နာရေးကူညီမှု အသင်း၏ သုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းဖွင့်လှစ်

၁၉ ဇူလိုင် ရန်ကုန် ၊                    ၊Freedom News Group

Thu Kha Free Clinic Opens

ဆေးရုံတစ်ခုပမာ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သည့် သုခကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဓာတ်ပုံ-စနေငချွတ်
ဆေးရုံတစ်ခုပမာ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သည့် သုခကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဓာတ်ပုံ-စနေငချွတ်

နာရေးကူညီမှု အသင်း၏ သုခကုသိုလ် ဖြစ်အခမဲ့ဆေးခန်းဖွင့် ပွဲ ကို ယနေ့ အာဇာနည်နေ့ မနက်ကမြောက်ဒဂုံ ရှိ ဆေးခန်းသစ် တည်ရှိရာတွင် ကျင်းပခဲ့သည်။သုခ ကုသိုလ် ဖြစ်အခမဲ့ဆေးခန်းသည်ယခင်ကသင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဗြဟ္မဝိဟာရ ကျောင်းတိုက်တွင် စတင် ဖွင့်လှစ်ခဲ့ သော်လည်း မူလနေရာ တွင်ဖွင့် လှစ်ခြင်းမပြု ခဲ့သည့် အတွက် ပြောင်းရွှေ့ ဖွင့် လှစ်ရခြင်းဖြစ်သည်
ဟု ၂၀၀၁ ခုနှစ်တွင် နာရေးကူညီမှု အသင်းကို စတင် တည်ထောင်ခဲ့သူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ က ဆေးခန်းဖွင့် လှစ်ပွဲတွင် ပြောသည်။

မြောက်ဒဂုံရှိ ပလတ်စတစ် အမှိုက်ပုံပေါ်တွင် တည်ဆောက်ထားသည့် သုခ ကုသိုလ်ဖြစ်ဆေးခန်း
အတွက် ကျပ်ငွေ သိန်း၁၅၀၀ကျော်ကုန်ကျသည်။ Continue reading “နာရေးကူညီမှု အသင်း၏ သုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းဖွင့်လှစ်”

အာဇာနည်နေ့ အခမ်းအနားကို့ ပြည်တွင်း နှင့် နိုင်ငံတကာတွင်ကျင်းပပြုလုပ် ရာရန်ကုန်တွင် လူ၆၀ ကျော်ခန့် ဖမ်းဆီးခံရ

၁၉ ဇူလိုင်  မယ်ဆရီယန်၊၊                    ၊Freedom News Group

Opposition Deatins 62 Anniverssary of Burma Martyr’s Day

ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံကို ဖော့ဖြင့် ထွင်းထု၍ ပန်းပု ပြုလုပ်ထားသည် ကို တွေ့ ရစဉ် (ပန်းပု ဖန်တီးသူ ပန်းချီဆရာ ဥာဏ်စိုး)
ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံကို ဖော့ဖြင့် ထွင်းထု၍ ပန်းပု ပြုလုပ်ထားသည် ကို တွေ့ ရစဉ် (ပန်းပု ဖန်တီးသူ ပန်းချီဆရာ ဥာဏ်စိုး)

ရန်ကုန် အာဇာနည်နေ့ အခမ်းအနား အတွက် လမ်းများပိတ်ဆို့ ထားသဖြင့် အများပြည်သူသွား
လာရေး အဆင်မပြေဟု သိရသည်။ ထို ကဲ့သို့  မြေနီကုန်း လမ်းဆုံ မှ စတင်ပိတ်ထားသော လမ်းများမှာ ညနေ သုံးနာရီထိ ဖွင့် လျှစ်ခြင်းမရှိ သေးဟု သိရသည်။ Continue reading “အာဇာနည်နေ့ အခမ်းအနားကို့ ပြည်တွင်း နှင့် နိုင်ငံတကာတွင်ကျင်းပပြုလုပ် ရာရန်ကုန်တွင် လူ၆၀ ကျော်ခန့် ဖမ်းဆီးခံရ”

အင်ဒိုနီးရှားဟိုတယ်နှစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွား

၁၈ ဇူလိုင် ရန်ကုန် ၊                       ၊Planet News (www.planet.com.mm)၊AFP

Indonesia Suspect Fugitives Terrorist in Bombing

ပြင်းထန်သော ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် လူ(၉)ဦးထက်မနည်း သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဂျကာတာမြို့တော်ရှိ ဟိုတယ်နှစ်ခုတွင် ပေါက်ကွဲခဲ့သော အင်အားပြင်းထန်သည့် ဗုံးများက ဟိုတယ်မှန်ပြူတင်းပေါက်များကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကာ လမ်းမပေါ်တွင် ပြန့်ကြဲသွားစေခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များသည် မဲရီယော့တ်ဟိုတယ်နှင့် ရစ်ဇ်ဟိုတယ်တို့သို့ ချက်ချင်းရောက်သွားသော်လည်း အကြမ်းဖက်သမားဟု ယူဆရသူများကို မတွေ့ရတော့ချေ။

Indonesia
Continue reading “အင်ဒိုနီးရှားဟိုတယ်နှစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွား”

စစ်ထောက်လှမ်းရေးမှတာဝန်ရှိသူ တစ်ဦးယနေ့ မနက် အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ၁၅ မိနစ်ခန့်လာရောက်တွေ့ ဆုံ

၁၈ ဇူလိုင် ရန်ကုန်၊                    ၊ညွန့် သက်ထားဦး

Military Officer Meets Daw Aung San Suu Kyi One Day Before Martyr’s Day

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံ
ခံရသည့် ၆၂ နှစ်မြောက်  အာဇာနည်နေ့ မတိုင်မှီ တစ်ရက်အလိုတွင် အင်းစိန်အကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရသည့် သူမ အား စစ်အစိုးရ တာဝန်ရှိ သူတစ်ဦးမှ ယနေ့ နက် အစောပိုင်းတွင် မိနစ် နှစ်ဆယ် ခန့် တွေ့ ဆုံခဲ့သည် ဟု သိရသည်။ Continue reading “စစ်ထောက်လှမ်းရေးမှတာဝန်ရှိသူ တစ်ဦးယနေ့ မနက် အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ၁၅ မိနစ်ခန့်လာရောက်တွေ့ ဆုံ”

မဲဆောက် ၀က်တုပ်ကွေး ကြောင့် တခ်ခရိုင် ရှိမြန်မာ ဒုက္ခသည်တို့ စိုးရိမ်

၁၆ ဇူလိုင် မဲဆောက်၊                     ၊စောမူဂေး

Burmese Refugees in Thailand Fears on A(H1N1)

မယ်လ ဒုက္ခသည်စခန်းတွင်ပိုးသတ်ဆေးများလိုက်လံဖျန်းပက်နေပုံ
မယ်လ ဒုက္ခသည်စခန်းတွင်ပိုးသတ်ဆေးများလိုက်လံဖျန်း ပက်နေပုံ

ထိုင်းနိုင်ငံ တခ်ခရိုင် မဲဆောက်မြို့ တွင်ဝက်တုပ်ကွေး ရောဂါဖြစ်ပွားသူ လူနာသုံးဦး တွေ့ ရှိခြင်းကြောင့် တခ်ခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းများတွင်နေကြသည့် ဒုက္ခသည်များမှာထိတ်လန့် ကြောက်ရွံ့ လျှက်ရှိကြသည်။

ယနေ့ မနက်က မဲလဒုက္ခသည် စခန်းအတွင်းတွင် ၀က်တုပ်ကွေးရောဂါပိုးရှိသူ တစ်ဦး တွေ့ ရှိထား
သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။မယ်လ ဒုက္ခသည် စခန်းရှိ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကမူ ရာသီအလိုက် ဖြစ်တတ်သည့် တုပ်ကွေးရောဂါဝေဒနာရှင်များနှင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေသည့် ကလေးအချို့ သာရှိကြောင်း ပြောကြားသည်။ Continue reading “မဲဆောက် ၀က်တုပ်ကွေး ကြောင့် တခ်ခရိုင် ရှိမြန်မာ ဒုက္ခသည်တို့ စိုးရိမ်”

အာဇာနည်နေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ဂျာနယ်များတွင် အကျယ်တ၀င့် ဖေါ်ပြခွင့်မရ

၁၆ ဇူလိုင် ရန်ကုန်၊                      ၊ယူကွန်

Junta Ignore Late General Aung Sann and  Matyrs’ Day

Matyr Day၆၂ နှစ်မြောက် အာဇာနည် နေ့ အကြောင်း နှင့် အင်းစိန်ထောင်တွင်းဖမ်းဆီးတရားစွဲ ဆိုခံထားရသူ
ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ဖြစ်သူ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကို စာပေစီစီစစ်ရေး မှ ဖေါ်ပြခွင့် မပေးသဖြင့် ဂျာနယ်များတွင် အကျယ်တ၀င့် ဖေါ်ပြခွင့်
မရ ဟု ရန်ကုန် မြို့ရှိ သတင်းထောက် တစ်ဦးမှ Freedom News Group သို့ ပြောသည်။ Continue reading “အာဇာနည်နေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ဂျာနယ်များတွင် အကျယ်တ၀င့် ဖေါ်ပြခွင့်မရ”

နေပြည်တော် ရှိ ၀က်တုပ်ကွေးလူနာ သတင်းထုတ်ပြန်မှု မပြု

၁၆ ဇူလိုင် ရန်ကုန် ၊                     ၊ညွန့် သက်ထားဦး

Naypyidaw Blackout First A(H1N1) Case

NPDနေပြည်တော်တွင် ၀က်တုပ်ကွေးရောဂါ A(H1N1) ရောဂါပိုး တွေ့ ရှိသူတစ်ဦး ကို တွေ့ ရှိကြောင်းနေပြည်တော် ရှိ ကျန်းမာရေးဝန်ကြီးဌာန မှ အမည်မဖေါ်လိုသော ၀န်ထမ်းတစ်ဦးဆီမှ သတင်းရရှိ
သည်။စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၀က်တုပ်ကွေး ရောဂါ တွေ့ ရှိသူ နှင့် ပတ်သက်၍ သတင်းအမှောင်ချထားပြီး သတင်းထုတ်ပြန်ခြင်းမပြု ဟု သိရသည်။ Continue reading “နေပြည်တော် ရှိ ၀က်တုပ်ကွေးလူနာ သတင်းထုတ်ပြန်မှု မပြု”

ဝက်တုပ်ကွေးရောဂါကြောင့် ကျောင်းများပိတ်တော့မည် ဟု သတင်းထွက်ပေါ်

၁၅ ဇူလိုင် ရန်ကုန်၊                     ၊ယူကွန်

Burma Capital School May Close Next

Myanmar Swine FluA(H1N1) ဟုခေါ်ကြသည့် ၀က်တုပ်ကွေးရောဂါမှာ ရန်ကုန်မြို့ တွင် အစိုးရ ထုတ်ပြန်ထားသော စာရင်း ထက်ပိုမိုများပြားလိမ့်မည် ဟုကျောင်းသားမိဘတို့ က ယုံကြည်ကြသဖြင့် ၎င်း တို့ ၏ သား
သမီးများကို ကျောင်းသို့ မပို့ ပဲ ထားကြရာ စာသင်ခန်းများတွင် ကျောင်းသားဦးရေ နည်းလာသဖြင့်
ခြေခံကျောင်းများကို လတ်တလောပိတ်ထားနိုင်သည် ဟု အခြေခံပညာဦးစီးဌာန ၀န်ထမ်းတစ်ဦးက
Freedom News Group သို့ ပြောသည်။ Continue reading “၀က်တုပ်ကွေးရောဂါကြောင့် ကျောင်းများပိတ်တော့မည် ဟု သတင်းထွက်ပေါ်”

နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် စစ်အရာရှိ သားသမီးများကို နေပြည်တော်က စာရင်းကောက်ယူ မှုပြု

၁၄ ဇူလိုင် ရန်ကုန်၊                   ၊ယူကွန်

Naypyidaw Worries   Military Officer’s Children Oversea Education

မြန်မာကျောင်းသားအများစုသွားရောက်ပညာသင်ကြားရာ စင်္ကာပူ ပိုလီ တက္ကနစ်ကျောင်း
မြန်မာကျောင်းသားအများစုသွားရောက်ပညာသင် ကြားရာ စင်္ကာပူ ပိုလီ တက္ကနစ်ကျောင်း

နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ် ကိုင်နေသူများ နှင့် နိုင်ငံခြားတက္ကသိုလ် များတွင် ပညာသင် ကြားနေသည့် စစ်တပ် မှ အရာရှိ အဆင့် ရှိသူများ၏ သားသမီးများကို နေပြည်တော်
မှစာရင်းကောက်ယူ မှု ပြုနေကြောင်း သြစတေးလျှ နိုင်ငံတွင် ပညာသင်ကြားနေသော ဗိုလ်မှုးကြီး
တစ်ယောက် ၏ သမီးဖြစ်သူက Freedom News Group သို့ ပြောသည်။ Continue reading “နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် စစ်အရာရှိ သားသမီးများကို နေပြည်တော်က စာရင်းကောက်ယူ မှုပြု”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

၁၄ ဇူလိုင် ဘန်ကောက်၊                        ၊Freedom News Group

Photo of the Week

လန်ဒန်တွင် ကျင်းပသည့် နာဂစ်ဒုက္ခသည်များ အတွက်ရံပုံငွေ သီဆိုဖျော်ဖြေပွဲတွင် တွေ့  ရသည့် ရေဗက္က၀င်း၊တင့်တင့်ထွန်း၊မိုးဟေကို ၊J.Me နှင့် စည်သူလွင်
လန်ဒန်တွင် ကျင်းပသည့် နာဂစ်ဒုက္ခသည်များ အတွက်ရံပုံငွေ သီဆိုဖျော်ဖြေပွဲတွင် တွေ့  ရသည့် ရေဗက္က၀င်း၊တင့်တင့်ထွန်း၊မိုးဟေကို ၊J.Me နှင့် စည်သူလွင်
နာဂစ် ဒုက္ခသည်များရံပုံငွေ လန်ဒန်ဖျော်ဖြေပွဲတွင် အဆိုတော် တင့်တင့်ထွန်း သီဆိုဖျော် ဖြေနေစဉ်
နာဂစ် ဒုက္ခသည်များရံပုံငွေ လန်ဒန်ဖျော်ဖြေပွဲတွင် အဆိုတော် တင့်တင့်ထွန်း သီဆိုဖျော် ဖြေနေစဉ်
နိုင်ငံတကာတွင် ရုံတင်ပြသနေရာလူကြိုက်များနေသည့် Transformers:Revenge of the fallen ဇာတ်ကားတွင် မိုက်ကယ်လား အဖြစ်သရုပ်ဆောင်သည့် မင်းသမီး မယ်ဂန် ဖောက်စ်
နိုင်ငံတကာတွင် ရုံတင်ပြသနေရာလူကြိုက်များနေသည့် Transformers:Revenge of the fallen ဇာတ်ကားတွင် မိုက်ကယ်လား အဖြစ်သရုပ်ဆောင်သည့် မင်းသမီး မယ်ဂန် ဖောက်စ်
ပရိတ်သတ် တို့၏ အချစ်တော်ဖြစ်လာခြင်းကြောင့် မကြာခင် စူပါတန်းဝင် တော့မည့် သရုပ်ဆောင် ရဲတိုက် (သူ့ ကိုနယ်ပရိသတ် တို့ က ကိုရီးယားသရုပ်ဆောင် နှင့် တူသည် ဆို၍ နှစ်ခြိုက်ကြသည်)
ပရိတ်သတ် တို့၏ အချစ်တော်ဖြစ်လာခြင်းကြောင့် မကြာခင် စူပါတန်းဝင် တော့မည့် သရုပ်ဆောင် ရဲတိုက် (သူ့ ကိုနယ်ပရိသတ် တို့ က ကိုရီးယားသရုပ်ဆောင် နှင့် တူသည် ဆို၍ နှစ်ခြိုက်ကြသည်)
၂၀၀၉ ခုနှစ်အတွင်း ၀တ်မှုန်ရွှေရည်၊ဖွေးဖွေး၊ဂျူးဂျူးကေ တို့ လိုပင်ပေါ်ပြုလာဖြစ်နေသည့် မော်ဒယ် မိုးယုစံ
၂၀၀၉ ခုနှစ်အတွင်း ၀တ်မှုန်ရွှေရည်၊ဖွေးဖွေး၊ဂျူးဂျူးကေ တို့ လိုပင်ပေါ်ပြုလာဖြစ်နေသည့် မော်ဒယ် မိုးယုစံ

more photo Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်မပေးပါက ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ ဖြစ်လိမ့် မည် မဟုတ်

၁၄ ဇူလိုင် ရန်ကုန်၊                    ၊တင်ကျော်ကျော်စိုး

Myanmar Junta Planning to Amnesty Political Prisoners

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားဖမ်းဆီးထားရာ အင်းစိန်အကျဉ်းထောင် ဓာတ်ပုံ-အယ်ဂျာဇီယား
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားဖမ်းဆီးထားရာ အင်းစိန်အကျဉ်းထောင် ဓာတ်ပုံ-အယ်ဂျာဇီယား

စစ်အစိုးရ ၏ ကုလသမဂ္ဂသံ ဦးသန်းဆွေ က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည် ဟု ထုတ်ဖေါ်ပြောကြားသော် လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လည်လွှတ်ပေး
ခြင်းမပြုပါက ရှေ့နှစ် ကျင်းပမည် ဟု ကြေညာထားသည့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ ဟု ပြည်သူများ နှင့် နိုင်ငံတကာ မှ မည်
သည့် အခါမှ ထင်မှတ် မည် မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှုး
ချုပ် ဘန်ကီမွန်း က  ယနေ့ ပြောကြားသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်မပေးပါက ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ ဖြစ်လိမ့် မည် မဟုတ်”

ဖားကန့် မြေပြို မှုကြောင့် အခက်အခဲ ဖြစ်နေ သူများကို ကုလ ကူညီ်

၁၂ ဇူလိုင် ရန်ကုန် ၊                 ၊ဟိန်းခိုင်ထွန်း

UN responding to deadly landslide in Myanmar

UN-blue-low-resလွန်ခဲ့သည့် သီတင်းပတ်က မြန်မာ နိုင်ငံမြောက်ပိုင်းကျောက် စိမိးထွက်ရှိ ရာနယ်မြေဖြစ်သည့် ဖား
ကန့် ဒေသတွင် ရေကြီး မြေပြို မှု ကြောင့် အိမ်ယာ မဲ့ သွားသူများ နှင့် စားဝတ်နေရေး အခက် အခဲရှိ
သူများကို ကုလ သမဂ္ဂ နှင့် ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် တို့ က ထိရောက်စွာ ကူညီနေပြီ  ဖြစ်
ကြောင်း ယနေ့ ရန်ကုန်ရှိ ကုလ ကိုယ်စားလှယ် ရုံးက သတင်းထုတ်ပြန်သည်။ Continue reading “ဖားကန့် မြေပြို မှုကြောင့် အခက်အခဲ ဖြစ်နေ သူများကို ကုလ ကူညီ်”

ထိုင်း နိုင်ငံတွင် A(H1N1) ကြောင့် သေဆုံးသူ ဆယ့်ရှစ်ယောက်ပြည့်မြောက်ပြီးနောက် ပြည်သူများထိတ်လန့် ခြောက်ခြားမှု ဖြစ်လာ

၁၂ ဇူလိုင် ဘန်ကောက်၊                      ၊Freedom News Group

Thai PM urges school to send students with flu back home

A(H1N1) ရောဂါကြောင့် ဘန်ကောက်မြို့ တော်ကြီးလည်းစိုးရိမ်စိတ်များအပြည့်ဖြင့်
A(H1N1) ရောဂါကြောင့် ဘန်ကောက်မြို့ တော်ကြီးလည်းစိုးရိမ်စိတ်များအပြည့်ဖြင့်

ထိုင်းနိုင်ငံ တွင် A(H1N1)ရောဂါပိုး ရှိသူ အသက် ၄၅ နှစ်အရွယ်ရှိ အယုဒ္ဓယ မြို့ မှ အမျိုးသမီးတစ်ဦးသေ ဆုံးပြီးနောက် ထိုရောဂါဖြင့် သေဆုံးသူ ၁၈ ဦးပြည့်မြောက် သွားချိန်တွင် ထိုင်းပြည်သူများမှာထိုကပ် ရောဂါနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်များ ၀င်ရောက်ကာ ကျောင်းနှင့် လုပ်ငန်းခွင် သို့ သွားရောက်မှု များ ရပ်ဆိုင်းကုန်သည် ကြသည် ဟု ရုပ်သံလိုင်း အမှတ် ၁၁ ၏ သတင်းအစီအစဉ် တွင် ဖေါ်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် က ထိုရောဂါ အတွက် ပြည်သူများ ထိတ်လန့် တုန်မှု ရှိစရာ မလို ဟု ယနေ့ ပြောကြားပြီး ကျောင်း နှင့် လုပ်ငန်းခွင် များသို့ လည်း ပုံမှန် အတိုင်းသွားရောက်ကြရန် တိုက်တွန်းထားသည်။ Continue reading “ထိုင်း နိုင်ငံတွင် A(H1N1) ကြောင့် သေဆုံးသူ ဆယ့်ရှစ်ယောက်ပြည့်မြောက်ပြီးနောက် ပြည်သူများထိတ်လန့် ခြောက်ခြားမှု ဖြစ်လာ”

ကုလ လုံခြုံရေးကောင်စီ သို့ မြန်မာ နိုင်ငံ ခရီးစဉ် နှင့် ပတ်သက်သည့် အစီရင်ခံစာ ဘန်ကီမွန်း တင်သွင်း

၁၁ ဇူလိုင် ဘန်ကောက်၊                      ၊Freedom News Group

Ban to Brief UNSC on Burma

ယခင်သီတင်းပတ်က မြန်မာစစ်စိုးရ ၏ တွေ့ ဆုံခွင့်မပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခွင့်မရ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်မှာ ယနေ့ တွင် ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ သို့  သူ၏ မြန်မာ နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သော အစီရင်ခံ စာ အကျဉ်းချုပ်ကို တင်သွင်း
ကြောင်း သတင်းရရှိသည်။ Continue reading “ကုလ လုံခြုံရေးကောင်စီ သို့ မြန်မာ နိုင်ငံ ခရီးစဉ် နှင့် ပတ်သက်သည့် အစီရင်ခံစာ ဘန်ကီမွန်း တင်သွင်း”