ဒေါ်စုနေအိမ်တွင်း ရေကူးဝင်ရောက်ခဲ့သည် ဆိုသော အမေရိကန် နိုင်ငံသားအား သူလျှိုလုပ်မှု ဖြင့် စွဲချက်တင် နိုင်

၁၂ မေ ရန်ကုန်၊               ၊ယူကွန်

Junta will be trial on US sneaker

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်းရေကူး၍၀င်ရောက်ခဲ့သည် ဆိုသည့် အမေ ရိကန် နိုင်ငံသား အသက် ၅၃ နှစ်အရွယ်ရှိ ဗီယက်နမ် စစ်ပြန် Mr.John William Yettaw အား သူလျှိုလုပ်မှု ၊နိုင်ငံတော် လုံခြုံရေးကို ထိပါးနှောင့်ယှက်မှု ၊ကန့် သတ်နယ်မြေကျူးကျော်ဝင်ရောက် မှုများဖြင့်စွဲချက်တင်နိုင်ကြောင်း ရန်ကုန် ရှေ့နေများက ထင်မြင်ချက်ပေးသည်။ Continue reading “ဒေါ်စုနေအိမ်တွင်း ရေကူးဝင်ရောက်ခဲ့သည် ဆိုသော အမေရိကန် နိုင်ငံသားအား သူလျှိုလုပ်မှု ဖြင့် စွဲချက်တင် နိုင်”

ဝသုံးလုံး တဘောင် (ထပ်မံဖေါ်ပြခြင်း)

Freedom News Group ၏ စာဖတ်ပရိသတ်များ မှတောင်းဆို ချက်အရ ၀သုံးလုံး တဘောင် ကို ထပ်မံတင်ဆက် ဖေါ်ပြလိုက်ပါသည်။ဤနေရာတွင် ကလစ်နှိပ်၍ ဖတ်ရှု နိုင်ပါသည်။ Continue reading ၀သုံးလုံး တဘောင် (ထပ်မံဖေါ်ပြခြင်း)

Rate this:

လေတပ်မှ အရာရှိငါးဦး ကိုဖမ်းဆီးထိန်းသိမ်းထား

၁၂ မေ ရန်ကုန်၊                   ၊ယူကွန်

Burma:Air force officers  detainees

မင်္ဂလာဒုံ လေတပ် စခန်းနှင့်လေကြောင်းရန်ကာကွယ်ရေး ဌာနမှ အရာရှိစစ်သည် ငါးဦးထက်မ
နည်းကိုယခု လ ၈ ရက် နေ့ က ဖမ်းဆီးထိန်း သိမ်းထားကြောင်း မင်္ဂလာဒုံ လေတပ်စခန်းမှ အရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “လေတပ်မှ အရာရှိငါးဦး ကိုဖမ်းဆီးထိန်းသိမ်းထား”

ဒေါ်အောင်ဆန်းစုကြည် ဆရာဝန်နှင့်တွေ့ခွင့်ရ သော်လည်းကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်နေဆဲ

၁၁ မေ ရန်ကုန်၊                  ၊တင်ကျော်ကျော်စိုး

Junta allows doctor to see ailing Aung San Suu Kyi

5134916_aung_san_suu_kyi APမြန်မာစစ်အစိုးရက နေအိမ်အကျယ်ချူပ်ချထားသည့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အားယနေ့ ဆေးဝါးကုသမှုခံယူရန် အတွက်ဆရာဝန် နှင့်တွေ့ ဆုံခွင့်ပေးလိုက်သည် ဟု
သတင်းရရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် ဆရာဝန်နှင့်တွေ့ခွင့်ရ သော်လည်းကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်နေဆဲ”

ရန်ကုန်မြို့လည်နှင့်သာကေတ၊သန်လျှင် တွင် လေပြင်း တိုက်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများရှိ

၁၁ မေ ရန်ကုန်၊                   ၊စနေငချွတ်

Rangoon Strong Wind Struck

ရန်ကုန် မြို့ လယ်တွင် ယနေ့ ည ၁၀ နာရီ အချိန်လေပြင်းတိုက်ခတ်မှု ကြောင့်လျှပ်စစ်မီး
ပြတ်တောက်၍ပန်းဆိုးတန်းအောက်လမ်းရှိတရုတ် စားသောက်ဆိုင်တစ်မှာ ဆိုင်းဘုတ် ပြိုကျ သည်။လမ်းဘေးဈေးသည်များ အမိုးပြုတ်လန်မှုများကြောင့် ဆိုင်ဗန်းများမှောက်ကာ ပစ္စည်းများဆုံးရှုံးမှုရှိသည်။ လေတိုက်နှုန်းသည် တစ်နာရီမိုင် ၅၀ နီးပါးရှိသည် ဟုဆိုသည်။

Continue reading “ရန်ကုန်မြို့လည်နှင့်သာကေတ၊သန်လျှင် တွင် လေပြင်း တိုက်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများရှိ”

ဆယ်နှစ်ကြာရပ်နေသော မန္တလေးကျက်သရေ ဆောင်နာရီစင်ကြီးမှ နာရီကို ပြန်လည်ပြုပြင်ပေးစေလို

၁၁ မေ မန္တလေး၊                    ၊ညွန့်သက်ထားဦး

Madalay wants landmark  watch tower to restart

ရပ်နေသည်မှာ ဆယ်နှစ်ရှိနေပြီဖြစ်သည့် နှစ်၁၀၀ သက်တမ်းမန္တလေးနာရီစင်ကြီး
ရပ်နေသည်မှာ ဆယ်နှစ်ရှိနေပြီဖြစ်သည့် နှစ်၁၀၀ သက်တမ်းမန္တလေးနာရီစင်ကြီး

မန္တလေးမြို့နှစ် ၁၅၀ ပြည့်ပွဲကို မကြာခင်ကျင်းပတော့မည်ဖြစ်သော်လည်း မန္တလေးမြို့လယ်ရှိဈေးချို နာရီစင်ကြီးကို ပြုပြင်မည့်သူ မရှိဟုဒေသခံတို့ က Freedom News Group သို့ ပြောသည်။နာရီစင်
မှ ဂျပန်လုပ် ဆီကို အမျိုးအစားနာရီမှာ ၁၉၉၈ ခုနှစ် ကတည်းကရပ်တန့် နေခြင်းဖြစ်သည်။ယခင်က
နာရီလက်တံ လည်ပတ်ရန် နှင့် အချက်ပေးသံ မြည်ရန် လျှပ်စစ်မီးအသုံးပြုပြီး မီးမလာလျှင် အင်
ဗာတာ ဖြင့်သုံးသည်။
Continue reading “ဆယ်နှစ်ကြာရပ်နေသော မန္တလေးကျက်သရေ ဆောင်နာရီစင်ကြီးမှ နာရီကို ပြန်လည်ပြုပြင်ပေးစေလို”

ဖားအံ ၊ မြ၀တီ တွင်ဝမ်းရောဂါများ ဖြစ်ပွားနေ သထုံထောင်တွင် ၀မ်းရောဂါကြောင့် အကျဉ်းသားတစ်ဦး သေဆုံး

၁၁ မေ ရန်ကုန်၊                 ၊စောမူဂေး

Cholera Out Break Burma Southern City

ကရင်ပြည်နယ် မြို့ တော်ဖားအံ နှင့် ထိုင်း-မြန်မာ နယ်စပ်မြို့မြ၀တီ မှာ ၀မ်းရောဂါတွေဖြစ်ပွားနေ
ကြောင်းသတင်းရရှိသည်။ဖားအံ တွင်ဝမ်းရောဂါ စတင်ဖြစ်နေသည်မှာ ယခင်အပတ်ကတည်းကဖြစ်ပြီး ကူးစက်မှုနှုန်းပိုမို မြန်လာသည် ဟု ဖားအံ-မြ၀တီ ယာဉ်လိုင်းတွင် မော်တော်ကားမောင်းနေသူတစ်ဦးက Freedom News Group သို့ ပြောသည်။
Continue reading “ဖားအံ ၊ မြ၀တီ တွင်ဝမ်းရောဂါများ ဖြစ်ပွားနေ သထုံထောင်တွင် ၀မ်းရောဂါကြောင့် အကျဉ်းသားတစ်ဦး သေဆုံး”

အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် နိုင်ငံတ၀ှမ်း ဆုတောင်းကြမည်

၁၀ မေ ရန်ကုန်၊             ၊Freedom News Group

Activists will be prays for Aung San Suu Kyi ill

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး နှင့် လွတ်မြောက်ရေးအတွက်ဆုတောင်းပွဲတစ်ရပ်ကိုလာမည့်
အင်္ဂါနေ့ တွင် လှုပ်ရှားတက်ကြွသူများက ပြည်သူများနှင့်ပူးပေါင်း၍တစ်နိုင်ငံလုံးအတိုင်းအတာအရ
ပြုလုပ်သွားမည် ဟုသတင်းရရှိသည်။ Continue reading “အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် နိုင်ငံတ၀ှမ်း ဆုတောင်းကြမည်”

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးစိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေ အစာလုံးဝမစားနိုင်တော့ဟု သတင်းထွက်ပေါ်

၁၀ မေ ရန်ကုန်၊              ၊တင်ကျော်ကျော်စိုး

Detained Aung San Suu Kyi needs medical aid

သာမညဆရာတော်ကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်
သာမညဆရာတော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသည် အထူးစိုးရိမ်ရသည့် အခြေအနေကိုရောက်ရှိ နေပြီဖြစ်ကြောင်း ရန်ကုန်ရှိ အတိုက်အခံအင်အားစုများ ကပြောဆိုကြသည်။ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်း၏ဆရာဝန် နှင့် ပြသဖို့ လိုနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်က မြန်မာစစ်အစိုးရထံသို့ ယနေ့ တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် အားဆေးဝါးကုသမှုပေးနေသည့် ဒေါက်တာ တင်မျိုးဝင်းကို စစ်အစိုးရကကြာသပတေးနေ့ ညနေကတည်းကဖမ်းဆီးထားသည်။အသက် ၆၃ နှစ်အရွယ်ရှိမြန်မာ့ ဒီမိုကရေစီခေါင်းဆောင်မှာ သွေးအားနည်းခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းရောဂါ တို့ ကိုခံစားနေရပြီး အစာစားချင် စိတ်လုံးဝမရှိကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက်များနှင့်တွေ့ ဆုံရာတွင်ပြောသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးစိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေ အစာလုံးဝမစားနိုင်တော့ဟု သတင်းထွက်ပေါ်”

ဒေါ်စု အိမ်ဝင်ရောက်သည့် ဗီယက်နမ်စစ်ပြန်နှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်မည်

၁၀ မေ ရန်ကုန်၊              ၊တင်ကျော်ကျော်စိုး

Junta will be press conference for U.S sneaking man

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းရှိလုံခြုံရေးများ ဓာတ်ပုံ-AFP
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းရှိလုံခြုံရေးများ ဓာတ်ပုံ-AFP

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ခိုးဝင်သည် ဆိုသည့် အသက် ၅၃ နှစ် အရွယ်ရှိ ရေကူးသမား ဗီယက်နမ် စစ်ပြန် Mr .John Willam Yettaw နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်
တော့မည်ဟု  ပြန်ကြားရေး သတင်းရပ်ကွက်ကို ကိုးကားပြီးရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းတွင်
ထွက်ပေါ်နေသည်။

စစ်ထောက်လှမ်းရေး ၏ စစ်ဆေးမေးမြန်းခံနေရသည့် Mr.John William Yettaw ၏စစ်
ကြောချက်နှင့်ပတ်သက်ပြီး စစ်အစိုးရ လိုလားသည့် သာကီနွယ် ဘလောက်တွင် ဖေါ်ပြထားမှုများပါ
ရှိလာသည်။သာကီနွယ် ဘလောက်တွင် နိုင်ငံခြားသားမှာ ယခင်အခေါက်ကည်း ဒေါ်စုအိမ်သို့ ယခုလိုပင် ၀င်ရောက်ခဲ့ဖူးသည်ဟု ဖေါ်ပြထားသည်။
Continue reading “ဒေါ်စု အိမ်ဝင်ရောက်သည့် ဗီယက်နမ်စစ်ပြန်နှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်မည်”

မော်ဒယ်၊စုတ်ချက်၊ကင်းဗတ် စ နဲ့ အလင်းအမှောင်ပုံရိပ်များ

၉ မေ ရန်ကုန်၊                 ၊Freedom News Group

Myanmar Life Model ‘s  Studios Job

ထိုပန်းပု အတွက်နာမည်ကြီးမော်ဒယ် ကိတ်မော(စ်)က ထိုသို့ ကိုဟန်ပြပေးခဲ့ရသည်
ဤပန်းပု အတွက်နာမည်ကြီးမော်ဒယ် ကိတ်မော(စ်)က ထိုကဲ့သို့ ကိုဟန်ပြပေးခဲ့ရသည်

ကိုယ်ဟန်ပြခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မြန်မာမော်ဒယ် တို့ အတွက် ဖက်ရှင် ဒီဇိုင်းများဝတ်ဆင် ၍ catwalk လျှောက်ခြင်း ဘီဘုဒ် တီဗွီ စသည့် ကြော်ငြာများအတွက်သရုပ်ပြပေးရရုံသာမက အခြားသော ၀င်ငွေ ရရန် လမ်းကြောင်းမှာလည်း ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ ပို၍ များလာသည် ဟု သိရသည်။

မော်ဒယ် တို့ အတွက် အများပြည်သူသိ ကြော်ငြာ မဟုတ်ဘဲ ၀င်ငွေရရှိ နိုင်သည့် လမ်းကြောင်းများဉ်အဓိက နှစ်ခုမှာ ပန်းချီဆရာ၊ဓာတ်ပုံဆရာ၊ပန်းပုဆရာ (ပြည်တွင်း၊ပြည်ပ) တို့ အတွက် ကိုယ်ဟန်ပြသပေးရခြင်း နှင့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ၏ နိုင်ငံခြားကုမ္ပဏီများအတွက် တည့်ခင်းသော  ဧည့်ခံပွဲများတွင် စားပွဲဝိုင်း ဉ် အတူထိုင်ပေးရခြင်းတို့ ဖြစ်ကြောင်း မော်ဒယ်ဧဂျင်စီတစ်ခု မှ မန်နေဂျာတစ်ဦးက Freedom News Group သို့ ပြောသည်။
Continue reading “မော်ဒယ်၊စုတ်ချက်၊ကင်းဗတ် စ နဲ့ အလင်းအမှောင်ပုံရိပ်များ”

မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ

၉ မေ ရန်ကုန်၊                   ၊ယူကွန်

Yadana Bon FC launch with Lay Phyu

အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်မှ ကူးယူဖေါ်ပြသည်
အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်

ဦးတေဇ ပိုင်ဆိုင်သော ရန်ကုန် ယူနိုက်တက် ဘောလုံးကလပ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂ရက် နေ့  စနေနေ့ (နာဂစ် နှစ်ပတ်လည်နေ့ )က ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင်ကျင်းပခဲ့သည်။
ကလပ်မိတ်ဆက်ပွဲ သို့ မည်သို့ မဆို အခမဲ့လာရောက်ကြည့်ရှု ခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ ခံ ဘောလုံးဝါသနာအိုးများ လာရောက် ကြည့် ရှုသည် ဟု Air Bagan မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းကို အေ နှင့် ဘီ ခွဲ၍ သရုပ်ပြခြင်းဖြစ်ပြီး ပွဲမစမီ နာဂစ် နှစ်ပတ်လည်နေ့ အတွက် နှစ်မိနစ် ငြိမ်သက်ဆုတောင်းမှုပြုခဲ့ကြသည်။ရန်ကုန် ယူနိုက်တက် တွင် ကင်မရွန်းမှ ခေါ်ယူထားသော ကစားသမား လေးဦးနှင့် အိုင်ဗရီ ကို (စ်)မှ တစ်ဦးပါဝင်သည်။

အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်
အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်

ပွဲမစမှီ ခေမီကို အကအဖွဲ့  ၏ဖျော်ဖြေမှု Emperor တေးဂီတ အဖွဲ့ နှင့် အတူ ဇော်ဝင်းထွဋ် R ဇာနည်
တို့ ၏ သီဆိုဖျော်ဖြေမှု ကို ပရိသတ် အားပေးခဲ့ကြသည်။မကြာခင်ကျင်းပတော့မည့် ကလပ်အသင်းများ ၏  ပြိုင်ပွဲများအတွက် အသင်းသားခေါ်ယူစရိတ်များအတွက် အသုံးပြုရာ တွင်
ကမ္ဘောဇ ဘဏ် ကိုတည်ထောင်သူ ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇ ကလပ် အသင်းက ကျပ်ငွေ ၇၅၄ သိန်းသုံးပြီး ပထမ နေရာတွင် ရှိသည် ဟု Bi Weekly Eleven ဂျာနယ်တွင်ဖေါ်ပြ
ထားသည်။
Continue reading “မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ”

ကဆုန်လပြည့်နေ့ တွံတေး ဗောင်းတော်ကျူတ် အနီးတွင် စစ်ကားက ခရီးသည်တင် ဂျစ်ကားကို ၀င်တိုက်

၉ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Military truck crash commuter jeep

မေလ ၈ ရက်နေ့ က ဒလမှ တွံတေးသို့ သွားသည့် မော်တော်ကားလမ်းပေါ်ရှိ ဗောင်းတော်ကျူတ် ဘုရားအနီး အရှိန်မထိန်း နိုင်သော စစ်ကားက ခရီးသည်များတင်ဆောင်လာသည့် ဂျစ်ကားကို ၀င် ရောက်တိုက်ရာ ကားပေါ်ပါခရီးသည် များထိခိုက် ဒဏ်ရာရပြီးခရီးသည် တစ်ဦးမှာ ဒလ ဆေးရုံမှ တစ်ဆင့် ရန်ကုန် ဆေးရုံကြီး အရေးပေါ်လူနာတင်ဌာန အဆောင် ၅/၆ သို့ ပို့ ဆောင်ထားရသည်။

ဒလ မယက ဥက္ကဌ က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ရောက်ရှိနေချိန်ဖြစ်သော
ကြောင့် စစ်ကားက ခရီးသည် တင်ကားကို ၀င်တိုက် သည့် ကိစ္စ နှင့် ပတ်သက်၍ မြို့ နယ်ရဲတပ်
ဖွဲ့ ကိုပင်အသိမပေးဟု ဒလ မော်တော်ကား ဂိတ်မှ ယာဉ်မောင်းတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ကဆုန်လပြည့်နေ့ တွံတေး ဗောင်းတော်ကျူတ် အနီးတွင် စစ်ကားက ခရီးသည်တင် ဂျစ်ကားကို ၀င်တိုက်”

စာပေစီစစ်ရေး က ဒေါ်အောင်ဆန်းစုကြည် အိမ်သတင်းကို ဂျာနယ်များတွင်ပြန်လည်ဖေါ်ပြခိုင်း

၈ မေ ရန်ကုန်၊             ၊ယူကွန်

Private media reprint junta mouth-piece news on Aung San Suu Kyi ‘s house

ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမားသတင်းတွေ့ ရစဉ်
ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမားသတင်းတွေ့ ရစဉ်

မေလ ရ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်းသို့ ဝင်ရောက်ခဲ့သည် ဆိုသော အစိုးရ
အာဘော် သတင်းစာများတွင် ဖေါ်ပြခဲ့သည့် သတင်းကို ဗဟန်း ၀င်္ကဘာ လမ်းရှိ စာပေစီစစ်ရေးက
ယခု တစ်ပတ်ထုတ် ဂျာနယ်များတွင် ထပ်မံဖေါ်ပြခိုင်းသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတစ်ဦး
က Freedom News Group သို့ ပြောသည်။

ရေကူးသမား ဂျွန်ဝီလီယံ သတင်းနှင့်ပတ်သက်၍ “စီစစ်ရေးက အတင်းအကျပ်တော့ မဟုတ်ဘူး ဒီအပတ် ဒီသတင်း ထည့်ဖို့ ပေါ်လစီ(မထည့်မနေရ အာဘော်ဆောင်းပါး) နဲ့ အတူတွဲ ကျလာတယ် လို့ ပြောတယ် ”ဟု စီစစ်ရေး ၀န်ထမ်းတစ်ဦး၏ အပြောကို စာနယ်ဇင်းသမားတစ်ဦးက ပြောသည်။
Continue reading “စာပေစီစစ်ရေး က ဒေါ်အောင်ဆန်းစုကြည် အိမ်သတင်းကို ဂျာနယ်များတွင်ပြန်လည်ဖေါ်ပြခိုင်း”