ဟီလာရီ ကလင်တန် တက်ရောက်မည့် ဖူးခက် အာဆီယံ အစည်းအဝေးတွင် မည်သည့် ဆန္ဒပြပွဲမှမလုပ်ရ ဟု ထိုင်းဝန်ကြီးချုပ် အမိန့် ထုတ်
၁၁ ဇူလိုင် ဘန်ကောက်၊ ၊Freedom News Group
Thailand Ordered Security Act in Phuket

ဇူလိုင်လ ၂၀ ရက်မှ ၂၃ ရက်နေ့ ထိထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ ဖြစ်သော ဖူးခက်၌ ကျင်းပမည့် ၄၂ ကြိမ်မြောက် အာဆီယံ ၀န်ကြီးများအဆင့် အစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်တို့ တွင် မည်သည့် ဆန္ဒပြပွဲမှ မှမပြုလုပ်ရ ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ယနေ့ အမိန့် ထုတ်ပြန်လိုက်သည်။
အာဆီယံ ဆယ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများအပြင် အမေရိကန်၊တရုတ်၊ဂျပန် နှင့် ဆယ့်ခြောက်နိုင်ငံမှ ခေါင်းဆောင်များတက်ရောက် မည့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လည်းတက်ရောက်မည် ဖြစ်သည်။ Continue reading “ဟီလာရီ ကလင်တန် တက်ရောက်မည့် ဖူးခက် အာဆီယံ အစည်းအဝေးတွင် မည်သည့် ဆန္ဒပြပွဲမှမလုပ်ရ ဟု ထိုင်းဝန်ကြီးချုပ် အမိန့် ထုတ်”



မြန်မာ နိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက် ရှိရာ ဖားကန့် မြို့အနီးရှိ လုံးခင်းကျောက် စိမ်းတွင်းတွင် ယခု သီတင်းပတ် အတွင်း မိုးသည်းထန် စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် လူ သုံးဆယ် ထက်မနည်း သေဆုံးသည် ဟု ရန်ကုန် မှာ လာသော ရိုက်တာ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။ 




