ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပြန်လည်လွတ်မြောက်

၁၆ မေ ရန်ကုန်၊                  ၊ယူကွန်

Aung San Suu Kyi’s Primary Physician  Tin Myo Win Release Late Saturday

မေလ ရ ရက်ကြာသပေတေးနေ့ ညနေ ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ယနေ့ စနေနေ့ ည ရ နာရီခန့်တွင် ဖမ်းဆီးထိန်း
သိမ်းထားရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီး လမ်း၅၀ နေအိမ်သို ပြန်လည်ရောက်ရှိနေပြီဟုသိရ
သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပြန်လည်လွတ်မြောက်”

အမေရိကန် နှင့် ဥရောပသမဂ္ဂက မြန်နိုင်ငံပေါ်အရေးယူပိတ်ဆို့ မှုထပ်မံသက်တမ်းတိုး

၁၅ မေ နယူးယောက်၊                ၊Freedom News Group

EU and US in Burma Sanctions Extensions

ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည် သောကြာနေ့ ကလူဇင်ဘဂ်တွင်တွေ့ ဆုံအပြီး မြန်မာနိုင်
ငံအပေါ်အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ဥရောပသမဂ္ဂက အဖွဲဝင် ၂၇ နိုင်ငံကဒေါ်စု အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆို
လိုက်သည်။ Continue reading “အမေရိကန် နှင့် ဥရောပသမဂ္ဂက မြန်နိုင်ငံပေါ်အရေးယူပိတ်ဆို့ မှုထပ်မံသက်တမ်းတိုး”

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ပွဲတွင် အာဏာပိုင်တို့ကလေးဖြူ နှင့် အိုင်စီဖျော်ဖြေမည့် အစီအစဉ်ကို ခွင့်မပြု ၊ လုံခြုံရေးများတိုးမြှင့်ချထား

၁၅ မေ ရန်ကုန်၊                    ၊ယူကွန်

Lay Phyu (Iron Cross) Reschedule   Myanmar National League Kick Off

ရန်ကုန်ယူနိုက်တက်အသင်းမိတ်ဆက်ပွဲနေ့ ကအောင်ဆန်းကွင်းအတွင်းရှိလုံထိန်းများ
ရန်ကုန်ယူနိုက်တက်အသင်းမိတ်ဆက်ပွဲနေ့ ကအောင်ဆန်းကွင်းအတွင်းရှိလုံထိန်းများ

မနက်ဖြန် တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ(MNL Cup Grand Royal 2009 )အတွက် လုံခြုံရေးအထူးတင်းကျပ်ထားကြောင်းသိရှိရသည်။ကွင်းဖွင့်ပွဲ
တွင် နေ့တွင်မူလက အဆိုတော် လေးဖြူနှင့် အတူ Iron Cross  အဖွဲ့ မှ ဖျော်ဖြေရန်စီစဉ် ထားသော်လည်း ပွဲကျင်းပရန် နှစ်ရက်အလိုတွင် ရန်ကုန်တိုင်းတိုင်းမှုး၏ အမိန့်အရ စိုင်းစိုင်းခမ်းလှိုင် နှင့် R ဇာနည် တို့ နှင့် အတူ DJ သော်သော် တို့ ၏ အစီအစဉ်နှင့်ပြောင်းလဲ
လိုက်သည် ဟု သတင်းရရှိသည်။

ကွင်းဖွင့်ပွဲနေ့ တွင် ရန်ကုန်ယူနိုက်တက်ကလပ်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ယှဉ်ပြိုင်ကစားကျမည်ဖြစ်သည်။ ကွင်းဖွင့်ပွဲ အစီအစဉ်ပြောင်းလဲရခြင်းနှင့် ပတ်သက်ပြီး ကွင်းဖွင့်ပွဲတွင်ပါဝင်သီဆိုမည့်အဆိုတော် တစ်ဦးက “ကိုလေး(လေးဖြူ) တို့ ဆိုလူအရမ်းလာမယ်လေ၊လူတွေက ဘောလုံးပွဲထက်IC ပွဲကြည့်ချင်တာ အန်တီစု ကိစ္စကလဲ ရှိသေးတော့ လူတွေများပြီးထိန်းလို့ ရမှာမဟုတ်ဘူး ဆိုပြီး တိုင်းမှုးအမိန့်နဲ့ ကိုလေးဖြူတို့ ကိုမဆိုခိုင်းတာလို့ ပြောတယ် ”ဟု Freedom News Group သို့ပြောသည်။ Continue reading “မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ပွဲတွင် အာဏာပိုင်တို့ကလေးဖြူ နှင့် အိုင်စီဖျော်ဖြေမည့် အစီအစဉ်ကို ခွင့်မပြု ၊ လုံခြုံရေးများတိုးမြှင့်ချထား”

ပြည်တွင်းမှ ပဲ့တင်သံများ

၁၅ မေ ရန်ကုန်၊                  ၊Freedom News Group

Echo of  The Public Opinion of Aung San Suu Kyi in Prison

၁၄ ရက်နေ့ မနက်ကအင်းစိန်ထောင်ရှေ့ ဓာတ်ပုံခင်မောင်ဝင်း-အေပီ
၁၄ ရက်နေ့ မနက်ကအင်းစိန်ထောင်ရှေ့ ဓာတ်ပုံခင်မောင်ဝင်း-အေပီ

ဒေါ်အောင်ဆန်းစုကြည် ကိုတရားစွဲဆိုဖို့အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး
မြန်မာ ပြည်သူပြည်သားတွေ ဟာ သီပေါ
မင်းပါတော်မူတုန်းက လို ကြိမ်းမီးအုန်း
သလိုခံစားနေရကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုးစစ်ခေါင်းဆောင်တွေက အကောက် ဥာဏ်ဆင်တာနဲ့ ပတ်သက်ပြီး
“ထောင်ချဖို့ နဲ့ ဆက်ဖမ်းထားဖို့ ကတော့ကတော့ ရှစ်ဆယ့်ငါးရာခိုင်နှုန်း ၊လွှတ်ဖို့ ကတော့ ၁၅ ရာခိုင်နှုန်း ရှိတယ်။ဒါပေမယ့် ပြစ်မှုထင်ရှားအောင်စီရင်ချက် ချပြီးကာမှ
ဗိုလ်ချုပ်မှုးကြီးက မဟာကရုဏာတော် အပြည့် နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ
ပါဝင်နိုင်အောင် လို့ သဘောထားကြီးစွာဖြင့် လွှတ်ပေးလိုက်တယ် ဆိုတာမျိုးလည်း ဖြစ်လာနိုင်တယ်ဘာမှအတိအကျပြောလို့ မရဘူး” ဟု ရန်ကုန်မြို့ မှ ဒလမြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက Freedom News Group ကိုပြောပါတယ်။ Continue reading “ပြည်တွင်းမှ ပဲ့တင်သံများ”

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါက နအဖ ကံကြမ္မာသည် အပြောင်းအလဲဖြစ်သွားနိုင်

၁၄ မေ ရန်ကုန်၊               ၊Freedom News Group

People Outrageous For Junta Action On Prominent Leader

ဒေါ်အောင်ဆန်းစုကြည်အားကားဖြင့်ခေါ်ဆောင်လာပြီးနောက် အင်းစိန်ထောင်ရှေ့မြင်ကွင်း photo:www.wanna23.co.cc
ဒေါ်အောင်ဆန်းစုကြည်အားရဲအစောင့်အရှောင့်ကားတန်းဖြင့် ခေါ်ဆောင်လာပြီးနောက် အင်းစိန်ထောင်ရှေ့မြင်ကွင်း photo:www.wanna23.co.cc

မြန်မာ့တပ်မတော်၏ ဖခင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည် အား ယခုကဲ့သို့  အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးထောင်ထဲပို့ ခြင်းကို စစ်တပ်တွင်းမှ အရာရှိများနှင့် စစ်အစိုးရလိုလားသူများပင် မကျေနပ်ဟု Freedom News Group မှစုံစမ်းသိရှိရသည်။

ယနေ့ ညလက်ဖက်ရည်ဆိုင်၊ဘီယာဆိုင် များနှင့် ရန်ကုန်မြို့ ရပ်ကွက်တွင်းရှိ လူအများစုဝေးကြ
သည့်နေရာများတွင် ဒေါ်စု ကိစ္စနှင့်ပတ်သက်၍ ပြည်သူများက မကျေနပ်ချက်များဖြင့်ဆွေးနွေး
တိုင်ပင်ကြသည်။ယနေ့ဘီဘီစီမြန်မာပိုင်းရေဒီယိုအစီအစဉ် နှင့် နိုင်ငံတကာသတင်းထုတ်လွှင့်ချက်များကို နားထောင်သူများလည်းအလွန်များသည် ။ Continue reading “ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါက နအဖ ကံကြမ္မာသည် အပြောင်းအလဲဖြစ်သွားနိုင်”

ဒေါ်စုကို ထောင်ထဲတွင်ချုပ်နှောင်ထားပြီးနောက်ယနေ့ညနေ ရန်ကုန်မြို့ 

၁၄ မေ ရန်ကုန်၊                  ၊တင်ကျော်ကျော်စိုး၊ဟိန်းခိုင်ထွန်း

Burmese People Shocks and  Unbelievable Opposition Leader in Jail

စစ်ကားများတပ်ချထားသော ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်
စစ်ကားများတပ်ချထားသော ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်

၁..မေလ ၆ ရက်နေ့ မတိုင်ခင် ဒေါ်စုအိမ်တွင် တာဝန်ကျသော ရဲမှုးနှင့် အခြားတာဝန်ရှိသူများကို  ထိန်းသိမ်းထားရဲတပ်သားများကို ရဲတပ်ရင်းငါးတွင် ထိန်းသိမ်း

၂..တက္ကသိုလ်ရိပ်သာ လမ်းတစ်လျှောက်တွင် လက်နက်ကိုင်ရဲလုံခြုံရေးအင်အား တိုးမြှင့် အင်းစိန်ထောင် တွင်းနှင့် ထောင်ရှေ့ တွင် ထောက်လှမ်းရေးအပါ အ၀င် လက်နက်ကိုရဲများချထား
အမေရိကန်သံရုံး အရှေ့ရှိ ရန်ကုန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် ကြားဖြတ်အသံဖမ်းစက်
များတပ်ဆင်ထားသော ကားတစ်စီး အပါအ၀င် စစ်ကားနှစ်စီး ချထား
Continue reading “ဒေါ်စုကို ထောင်ထဲတွင်ချုပ်နှောင်ထားပြီးနောက်ယနေ့ညနေ ရန်ကုန်မြို့ ”

ဒေါ်စုကို နေအိမ်ပြန်မပို့ တော့အင်းစိန်ထောင်တွင်ရှိ အထူးတိုက်တွင်းချုပ် နှောင်ထား

၁၄ မေ ရန်ကုန်၊                 ၊တင်ကျော်ကျော်စိုး

Aung San Suu Kyi detainees in Insein Jail After Appearing Court

ထောင်သွင်းအကျဉ်းချခြင်းခံထားရသည့် ကမ္ဘာပေါ်ရှိတစ်ဦးတည်းသောငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဓာတ်ပုံ-၀ိကီပိဒိယ
ထောင်သွင်းအကျဉ်းချခြင်းခံ ထားရသည့် ကမ္ဘာပေါ်ရှိတစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဓာတ်ပုံ-၀ိကီပိဒိယ

အသက် ၆၃ နှစ်အရွယ်ရှိ  မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မနက်
အစောပိုင်းက နေအိမ်မှ လက်နက်ကိုင်ရဲ အစောင့်အရှောင့် အင်းစိန်အကျဉ်းထောင်သို့ 
ခေါ်ထုတ်သွားသည်။

မနက် ၁၀ နာရီတွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံးဉ် ရုံးထုတ်ကာ နိုင်ငံ
တော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့်တရား
စွဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူနေသော ဒေါ်ခင်ဝင်းနှင့် သမီးဖြစ်သူတို့ ကိုလည်း၎င်း အမှု
ကိုအားပေးကူညီမှု ဖြင့်တရားစွဲဆိုခဲ့သည်။ Continue reading “ဒေါ်စုကို နေအိမ်ပြန်မပို့ တော့အင်းစိန်ထောင်တွင်ရှိ အထူးတိုက်တွင်းချုပ် နှောင်ထား”

အာဆီယံ အစည်းအဝေးထိုင်းက ထပ်မံရက်ရွှေ့ဆိုင်း

၁၄ မေ ဘန်ကောက်၊                  ၊Freedom News Group ဧပြီလ အတွင်းက ဆန္ဒပြသူများကြောင့် ဖျက်သိမ်းလိုက်ရသည့်အာဆီယံအစည်းအဝေးကို ထိုင်းက ဖူးခက် တွင် ဇွန်လဉ် ထပ်မံ ကျင်းပရန်စီစဉ် ထားသော်လည်း နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ထပ်မံရွှေ့ဆိုင်း လိုက် သည် ဟု ယနေ့ ထုတ် နေးရှင်းသတင်းစာဉ်ဖေါ်ပြထားသည်။ အာဆီယံအစည်းအဝေးကို အောက်တိုဘာလမှ ပြန်လညကျင်းပမည်ဖြစ်သည်။ဖူးခက် တွင်ကျင်းပ မည့်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကိုလည်း ရက်ရွှေ့ဆိုင်းလိုက်သည်။ Continue reading အာဆီယံ အစည်းအဝေးထိုင်းက ထပ်မံရက်ရွှေ့ဆိုင်း

Rate this:

ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန် တရားရုံးသို့ လက်နက်ကိုင်ရဲအစောင့်အရှောင့် ၆၀ ခန့်ခြံရံလျှက်ခေါ်ထုတ်သွား

၁၄ မေ ရန်ကုန်၊                        ၊တင်ကျော်ကျော်စိုး၊ယူကွန်

Aung San Suu Kyi appears in Special Court in Insein Jail

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးဉ် ၁၉၉၈ ခုနှစ်က နိုင်ငံခြားသား ၁၅၈ဦးကို ရုံးထုတ် စစ်ဆေးစဉ်
အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးဉ် ၁၉၉၈ ခုနှစ်က နိုင်ငံခြားသား ၁၈ဦးကို ရုံးထုတ် စစ်ဆေးစဉ်

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ မနက် ၆ နာရီ အချိန်ခန့် က အင်းစိန်ထောင်ရှိ အထူးတရား
ရုံးသို့လုံခြုံရေးအင်အားထူထပ်စွာစောင့်ကျပ်လျှက်ခေါ်ဆောင်သွားကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချူပ် ကမာရွတ်မြို့ နယ်မှ အဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။

ဒေါ်စုအား စစ်အစိုးရမှ တရားစွဲဆိုရန်ပြင်ဆင်နေပြီး အင်းလျှားကန်ကို ဖြတ်၍ ရေကူးဝင်ရောက်လာခဲ့သည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျှံ ယက်ထော နှင့် ဆက်စပ်အပစ်ပေးနိုင်ရန် စီစဉ်နေကြောင်းမြောက်ဥက္ကလာပ NLD အဖွဲ့ ဝင်တစ်ဦးကပြောသည်။ Continue reading “ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန် တရားရုံးသို့ လက်နက်ကိုင်ရဲအစောင့်အရှောင့် ၆၀ ခန့်ခြံရံလျှက်ခေါ်ထုတ်သွား”

အောင်သပြေစစ်ကြောရေးစခန်းတွင် ဂျွန် ၀ီလျှံယက်ထော အား သံရုံးအရာရှိကတွေ့ဆုံနေပုံကို ရုပ်သံမှထုတ်လွှင့်ပြသ

၁၃ မေ ရန်ကုန်၊              ၊တင်ကျော်ကျော်စိုး၊     AP  MRTV

US consul meets American detained in Myanmar

ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်သို့ ရေကူး၍ ၀င်ရောက်ခဲ့သည်ဆိုသော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီ လျှံ ယက်တောအား အမေရိကန်သံရုံး မှ ကောင်စစ်ဝန်တစ်ဦးဖြစ်သူ ကောလင်းဖတ်(စ်)ကတွေ့ ဆုံခွင့်ရပုံကို ယနေ့ ည မြန်မာ့ရုပ်မြင်သံကြားသတင်းတွင်
ထုတ်လွှင့်ပြသသွားခဲ့သည်။

အမေရိကန် သံရုံးတာဝန်ရှိသူ က ဖမ်းဆီးခံထား ရသူ အမေရိကန်မစ်ဆူရီပြည်နယ်သား ယက်ထောအား မရမ်းကုန်းမြို.နယ်ရှိ အောင်သပြေစစ်ကြောရေး စခန်းတွင်တွေ့ ဆုံနေပုံကို ရုပ်သေ ဓာတ်ပုံအဖြစ် မိနစ် အနည်းငယ်ကြာ ထုတ်လွှင့်ပြသခဲ့သည်။ Continue reading “အောင်သပြေစစ်ကြောရေးစခန်းတွင် ဂျွန် ၀ီလျှံယက်ထော အား သံရုံးအရာရှိကတွေ့ဆုံနေပုံကို ရုပ်သံမှထုတ်လွှင့်ပြသ”

အင်းလျှားကန် ပတ်လည်တွင် လုံခြုံရေးများ တိုးမြှင့်

၁၃ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Security Tightened Around Rangoon Lakeside

ဝီလျှံယက်တော အဖမ်းခံရသည်ဆိုသောနေရာနှင့် မနီးမဝေးရှိအင်းလျှားကန်ဘောင်
ဝီလျှံယက်တော အဖမ်းခံရသည်ဆိုသောနေရာနှင့် မနီးမဝေးရှိအင်းလျှားကန်ဘောင်

ဒေါ်အောင်ဆန်းစုကြည် နေ အိမ်တွင်းသို့ ရေကူးဝင်ရောက်ခဲ့သည် ဆိုသော နိုင်ငံခြားသားကိုဖမ်း
ဆီးထိန်းသိမ်းထားကြောင်း စစ်အစိုးသတင်းစာများက ဖေါ်ပြပြီးတစ်ပတ်အကြာတွင် ရန်ကုန်မြို့ အင်းလျှားကန် ပတ်လည်တွင် လုံခြုံရေးတိုးမြှင့်ချထားလိုက်သည်။
Continue reading “အင်းလျှားကန် ပတ်လည်တွင် လုံခြုံရေးများ တိုးမြှင့်”

ချီပီယံလိဂ် ဖိုင်နယ်ပွဲ တွင် လောင်းကြေးငွေပဏာမ ကျပ်ငွေသိန်းဘီလျှံ ၉၀ ကျော်ထိလောင်းကြေးထပ်ကျမည်

၁၃ မေ ရန်ကုန်၊                ၊ယူကွန်

Myanmar Estimates 90 Billion Stakes for Champion League Final

မြန်မာလိဂ်ပွဲစဉ်များအတွက် သြဇာအရှိဆုံးသူတစ်ယောက်ဖြစ်လာတော့မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ်ဥက္ကဌ Max အချိုရည် ပိုင်ရှင် ဦးဇော်ဇော်
မြန်မာလိဂ်ပွဲစဉ်များအတွက် သြဇာအရှိဆုံးသူတစ်ယောက်ဖြစ်လာ တော့မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ်ဥက္ကဌ Max အချိုရည် ပိုင်ရှင် ဦးဇော်ဇော်

ဥရောပ ချံပီယံလိဂ် ပွဲစဉ်နောက်ဆုံးနေ့ ဖြစ်သည့် ဘာစီလိုနာ နှင့် မန်ယူတို့ တွေ့ ဆုံချိန်တွင်  ရန်ကုန်မြို့ တစ်မြို့ တည်းကပင် အနည်းဆုံး လောင်းကြေးငွေ ကျပ်သန်းပေါင်း သန်း ကိုးသောင်း (ဘီလျှံ ၉၀)ထိ အသုံကာ လောင်းကြေးထပ်ကျမည် ဟု ရန်ကုန်မြို့ ရှိ ဘောလုံး လောင်းကစားဒိုင်တစ်ခု Freedom News Group သို့ ပြောသည်။

ချီပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် နေ့ က ချယ်ဆီး အသင်းနှင့် ဘာစီလိုနာ အသင်းတို့ တွေ့ ဆုံစဉ်က ရန်ကုန်တစ်မြို့  သန်းခုနှစ်သောင်းနီးပါးထိ
သုံးစွဲခဲ့သည်။မြန်မာ နိုင်ငံ၏ ဥရောပ ကလပ် အသင်းပွဲစဉ်များကိုလောင်းကြေးထပ်သည့် ဘောလုံးလောင်းကစားဈေးကွက် နှင့်  ပတ်သက်၍  ရန်ကုန်ရှိလောင်းကစားဒိုင် ဖွင့်ထားသူ တစ်ဦး၏ အနှုတ်အသိမ်း သမားတစ်ဦးက“သာမန်ပွဲ စဉ်တွေ ဆိုရင်တော့
လောင်းကြေးငွေ ဒီလောက်မများဘူးမန်ယူ၊ချယ်ဆီး၊အာဆင်နယ်၊
အေစီ၊ဘာကာ ပွဲတွေဆိုရင်တော့ လောင်းကြေးထပ်တာများတယ် ။နောက် ဆီးမီး ဖိုင်နယ်တို့ ဖိုင်နယ်ပွဲ တွေဆို လောင်းကြေးပိုများလာရော ”ဟု ပြောသည်။ Continue reading “ချီပီယံလိဂ် ဖိုင်နယ်ပွဲ တွင် လောင်းကြေးငွေပဏာမ ကျပ်ငွေသိန်းဘီလျှံ ၉၀ ကျော်ထိလောင်းကြေးထပ်ကျမည်”

ရင်ဆိုင်တိုက်ပွဲကြောင့် စကခ(၅)မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် ကျဆုံး

နန်းထူးစံ၊ ကရင်သတင်းစဉ်၊             ၊မေ ၁၂၊ ၂၀၀၉

Major General Kaung Myat killed by KNLA


ပဲခူးတိုင်းအရှေ့ဘက် မိုင်(၃ဝ)ခန့် ကွာဝေးသော သံတောင်မြို့နယ်၊ ဘောဂလိကျေးရွာအုပ်စုတွင် စခန်းထိုင်သည့် အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) မှ ဗိုလ်မှူးချုပ်ကောင်းမြတ်သည် မေလ (၁၁)ရက်နေ့က ကရင် အမျိုးအသား အစည်းအရုံး KNU နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည်ဟု KNU တောင်ငူခရိုင်မှ လာသည့်သတင်းအရ သိရသည်။ Continue reading “ရင်ဆိုင်တိုက်ပွဲကြောင့် စကခ(၅)မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် ကျဆုံး”