ရက်နေ့ က ထိုရုံးရှိ ဒုရဲအုပ် နှစ်ယောက် အပါအ၀င် ပတ်(စ)ပို့ ပွဲစားအချို့ ကို ဖမ်းဆီးသွားပြီးနောက် မနလ ခေါ် ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးတွင် တာဝန်ကျ ၀န်ထမ်းများအားလုံးကို လည်း တစ်ယောက်စီ စစ်ဆေးမေးမြန်းမှု ပြုနေသောကြောင့် နိုင်ငံကူးလက်မှတ် ထုတ်ယူရန် အဆင်သင့်ဖြစ်နေသူများပင် ယနေ့ ထုတ်ယူခွင့် မရသေးဟု သိရသည်။ Continue reading “မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး ၀န်ထမ်းအချို့ နှင့် ပွဲစားများကိုဖမ်းဆီး”

မြန်မာငွေ နှင့် လဲလှယ်ရာတွင် ဘတ်ငွေဈေး နှုန်းကျ

၂၀ ဇူလိုင် မဲဆောက် ၊                      ၊ယူကွန်

Thai – Burma Currency Exchange May Not Stable

ထိုင်းနိုင်ငံတွင်ပို့ ကုန်၊သွင်းကုန်များကျဆင်းနေချိန်တွင် ကျင်းပသည့် ဖူးခက်အာဆီယံအစည်းအဝေး
ထိုင်းနိုင်ငံတွင်ပို့ ကုန်၊သွင်းကုန်များကျဆင်းနေချိန်တွင် ကျင်းပသည့် ဖူးခက်အာဆီယံအစည်းအဝေး

ကော့ကရိတ်-မြ၀တီ လမ်းကြောင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများ
နှင့် တံတားများခိုင်ခံ့မှု အားနည်းသည့် အတွက် ထိုင်း ကုန်စည်များကို တင်သွင်းဝယ်ယူမှု နည်းလာသဖြင့် မဲဆောက် ရှိ ထိုင်း-မြန်မာငွေ လဲလှယ် သည့် နေရာများတွင် ဘတ်ဈေးနှုန်းမှာ တစ်ဘတ်လျှင်မြန်မာငွေ ၂၉ ကျပ်ပြား ၉၀ သာပေါက်ဈေးရှိတော့ သည် ဟု သိရသည်။ Continue reading “မြန်မာငွေ နှင့် လဲလှယ်ရာတွင် ဘတ်ငွေဈေး နှုန်းကျ”