ပတ္တယား Royal Cliff Beach Resort ဟိုတယ်ထဲသို့ ဝင်ရောက်လာသည့် ဆန္ဒပြသူများ(သတင်း ဓာတ်ပုံ)
Continue reading ပတ္တယား Royal Cliff Beach Resort ဟိုတယ်ထဲသို့ ဝင်ရောက်လာသည့် ဆန္ဒပြသူများ(သတင်း ဓာတ်ပုံ)
Rate this:
မြန်မာ ၀န်ကြီးချုပ်အာဏာရှင် ဆန့် ကျင်ရေးဒီမိုကရေစီ တပ်ဦး(UDD) နှင့် ထိပ်တိုက်တွေ့ ပြီး ရဟတ်ယဉ်ပေါ်ပြေးတက်ရ(ဗီဒီယို)
၁၁ ဧပြီ ပတ္တယား ထိုင်း၊                ၊Freedom News Group ထိုင်းနိုင်ငံပတ္တယားတွင် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် အစိုးရဆန့် ကျင်ရေးဆန္ဒပြ သူ များက အစည်းအဝေးခန်းမ အတွင်းဝင်ရောက် လာသောကြောင့် နောက်ဖေး ပေါက်မှ ခေါင်းမိုးပေါ်သို့ တက်ပြေးပြီး ကြုံ ရာ ရဟတ်ယာဉ် ဖြင့် အူတာပေါင်း လေတပ်စခန်းသို့ ကယ် ထုတ်သွားရပုံ ထိုင်းအဆင့်မြင့် လုံခြုံရေးအရာရှိ များက ထိုးဖောက်ဝင်ရောက်လာသူများသည် မြန်မာဝန်ကြီးချုပ် ဆီ ဦးတည် သွားကြသည် ဆိုသောကြောင့် ထိပ်တန်းလုံခြုံရေးအရာရှိများခြံရံပြီး သူ့ ကိုအရင် ရဟတ် ယာဉ် ပေါ်တင်ပေးလိုက်ရသည် ဟု ထိုင်းသတင်းဌာန တစ်ခု ကလွှင့် ထုတ်သွားခဲ့သည်။ လက်ရှိ စစ်ခေါင်းဆောင် များထဲ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ အကြောက် တတ် ဆုံးဟု နာမည်ကြီးသည်။ Continue reading မြန်မာ ၀န်ကြီးချုပ်အာဏာရှင် ဆန့် ကျင်ရေးဒီမိုကရေစီ တပ်ဦး(UDD) နှင့် ထိပ်တိုက်တွေ့ ပြီး ရဟတ်ယဉ်ပေါ်ပြေးတက်ရ(ဗီဒီယို)
Rate this:
ဝန်ကြီးချုပ် က ထိုင်းနိုင်ငံ တွင် အရေးပေါ် အခြေအနေ ကြေညာ အဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများကို ဖျက်သိမ်း
၁၁ ဧပြီ ပတ္တယား ထိုင်း၊                 ၊Freedom News Group
ဆန္ဒပြသူ များဝင်ရောက် လာချိန် တွင် ထိတ် လန့် နေသော မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေးကယ်တင်ရ
အဆောက်အဦ ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက်
နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ ကို ဦးစားပေးကယ် တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရမိန်းမသား ဖိထစ်ပိုင် ခေါင်းဆောင် အာရို ယိုပင် နောက် အစီးဖြင့် လိုက်ရ
နောက်ဆုံးရသတင်း……….မြန်မာဝန်ကြီးချုပ် သွေးတက်
အစိုးရဆန့် ကျင်ရေးဆန္ဒပြသူ များက အာဆီယံ အစည်းအဝေးကျင်းပရာခန်းမထဲ သို့ ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/David Longstreath)
အစိုးရဆန့် ကျင်ရေးဆန္ဒပြသူ များက အာဆီယံ အစည်းအဝေးကျင်းပရာခန်းမထဲ သို့ ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/David Longstreath)
အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများဝင်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ
အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများဝင်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ
ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် အနီဝတ် များက ၁၄ ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပရာ ထိုင်းနိုင်ငံ ကမ်းခြေမြို့ 
ဖြစ်သည့် ဖတ္တယားတွင် ကျင်းပနေသော ဆွေးနွေးပွဲ ခန်းမသို့ အတားအဆီးများကို ကျော်ဖြတ်ပြီး မှန်များကို ရိုက်ခွဲ ၀င်ရောက်လာသောကြောင့် ၀န်ကြီးချုပ် က အစည်းအဝေး ကိုဖျက်သိမ်းလိုက်ရ
ပြီး ဖတ္တယားတွင် လည်း အရေးပေါ် အခြေအနေ ကြေငြာ လိုက်ရသည် ဟု သတင်းရရှိသည်။
ထိုသို့ အစည်းအဝေး ဖျက်သိမ်းမှုကြောင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လည်း ခရီးရောက်
မဆိုက်ပင် ပြည်တော် ပြန်ခဲ့ ရသည်။လွန်ခဲ့သည့် နှစ်ရက် ကထိုင်းဝန်ကြီးချုပ် အဘိဆစ်က ဧည့်သည်တော် များ၏လုံ ခြုံရေးအတွက် တာဝန် ယူသည် ဟုဆိုသော် လည်း ယခုဖြစ်ရပ်မှာအစိုးရ
အတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ရသည် ဟု ထိုင်းမီဒီယာများတွင် ဖေါ်ပြထားသည်။
Continue reading “၀န်ကြီးချုပ် က ထိုင်းနိုင်ငံ တွင် အရေးပေါ် အခြေအနေ ကြေညာ အဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများကို ဖျက်သိမ်း”
နာမည်ကျော် ဟပ်ဟောပ် ဂီတ အဖွဲ့ ယဉ်ကျေးမှုသံအဖြင့်ရန်ကုန်သို့ လာမည်
၁၀ ဧပြီ ရန်ကုန် ၊            ၊ဟိန်းခိုင်ထွန်း
အိုဇိုမာလ်တီ ဂီတအဖွဲ့ 
အိုဇိုမာလ်တီ ဂီတအဖွဲ့ 
အမေရိကန်အစိုးရ ၏ ပံ့ပိုပေးမှုဖြင့် လော(စ်)ဇင်းဂျလိအခြေစိုက် ဟပ်ဟောပ် နှင့် ရော(ခ်) အရော
နှောသီချင်းများကို သီဆိုသည့် အဖွဲ့ ဝင်ခြောက်ဦးပါ အိုဇိုမာလ်တီ (Ozomalti)ဂီတ အဖွဲ့ မှာ မေလ တွင် ရန်ကုန်မြို့ သို့ ယဉ်ကျေးမှုသံအဖြင့်လာရောက်လည် ပတ်မည် ဟုသိရသည်။
အိုဇိုမာလ်တီ အဖွဲ့ ၏ အရှေ့တောင်အာရှ ခရီးစဉ် ဉ် ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့ တော်၊ထိုင်းနိုင်ငံ ဘန်ကောက် နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ တို့ ပါဝင်သည်။ Continue reading “နာမည်ကျော် ဟပ်ဟောပ် ဂီတ အဖွဲ့ ယဉ်ကျေးမှုသံအဖြင့်ရန်ကုန်သို့ လာမည်”
ရိုးမြေကျ ပိတောက်(ကဗျာ)
ရိုးမြေကျ ပိတောက် အောင်ဝေး ဖွင့်လိုက်တယ် ပြတင်းပေါက် တစ်ခုလုံး လင်းထိန်သွားရော။ ရထားတစ်စင်းလုံး ဟယ်လင် မင်းသမီးချည်းတွေလိုပါပဲလား။ စစ်ကြီးထဲ အဖေ စက်ခေါင်းမောင်းတုန်းက အမေပျိုးခဲ့တဲ့ အပင်တွေ ပေါ့…။ Continue reading ရိုးမြေကျ ပိတောက်(ကဗျာ)
Rate this:
အာဆီယံ ဆက်စပ်အစည်းအဝေးအတွက် ထိုင်းဝန်ကြီးချုပ်လုံခြုံရေးအာမခံ
ထိုင်းဝန်ကြီးချုပ်စီးလာသော ကားကို အနီဝတ်များက ဟန့် တာနှောင့်ယှက်စဉ် ဓာတ်ပုံ-အေပီ
ထိုင်းဝန်ကြီးချုပ်စီးလာသော ကားကို အနီဝတ်များက ဟန့် တာနှောင့်ယှက်စဉ် ဓာတ်ပုံ-အေပီ
ဧပြီလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့ ထိ သုံးရက်တာကျင်းပမည့် အာဆီယံ ဆက်စပ်အစည်းအဝေးအတွက် ထိုင်းဝန်ကြီးချုပ် ကအာမခံပါသည် ဟု ပြောသော်လည်း အင်္ဂါနေ့ ကပတ္တယားရှိ သူစီးလာသော ကားကို ၂၀၀၆ ခုနှစ် ကဖြုတ်ချခံခဲ့ရသည့်  ၀န်ကြီးချုပ်ဟောင်း သက်ဆင် လိုလားသူများကလမ်းတွင် ပိတ်ဆို့ ၍ ကိုယ်ထိလက်ရောက် နှောင့်ယှက်ခဲ့ကြသည်။ Continue reading “အာဆီယံ ဆက်စပ်အစည်းအဝေးအတွက် ထိုင်းဝန်ကြီးချုပ်လုံခြုံရေးအာမခံ”
လေဖိအားနည်း ရပ်ဝန်း သတင်းကြောင့် သင်္ကြန် အတွင်းချောင်းသာ ငွေဆောင်သွားမည့်ခရီးစဉ်များထက်ဝက် ကျဆင်း
၉ ဧပြီ ရန်ကုန်၊                 ၊ယူကွန်
ချောင်းသာကမ်းခြေဟိုတယ်
ချောင်းသာကမ်းခြေဟိုတယ
ချောင်းသားတွင်ရှိနေသော နောက်ပြန်ဆွဲလှိုင်း
(Rip Tide)များကို အပန်းဖြေသူများသတိပြုသင့်
မနှစ် ကတိုက် ခတ်သွားသောဆိုင်ကလုန်းနာဂစ် မုန်တိုင်း ဒဏ်ကြောင့် သင်္ကြန်ကာလအတွင်းဧရာဝတီတိုင်းရှိ ချောင်းသာ ငွေဆောင် သို့ သွားရောက်မည့်သူများနည်းပါး
ရသည့် အထဲ ဂျာနယ်များက ဧပြီလလယ်လောက်မှာပင် ဘင်္ဂလားပင်လယ်အော် ဉ်လေဖိအားနည်း ရပ်ဝန်းအစပျိုးနေသည် ဆိုသည့် သတင်းကြောင့် သွားရောက်ရန် စီစဉ် ပြီးထားသူများပင် ခရီးစဉ်
ဖျက်သိမ်းသွားကြောင်း သိရှိရသည်။
ချောင်းသာကမ်းခြေတွင်ဟိုတယ်ဖွင့်လှစ်ထားသူတစ်ဦးက“ဂျာနယ်တွေမှာလေမုန်တိုင်းသတိပေး
ချက် လိုလို ဧပြီလလယ်လောက် ကတည်းက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအစပျိုး နေတတ်တယ် ဘာညာနဲ့ ရေးထားတော့ ဘွတ်ကင်လုပ်ထားသူတွေတောင် အဲဒီသတင်း
ဘွတ်ကင်ပြန်ဖျက်သွားတယ်” လို့ Freedom News Group သို့ ပြောသည်။
Continue reading “လေဖိအားနည်း ရပ်ဝန်း သတင်းကြောင့် သင်္ကြန် အတွင်းချောင်းသာ ငွေဆောင်သွားမည့်ခရီးစဉ်များထက်ဝက် ကျဆင်း”
့ နာမည်ကျော် အမေရိကန်ရက်(ပ်)အဆိုတော် Flo Rida နှင့်စကားစပ်မိသမျှ ဇေယျာသော်အကြောင်း
၈ ဧပြီ  တမ်ပါ ဖလော်ရီဒါ၊              ၊Freedom News Group
ဖလို ရိုက်ဒါ ၏ ဒုတိယ အယ်(လ)ဘမ်ကာဗာ
ဖလို ရိုက်ဒါ ၏ ဒုတိယ အယ်(လ)ဘမ်ကာဗာ
ယခင်နှစ်က ရန်ကုန်သင်္ကြန် တွင်သောသောညံ အောင် ဖွင့်ခဲ့ကျ၍ မြန်မာ ဟစ်ဟော(ပ်)ချစ်သူများ
တွင်သာမက အခြားဂီတ ပရိသတ်များလည်း ကြိုက်နှစ်သက်ခဲ့ သော လိုး(Low) သီချင်းကို သီဆိုခဲ့
သည့် အမေရိကန် ဖလော်ရီဒါ ပြည်နယ် သားရက်(ပ်)အဆိုတော် ဖလို ရိုက်ဒါ (Flo Rida)နှင့် Freedom News Group သုံးမိနစ်ကျော်ကြာဖုန်းဖြင့်စကားပြောခဲ့သည့် အထဲမှ မြန်မာ ဟစ်ဟော(ပ်)အဆိုတော် ဇေယျာသော် နှင့် ပတ်သက်ပြီးပြောခဲ့သမျှကို ပြန်လည်ဖေါ်ပြလိုက်
ပါသည်။
ဒုတိယ မြောက်အယ်(လ)ဘမ်  R.O.O.T.S ကို အတ္တလန်တစ် ဓာတ်ပြားတိုက်မှ ထွက်ရှိခြင်းအမှတ်
တရပရိသတ်၏ ဝေဖန်အကြံပြုချက် ကို နားထောင်ရန် အတွက် သူ၏ဖုန်းနံပါတ် ကို သူ၏၀ဘ်ဆိုက်ရှိ Fan မားကိုအသိပေးခဲ့ပြီး နောက် သူ၏ပရိသတ်များနှင့် တနေ့ တာလက်ခံစကားပြောခဲ့သည်။
Continue reading “့ နာမည်ကျော် အမေရိကန်ရက်(ပ်)အဆိုတော် Flo Rida နှင့်စကားစပ်မိသမျှ ဇေယျာသော်အကြောင်း”
သင်္ကြန်ကာလ အတွင်းဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းမ တွင်အတားအဆီးများတိုးမြှင့်ချထား
၈ ဧပြီ ရန်ကုန်၊                  ၊တင်ကျော်ကျော်စိုး
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းတွင် သူမ အိမ်ရှေ့ ရှိ ယခင် အတားအဆီးများချထားသောနေရာမှ အနည်းငယ်တိုးမြှင့်၍ အနောက် ဘက် တွင် ရွှေတောင်ကြားရပ်ကွက်ထဲ ၀င်ရာသံလွင်လမ်း ထိပ်ထိ ၎င်း အရှေ့ဘက် တွင် ကမ္ဘာအေး စေတီ လမ်းမ နှင့် တက္ကသိုလ် ရိပ်သာလမ်း ထောင့် မီးပွိုင့် အနီးထိ ရောက်အောင် အကာအရံများတိုးမြှင့်ချထားလိုက်သည် ဟုသိရသည်။
တက္ကသိုလ်ရိပ်သာ လမ်းအင်းလျှားကန်စောင်း တွင် မဏ္ဍပ်ဆောက်လုပ်နေ သော လူငယ်တစ်ဦးက
“ပထမ ဘုန်းကြီးကျောင်း ရှေ့ထိပဲ ပိတ်ထားတာ အခုညနေ မှ အတားအဆီးတွေ ကိုတိုးလိုက်တာ
lolane မဏ္ဍပ် နားအထိပဲ ”ဟု Freedom News Group သို့ ပြောသည်။
Continue reading “သင်္ကြန်ကာလ အတွင်းဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းမ တွင်အတားအဆီးများတိုးမြှင့်ချထား”
တစ်ခါသုံး GSM ဆင်ကဒ်အတုများဈေး ကွက်ထဲတွင်ပျံ့နှံ
၇ ဧပြီ ရန်ကုန်၊                ၊ယူကွန်
တစ်ခါသုံးဂျီအက်(စ)အမ် ဆင်ကဒ်
တစ်ခါသုံးဂျီ အက်(စ)အမ် ဆင်ကဒ်
သုံးစွဲပြီးသား ဂျီအက်(စ)အမ် ဆင်းကဒ်များကို ပြန်လည်ပြင်ဆင်၍အတုလုပ်၍ ရောင်းချမှုများ ဈေးကွက် အတွင်းဖြစ်ပေါ်နေသည် ဟုသတင်းရရှိသည်။သက်တမ်း ကုန်နေသော ကဒ်များနှင့်သုံးစွဲ
ပြီးသား ကဒ်များကို အတုလုပ် ရောင်းချမှုများကြောင့် တစ်ခါသုံး ဂျီအက်(စ)အမ် ကဒ် ၀ယ်သူ အချို့ မှာ ကဒ်ဝယ်ချိန်တွင် ဟန်းဆက် သွင်းပါ တစ်ခါတည်း ထည့်သွင်း၍ စစ်ဆေးပြီး မှ ၀ယ်ယူရသည် ဟုသိရသည်။
Continue reading “တစ်ခါသုံး GSM ဆင်ကဒ်အတုများဈေး ကွက်ထဲတွင်ပျံ့နှံ”
လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ သီလရှင်အပါးလေးရာအား သကျသီဟ ဘုရားတွင်ဆွမ်းကျွေး
ရ ဧပြီ မန္တလေး၊             ၊ညွန့် သက်ထားဦး
ဆရာမကြီး လူထုဒေါ်အမာအား မကွယ်လွန်ခင် ကတွေ့ ရစဉ်
ဆရာမကြီး လူထုဒေါ်အမာအား မကွယ်လွန်ခင် ကတွေ့ ရစဉ်
၂၀၀၈ ခုနှစ် ဧပြီလ ခုနှစ်ရက်နေ့ က ကွယ်လွန်ခဲ့ သည့် ၀ါရင့်သတင်းစာဆရာမကြီးလူထု ဒေါ်အမာ၏ တစ်နှစ်ပြည့် အမှတ်တရ အခမ်းအနားကို မန္တလေးရှိ ဆရာမကြီး၏ သားသမီးမြေး များ နှင့် တပည့် များက စုပေါင်းကျင်းပကြရာ ရန်ကုန် နှင့် မန္တလေး ရှိ စာနယ်ဇင်း နှင့် နိုင်ငံရေး
အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက် ကြသည်။
ဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် ယနေ့ နံနက်က မန္တလေးမြို့ သကျသီ
ဟ ဘုရားတွင် သီလရှင် အပါးလေးရာအား ဆွမ်းကျွေးခြင်း ဘုန်းကြီးဆယ်ပါးအား နေ့ ဆွမ်းကပ်
ခြင်း လူပေါင်း၁၀၀ ကျော်အား လူထုစာကြည့်တိုက်တွင် အဟာရ ဒါနပြုလုပ်ခဲ့ခြင်းများရှိသည် ဟုသတင်းရရှိသည်။ Continue reading “လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ သီလရှင်အပါးလေးရာအား သကျသီဟ ဘုရားတွင်ဆွမ်းကျွေး”
တစ်နှစ်လျှင် မြန်မာအမျိုးသမီးငယ် နှစ်ထောင်ခန့် နိုင်ငံရပ်ခြား လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် စေခိုင်းခံနေရ
ရ ဧပြီ ရန်ကုန်၊               ၊Freedom News Group
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ လှို့ ဝှက်အဆင့် အနေဖြင့် ထားရှိသော မတ် လ ၁၂ ရက် နေ့  ၂၀၀၉ ခုနှစ် နေ့ စွဲ ဖြင့် ပေါက်ကြားသွားသောအစီရင်ခံစာ တစ်စောင် ကို Freedom News Group မှ ဖတ်ရှု ခွင့် ရခဲ့ရာ တစ် နှစ် လျှင် မြန်မာ အမျိုးသမီးငယ် နှစ်ထောင်ခန့် မှာ အသွင်အမျိုးမျိုးဖြင့် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးခြင်း ခံရပြီး နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အဓမ္မ စေခိုင်းခံရသည် ဟု ဖေါ်ပြထားသည်။
၎င်းအစီ ရင်ခံစာ နှင့် အတူပါသော အမှုတွဲတစ် ခုဉ် မရီ(နာမည်ရင်းမဟုတ်ပါ)ဆိုသည့် အမျိုးသမီးတစ်ဦး မှာ ရန်ကုန် ဟိုတယ်တစ်ခု တွင် ဧည့်ကြို အဖြစ်တာဝန်ထမ်းဆောင် နေရာမှ မကာအို ဧည့်သည် တစ်ဦးနှင့် ရင်းနှီးသွားပြီး ထိုသူမှ သူ ဘန်ကောက်တွင် ဖွင့်လှစ်ထား သည့် ဟိုတယ် တစ်ခုဉ် ဒီထက်ပိုကောင်း သည့် လစာငွေ ဖြင့်ရာထူး တစ်ခုပေး မည် ဆိုသော ကြောင့် မရီ မှာ ထိုသူ့ နောက်သို့  ယုံကြည်ပြီးလိုက် သွားမိသည်။
Continue reading “တစ်နှစ်လျှင် မြန်မာအမျိုးသမီးငယ် နှစ်ထောင်ခန့် နိုင်ငံရပ်ခြား လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် စေခိုင်းခံနေရ”