နှစ်ဆန်းတစ်ရက် နေ့ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား မုန်တိုင်းအန္တရာယ် ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်

၁၇ ဧပြီ ရန်ကုန်၊            ၊ယူကွန်

သင်္ကြန် အတက်နေ့ ကရန်ကုန်မြို့ အင်းလျှားလမ်း တွင် ရေပက်ခံ သူများဖြင့်စည်ကားလျှက် ရှိစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း(မ်)
သင်္ကြန် အတက်နေ့ ကရန်ကုန်မြို့ အင်းလျှားလမ်း တွင် ရေပက်ခံ သူများဖြင့်စည်ကားလျှက် ရှိစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း(မ်)
သန်လျှင်တွင် ထော်လာဂျီ ဖြင့်လည်ကြသူများ ဓာတ်ပုံ-ရွှေအင်းသားခင်မောင်ဝင်း အေပီ
ထော်လာဂျီ ဖြင့်သကြီန်လည်ကြသူများ ဓာတ်ပုံ-ခင်မောင်ဝင်း အေပီ

မြန်မာ နှစ်ဆန်းတစ်ရက် နေ့ တွင် ရန်ကုန်မြို့ တွင်းရှိ တန်ခိုးကြီးဘုရားများဉ် ကောင်းမှုကုသိုလ် ပြုသူ
များဖြင့်စည်ကားလျှက် ရှိသည် ကိုတွေ့ ရသည်။ရွှေတိဂုံ၊ဆူးလေ၊ ဗိုလ်တထောင်၊ ရွှေဘုန်းပွင့်၊ခြောက်ထပ်ကြီးစသည့် ဘုရားစေတီ များတွင် ဘုရားဖူးလာသူ များဖြင့် တိုးမပေါက်အောင် စည်ကားလျှက်ရှိ သည်။

ရွှေဘုန်းပွင့် ဘုရားတွင်မူ ဘုရားဖူးလာသူများကို တစ်နေ့ လုံး စတုဒီသာ ၊မန်ကျဉ်းဖျော်ရည် များဖြင့်
ရေကျော်တွင် နေသူ များက ကုသိုလ်ပြုကျကြောင်းသိရသည်။ရန်ကုန်မြို့ စွန်တွင် နေသူများက အုပ်စုလိုက် ကားစီးလုံးငှားပြီး တစ်နေ ကုန်တန်ခိုးကြီးဘုရား များကို လှည့်လည် ဖူးမျော်ကြသည်။ Continue reading “နှစ်ဆန်းတစ်ရက် နေ့ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား မုန်တိုင်းအန္တရာယ် ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်”

ပီအေဒီ ခေါင်းဆောင် ကို အနီဝတ်များက ချုံခို လုပ်ကြံ (သတင်းနှင့် ထိုင်းနိုင်ငံရေး သုံးသပ်ချက်)

၁၇ ဧပြီ ဘန်ကောက်၊              ၊Freedom News Group

သေနတ် ဒဏ်ရာများဖြင့်ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-အေပီ
သေနတ် ဒဏ်ရာများဖြင့်ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-အေပီ

သက်ဆင် အုပ်စု ကို ဆန့် ကျင်သည့် ထိုင်း နိုင်ငံရေးလှုပ်ရှားမှု အုပ်စု တစ်ခုဖြစ်သည့် People’s Alliance For Democracy ကိုစတင်တည် ထောင်သူနှင့် မီဒီယာလုပ်ငန်းပိုင်ရှင်အသက် ၆၁ နှစ်အရွယ် ရှိ ပီအေဒီ ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး မှာ သောကြာနေ့ မနက် အာရုံ တက် ချိန်က သေနတ်သမားများ၏လုပ်ကြံမှု ဖြစ်ပွားခဲ့ပြီး ဦးခေါင်း နှင့် ခန္တာကို ယ် အနှံ တွင် သေနတ် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင်အတွင်းလူ နာအဖြစ် တက်ရောက်ကုသခံနေ ရသည်။
Continue reading “ပီအေဒီ ခေါင်းဆောင် ကို အနီဝတ်များက ချုံခို လုပ်ကြံ (သတင်းနှင့် ထိုင်းနိုင်ငံရေး သုံးသပ်ချက်)”

ဘီဂျလီ ဟု အမည်ပေးထားသည့် မုန်တိုင်း နောက်ထပ် ၁၂နာရီ အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်မည်

၁၇ ဧပြီ ရန်ကုန်၊                   ၊တင်ကျော်ကျော်စိုး

Weather Underground မှ ဆိုင်ကလုံး ဘီဂျလီ လမ်းကြောင်းပြမြေပုံ
Weather Underground မှ ဆိုင်ကလုံး ဘီဂျလီ လမ်းကြောင်းပြမြေပုံ

အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့ အနောက်တောင်ဘက် မိုင် ၃၅၀ နှင့် ၄၀၀ ကြားပင်လယ်ပြင်ကို ဗဟိုပြု  ၍ တိုက်ခတ်နေသော ဆိုင်ကလုန်း မုန်တိုင်း ဘီဂျလီ သည် နောက်ထပ် ၁၂ နာရီ အတွင်း
မြန်မာ နိုင်ငံ အနောက် ဘက်ရှိ ဒေသ များဖြစ်သည့် ရခိုင် ပြည်နယ် မြို့ အချို့ သို့ ဝင်ရောက် တိုက်
ခတ်တော့မည် ဟု အမေရိကန် အမျိုးသား အကာသ သိပ္ပံ ဧဂျင်စီ ၏ ၀ဘ်ဆိုက် တွင် ဖေါ်ပြထားသည်။
Continue reading “ဘီဂျလီ ဟု အမည်ပေးထားသည့် မုန်တိုင်း နောက်ထပ် ၁၂နာရီ အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်မည်”

သင်္ကြန်အပြီးမုန်တိုင်းဝင်မည်

News In Brief *ဘဂ်လားပင် လယ်အော်အတွင်းရှိ လေဖိအားနည်းရပ်ဝန်း တဖြည်းဖြည်းအားကောင်း လာပြီ မုန်တိုင်း ငယ်အဖြစ်မြန် မာ နိုင်ငံသို့ ဦးတည် နိုင် ဟု မြန်မာ့ ရုပ်မြင်သံကြားမှ ယနေ့ လွှင့်ထုတ် သေကြာနေ့ နှစ်ဆန်း တစ်ရက်နေ့ တွင်ဧရာဝတီတိုင်းနှင့်ရန် ကုန်တိုင်း တို့ တွင်မိုးပြင်း များရွာမည် * သင်္ကြန် အကြတ်နေ့ က အင်းလျှားလမ်းရှိ 2 Cool မဏ္ဍပ်ပြိုကျမှု ဖြစ် ထိခိုက်ဒဏ် ရာရမှု ရှိသော် လည်းသေဆုံးမှု မရှိ *နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အတွက် နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ဆုတောင်းပွဲ ကျင်းပမည် Continue reading သင်္ကြန်အပြီးမုန်တိုင်းဝင်မည်

Rate this:

ဆွန်ခန် ပွဲတော်ကာလ အတွင်းယာဉ်တိုက်မှု ကြောင့်သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိ

၁၅ ဧပြီ ချင်းမိုင် ထိုင်း ၊           ၊Freedom News Group

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ရေကစားထွက်ကြသူများ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ရေကစားထွက်ကြသူများ

ထိုင်းနိုင်ငံ ဆွန်ခန် ရေသဘင်ပွဲ တော်ကာလအတွင်းမော်တော်ယာဉ် တိုက်မှု ၁၉၅၆ မှုရှိခဲ့ပြီး သေဆုံးသူ သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိသည် ဟု ပြည်ထဲရေးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦး၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီးMCOT ရုပ်သံကကြေငြာ ခဲ့သည်။

ယာဉ်တိုက် မှုအများစုမှာ အရက်သေစာ သောက်စားထားခြင်းနှင့် အရှိန်မြှင့်မောင်းနှင်မှုတို့ ကြောင့်
ဖြစ်သည် ဟုသိရသည်။ယာဉ်တိုက်မှုကြောင့် သေဆုံးရမှု အများစုမှာ နိုင်ငံမြောက်ပိုင်း ချင်းမိုင် နှင့်ချင်းရိုင်းတွင်ဖြစ်သည်။
Continue reading “ဆွန်ခန် ပွဲတော်ကာလ အတွင်းယာဉ်တိုက်မှု ကြောင့်သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိ”

မြန်မာ ရွှေ့ ပြောင်းအလုပ်သမားအများစုရှိ ရာထိုင်းနိုင်ငံ မဲဆောက် သင်္ကြန် အထူးစည်ကား

၁၅ ဧပြီ မဲဆောက်၊                ၊Freedom News Group


မဲဆောက်မြို့ တွင်းသင်္ကြန်လည်ပတ်သူများဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-FNG
မဲဆောက်မြို့ တွင်းသင်္ကြန်လည်ပတ်သူများဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-FNG

သင်္ကြန်ကာလ မြန်မာ ပန်းခြံ များက ၀င်ကြေး အဆမတန်ကောက်ခံ သော်လည်း ထိုင်းနိုင်ငံရှိ ပန်းခြံများမှာ  မည်သည့် အချိန် တွင်မှ အများပြည်သူ အတွက် ၀င်ကြေးမကောက်

ထိုင်းနိုင်ငံမြို့ တော် ဘန်ကောက် အပါအ၀င် အခြားမြို့ များဉ် အရေးပေါ် အခြေအနေ ကြေညာထားမှုကြောင့် ဆွန်ခန် သင်္ကြန်ပွဲတော် ကာ လမှာ သွေးထွက် သံယို များဖြင့်စည် ကားမှု မရှိသော် လည်း မြန်မာ ရွှေ့ ပြောင်း လုပ်သားအများစု ရှိသည့်  ထိုင်း-မြန်မာ နယ်စပ် မြို့ လေးဖြစ်သည့် မဲဆောက်မြို့ မှာ အထူးပင်စည်ကားသည် ဟု သတင်းရရှိသည်။ Continue reading “မြန်မာ ရွှေ့ ပြောင်းအလုပ်သမားအများစုရှိ ရာထိုင်းနိုင်ငံ မဲဆောက် သင်္ကြန် အထူးစည်ကား”

မြန်မာ သင်္ကြန် ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု များကြောင့် ထိခိုက်ဒဏ်ရာရ မှု နှင့် သေဆုံးမှုများရှိ

၁၄ ဧပြီ ရန်ကုန်၊            ၊ညွန့် သက်ထားဦး

မြန်မာ သင်္ကြန်အကျနေ့ ဖြစ်သည့် ဒုတိယမြောက်နေ့ တွင် ရန်ကုန်မြို့ တွင် ယာဉ်တိုက်မှု တစ်ရာထက် မနည်းရှိခဲ့ပြီး ရန်ကင်းပြည်ထဲရုံးအနီးရှိ ရန်ကင်း ပိုက်လုံးကြီးခုံးအဆင်းတွင် မူ အရှိန်မထိန်း နိုင်သည့် ဟိုင်းလ(စ်)ကားတစ်စီးက ဆရာစံ လမ်းနှင့် စက်မှု ၁ လမ်းထောင့်ရှိ ပန်းခြံကိုဝင်တိုက်ရာ ထို ကားပေါ်ပါလာ သူ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ရန်ကင်းစင်တာ အနီးရှိ ပုပ္ပားဆေးခန်းသို့  အရေးပေါ်တင်လိုက်ရသည် ဟု မျက်မြင်တွေ့ ရှိသူများက
Freedom News Group သို့ ပြောသည် ။

တောင်ဥက္ကလာ မီးသတ် အနီးရှိ သစ္စာလမ်းထောင့် ယာဉ်တိုက် မှုမှာ အစိုးရ ရုံးများသုံး E 2000ကားက သင်္ကြန်လည် ပတ်သည့် အမိုးဖြုတ် အဖြုရောင် ပါဘလစ်ကာ ကားကို ၀င်တိုက်ခြင်းဖြစ်ပြီး ပါဘလစ်ကာ ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦးဒဏ်ရာ အပြင်းအထန်ရသည် ဟု သတင်းရရှိသည်။
Continue reading “မြန်မာ သင်္ကြန် ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု များကြောင့် ထိခိုက်ဒဏ်ရာရ မှု နှင့် သေဆုံးမှုများရှိ”

ထိုင်း ဆွန်ခန် ပွဲတော် အားလပ်ရက် ကို အစိုးရက နှစ်ရက်ထပ်တိုး

၁၄ ဧပြီ  ဘန်ကောက်၊           ၊Freedom News Group
redshirt
ထိုင်းနိုင်ငံ ၏ ဆွန်ခန်ပွဲတော် အားလပ်ရက် ကိုသောကြာနေ့ ၁၇ ရက် ထိ ရက်ထပ်မံတိုးမြှင့်လိုက်
သည် ဟု အစိုးရကပြောရေးဆိုခွင့်ရှိသူ ပဏ္ဏိတ ၀ထ်ထန ယာဂွန်က  ယနေ့ ရုပ်သံမှကြေငြာသည်။
မူလဆွန် ခန် ပွဲတော် အားလပ်ရက်မှာ ဗုဒ္ဓဟူးနေ့  ၁၅ ရက် တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ထိုင်း
နိုင်ငံတွင်း ရှိ အချို့ မြို့ များတွင် အကြမ်းဖက် ဆန္ဒပြမှုကြောင့် အစိုးရ ကထိုသို့ ရက်တိုးမြှင့်လိုက်ခြင်း
ဖြစ်သည်။
Continue reading “ထိုင်း ဆွန်ခန် ပွဲတော် အားလပ်ရက် ကို အစိုးရက နှစ်ရက်ထပ်တိုး”

ထိုင်းဆန္ဒပြပွဲ နှစ်ဦးသေ စစ်တပ်ကအပြီးတိုင်ဖြိုခွင်းမည်ဟု ယနေ့ ပြော

၁၄ ဧပြီ ဘန်ကောက်၊               ၊Freedom News Group စစ်တပ် ကပစ်ခတ် နှိမ်နှင်းသောကြောင့် သက်ဆင်ထောက်ခံသူအနီ ၀တ်နှစ်ဦး ယနေ့ မနက် အစောပိုင်းက သေဆုံးသွားသည် ဟု သတင်းရရှိသည်။ယနေ့ မနက် အစောပိုင်းတွင် စစ်တပ်အင် အားကို တိုးမြှင့်ချထားပြီး စစ်တပ်ပြောခွင့်ရ တစ်ဦးက ဆန္ဒပြသူ များကို အပြီးတိုင် ဖြိုခွင်းသွားမည် ဟု ရုပ်သံမှ ပြောသည်။ Continue reading ထိုင်းဆန္ဒပြပွဲ နှစ်ဦးသေ စစ်တပ်ကအပြီးတိုင်ဖြိုခွင်းမည်ဟု ယနေ့ ပြော

Rate this:

နှစ်ကာလ ကြာရှည်စွာ ပိတ်ထားသော ၀ဘ်ဆိုက်များ ပြန်ကြည့်ခွင့်ရ

၁၂ ဧပြီ ရန်ကုန်၊             ၊ဟိန်းခိုင်ထွန်း

ဘလောက်ဂါ ဆိုက်ကိုခဲရာခက်ဆစ် ၀င်စရာမလိုသောကြောင့် ဘလောက်ဂါတို့ ပျော်ရွှင်ကြ
ဘလောက်ဂါ ဆိုက်ကိုခဲရာခက်ဆစ် ၀င်စရာမလိုသောကြောင့် ဘလောက်ဂါတို့ ပျော်ရွှင်ကြ

စစ်ထောက်လှမ်းရေး ချုပ်ကိုင်ထားသော Bagan Cyber Tech လက်ထက်ကပင် ကြည့်ရှုခွင့်မရခဲ့
သော ပြည်ပသတင်း ၀ဘ်ဆိုတ် တချို့ မှာ ဧပြီလ ၁၁ ရက်နေ့ ည နေ မှစပြီး ကြည့်ရှုခွင့်ရရှိခဲ့သည်။
ပြည်ပ အခြေစိုက် မြန်မာ သတင်းဝဘ်ဆိုက် အချို့ဖြစ်သည့် ခောတ်ပြိုင်၊မဇ္ဈိမ၊ ဧရာဝတီ နှင့် မိုးမခ
တို့ ကို မည်သည့် Proxy များနှင့် Tunelling Software သုံးစရာ မလိုပဲ ကြည့်ရှုနိုင် သည် ဟုသိရသည်။

ရန်ကုန်မြို့ ယောမင်းကြီးလမ်းတွင် အင်တာနက် ဆိုင်ဖွင့် ထားသူ တစ်ဦးက “ကျွန်တော် ဒီမနက်က
ပဲ YOU TUBE ကိုပရောက်စီ နဲ့ ကျော်ရသေးတယ်။ညနေ ကျတော့ဘရောက်ဇာ မှာ ဒီအတိုင်းပွင့် လာရော အဖေ ကတော့ မဇ္စျိှမ တို့ မိုးမခ တို့ ကို ကျော်စရာ မလိုဘဲ ကြည့် လို့ ရလို့ ပျော်နေတယ်”
ဟု Freedom News Group သို့ ပြောသည်။

ယခင်က ပိတ်ထားသော http://www.blogger.com ကိုပြန်လည်ကြည့်ရှု၍ ရသည့် အတွက်ဘာလောက်ဂါများလည်းပျော်နေသည် ဟုဆိုသည်။မြန်မာ နိုင်ငံ ၏နာမည်ကျော် ၀ဘ်ဆိုက်မှ ၀ဘ်မာစတာ တစ်ဦးက မူ “မိန်း ပေါ်တယ် ကို ပြန်ပြင်နေ တုန်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားလို့ ပြန်ပွင့်သွားတာထင်တယ် ဒီလောက် တော့ သဘောကောင်းမှာ မဟုတ်ဘူး စောင့် ကြည့်ရအုံးမှာပဲ ”ဟုပြောသည်။
Continue reading “နှစ်ကာလ ကြာရှည်စွာ ပိတ်ထားသော ၀ဘ်ဆိုက်များ ပြန်ကြည့်ခွင့်ရ”

စင်္ကာပူရောက် မြန်မာများ၏ သင်္ကြန်ပွဲ

၁၂ ဧပြီ စင်္ကာပူ၊             ၊Freedom News Group

မျိုးကျော့မြိုင်သီ ဆိုစဉ် ပရိသတ် ကဤသို့ အာပေးကျ
ဆောင်ဦးလှိုင်သီ ဆိုစဉ် ပရိသတ် ကဤသို့ အာပေးကျ

စင်္ကာပူ ရောက် မြန်မာတို့ ၏ သင်္ကြန်ပွဲ ကို ဧပြီ လ ၁၂ ရက်နေ့ က ပင်နီစူလာ ပလာဇာ အနီးရှိ ပါဒမ်း
ကွင်းပြင်တွင် ကျင်းပခဲ့ရာ ကျိတ်ကျိတ်တိုး စည်ကားသည် ဟု သတင်းရရှိသည်။စင်္ကာပူ ၏ အကြီး
မားဆုံး မြန်မာ သင်္ကြန် ၂၀၀၉ ဟု အမည် တပ်ထားသည့် ထိုပွဲ တော်တွင် ဥက္ကဦးသာ ၏ Plus Three Music Band နှင့် အတူ အဆိုတော် ဇော်ဝမ်း၊ဆောင်းဦးလှိုင်၊၊မျိုးကျော့မြိုင်၊စည်သူလွင်၊ရဲလေး၊ရှင်ဖုန်း နှင့်
ဖြူဖြူ ကျော်သိန်းတို့ သီဆိုဖျော်ဖြေခဲ့ကြသည်။ထိုပွဲ အတွက် စင်္ကာပူ ၁၅ ဒေါ်လာဝင်ကြေးပေး
ဆောင်ရသည်။

Continue reading “စင်္ကာပူရောက် မြန်မာများ၏ သင်္ကြန်ပွဲ”

ဆွန်ခန် ပွဲတော် ကာလ ဘန်ကောက်တွင် အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တင့် ကားများဖြန့် ကျက်ချထား

၁၂ ဧပြီ ဘန်ကောက် ထိုင်း၊              ၊Freedom News Group

တနင်္ဂနွေနေ့ က ဘန်ကောက်မြို့ တွင်းသို့ တင့်ကားများဝင်ရောက်လာစဉ် (AP Photo/Apichart Weerawong)
တနင်္ဂနွေနေ့ က ဘန်ကောက်မြို့ တွင်းသို့ တင့်ကားများဝင်ရောက်လာစဉ် (AP Photo/Apichart Weerawong)
ှဆန္ဒပြသူများက တင့်ကားနှစ်စီးကို သိမ်းပိုက်ထားစဉ် ဓာတ်ပုံ-အေပီ
ှဆန္ဒပြသူများက တင့်ကားနှစ်စီးကို သိမ်းပိုက်ထားစဉ် ဓာတ်ပုံ-အေပီ

ထိုင်းနိုင်ငံ မြို့ တော်ဘန်ကောက် အပါအ၀င်  အခြားခရိုင်ငါးခုထက် မနည်းတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဇ္ဖာဇီဝ ကယနေ့ ရုပ်သံမှ ကြေညာ
သည်။

အာဏာရှင် ဆန့် ကျင်ရေးဒီ မိုကရေစီ တပ်ပေါင်းစု ၏ခေါင်းဆောင် များ ကိုဖမ်းဆီးပြီးနောက် ထိုသို့ ကြေညာလိုက် ခြင်းဖြစ်သည်။အရေးပေါ် အခြေအနေ မကြေညာခင် အချိန်အနည်းငယ်ခန့် က ၀န်ကြီးချုပ် စီးလာသောကားကို ဆန္ဒပြသမားများက ပိတ်ဆို့ ထားကာ တိုက်ခိုကသောကြောင့် ရဲကလေ ထဲသို့ သေနတ်ဖြစ်ပစ်ပေါက်ပြီး လူစုခွဲခဲ့ ရသည်။
Continue reading “ဆွန်ခန် ပွဲတော် ကာလ ဘန်ကောက်တွင် အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တင့် ကားများဖြန့် ကျက်ချထား”