အီရန်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဖြစ်

၁၄ ဇွန် တီဟီရန်၊                   ၊VOA NEWS

Police beat protesters in Iran after Ahmadinejad declared winner

ဖိနှိပ်သူတို့ အသုံးချသော မော်တော်ကား၊ဘတ်(စ)ကား၊မော်တော်ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီးခြင်းသည် ခောတ်သစ် တော်လှန်ရေးများ၏ အရေးပါသော အခြင်းအရာ တစ်ရပ်ဖြစ်လာခဲ့သည်။
ဖိနှိပ်သူတို့ အသုံးချသော မော်တော်ကား၊ဘတ်(စ)ကား၊မော်တော်ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီးခြင်းသည် ခောတ်သစ် တော်လှန်ရေးများ၏ အရေးပါသော အခြင်းအရာ တစ်ရပ်ဖြစ်လာခဲ့သည်။

အီရန်နိုင်ငံမှာ လက်ရှိ သမ္မတ မာမွတ် အမာဒီနီဂျက် မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း အရာရှိတွေ ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ တီဟီရန်မြို့တော် လမ်းတွေပေါ်မှာ လမ်းလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား စနေနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။မစ္စတာ အမာဒီနီဂျက် ရဲ့ ထိပ်ဆုံးက ပြိုင်ဘက် ပြုပြင်ပြောင်းလဲရေး ၀ါဒီ မစ္စတာ ဟိုဆေး မူဆာဗီ ကို ထောက်ခံသူတွေက တီဟီရန် မြို့အနှံ့မှာ ကား တာယာ တွေကို မီးရှို့၊ ခဲတွေကို ပစ်ပေါက်ကြနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အဓိကရုဏ်း ပြီးရင်တော့ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရွေးကောက်ပွဲဟာ မတရားသဖြင့် လုယူခံလိုက်ရတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပြီးတော့ အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ကြွေးကြော်သံ တွေကိုလည်း ဟစ်အော်နေကြပြီး မစ္စတာ မိုဆာဗီ သူတို့ပေးထားတဲ့ မဲတွေကို ပြန်ယူပေးပါလို့ တိုက်တွန်းနေကြပါတယ်။ Continue reading “အီရန်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဖြစ်”

ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာ အမျိုးသမီး အချို့ ကို အခမဲ့ ပို့ ဆောင်ပေးမှုပြု

၁၃ ဇွန် ရန်ကုန်၊                ၊ယူကွန်

Oversea Sex Business Offers Myanmar Girls

ရန်ကုန် မြို့ တွင်အခြေစိုက်သည့ှ်နာမည်ကျော်ကြားခြင်းမရှိ သေးသည့်  ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့ မှာ ၎င်းတို့ ထံ နိုင်ငံရပ်ခြားအလုပ်အကိုင် အတွက် လာရောက် စုံစမ်းမေးမြန်းသည့် အမျိုးသမီးငယ် အချို့ ကိုသီးသန့် တွေ့ ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်တာဝန်ထမ်းဆောင် နိုင်ပါက အခမဲ့ ပို့ ဆောင်ပေးမည် ဟု ပြော၍ စည်းရုံးကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

ရန်ကုန် မြို့ ထဲတွင် အခြေစိုက်သည့် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး ဧဂျင်စီတစ်ခု တွင် သွားရောက်အလုပ်အကိုင် စုံစမ်းလျှောက်ထားသည့် အမျိုးသမီး နှစ်ဦး ၏ ပြောပြချက် အရ စင်္ကာပူ နိုင်ငံတွင် အလုပ်ရရှိရန် အတွက် ကိုယ်ရေးအချက် အလက်များပါ ပေးကာ ၊ သွားရောက် စုံစမ်းပြီးနောက် သုံးရက်အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ သူအမျိုးသမီးတစ်ဦးက သူမ၏ ဧဂျင်စီ သို့ ပြန်လည်ချိန်းဆို၍ စင်္ကာပူရှိ လိင်ဖျော်ဖြေရေးလုပ် ငန်းတစ်ခုတွင် အလုပ်လုပ် ကိုင်နိုင်မည် လား ဟုမေးမြန်းသည် သိရသည်။ Continue reading “ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာ အမျိုးသမီး အချို့ ကို အခမဲ့ ပို့ ဆောင်ပေးမှုပြု”

ဝက်တုပ်ကွေး ရောဂါကို ၂၁ ရာစု၏ ပထမ ဦးဆုံးကပ်ရောဂါအဖြစ် WHO ကြေညာ

၁၂ ဇွန် ဘန်ကောက်၊                  ၊Freedom News Group

Swine flu is a pandemic, WHO says

ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အတွက်လိုအပ်သော အသုံးအဆောင် ဆေးဝါးများ
ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အတွက်လိုအပ်သော အသုံးအဆောင် ဆေးဝါးများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ၀က်တုပ်ကွေးကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေကို  အဆင့် (၆) သို့ ယနေ့ တိုးမြှင့်သတ်မှတ်ကြောင်းကြေညာလိုက်ခြင်းဖြစ် ၂၁ ရာစု တွင် အဆိုးရွားဆုံးသော ကူးစက်စေတတ်သည့် ကပ်ရောဂါ  တစ်မျိုးဖြစ်လာခဲ့သည်။ Continue reading “၀က်တုပ်ကွေး ရောဂါကို ၂၁ ရာစု၏ ပထမ ဦးဆုံးကပ်ရောဂါအဖြစ် WHO ကြေညာ”

နာဂစ် ဒေသ NGO အချို့ ကို စစ်အစိုးရ က အတိုက်အခံများနှင့် မပတ်သက်ရန် သတိပေး

၁၁ ဇွန် ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Junta Warns INGO in Burma

WFP Helicopter copy၂၀၀၈ ခုနှစ် မေလ က တိုက်ခတ် သွားခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် လူသားချင်းစာနာ မှုဖြင့် အကူအညီပေးနေ သည့် နိုင်ငံတကာ အန်ဂျီအို အချို့ ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် မပတ်သက် ရန် သတိပေးပြောကြားသည် ဟု နိုင်ငံတကာ အန်ဂျီအို တစ်ခု တွင် အကြီးတန်း အရာရှိတစ်ယောက် အဖြစ်တာဝန် ထမ်းဆောင်နေသည့် အမည် မဖော် လိုသော အမေရိကန် နိုင်ငံသားတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “နာဂစ် ဒေသ NGO အချို့ ကို စစ်အစိုးရ က အတိုက်အခံများနှင့် မပတ်သက်ရန် သတိပေး”

လက်ရှိ နိုင်ငံရေးအခြေအနေ များအပေါ် တပ်တွင်း သဘောထားကွဲလွဲ မှုများမှ အာရုံလွှဲပြောင်းနိုင်ရန် အတွက် အချိန်အခါ မဟုတ်ဘဲ KNU ကိုထိုးစစ်ဆင်

၁၁ ဇွန် နေပြည်တော်၊                  ၊ညွှန့် သက်ထားဦး

ဒေါ်အောင်ဆန်းစုကြည် အား မတရားအမှုဆင် တရားစွဲဆိုထားခြင်းအတွက် တပ်တွင်း ခေါင်း
ဆောင်များ တွင် သဘောထားကွဲလွဲ မှုများ ကို အာရုံလွှဲ နိုင်ရန် အလို့ ငှာ မြန်မာစစ် ခေါင်းဆောင်းဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့  နှစ်ဦး ၏ လမ်းညွှန် ချက်ဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကိုအချိန် အခါ မဟုတ်ဘဲ ထိုးစစ်ဆင် ရခြင်းဖြစ်သည် ဟု စစ်အစိုးရ အခြေစိုက်ရာ နေပြည်တော် ရှိ စစ်တပ် အရာရှိ တစ်ဦးက Freedom NewsGroup သို့ သုံးသပ် ပြောကြားသည်။ Continue reading “လက်ရှိ နိုင်ငံရေးအခြေအနေ များအပေါ် တပ်တွင်း သဘောထားကွဲလွဲ မှုများမှ အာရုံလွှဲပြောင်းနိုင်ရန် အတွက် အချိန်အခါ မဟုတ်ဘဲ KNU ကိုထိုးစစ်ဆင်”

ပို့ ဆောင်ရေးဒုဝန်ကြီးက လေယာဉ်ပျက်ကျမှုအတွက် လေယာဉ်မှုးများကို အပြစ်တင်

၁၀ ဇွန် ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Transports Minister Blames Pilots  For Landed Crash

စစ်တွေလေဆိပအဆင်း တွင်စက်ချို့ယွင်းက ပြေးလမ်းချော်သွားသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်
စစ်တွေလေဆိပ်အဆင်း တွင်စက်ချို့ယွင်းက ပြေးလမ်းချော်သွားသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်

ပို့ ဆောင်ရေးဒုဝန်ကြီး ဗိုလ်မှုးကြီး ဥာဏ်ထွန်းအောင် က အင်္ဂါနေ့ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် လေယာဉ်မှုးကြီးများ နှင့် တွေ့ ဆုံရာ ၌ နိုင်ငံ
တော်က လေဆိပ်များ နှင့် လေယာဉ်များ ကို နိုင်ငံခြားငွေ မြောက်များစွာ အကုန်အကျခံ၍ နိုင်ငံတကာ အဆင့်မှီ ဖန်တီးပေးထားသော် လည်း လေယာဉ် ကို ပျက်ကျအောင်မောင်းသည် ဟု အပြစ်ဖို့ ပြောကြားသွား ကြောင်း ထိုအစည်း အဝေးပွဲ သို့ တက်ရောက် သူ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ပို့ ဆောင်ရေးဒုဝန်ကြီးက လေယာဉ်ပျက်ကျမှုအတွက် လေယာဉ်မှုးများကို အပြစ်တင်”

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အပေါ်အထိုက်အလျှောက် အားထားနေရမှု ထိုင်းကလျှော့ချတော့မည်

၁၀ ဇွန် ဘန်ကောက်၊                ၊Freedom News Group

Thailand to consider Malaysian pipeline proposal

မလေးရှား နိုင်ငံက အဆိုပြုထားသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရေး ကိစ္စကို ထိုင်းနိုင်ငံက ပြန်လည်စဉ်းစားတော့မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သို့ အလည်အပတ်ရောက်ရှိ နေသော ထိုင်းဝန်ကြီးချုပ် အဘီဆစ် က မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ ဒါဂျစ် တွန် ရာဇတ် နှင့် တွေ့ ဆုံအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။ Continue reading “မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အပေါ်အထိုက်အလျှောက် အားထားနေရမှု ထိုင်းကလျှော့ချတော့မည်”

စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းက ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုထားမှုသည် မြန်မာပြည်တွင်းရေးသာဖြစ်ဟုပြော

၉ ဇွန် ရန်ကုန်၊               ၊Freedom News Group

SM Goh says Suu Kyi trial should not be allowed to affect Myanmar’s elections   (သတင်းနှင့် သုံးသပ်ချက်)

Myanmar Singaporeစင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် ကမြန်မာနိုင်ငံသို့ လေးရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ် အတွင်း ယနေ့  စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံအပြီးတွင် မန္တလေးမြို့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ဒေါ်အောင်ဆန်းစု ကြည် အားတရားစွဲဆိုထားသည့်  ကိစ္စသည် နောင်နှစ် တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မည်သည့် အကျိုးသက်ရောက်မှုမျိုးမှ ဖြစ်ပေါ်လာနိုင် ဖွယ်မရှိ ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။

ဂိုချုပ်တောင် က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စသည် မြန်မာပြည်တွင်းရေး ကိစ္စသာ ဖြစ်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်မည်သို့ မှ အနှောင့်အယှက် မရှိ နိုင်ဟု ပြောကြားခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆို ထားခြင်းကို နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှု များအား စစ်အစိုးရမှ လစ်လှုရှု ထားသည့် အတွက်လည်း မိမိများစွာစိတ်ပျက် မိကြောင်း ထည့် သွင်းပြောကြားသွားသည်။ Continue reading “စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းက ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုထားမှုသည် မြန်မာပြည်တွင်းရေးသာဖြစ်ဟုပြော”

ဗကသ အထွေထွေအတွင်းရေးမှုး ကိုထွန်းထွန်း နှင့် တွေ့ဆုံမေးမြန်းချက်

၈ ဇွန် ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

Interview With Leader of Student’s Union

Ba Ka Thaမြန်မာ နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကနေ အမြဲဦးဆောင် ပါဝင်ဆောင်ရွက်လေ့ရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ်ကြီးကို ယခုလ ၅ ရက်နေ့ မှာ ရန်ကုန်မြို့ တစ်နေရာမှာ အောင်မြင်စွာ ပြန်လည် ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့ စည်းခြင်းဟာ နှစ်နှစ် အတွင်းဒုတိယ အကြိမ်မြောက်ပြန်လည် ဖွဲ့ စည်းခြင်းဖြစ်ပါတယ်။

၂၀၀ရ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအကြိုကာလမှာ တစ်ခါပြန်ဖွဲ့ စည်းခဲ့ပြီး စီးပွားရေးတက္ကသိုလ်က မဟာတန်းတက်ရောက်နေတဲ့ ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုကျော်ကိုကို ကို ဥက္ကဌ အဖြစ်ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။ Continue reading “ဗကသ အထွေထွေအတွင်းရေးမှုး ကိုထွန်းထွန်း နှင့် တွေ့ဆုံမေးမြန်းချက်”

ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းမိုးရွာသွန်း၍ မြေပြိုမှုများ ကြောင့်ကုန်စည်တင်ပို့ မှုများအခက်တွေ့ 

၈ ဇွန် မြ၀တီ၊                  ၊စောမူဂေး

Border-Trade Main Road landslides

ရန်ကုန်-မြ၀တီ နယ်စပ်ကုန် သွယ်ရေးလမ်းပိုင်း၏ အရေးပါသော ကော့ကရိတ် -သင်္ကန်းညီနောင်
လမ်းပိုင်း ရှိ ဒေါနတောင်တန်း တောင်တက် လမ်းနေရာများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
မြေပြိုမှုများဖြစ်ပွားသည် ဟု သတင်းရရှိသည်။ Continue reading “ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းမိုးရွာသွန်း၍ မြေပြိုမှုများ ကြောင့်ကုန်စည်တင်ပို့ မှုများအခက်တွေ့ ”

နအဖ စစ်တပ် နှင့် KNLA တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင် စစ်ရေးပြင်ဆင်မှုများပြုလုပ်

၇ ဇွန် သာဆောင်ယမ်၊                 ၊နေးရှင်းသတင်းစာ  ၊ Freedom News Group

Army braced for more fighting at Burma border

ထိုင်းမြန်မာနယ်စပ်နှင့် ပေ ၅၀ မျှပင်မဝေးသော သာဆောင်ယန် နယ်စပ်လမ်းတွင် ထိုင်း စစ်တပ်က လက်နက်ကြီးများ တပ်ဆင်လေ့ကျင့်နေစဉ် ဓာတ်ပုံ-နေးရှင်းသတင်းစာ
ထိုင်းမြန်မာနယ်စပ်နှင့် ပေ ၅၀ မျှပင်မဝေးသော သာဆောင်ယန် နယ်စပ်လမ်းတွင် ထိုင်း စစ်တပ်က လက်နက်ကြီးများ တပ်ဆင်လေ့ကျင့်နေစဉ် ဓာတ်ပုံ-နေးရှင်းသတင်းစာ

ဆယ်စုနှစ် တစ်ခုအတွင်းပထမ ဆုံးအကြိမ်အဖြစ် ကရင် ဒုက္ခသည်များထိုင်း မြန်မာနယ်စပ် သို့ အလုံးအရင်းဖြစ်ထွက် ရှိလာပြီးနောက် ပိုင်းတွင် ထိုင်းအမှတ် ၃ စစ်ဒေသ တိုင်း တိုင်းမှုး ဒုတိယဗိုလ်
ချုပ်ကြီး ထနောင်ဆက် အပီယာကြိုသင် က မြန်မာ နယ်စပ် နှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ တခ် ခရိုင် ရှိ သာဆောင်ယန် ဒေသတွင် လက်နက်ကြီး နှင့် မော်တာ များအပါ အ၀င် စစ်အင်တိုးချဲ့ ချထားရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည် ဟု သတင်းရရှိသည်။

စနေနေ့ က သာဆောင်ယန်သို့ ရောက်ရှိ လာသည့် ထိုင်းစစ်တပ် ဒုတိယ ဗိုလ်ချုပ်ကြီးက မြန်မာဘက်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များအား ကူညီ စောင့်ရှောင့်ရန် နှင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုထိပါးလာပါက အလျှင်အမြန်ပြန်လည် တုံ့ ပြန်ရန် ညွှန်ကြားသွားခဲ့သည်။ Continue reading “နအဖ စစ်တပ် နှင့် KNLA တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင် စစ်ရေးပြင်ဆင်မှုများပြုလုပ်”

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆန္ဒပြပွဲများအား ထိုင်း ပီအေဒီ များကပါ ပူးပေါင်း

၇ ဇွန် မဲဆောက်၊                    ၊စောမူဂေး

Thai Yellow Shirts Collaborates Burmese Protests

မြန်မာ အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည့် ထိုင်းပီအေဒီ အဖွဲ့ ဝင်တစ်ဦး ဓာတ်ပုံ-Collective Action Committee
မြန်မာ အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည့် ထိုင်းပီအေဒီ အဖွဲ့ ဝင်တစ်ဦး ဓာတ်ပုံ-Collective Action Committee

သက်ဆင် အစိုးရ အပြင် ဆမတ် နှင့် ဆုန်ချိုင်း အစိုးရများကို ပါ ဖြုတ်ချခဲ့ဖူးသည့်အတွေ့ အကြုံရှိ
သည့်  ထိုင်း ပီအေဒီ(Peoples Alliance For Democracy) အဖွဲ့ ဝင်များက ယနေ့ နံနက် တွင်
မဲဆောက် ရှိ မြန်မာဘက်ကမ်း နှင့် အလွန် နီးကပ်သော ချစ်ကြည်ရေးတံတားအနီး ကျင်းပသည့်
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆန္ဒပြပွဲတွင် ပါဝင်ပူး
ပေါင်း၍ ကူညီမှုပေးသည် ဟု ထိုဆန္ဒပြပွဲ တွင် ပါဝင်ဦး ဆောင်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းကိုအောင်ခိုင်က  Freedom News Group သို့ ပြောသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆန္ဒပြပွဲများအား ထိုင်း ပီအေဒီ များကပါ ပူးပေါင်း”

ဆယ်တန်းစာမေးပွဲအောင်စာရင်းများ ယနေ့ ထုတ်ပြန်

၇ ဇွန် ရန်ကုန်၊                ၊ယူကွန်

Students Failed in High School Final Exam

မတ်လ အတွင်းက နိုင်ငံတ၀ှမ်းရှိကျောင်းများတွင် စာမေးပွဲဖြေဆို ထားသော ဆယ်တန်းကျောင်းသူ  ကျောင်းသားများ၏ အောင်စာရင်းကို ယနေ့ ဇွန်လ ၇ ရက် တနင်္ဂနွေနေ့ တွင် အခြေခံပညာဦးစီးဌာန မှထုတ်ပြန် လိုက်သည် ။ဆယ်တန်းအောင်စာရင်းများ ကပ်ထားသော ကျောင်းတိုင်း၌ ရဲလုံခြုံရေး ဆယ်ဦးထက် မနည်းချထားသည် ကိုတွေ့ ရသည်။ Continue reading “ဆယ်တန်းစာမေးပွဲအောင်စာရင်းများ ယနေ့ ထုတ်ပြန်”

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များက တိုင်းပြည် မငြိမ်မသက်ဖြစ်နေအောင် လုပ် ဟုစစ်အစိုးရ ပြော

၆ ဇွန် ရန်ကုန်၊                ၊ယူကွန်

Aung San Suu Kyi party warned over trial criticism

၎င်း၏ အာဏာကိုပိုမိုတည်ဆောက်နေသည် ဟု စစ်ဖက်အသိုင်းအသိုင်းအ၀ိုင်းကစွပ်စွဲခံထားရသည့် ရဲချုပ်ခင်ရီ
၎င်း၏ အာဏာကိုပိုမိုတည်ဆောက်နေသည် ဟု စစ်ဖက်အသိုင်းအသိုင်းအ၀ိုင်းကစွပ်စွဲခံထားရသည့် ရဲချုပ်ခင်ရီ

အမျိုးသာဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကိစ္စကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသည် ဟုယနေ့ ထုတ်စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။ Continue reading “အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များက တိုင်းပြည် မငြိမ်မသက်ဖြစ်နေအောင် လုပ် ဟုစစ်အစိုးရ ပြော”