စစ်တွေတွင်လေယာဉ် စက်ချို့ယွင်းမှု ကြောင့် အရေးပေါ်ဆင်းသက်စဉ် လေယာဉ်မှုးအပါအ၀င်ခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရ

၆ ဇွန် ရန်ကုန်၊                 ၊Freedom News Group

Three injured as plane crash lands in Myanmar(Reuters)

ma_pic13မြန်မာ အဲယားဝေးမှ XY-ADW ဂျက်လေယာဉ် အမျိုးအစားခရီးသည် တင်လေယာဉ်တစ်စီးသည်
ရန်ကုန်မှ စစ်တွေ သို့ ပြန်သန်းစဉ် စက်ချို့ ယွင်းမှုကြောင့် စစ်တွေလေဆိပ်၌ အရေးပေါ်ဆင်းသက်
ခဲ့ရသည်။ Continue reading “စစ်တွေတွင်လေယာဉ် စက်ချို့ယွင်းမှု ကြောင့် အရေးပေါ်ဆင်းသက်စဉ် လေယာဉ်မှုးအပါအ၀င်ခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရ”

သံရုံးရှေ့ ဆန္ဒပြမှုကြောင့် အဖမ်းခံရသူများမှာ ဗိုလ်ကြီးဇော်ညွန့်၏ မိသားစုဝင်များ မဟုတ်

၆ ဇွန် ရန်ကုန်၊                  ၊ယူကွန်

ဇွန်လ ၄ ရက်နေ့ မနက် ၁၀ နာရီခန့် က ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့ဆန္ဒပြသည့်မိသားစုများမှာ မေလ ၂၈ရက်နေ့ က အင်းစိန်ထောင် ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်တစ်ကိုယ် တော် ဆန္ဒပြ မှု ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လေတပ်အရာရှိ ဟောင်းဗိုလ်ကြီးဇော်ညွန့် ၏မိသားစုဝင်များ မဟုတ်ကြောင်းသိရှိရသည်။ Continue reading “သံရုံးရှေ့ ဆန္ဒပြမှုကြောင့် အဖမ်းခံရသူများမှာ ဗိုလ်ကြီးဇော်ညွန့်၏ မိသားစုဝင်များ မဟုတ်”

ကာတွန်းအော်ပီကျယ် ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပန်းချီကား ပြခန်းမှ ဖြုတ်သိမ်း ခံရ

၅ ဇွန် ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Myanmar Ban Famous Cartoonist’ Art Work  Environmental Day Celebrations

ကမ္ဘာ့သဘာသပတ်ဝန်းကျင် နေ့ အထိမ်းအမှတ် အနုပညာပြပွဲတွင် ဆရာ အော်ပီကျယ် နှင့် အခြားအနုပညာရှင်များကို တွေ့ ရစဉ်
ကမ္ဘာ့သဘာသပတ်ဝန်းကျင် နေ့ အထိမ်းအမှတ် အနုပညာပြပွဲတွင် ဆရာ အော်ပီကျယ် နှင့် အခြားအနုပညာရှင်များကို တွေ့ ရစဉ်

ကမ္ဘာ့ သဘာသပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environmental Day)အထိမ်းအမှတ် ကာတွန်း ပြပွဲ တွင်ဆီဆေးဖြင့်သရုပ်ဖော်ထားသည့် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ် ၏
ကာတွန်းလက်ရာတစ် ခုကို စိစစ်ရေးကပန်းချီပြခန်းမှ ဖြုတ်ယူသွားသည် ဟုသတင်းရရှိသည်။

ကမ္ဘာ့ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး နေ့  အထိမ်းအမှတ် ကာတွန်းပြပွဲကို ယနေ့ ဇွန်လ ၅ရက်နေ့ မှ ဇွန်လ ၇ ရက်နေ့ ထိ ရန်ကုန်မြို့  Myanmar Art Center တွင်ကျင်းပမည် ဖြစ်ပြီးယနေဖွင့်ပွဲနေ့ တွင် ဆရာ ကာတွန်းအော်ပီကျယ်၏ လက်ရာမှာ ပြခန်းမှ အသိမ်းခံရခြင်းဖြစ်သည်။ Continue reading “ကာတွန်းအော်ပီကျယ် ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပန်းချီကား ပြခန်းမှ ဖြုတ်သိမ်း ခံရ”

Kill Bill ဇာတ်ကားနှင့် Kung Fu ဇာတ်လမ်းတွဲများမှ သရုပ်ဆောင်ဒေးဗစ်ကာရာဒင်းအား ဘန်ကောက်တွင် ကြိုးဆွဲချ သေဆုံးလျှက်တွေ့ရှိ

၎ ဇွန်  ဘန်ကောက်၊                   ၊Freedom News Group

David Carradine found dead in Bangkok

47309695၁၉ရ၀ ပြည့်နှစ်များက နာမည်ကျော် လူကြိုက်များခဲ့သည့် ကွန်ဖူး အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင်
သရုပ်ဆောင်ခဲ့သည့် အသက် ၇၂ နှစ်အရွယ်ရှိ မင်းသားကြီး ဒေးဗစ်ကာရာဒင်းမှာ ဘန်ကောက်မြို့ရှိဟိုတယ် တစ်ခုတွင်သေဆုံးလျှက်
တွေ့ ရသည် ဟု ဘန်ကောက် ရှိ အမေရိကန် သံရုံးက အေပီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဘန်ကောက် ၀ါယာလက် ရှိ ဖနီလ ဟိုတယ် အခန်းအမှတ် ၃၅၂ တွင် တည်းခိုနေစဉ် အတောအ
တွင်း ဟိုတယ်၏ ခန်းဆီးစတွင် အသုံးပြုသောနိုင်လွန်ကြိုး နှင့် သူ့ ကိုယ်သူ ဆွဲကြိုးချသတ်သေ ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘန်ကောက် ရဲ အဖွဲ့ က ဘီဘီစီ သတင်းဌာနသို့ ပြောသည်။ Continue reading “Kill Bill ဇာတ်ကားနှင့် Kung Fu ဇာတ်လမ်းတွဲများမှ သရုပ်ဆောင်ဒေးဗစ်ကာရာဒင်းအား ဘန်ကောက်တွင် ကြိုးဆွဲချ သေဆုံးလျှက်တွေ့ရှိ”

ဖခင်ဖြစ်သူလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ မိသားစုဝင်များ သံရုံးရှေ့တွင် အဖမ်းခံရ

၎ ဇွန် ရန်ကုန်၊                   ၊တင်ကျော်ကျော်စိုး

Lone Protester ‘s Family  Members Arrest Outside U.S. Embassy in Burma

မေလ ၂၈ ရက်နေ့ က အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့်လေတပ် အရာရှိ ဟောင်းတစ်ဦးဖြစ်သူ
ဗိုလ်ကြီး ဇော်ညွန့် ၏ မိသားစု ၀င်များကို ယနေ့ နံနက် က ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ မှုကြောင့် လုံခြုံရေးအဖွဲ့ ဝင်များက ဖမ်းဆီးလိုက်သည်။ Continue reading “ဖခင်ဖြစ်သူလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ မိသားစုဝင်များ သံရုံးရှေ့တွင် အဖမ်းခံရ”

ရွှေတိဂုံစေတီအပါအ၀င် ဘုရားစေတီများကြံခိုင်မှုလိုက်လံစစ်ဆေးနေ

၎ ဇွန် ရန်ကုန်၊                   ၊ဟိန်းခိုင်ထွန်း

Pagodas  Robust  Examine

r1146584560ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာ ဌာန(ဆောက်လုပ်ရေး)မှကျွမ်းကျင်
သူများသည် အိုးအိမ်ဦးစီးဌာန နှင့် စစ်အင်ဂျင်နီယာ တပ်တို့ မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရန်
ကုန်မြို့ တွင်းရှိ ဘုရားပုထိုးစေတီများ ကြံခိုင်မှုရှိမရှိ လိုက်လံစစ်ဆေးနေရသည် ဟု ရန်ကုန် စည်ပင်
မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ရွှေတိဂုံ စေတီကြံခိုင်မှု အတွက်  စစ်ဆေးမှုတာဝန်ယူထားသည့် အင်ဂျင်နီယာတစ်ဦးကအင်္ဂတေ သဘာဝအရ ယနွေျ့ဃ ကွန်ကရစ် သဘောမျိုး သံပြားများဖြင့် ချုပ်၍ ထိန်းမတ် ပေးထားသည်ကို တွေ့ခဲ့ရကြောင်၊ သို့ရာတွင် စနစ်တကျနှင့် ကြံ့ခိုင်မှု ရှိသည်ဟုတော့ မဆိုနိုင်ကြောင်း၊ ကြာမှောက်၊ ကြာလှန်၊ ရွဲဝန်းကျင် နေရာသည် စေတီတော်ကြီး တစ်ခုလုံးတွင် အစိုးရိမ်ရဆုံး နေရာဟု ယူဆရကြောင်း၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်းက စေတီတော် ကြံ့ခိုင်မှု စစ်ဆေးရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောသည်။ Continue reading “ရွှေတိဂုံစေတီအပါအ၀င် ဘုရားစေတီများကြံခိုင်မှုလိုက်လံစစ်ဆေးနေ”

တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ

၂ ဇွန် ရန်ကုန်    (ဆောင်းပါး) Omen Come True

ကလန်သံဗျင်

ဓနုတ်စေတီတော်အားမပြိုကျခင် မေလ၈ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ဓနုတ်စေတီတော်အားမပြို ကျခင် မေလ၇ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-အေပီ

မေလ ၃၀ ရက်နေ့ မှာ ဒလမြို့နယ်ဓနုတ် ကျေးရွာစုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်
လောက်ကတည်းက တည်ထားခဲ့တဲ့ ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ပါတယ်။ဓနုတ် စေတီတော်ရဲ့  သမိုင်း တစ်လျှောက်မှာ ဒီတစ်ခါ ပြိုကျပျက်စီးမှုဟာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့ စေတီ တော် အနီးက ကျေးရွာတွေ မှာနေကြတဲ့ ရှေးမှီ နောက်မှီ လူကြီးတွေ က ပြောပြပါတယ်။

စေတီတော် ဟာလွတ်လပ်ရေးရပြီးကတည်းက ဆယ်ကြိမ်ထက် မနည်းပြိုကျခဲ့ပေမယ့် အခုတစ်
ခါ ပြိုကျမှု လောက် လူအသေအပျောက်မများပါဘူး၊အင်္ဂါနေ့ မနက်ထိ ဘုရားပရ၀ုဏ်
အပျက်အစီးတွေကြားကနေ သေဆုံးနေသူ တွေ ခုနှစ်ယောက် လောက် ထပ်တွေ့ တယ်ဆိုတာ
ကြောင့် သေဆုံး သူ အယောက် နှစ်ဆယ်လောက် အနည်းဆုံးရှိ မယ် လို့ ခန့် မှန်းလို့ ရပါတယ်။

ဓနုတ်စေတီတော် ပြိုကျတဲ့ သတင်းကို ကလန်သံဗျင်တို့ ပြည်တွင်းက သတင်းဂျာနယ်တွေ မှာ လုံးဝဖေါ်ပြခွင့်မရှိပါဘူး ဒါကြောင့် စာမျက်နှာတွေ အပိုင်စားရထားတဲ့ ကလန်သံဗျင်တို့ လို အယ်ဒီတာရင့်မကြီးတွေ တောင် ဘလောက်ဆရာ တွေကို မျက်နှာချိုပြန်သွေးရပါတယ်။ ဓနုတ်စေတီ တော်ပြိုကျတဲ့သတင်းကို ပြည်တွင်းမှာရေးလို့ မရတဲ့ အဓိက အချက်ကတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ မိသားစု ကိုယ်တိုင်တည်ထားပြီး ပူပူနွေးနွေး ထီးတော်တင် ဌာပနာ ပိတ်ပွဲ ကျင်းပထားတဲ့ ဘုရားဖြစ်နေလို့ ပါ၊

ဓနုတ်စေတီ ပြိုကျတာနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။တချို့ကတော့ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်အစိုးရ ကျဆုံးမယ့် ရှေးပြေးနိမိတ် တစ်ခု အဖြစ် ယူဆကြပါတယ်။ Continue reading “တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ”

ရန်ကုန်တိုင်း တိုင်းမှုး အပါအ၀င် စစ်တိုင်းမှုးများအပြောင်းအလဲလုပ်မည်ဟု သတင်းထွက်ပေါ်

၂ ဇွန်  ရန်ကုန်၊                      ၊တင်ကျော်ကျော်စိုး

Unrest In Army

ရန်ကုန်တိုင်းတိုင်းမှုး ဗိုလ်မှုးချုပ်ဝင်းမြင့်
ရန်ကုန်တိုင်းတိုင်းမှုး ဗိုလ်မှုးချုပ်ဝင်းမြင့်

ရန်ကုန်တိုင်းအတွင်း ရဲများအကြောင်းမဲ့ ကြီးစိုးနေသည်ကို မကျေနပ်သဖြင့် လေးလပတ်အစည်းအဝေးတစ်ခု တွင် ထုတ်ပြောမိသော ရန်ကုန်တိုင်းတိုင်းမှုးဗိုလ်မှုးချုပ်ဝင်းမြင့် အား လက်ရှိရာထူးနေရာမှဗိုလ် သန်းရွှေ အမိန့့်ဖြင့်အနားပေးတော့မည်ဟုသတင်းထွက်ပေါ်နေသည်။စစ်ဖက်သတင်းရပ်ကွက်များ
နှင့်နီးစပ်သူများ ၏ အဆိုအရ အနားပေးရန် စီစဉ်ခြင်းမှာ ဒေါ်ကြိုင်ကြိုင် တည်ထားသည့် ဓနုတ် စေတီတော် ပြိုကျမှု တွင် တာဝန်ရှိသောကြောင့် ဟုဆိုသည်။

ထိုသတင်းရပ်ကွက်များနှင့် နီးစပ်သူများ၏ အဆိုအရ ရန်ကုန်မြို့ တော်ဝန် နှင့် ရဲချုပ်ခင်ရီတို့  နှစ်ဦးရန်ကုန် တွင်တစ်ဗိုလ်တစ်မင်း ဖြစ်နေမှု ကို သူကမကျေနပ် ဟုဆိုသည်။ ရန်ကုန်တိုင်းအတွင်း နေရာအနှံ မိုးရွာရေကြီးမှုများတွင် စည်ပင်က တာဝန်ရှိ သော်လည်း ရေကြီးသည့် အခါတိုင်း တိုင်းလက်အောက်ခံတပ်မှ တပ်သားများက လုပ်အားပေးနေရသည့် အတွက် ရန်ကုန် တိုင်းအတွင်းရှိ တပ်မှုး၊တပ်ရင်းမှုးများကလည်း စည်ပင်ကို အပြစ်ဖို့ ကြသည် ဟုဆိုသည်။ Continue reading “ရန်ကုန်တိုင်း တိုင်းမှုး အပါအ၀င် စစ်တိုင်းမှုးများအပြောင်းအလဲလုပ်မည်ဟု သတင်းထွက်ပေါ်”

ဒေါ်စုလွတ်မြောက်ရေးအတွက်ပြည်သူများက အစုအဖွဲ့ ငယ်များအလိုက်လှုပ်ရှားလာ

၂ မေ ရန်ကုန်၊                    ၊ဟိန်းခိုင်ထွန်း

Spray-Painted Demands” Free Aung San Suu Kyi”

ဒေါ်စု၊ဘောဘ် မာလေ နှင့် မာတင်လူသာကင်းတို့ ကို နယူးယောက် Street Artists  တစ်ဦးကဤသို့ ဂုဏ်ပြုရေးဆွဲထား
ဒေါ်စု၊ဘောဘ် မာလေ နှင့် မာတင်လူသာကင်းတို့ ကို နယူးယောက် Street Artists တစ်ဦးကဤသို့ ဂုဏ်ပြုရေးဆွဲထား

“မနက်မိုးလင်းတော့ အိမ်ရှေ့က ရုံးတံခါးမှာ Free Aung San Suu Kyi ဆိုတဲ့ အင်္ဂလိပ်စာလုံးကို
မှုတ်ဆေးအ၀ါ တွေ နဲ့ သုတ်သွားတာတွေ့ တယ် ဟုပြောသူမှာ ရန်ကုန်မြို့ ကျောက်တံတား မြို့ နယ်မှ
အိမ်ရှင်မတစ်ယောက်ဖြစ်သည် ။သူမက ဆက်ပြီး ခဏနေ တော့ အဲဒီစာသားကို ရဲ နဲ့ ထောက်လှမ်း
ရေးက ဓာတ်ပုံရိုက်ပြီးလာဖျက်သွား တယ် ။အစိုးရရုံးက အရာရှိနော် သူ့ ကိုလည်း ရုံးတံခါးမှာ ဒီဆေး
မှုတ်သွား လားဆိုတာ မသိရကောင်းမှန်း ဆို ပြီး ထောက်လှမ်းရေးက ကော သွားတယ် ။ညဦးပိုင်းကမရှိသေးဘူး ညနက် မှ လုပ် သွားကြတာ ထင်တယ် ဟု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရန်ကုန် မြို့ တွင် လူငယ်များ လှုပ်ရှားပုံ နှင့် ပတ်သက်၍ သူကFreedom News Group သို့ ပြောသည်။ Continue reading “ဒေါ်စုလွတ်မြောက်ရေးအတွက်ပြည်သူများက အစုအဖွဲ့ ငယ်များအလိုက်လှုပ်ရှားလာ”

ထောင်ရှေ့တွင် မှန်တာပြောသစ္စာဟုကြေညာရောင်းချမှုကြောင့် သစ္စာဂျယ်နယ်တိုက် ကိုထောက်လှမ်းရေးက၀င်ရှာ

၁ ဇွန် ရန်ကုန်၊                   ၊ယူကွန်

Police Enter Myanmar True News Journal Head Office

စာပေစီစစ်ရေးကခေါ်ယူသတိပေးခံရသည့် သစ္စာဂျာနယ်
စာပေစီစစ်ရေးကခေါ်ယူသတိပေးခံရသည့် သစ္စာဂျာနယ်

စစ်အစိုးရ၏ စာပေစီစစ်ရေးမှ ခွင့်မပြုသောသတင်း နှင့် ဆောင်းပါးများကိုဖေါ်ပြခဲ့ မှုကြောင့် နှစ်ကြိမ်
တိုင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခြင်းခံခဲ့ရသည့် သစ္စာ ဂျာနယ်တိုက်ရှိရာဗိုလ်တစ်ထောင်လမ်းသွယ်တစ် အိမ်နံပါတ် ၂၃ အား ရဲနှင့် ရပ်ကွက် အာဏာပိုင်များအပါ ထောက်လှမ်းရေး ခြောက်ယောက်ခန့် က မေလ ၂၅ ရက်
နေ့ ည က၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်းဂျာနယ်သည့် ထိုဂျာနယ်နှင့် နီးစပ်သည့် စာနယ်ဇင်းဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ထောင်ရှေ့တွင် မှန်တာပြောသစ္စာဟုကြေညာရောင်းချမှုကြောင့် သစ္စာဂျယ်နယ်တိုက် ကိုထောက်လှမ်းရေးက၀င်ရှာ”

ဓနုတ် စေတီတော်ပြိုကျမှုကြောင့် လူဆယ်ဦးထက်မနည်းသေဆုံး

၃၁ မေ ရန်ကုန်၊                  ၊သတင်းနှင့် ဓာတ်ပုံ -စနေငချွတ် At Least 10 Dies Pagoda Collapses မေလ ၃၀ ရက်နေ့ ရန်ကုန်တိုင်း ဒလမြို့ နယ်ရှိ ဒေါ်ကြိုင်ကြိုင်စိန်ဖူးတော်တင်ခဲ့သော စေတီကြီးပြိုကျမှုကြောင့် လူဆယ် ဦးထက်မနည်းသေဆုံးသည် ဟုသတင်းရရှိသည်။အချို့မှာ ဘုရားပြိုအောက်ရှိရင်ပြင်တော်ပေါ်တွင်ပိတ်မိနေပြီးယခု တိုင် ရှာဖွေထုတ်ယူမရသေး ဟု ဂေါပကလူကြီးတစ်ဦးကပြောသည်။(ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြုတ်ချမခံရင် ကလည်း ငှက်မြတ်နားတော် ပြုတ်ကျခဲ့သည်။ဗညားဦး ကို ဗညားနွဲ့ (ရာဇဓိရာင်္ဇ)ပုန်ကန်စဉ်ကလည်း ဗညားဦးကိုယ်တိုင်ကပ်လှုခဲ့သော စိန်ဖူးတော် မြေခခဲ့သည်။ Continue reading ဓနုတ် စေတီတော်ပြိုကျမှုကြောင့် လူဆယ်ဦးထက်မနည်းသေဆုံး

Rate this:

တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(မေလ)

၃၁ မေ ဘန်ကောက်၊                      ၊Freedom News Group

News Of The Month: Police Passes Yettaw Enter Aung San Suu Kyi House


Freedom News Group
သည်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော
သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးခဲ့ပြီးဖြစ် ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်း
များသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်
ကွဲပျားခြားနားစရာများဖြစ်ပါက ရွေးချယ်၍ဖေါ်ပြပေးသွားမည်ဖြစ် သလို ပြည်သူတို့ ၏ ဘဝ
နှင့်ဆက် စပ်နေသော သတင်းများကို လည်း ရွေးချယ်ဖေါ်ပြမည် ဖြစ်ပါသည်။

ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံးသတင်းဖြစ်ရမည့်ပြင်
စာဖတ်သူများတွင် သာမကပြည်သူများကြားတွင်ပါ အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော
မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။ယခုလအတွက် NEWS OF THE MONTH အဖြစ် မဇ္ဈိမ သတင်းဌာန၏ ယက်တောကြောင့် အခက်ပွေ သည့် သတင်းကို ရွေးချယ်လိုက် ပါသည်။ Continue reading “တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(မေလ)”

ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ်စေတီတော် သုံးနှစ်အတွင်းသုံးကြိမ်မြောက်ပြိုကျရာ ရေတပ်သားတစ်ဦးသေ

၃၁ မေ ရန်ကုန် ၊                 ၊ဟိန်းခိုင်ထွန်း

Historic Danoke Pagoda Collapse 1 Dies 10 Injuries and 45 Wounded

ပြိုကျသွားသည့် ဓနုတ်စေတီတော်
ပြိုကျသွားသည့် ဓနုတ်စေတီတော်

Updated 1 ..ဓနုတ် စေတီတော် ၀န်းကျင်ကို စစ်တပ်က
ပိတ်ထားပြီး မည်သူမျှ ၀င်ခွင့် မပြု

Updated 2..ဓနုတ်စေတီ တော်ပြိုကျသည့်သတင်းကို
ပြည်တွင်း ထုတ်ဂျာနယ် များတွင်ဖေါ်ပြခွင့် မပြုသော်လည်း
တွံတေး ရှိဘုန်းတော် ကြီးတစ်ပါးမိန့် ကြားသည်. “ကြိုင်
ကြိုင်တို့ အခြေမခိုင် ယိုင်တော့မယ် ဆိုတာ ဓနုတ် က အ
ဟုတ် သတိပေး
” ဆိုသော မိန့် မှာချက် ရန်ကုန်တွင် ပျံ့ နှံ့

(NEWS)မေလ ရ ရက်နေ့ က ဒေါ်ကြိုင်ကြိုင် ထီးတော်တင်ကာ ဌာပနာပိတ်ပွဲ ကျင်းပခဲ့သည့် ဒလ မြို့ နယ်ရှိနှစ်၂၃၀၀ သက်တမ်းရှေးဟောင်းသမိုင်းဝင် ဓနုတ် စေတီတော် ကြီးမှာ မေ လ ၃၀ ရက်နေ့ နေ့ လည် ၂ နာရီ အချိန်ခန့် ကစေတီ တော်ကြီး၏ ထီးတော် နေရာမှ စတင်ပြိုကျကာ မိနစ်အနည်းငယ် အတွင်းစေတီ တော်တစ်ခုလုံးပြိုကျပျက်
စီးခဲ့သည် ။စေတီတော် ပြိုကျမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိ ခဲ့သော ဒုတပ်ကြပ်တစ်ဦးမှာ ယနေ့ မနက် အစောပိုင်းက ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာတင်ဌာန တွင် ကွယ်လွန်သွား
ပြီဖြစ်ကြောင်း ထိုဌာနတွင် တာဝန်ကျသော ဆရာဝန် တစ်ဦးက အတည်ပြုပြောကြားသည်။ Continue reading “ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ်စေတီတော် သုံးနှစ်အတွင်းသုံးကြိမ်မြောက်ပြိုကျရာ ရေတပ်သားတစ်ဦးသေ”